-
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
-
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
-
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
-
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
-
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးမှ ရွေးချယ်လိုက်သော NLD ဗဟိုအလုပ်အမှုဆောင်အသစ်များ
နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးမှ ရွေးချယ်လိုက်သော NLD ဗဟိုအလုပ်အမှုဆောင်အသစ်များ

ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ်ရွေးချယ်လိုက်ပြီ
Sunday, March 10, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်၁၅ ဦးကို ယနေ့  နံနက်မှာရွေးချယ်လိုက်ပါပြီ။
ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်
အဖွဲ့ ဝင်များ
ဦးဥာဏ်ဝင်း
ဦးဟံသာမြင့်
ဦးအုန်းကြိုင်
ဦးဝင်းမြင့်
ဦးထွန်းထွန်းဟိန်
ဒေါက်တာဒေါ်မေ၀င်းမြင့်
ဦးဝင်းထိန်
ဒေါက်တာဇော်မြင့်မောင်
ဒေါက်တာောင်မိုးညို
ဒေါ်ခင်ဌေးကြွယ်
ဒေါ်နန်းခင်ထွေးမြင့်
ဦးကျော်ခင်
ဦးညီပု
ဒေါက်တာမျိုးအောင်
အရံအဖွဲ့ ဝင်များ
ဒေါက်တာသိန်းလွင်
ဦးအောင်စိုး
ဦးဇိုဘွဲ
ဒေါ်ဖြူဖြူသင်း
ref:Kumudra
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်၁၅ ဦးကို ယနေ့  နံနက်မှာရွေးချယ်လိုက်ပါပြီ။
ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်
အဖွဲ့ ဝင်များ
ဦးဥာဏ်ဝင်း
ဦးဟံသာမြင့်
ဦးအုန်းကြိုင်
ဦးဝင်းမြင့်
ဦးထွန်းထွန်းဟိန်
ဒေါက်တာဒေါ်မေ၀င်းမြင့်
ဦးဝင်းထိန်
ဒေါက်တာဇော်မြင့်မောင်
ဒေါက်တာောင်မိုးညို
ဒေါ်ခင်ဌေးကြွယ်
ဒေါ်နန်းခင်ထွေးမြင့်
ဦးကျော်ခင်
ဦးညီပု
ဒေါက်တာမျိုးအောင်
အရံအဖွဲ့ ဝင်များ
ဒေါက်တာသိန်းလွင်
ဦးအောင်စိုး
ဦးဇိုဘွဲ
ဒေါ်ဖြူဖြူသင်း
ref:Kumudra
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒ သဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များ









NLD မှ အသစ်ပြန်လည်ရွေးချယ်လိုက်သော…ဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်း


ဥယျာဉ်မှုး
…
Android ဟူသည်အဘယ်နည်း နှင့် Android သမိုင်းကြောင်း

Android သမိုင်းကြောင်း
Android ကို Google က ပိုင်ဆိုင်ပါတယ် google ဆိုတာကတော့ အင်တာနက်သုံးသူတိုင်းမသိသူမရှိလောက်ပါဘူး။ Google က 17.8.2005 ခုနှစ်မှာ Android Inc ကိုဝယ်ယူခဲ့ပါတယ်။ သူထုတ်ချင်တာ က မိုဘိုင်း device တွေပေါ်မှာသုံးဖို့ OS တစ်ခု ထုတ်ချင်တာဖြစ်တဲ့ အတွက် Android ကို စအကောင် အထည်ဖော်ခဲ့တဲက Android Inc ကိုဝယ်ခဲ့တာပါ။
အခုလူတော်တော်များများကပြောကြပါတယ် Android က iOS ကို ပြိုင်ဆိုင် ဖို့ထွက်လာတာပါ ဆိုတာပါ။ ဒီဟာက အပြည့် အစုံတော့ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Google က iOS စထုတ်ပြီးတော့မှ
Android စဖြစ်လာတာမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက Android ကိုဝယ်ယူခဲ့တာပါ။ သို့သော် iOS ထုတ်လိုက်တော့သူလည်းထုတ်သင့်တဲ့အချိန်ရောက်ပြီဆိုတော့ထုတ်လိုက်တာ လည်းဖြစ်နိုင် ပါတယ်။ Android ရဲ့ Logo လေးကတော့ လူတော်တော်များများမြင်ဖူးနေတဲ့ စက်ရုပ်ပုံအစိမ်းလေးပဲဖြစ်ပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့် မားတဲ့ mobile device တွေ ထုတ်လုပ်နိုင် ဖို့အတွက် သူ့ရဲ့မိတ်ဖက်တွေ ဖြစ် တဲ့ HTC,Samsung,Sony,Motorola တို့နဲ့ ညှိနိုင်းခဲ့ပါတယ်။
ပထမဆုံး android OS နဲ့ ထုတ်တဲ့ မိုဘိုင်းဖုန်းကတော့ US က T-mobile Company ကရောင်းချခဲ့တဲ့ HTC (G1) ဖုန်းလေးဖြစ်ပါတယ်။
ဒါလေးက ဂုဏ်ယူစရာပါ ဘာကြောင့်လဲဆိုတော့ HTC က ကျွန်တော် တို့ မြန်မာနိုင်ငံရဲ့ မန္တလေးသား တစ်ဦး က ပိုင်ဆိုင်တာပါ။ Android စတင် လက်တွဲခဲ့တဲ့ ကုမ္မဏီက ကျွန်တော်တို့မြန်မာနိုင်ငံဖွား ပိုင်တဲ့ ကုမ္မဏီလေ။
အဲဒါနဲ့ပဲ Android လေး စတင်ဖြစ်ပေါ်လာတယ်ပဲဆိုပါတော့ Android ရဲ့ အဓိက နာမည်ကြီးရ တဲ့အကြောင်းအရင်းက Open source ဖြစ်လို့ပါ။ Open Source ဆိုတဲ့သဘောကသူတို့ရဲ့Source code တွေ ကို မည်သူမဆို ပြင်ဆင်ခွင့်ရှိပါတယ်။ programming language ကို အကျွမ်းတ၀င်ရှိ ထားသူ Developerများကလိုအပ်တာတွေ ပြင်ဆင်ရင်းနဲ့ Androidလေးကအကောင်းဆုံးMobile OS လေးဖြစ်လာ ရတာပါ။ ကွန်ပျူတာရဲ့ OS တွေမှာလည်း ဒီအတိုင်းပါပဲ။
Linux ဟာ open source ပါ Android ဟာ Linux ကို အခြေခံထားတဲ့ mobile OS ဖြစ်တာကြောင့် သူလည်း Open Source ဖြစ်သွားတာပါ။ Microsoft က ထုတ်တဲ့ Windows OSတွေက Open Source မဟုတ် ပါဘူး သူတို့ကုဒ်တွေကို သူတို့သာပိုင်ဆိုင်ပြီးCopyright ရှိပါတယ်။ သူတို့ company က developer များသာ ပြင်ဆင်ခွင့်ပြီး အခြားသူများပြင် ဆင်ပါက copyright ဥပဒေနဲ့ တရားစွဲနိုင်ပါတယ်။ ဒါက Open Source ဆိုတာကို မြင်သာအောင် ပြောပြတာပါ ။
Android လေးကို ပြင်ဆင်တည်းဖြတ်ရင်း တည်းဖြတ်
ရင်းနဲ့အခုအချိန်မှာအတော်လေးကို ပြည့်စုံလာတာကိုတွေ့ရပါပြီ။ ဒါဆိုကျွန်တော်တို့Android version တွေ အကြောင်းလည်း သိဖို့လိုအပ်ပါတယ်။ ဗဟုသုတအနေနဲ့ပေါ့
Android Version 1.0
သူကတော့ စစခြင်း Android က မွေးထုတ်ပေးလိုက်တဲ့ version ပါ HTC(G1)ဖုန်းလေးနဲ့အတူ မိုဘိုင်းလော ကကို စတင်လာခဲ့တယ်ဆိုပါတော့။ သူ့ကိုစထုတ်ခဲ့တဲ့နေ့ကတော့၂၀၀၈ ခုနှစ် ၊ စက်တင် ဘာလ(၂၃)ရက်နေ့ ပါ ။ နောက်ပိုင်း ထွက်တဲ့ Android version တွေက ထူးထူးခြားခြား ပါ စားစရာ မုန့်တွေနဲ့ အမည်ပေးခဲ့ပါတယ် ဆက်ကြည့်ရအောင်နော်
Android Version 1.5(CupCake)
သူကတော့ ၂၀၀၉ ခုနှစ် April(30) မှာ ထွက်လာတာပါ။ ပြောင်းလဲ မှုတွေကတော့ Browser မှာ copy , paste တွေလုပ်လို့ရ လာပါတယ်။ နောက်ပြီး Auto rotate screen လည်းရလာ ပါတယ်။ Widget တွေလ ည်း သုံးလို့ရလာပါတယ်
Android Version 1.6(Donut)
ဒီ version လေးကိုတော့ 15 September 2009 စတင်ထုတ်ဝေခဲ့ပါတယ်
နောက်ပြီးတော့ Camera ပိုင်းလည်း အရင် version တွေ ထက်ပိုမိုကောင်းမွန်လာခဲ့ပြီးCDMA,EVDO စနစ်ကို ပါ သုံးစွဲလာနိုင်ခဲ့ပါတယ်။ အကောင်းဆုံး အချက်ကတော့ WVGA ဆိုတဲ့ ကြည်လင်မှုကောင်းတဲ့ Screen Resolution ကိုလည်း ထောက်ပံပေးနိုင်ခဲ့တယ်
Android Version 2.0/2.1(Éclair)
ဒီကောင်လေးကိုတော့ Donut ထက် တစ်လခန့်အကွာမှာ ထွက်ပေါ်လာတာပါ။ 26 October 2009 ပေါ့ သူ့မှာနောက်တိုး feature တွေအနေနဲ့ Screen size အကြီးတွေ ကို Resolution ပိုကောင်းအောင် support လုပ်နိုင်ခဲ့တယ် နောက်ပြီး ယနေ့ခေတ်မှာနာမည်ကြီးနေတဲ့ HTML5 က အခု version မှာကတည်းက Support လုပ်နိုင်ပါပြီ။
Android Version 2.2(Froyo)
ဒီ version လေးကတော့ ၂၀၁၀ ခုနှစ်၊ May လ ၂၀ ရက် မှာ ထုတ်ခဲ့တာပါ သူ့မှာပါဝင်လာတာတွေကတော့ အတော်များလာပါတယ်။ ဒါပေမယ့် အဓိကကောင်းတာလေးကတော့ Phone က internet connection ကို ကွန်ပျူတာ မှာသုံးဖို့အတွက် USB tethering လို့ခေါ်တဲ့USB ပေါက်ထိုးရုံနဲ့ အင်တာနက်ရရှိစေတဲ့ နည်းပညာလေးပါ။ နောက်ပြီးတော့ Wifi hotspotနည်းပညာတွေ လည်းပါဝင်ပါသေးတယ်။ USB ကြိုးထိုး စရာမလိုပဲ ဖုန်းကနေ wifi ပြန်လွှင့်ပြီး Laptop တွေနဲ့အင်တာနက်သုံးလို့ရတဲ့ နည်းပ ညာကောင်းေ လးတွေ ပါ screen လေးကလည်း desktop စတိုင်အသုံးပြုမှုတွေ ပိုကောင်းလာပါတယ်။
Android Version 2.3(GingerBread)
GingerBread လေးကိုတော့ လူအတော်များများသိလောက်မှာပါ။ ဘာကြောင့်လဲဆို တော့ မြန်မာပြည်မှာ Android တွေ စခေတ်စားလာတဲ့ အချိန်က ပေါ်ခဲ့တဲ့ version လေးဆိုလည်းမမှားပေဘူးပေါ့။ ဒီ version လေးနဲ့ Android ဟာ တစ်ဟုန်ထိုး တိုးတက်ခဲ့ပါတယ်။လက်ရှိအချိန်ထိ ဒီ version လေးက မပျောက်ကွယ်သေးပါဘူး …. Google ရဲ့Android လေးဟာလည်း ဒီ version လေး မှာ တော်ေ တ်ာအောင်မြင် လာပါတယ်။
သူနဲ့အတူထုတ်လိုက်တဲ့ဖုန်းတွေကတော့= Samsung Galaxy S2, Motorola Droid Razr/Razr Maxx
Android Version 3.0/3.1(Honeycomb)
ဒီ version လေးကလည်း ထူးခြားပြန်ပါတယ် ဘာကြောင့်လဲဆိုတော့ ဖုန်းတွေမှာဒီ version လေးကို အသုံး မပြုနိုင် ပါဘူး။ Tablet တွေသီး သန့်အတွက်သာ ရည်ရွယ်ပြီးထုတ်ခဲ့လို့ပါ ဒါပေ မယ့် သိပ်နာမည် မကြီးလိုက်ပါဘူး မိုဘိုင်းဖုန်းသုံးမရတဲ့အတွက်အကြောင့်ပါ။သူကတော့ 22 February 2011 မှာ ထွက်ပေါ်လာ တာပါ။
Android Version 4.0 _ 4.0.x (Ice Cream Sandwich)
စတင်ပွဲထုတ်ခဲ့တဲ့ အချိန်ကတော့ 19 October 2011 နေ့ပါ
ဒီ version ကတော့ အခု စာဖတ်သူတော်တော်များများသိနေကြပါပြီ ဒီဇိုင်လေးကလန်းတယ်လို့ လူအ များပြောကြတဲ့ ICS ပါ။.. သူ့ကိုတော့Google က Galaxy Nexus ဖုန်း နဲ့အတူ ပွဲထုတ်ခဲ့ပါ တယ် အောင်မြင်တဲ့ version လေးတစ်ခုဆိုလည်း မမှားပါဘူး
Android Version 4.1 (Jelly Bean)
9 July 2012 မှာထုတ်ခဲ့တဲ့ version လေးပါ ။ ဂျယ်လီကျွေးမယ်ဆိုတဲ့ version လေးပါ Samsung ရဲ့ ထုတ်ကုန် အများစုနဲ့ထွက်ပေါ်လာ တဲ့ version လေးပါ အခုအချိန်ထိတော့ အသုံးနည်းသေးပါတယ် Samsung Device အတော်များများသာသုံးတာတွေ့ရပါတယ် အတော်ပြီးပြည့်စုံတဲ့ version လေးလည်းဖြစ်လာပါတယ် setting ပိုင်းတွေမှာ အရမ်းကို powerful ဖြစ်လာတာတွေ့ရပါတယ်
ဒီလောက်ဆို Android Version အမျိုးမျိုးကိုသိကြပြီပေါ့နော် ဒါလေးသိရုံနဲ့ မပြီးသေးပြန်ဘူး ထူးခြား တာလေးတစ်ခုပြောပြအုံးမယ် Android ရဲ့ဆန်းသစ်မှုလေးတစ်ခု ပဲဆိုပါတော့ သူရဲ့ version တွေကို နာမည်ပေးထားတာကလည်း မုန့်နာမည်တွေချည်းပဲ။နောက်တစ်ခု ကတော့ version က English Alphabet အတိုင်းပါပဲ။ စစခြင်းက
CupCake
Donut
Eclair
Froyo
Gingerbread
Honeycomb
Ice Cream Sandwich
Jelly Bean
အစစာလုံးလေးတွေကိုကြည့်လိုက်ပါ D,E,F,G,H,I,J အစဉ်အတိုင်းပါ
မကြာခင်က အသစ်တစ်ခု ထပ်ထွက်ပါသေးတယ် နာမည်က Key Lime Pie တဲ့။ ဒါဆို ကျွန်တော်တို့ Android ကို ခန့်မှန်းနိုင်တာတစ်ခုရှိ ပါတယ်။ နောက်ထွက်မယ့်Version name လေးက L နဲ့စမှာသေ ချာပါတယ် L နဲ့စမယ့် မုန့်နာမည်လေးသာစဉ်းစား ကြပေတော့ အဲဒါသေချာသလောက်ရှိပါတယ် ဒါဆို ထူးခြား တာလေး သိပြီ
နောက်တစ်ခုကျတော့ Android က ဘာကြောင့် အရမ်းအောင်မြင် လာရသလဲဆိုတဲ့အချက်တစ်ခုပါ iOS ဆိုရင် သူတို့ရဲ့ Software ကိုရေးသားပြီးရင် သူတို့ itunes မှာသာတင်ရောင်းခွင့် ၇ှိပါတယ်။ ဒါသူတို့ရဲ့ Market ပေါ့ နောက်ပြီး developer ဘက်ကရောင်းမယ် ဆိုရင် စစ၀င်ခြင်း $99 ပေးရပါတယ် ။ သူတို့ရောင်းတဲ့ application က $2 ဆိုရင်Developer က $1 သာရရှိပါတယ် ကျန် 50% က apple ကိုပေးရပါတယ် ။ ၀ယ်သူအနေနဲ့ကြည့်မယ်ဆို ရင်လည်း itunes တစ်ခုတည်းသာရှိပါတယ် ။ ဘယ်သူ မဆို ဈေးဝယ်ရင် ဈေးဆစ်ချင်ကြတာပဲလေ။
နှိုင်းယှဉ်ခြင်တာပဲလေ အခြား Market တွေ မရှိတော့ နှိုင်းယှဉ်လို့ မရဘူး ။ အော် ဒါပေမယ့် Android ကျတော့ အဲလိုမဟုတ်တော့ပြန်ဘူး Google က Google Play ဆို တဲ့ Market တစ်ခုဖွင့်ထားတယ် ဒါပေ မယ့် စာဖတ်သူက market တစ်ခုလုပ်ချင်လည်းရပါတယ်။ တားဆီး ထားခြင်း မရှိပါဘူး။ Market ပေါင်း များစွာလည်းရှိပါတယ် အခမဲ့ဆော့ဝဲပေါင်း လည်း မနည်းပါဘူး သုံးမလောက်အောင် များပြားပါတယ်။
Developer ဘက်ကကြည့်မယ်ဆိုရင်လည်း အကယ် ၍ Google Play မှာ မိမိ ရေးသားထားတဲ့ app ကိုတင်မယ်ဆိုပါက Registeration fee အနေနဲ့ $25 သာပေးရပါတယ် applicationတစ်ခု က $10 ဆို ပါက developer က $7 ရပါတယ် 30% ကိုတော့ Google ကကြော်ငြာခ ဆိုပြီးတော့ ယူ ပါ တယ်။ နောက်ပြီး Android application တစ်ခုရေးဖို့
Android Device ရှိစရာတောင်မလိုပါဘူး ။ ဒါဆို apple နဲ့ယှဉ်ကြည့်လိုက် ပါ Open Sourceရဲ့ အားသာချက်ပါ ။ ဒီလောက်ဆို စာဖတ်သူဟာ Android နဲ့ပက်သတ်တာလေးတွေကိုတော့ဗဟုသုတအနေ နဲ့ တော်တော်များများ သိလောက်ပါပြီ။
ဘာတွေဆက်လေ့လာရအုံးမလဲဆိုတာကတော့ Advance User တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ Android ဖုန်းတွေကိုRoot လုပ် နည်း,Firmware upgrade , Firmware Downgrade စတဲ့နည်းပညာလေးတွေ ကို လေ့လာဖို့လိုအပ်ပါအုံးမယ်။ အပြင်မှာ သင်တန်းတွေအများကြီးရှိပါတယ် ဈေးလည်းကြီးပါ တယ်။
ဘာကြောင့်လဲဆိုတော့ ဒီ course လေးတစ်ခုနဲ့ ဘ၀အသက်မွေး ၀မ်းကြောင်းပြုနိုင်တယ်ဆိုတော့ သင်တန်းကြေးဈေးကြီးတာကတော့ မဆန်းပါဘူး။ ဒါပေမယ့် သင်တန်းမတက်ပဲနဲ့လည်း သိတဲ့နည်း လမ်းေ တွ အ များကြီးပါ။ ကျွန်တော်ဆိုရင် မိုဘိုင်းသင်တန်းတစ်ခုမှ မတက်ခဲ့ရ ပါဘူး။
ကွန်ပျူတာတောင်မှ အခြေခံနဲ့ ၀င်းဒိုးတင်တာ လေးသိပြီး ကျန်တာတွေကို စာအုပ်တွေ အင်တာနက်တွေ ကနေ တစ်ဆင့် ကိုယ်တိုင်လေ့လာခဲ့ရတာပါ။စာဖတ်သူက ငွေကြေးမတတ်နိုင်လို့ ဒါမှမဟုတ် အချိန် မပေးနိုင် လို့ဆိုရင် မြန်မာလိုရေးသား ထားတဲ့ စာအုပ်တွေဝယ်ဖတ်ပါ။ အင်တာနက်မှာ ၀င်ရှာပါ ဖိုရမ်တွေ မှာ ဆွေးနွေးမှာစာအုပ်တွေ ကိုလည်း ဒေါင်းပါ လို့ အကြံပေးချင်ပါတယ်ဗျာ။
ref:TechSpace journal
အမေစုပြောသော ဖယ်ဒရယ်နှင့်.အများပြောသောအောင်ဆန်းစိတ်ဓါတ်

အဆိုပါအခမ်းအနား၌ ဒေါ် အောင်ဆန်းစုကြည်က ““ကျွန်မ အနေနဲ့ဖက်ဒရယ်နဲ့ပတ်သက်ပြီး နဲနဲလောက်ပြောချင်ပါတယ်။နှစ် ပေါင်းများစွာဖက်ဒရယ်ဆိုတာ ခွဲ ထွက်ရေးဆိုပြီးတော့ပြောတဲ့စကား တွေရှိတာကြောင့် ကျွန်မတို့နိုင်ငံ မှာထင်ယောင်ထင်မှားတွေဖြစ်ခဲ့ပါ တယ်။ ဒါပေမဲ့ ကျွန်မတို့အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ကတစိုက်မတ်မတ် ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး။ဖက်ဒရယ် ဆိုတာ အုပ်ချုပ်ရေးပုံစံတစ်ခုပဲ ဖြစ်တယ်ဆိုတာ ကိုတက်နိုင်သမျှ နိုင်ငံရေးအရရှင်းပြခဲ့ပါတယ်။ ကျွန်မ တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ များရဲ့မျှော်လင့်ချက်များကို ဖြည့် ဆည်းနိုင်မှတကယ့်ကိုခိုင်ခံ့တဲ့၊ညွီညွတ်တဲ့ပြည်ထောင်စုကြီးကိုတည် ထောင်နိုင်မှာပါ။ဒီလိုတည်ထောင် နိုင်ဖို့ဆိုတာ အားလုံးမှာတာဝန်ရှိ သလို အရင်နှစ်များစွာကတည်းက စပြီးတော့လုပ်ခဲ့ရမှာပါ။နှစ်ပေါင်း များစွာကတည်းကစပြီးတော့လုပ် ခဲ့ရမှာပါ။နှစ်ပေါင်းများစွာကတည်း က ဒါတွေကိုမလုပ်ခဲ့လို့အခုအချိန် မှာ ကျွန်မတို့လိုချင်တဲ့ဒီမိုကရေစီ ပြည်ထောင်စုအဆောက်အအုံဟာ ခိုင်ခိုင်မာမာမရသေးတာဖြစ်တယ်”” ဟု ဖက်ဒရယ်နှင့်ပတ်သက်၍ရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက်ခိုင်မာသော ပြည် ထောင်စုကြီးအား တည်ထောင် နိုင်ရန်နှင့်ပတ်သက်၍ ကျွန်မအနေ နဲ့အများပြောနေကြဖြစ်တဲ့ အောင်ဆန်းစိတ်ဓာတ်နဲ့ပတ်သက် ပြီးပြောချင်တာကတော့ အောင်ဆန်း စိတ်ဓာတ်ဆိုတာအခြေခံအားဖြင့် ရိုးသားတဲ့စိတ်ဓာတ်ပေါ့။ဖေဖေ့ ကို အများက အင်မတန်တော် တယ်လို့ ချီးမွန်းကြပါတယ်။တကယ် တော်တဲ့အချက်ကတော့ ဖြောင့် မတ်မှုပါပဲ။ကျွန်မတို့ငယ်ငယ်တုန်း က မေမေကဖေဖေ့အကြောင်းသင် ပေးရင်ဖြောင့်မတ်တယ်ဆိုတာကို အလေးထားပြီး သင်ပေးပါတယ်။ ဖေဖေဟာဖြောင့်မတ်ခြင်းကိုအခြေခံ ပြီး ပြည်ထောင်စုကိုတည်ထောင် ခဲ့တဲ့အတွက် အောင်ဆန်းစိတ်ဓာတ် လို့ပြောကြတာပါ။ဒါကြောင့် ဖြောင့်မတ်ခြင်းကိုအခြေခံတဲ့စိတ် ဓာတ်နဲ့ကျွန်မတို့ရဲ့ပြည်ထောင်စုကြီး ကို ထူထောင်ဖို့လိုပါတယ်””ဟု ဆက်လက်ပြောကြားခဲ့သည်။
လျှပ်စစ်မီးပုံမှန်ရရေး ပြည်မြို့ခံများ ဆန္ဒထုတ်ဖော်
၂၀၁၃ ခုနှစ်အတွင်း လျှပ်စစ်မီး ဖြတ်တောက်ခံရမှုနှင့် ပတ်သတ်ပြီး ပထမဆုံး ဆန္ဒဖော်ထုတ်ပွဲအဖြစ် ပဲခူးတိုင်း ပြည်မြို့မှ လူအင်အား ၃၀၀ ကျော်ခန့်က ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီတွင် စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်မြို့နယ်အတွင်း လွန်ခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေကြောင်း၊ နေပြည်တော်တွင်မူ လျှပ်စစ်မီး ၂၄ နာရီ ရရှိနေသောကြောင့် နေပြည်တော်၌ အသုံးပြုနေသော လျှပ်စစ်ဓာတ်အား ပမာဏ လျှော့ချ သုံးစွဲပေးစေလိုကြောင်းနှင့် တခြားပြည်နယ်နှင့် တိုင်းဒေသများတွင် လျှပ်စစ်မီးပုံမှန်မရရှိခြင်းသည် သမ္မတ ဦးသိန်းစိန်နှင့် လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့တွင် တာဝန်ရှိကြောင်း ပြည်မြို့မှ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုကျော်ဆန်းက ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပြောခဲ့သည်။
“ပြည်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ လျှပ်စစ်ရုံးက တာဝန်ရှိသူတွေကို ကျနော်တို့ အားနာပါတယ်။ ကျနော်တို့ အခု ဆန္ဒဖော်ထုတ်တယ် ဆိုတာ သမ္မတဦးသိန်းစိန်နဲ့ လျှပ်စစ် ပြည်ထောင်စုဝန်ကြီးကိုပါ၊ ဒီကိစ္စဟာ သူတို့မှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ မနှစ်ကလည်း အခုလို လျှပ်စစ်မီး ပြဿနာဖြစ်ခဲ့ဘူးပါတယ်။ အဲဒီအပေါ်မှာ ကြိုတင်ပြင်ဆင်မှု ဘာမှမလုပ်ဘူး၊ နေပြည်တော်မှာတော့ မီးထိန်ထိန်လင်းလို့၊ ကျနော်တို့မှာတော့ ပျက်တလှည့် လာတလှည့်နဲ့ တရားမမျှတတဲ့ အတွက် ကျနော် ပြောချင်တာပါ” ဟု သူက ဆိုသည်။
နေပြည်တော်တွင် လက်ရှိသုံးစွဲနေသည့် လျှပ်စစ်မီးပမာဏ၏ ၄၀ ရာခိုင်နှုန်းလောက် လျော့ချလိုက်လျှင် တနိုင်ငံလုံး၌ မျှဝေ သုံးစွဲနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာမှူးကလည်း ဆန္ဒဖော်ထုတ်သူများနှင့် မီဒီယာများကို ယခုကဲ့သို့ လျှပ်စစ်မီး ပျက်တောက် နေမှု အတွက် မေတ္တာရပ်ခံ တောင်းပန်ကြောင်း၊ နေ့စဉ်မီးပေးဝေမှု အချိန်ဇယားများကိုလည်း မြို့နေပြည်သူများကို တလမ်းဝင် တလမ်းထွက် အသိပေး ပြောကြားမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
“အခုလို မီးပျက်တောက်မှုတွေနဲ့ ပတ်သက်လို့ လောပိတမှာ ရေသိုလောင်နိုင်မှုနဲ့ နေတာကြောင့်ပါ။ ၁၀ တန်း ကျောင်းသူ ကျောင်းသားတွေ အတွက် အရေးကြီးတဲ့ အချိန်ဖြစ်လို့ ညနေ ၅ နာရီကနေ နောက်တနေ့မနက် ၅ နာရီအထိ လျှပ်စစ် ဓာတ်အား မပျက်တောက်ရေးအတွက် အတတ်နိုင်ဆုံး မီးပုံမှန်ရရှိဖို့ ကြိုတင်စီစဉ် ဆောင်ရွက်နေပါတယ်” ဟု မြို့နယ် လျှပ်စစ် အင်ဂျင်နီယာမှူးက ရှင်းပြသည်။
စင်္ကာပူနိုင်ငံကဲ့သို့ သောက်သုံးရေမှအစ သဘာဝ သယံဇာတ မထွက်သည့် တိုင်းပြည်တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိနေပြီး သဘာဝ အရင်းအမြစ် ပေါများသော မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ လျှပ်စစ်မီး ပုံမှန်မရရှိခြင်းမှာ အုပ်ချုပ်သူများ ညံ့ဖြင်းသောကြောင့်လားဟု မေးခွန်းထုတ်စရာများ ရှိနေကြောင်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုကျော်ဆွေက ဆိုသည်။
ဆန္ဒဖော်ထုတ်ပွဲ မပြုလုပ်ရန် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူးနှင့် မြို့နယ်ရဲမှူးတို့က မေတ္တာရပ်ခံခဲ့သောကြောင့် ဆန္ဒ ဖော်ထုတ်သူများ အနေနှင့် မြို့နယ်လျှပ်စစ်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန် အစီအစဉ်ကို ဖျက်သိမ်းပြီး ဖယောင်းတိုင်များ ကိုင်ဆောင်ကာ မြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်သို့ ချီတက် လမ်းလျှောက်ပြီးနောက်ပိုင်း ဆန္ဒဖော်ထုတ်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟံသာဝတီ ကားပွဲစားဝင်း ချိတ်ပိတ်လိုက်ပြီ

ပိတ်ထားသော ဂိတ်တံခါးများကို ရဲက စောင့်ကြပ်နေပြီး ဆန္ဒပြသူများကလည်း ဝင်းအတွင်း လှည့်လည် ဆန္ဒပြခဲ့သည် (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ သီရိမင်္ဂလာဈေးဟောင်းသို့ ယာယီပြောင်းရွှေ့ပေးရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ဟံသာဝတီ ယာဉ်ရပ်ရောင်းဝယ်ရေးစခန်းအား Yangon Car Plaza အဖြစ် Crown Advance Construction ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်ထားကြောင်း၊ ပလာဇာတွင် နေထိုင်သူများ အသုံးပြုနိုင်ရန် ကားအစီး ၆၀၀ ကျော် ရပ်နားနိုင်မည့်နေရာ၊ ကားShow Room ဖွင့်နိုင်မည့် အခန်း ၅၂ ခန်း၊ ကားအစီး ၅၀၀ ခန့် ဆံ့ မည်သူမဆို ယာဉ်ရပ်နား ရောင်းဝယ်နိုင်မည့် နေရာများပါဝင်ကြောင်း စည်ပင်သာယာ အခွန်ဋ္ဌာနမှူး ဦးကျော်မင်းက ဧရာဝတီသို့ ပြောသည်။
“ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းထဲက ကားလေးတွေကို သီရိမင်္ဂလာဈေးအဟောင်းကို ရွှေ့ပါတယ်။ ဈေးမြေညီထပ်မှာ ရေ၊ မီး၊ ခြံစည်းရိုးက အစ အကုန် စီစဉ်ထားပြီးပါပြီ။စနစ်တကျ ရပ်မယ်ဆိုရင် အစီး ၉၀၀ လောက် ရပ်လို့ ရပါတယ်။ ၆ ဘီးနဲ့ အထက် ကားကြီးတွေကိုတော့ သူနာပြုတက္ကသိုလ်နားက မင်းရဲကျော်စွာလမ်း အရှေ့ခြမ်း မြေကွက်လပ်မှာေ နရာပေးပါမယ်” ဟု ဦးကျော်မင်းက ရှင်းပြသည်။
သို့ရာတွင် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်ကို ကားဝင်းအတွင်း နေထိုင်လုပ်ကိုင်နေသူများက လက်မခံဘဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ လေးကြိမ်တိုင်တိုင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
မတ်လ ၁ ရက်နေ့တွင်မူ စည်ပင်မှ ကားများကို ကားဝန်းထဲသို့ ၀င်ခွင့်မပေးတော့ဘဲ ၀င်ပေါက် ထွက်ပေါက် ၅ ခု တွင် တစ်ခုကိုသာ ဝင်းထဲမှ ကားများပြန်ထွက်နိုင်ရန်သာ ဖွင့်ပေးထားသည်။ ယာဉ်ရောင်းဝယ်ရေးစခန်း အပြင်ဘက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများက ပိတ်ထားသော ၀င်ပေါက် ထွက်ပေါက်များကို စောင့်ကြပ်နေခဲ့ကြသည်။
ကားဝင်းထဲတွင်မူ လက်ရှိနေထိုင်လျက်ရှိသော ၀ယ်ရောင်းများ ၊ဈေးဆိုင်ရှင်များ၊ အလုပ်သမားများ၊ ကားရေးဆေးသူများက ယာဉ်ရောင်းဝယ်ရေး စခန်းအတွင်း “ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရရေး” “ပိတ်ထားသော တံခါးပေါက်များ ဖွင့်ပေးရေး” “စည်ပင်လစာ ဘယ်သူပေးတာလဲ ပြည်သူတွေ ပေးတာ” “ကားဝင်းထဲမှာ အခွန်ဆောင်နေတာ” စသည့် ကြွေးကြော်သံများ အော်ဟစ်ကာ ကားဝင်းကို လှည့်ပတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၂၇ ရက်တွင်လည်း ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် လာရောက် စုဝေးပြီး ကားစခန်း မပြောင်းရွှေ့ရေး ဆန္ဒပြခဲ့ကြသေးသည်။
နောက်ဆုံးရရှိသောသတင်းများအရ မပြောင်းရွှေ့ရေး ကော်မတီ ကိုယ်စားလှယ်များက စည်ပင်သာယာရေးသို့ သွားရောက်၍ ထပ်မံ တင်ပြမည်ဟု သိရသည်။
ပါတီဝင်ဟောင်းများ ပြန်လက်ခံရေး NLD ညီလာခံက ဆုံးဖြတ်မည်

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့မှ NLD လက်ဆောင် ပစ္စည်းဆိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် NLD ဗဟိုညီလာခံတွင် ပါတီမူဝါဒရေးရာကိစ္စများ၊ စည်းမျဉ်းစည်းကမ်းများကို ပြန်လည်ပြင်ဆင်မှုများ ရှိမည်ဖြစ်သည့်အပြင် NLD ပါတီဝင်ဟောင်းများကို လက်ခံရေး၊ လက်မခံရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမည်ဖြစ်ကြောင်း၊ NLD ပါတီဝင်ဟောင်းများနှင့် ပတ်သက်သော မူဝါဒအချို့ကို ဗဟိုညီလာခံက ချမှတ်သွားမည်ဟု NLDပါတီ၏ နာယက ဟံသာဝတီဦးဝင်းတင်က ဧရာဝတီသို့ပြောသည်။
“ပြန်စိစစ်မှာပဲ။ လက်မခံဘူးဆိုတဲ့ မူမရှိဘူး။ အဲဒီလူဟောင်းတွေရဲ့ သဘောထား၊ နိုင်ငံရေးအမြင် အဲဒါတွေလည်း မူတည်မှာပေါ့။ နောက်တခုက ညီလာခံက မူဝါဒချမှတ်မှာပေါ့။ အရေးယူထားတဲ့သူတွေ၊ ပါတီဝင်အဖြစ်က ရပ်ဆိုင်းထားတဲ့သူတွေလည်း ပါမှာပေါ့။ ပါတီက ထွက်ထားတဲ့သူတွေလည်း ပါမယ်” ဟု ဦးဝင်းတင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်ကလည်း ပါတီဝင်ဟောင်းများကို ပြန်လည် လက်ခံရေးသည် ဒီမိုကရေစီစနစ်နှင့်အညီ ဗဟိုညီလာခံကသာ အဆုံးအဖြတ် ပေးနိုင်မည် ဖြစ်ကြောင်း ရှင်းပြသည်။
“ပါတီဝင်ဖို့ အယူခံတင်ထားတဲ့သူတွေအတွက် ဗဟိုညီလာခံက စဉ်းစားမယ်။ ဗဟိုညီလာခံက ဆုံးဖြတ်ပေးမယ်။ အကုန်လုံးပါတယ်။ NLD က အရေးယူထားတဲ့သူ၊ အကြောင်း အမျိုးမျိုးကြောင့် နုတ်ထွက်သွားတဲ့သူတွေ ပြန်ပြီး ပါတီဝင်ဖို့ လျှောက်ထားရင် ကျနော်တို့က အဲဒီလျှောက်လွှာကို ညီလာခံကို တင်ပေးမယ်၊ ညီလာခံက ဆုံးဖြတ်မယ်။ ညီလာခံဆိုတာ အားလုံး စဉ်းစားကြမှာပဲ။ မူဝါဒတွေလည်း ချမှတ်မယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု ပါတီထူထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သူ ဦးခင်မောင်ဆွေကမူ NLD ပါတီသို့ ပြန်လည်ဝင်ရောက်ရန် မရှိသကဲ့သို့ NLD ပါတီနှင့်လည်း ပူးပေါင်းရန်မရှိဟု ပြောသည်။
NLD ပါတီဝင်ဟောင်း လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ကမူ NLD ပါတီမှ ခွဲထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သော်လည်း ပါတီမှတ်ပုံတင်ချိန်တွင် ပါတီဝင်အဖြစ် ပြန်လည်လျှောက်ထားခဲ့ကြောင်း၊ ယခုအချိန်အထိ ပါတီဝင်အဖြစ် လက်ခံ၊ လက်မခံကို မသိရှိရသေးကြောင်း ပြောသည်။
“ကျနော်တို့က အစောပိုင်းကတည်းက လျှောက်လွှာတင်ထားတယ်။ ပထမဆုံး လျှောက်ထားတဲ့သူပဲ။ ကျနော်က အကြွင်းမဲ့ ခြွင်းချက်မရှိ NLD ကို ပြန်လည်လျှောက်ထားတယ်လို့ ပြောထားတယ်လေ။ အရင်တုန်းက ရွေးကောက်ပွဲဝင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ပြန်မှတ်ပုံတင် ထူထောင်ရင် ပါတီ ပြန်ဝင်မယ်ဆိုတာ ကျနော်ပြောခဲ့တာ ရှိတယ်။ အဲဒီ စကားနဲ့အညီ ကျနော်လုပ်တာပါ” ဟု ဦးကြည်မြင့်ကဆိုသည်။
NLD ပါတီဝင်ဟောင်းတဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကမူ လူဟောင်းများအပေါ် ချမှတ်ထားသည့် မူဝါဒကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အရင်တုန်းကတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့သူတွေကို NLD က သစ္စာဖောက်လို့ သတ်မှတ်ထားတာလေ။ အခုတော့ ဘယ်လိုသဘောထားမလဲဆိုတာ ကြည့်ရမှာပေါ့။ ပြန်ဝင်မလား၊ မ၀င်ဘူးလား ဆိုတာကတော့ စောင့်ကြည့်ပြီးမှပဲ ဆုံးဖြတ်လို့ရမယ်။ ဘာမှ အသေအချာ ပြောလို့မရသေးပါဘူး”ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
NLD ပါတီ ဗဟိုညီလာခံတွင် ဥက္ကဋ္ဌသစ်၊ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များကိုလည်း ပြန်လည် ရွေးကောက်မည်ဖြစ်ပြီး ဥက္ကဋ္ဌသစ်ဟုဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုသာလျှင် ပြန်လည် ရွေးကောက်မည်ဖြစ်ကြောင်း သိရှိရသည်။
“ဥက္ကဋ္ဌသစ် ပြန်ရွေးမယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ပဲ ပြန်ဖြစ်မှာပဲ။ ဗဟိုကော်မတီ ရွေးမယ်၊ ဗဟိုကော်မတီက ဗဟိုအလုပ်အမှုဆောင် ရွေးရတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဥက္ကဋ္ဌကို ရွေးရတယ်။ ဒါက ညီလာခံရဲ့ ဒီမိုကရေစီ အလေ့အထပဲ။ ဥက္ကဋ္ဌသစ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်မှာပဲ။ တတိုင်းပြည်လုံးက လက်ခံတာ ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတာ” ဟု ဦးအုန်းကြိုင်က ရှင်းပြသည်။
ဗဟိုညီလာခံတွင် ပါတီ၏ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ ပြန်လည်ပြင်ဆင်မှုများရှိနိုင်ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော သဘောထားကြေညာချက်လည်း ထွက်ရှိနိုင်ကြောင်း၊ ပါတီ၏ တပ်မတော်အပေါ် သဘောထား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သော မူဝါဒများလည်း ပါဝင်မည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။
“စာတမ်းတွေတင်ကြမယ်။ ဥပမာ တပ်မတော်အပေါ် ပါတီသဘောထားတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာ၊ အခြေခံဥပဒေ ပြင်ဆင်ရေး ပြဿနာတွေလို စာတမ်းမျိုးတင်မယ်။ ဒီစာတမ်းတွေကို ပါတီညီလာခံက ဆုံးဖြတ်လိုက်ရင် ဒါတွေက ပါတီရဲ့ပေါ်လစီဖြစ်လာမှာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း ပါတီရဲ့ ကြေညာချက်မှာ ပါမှာပေါ့”ဟု ဦးဝင်းတင်က ဆိုသည်။
NLD ပါတီဗဟိုညီလာခံကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် မတ်လ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ကျင်းပမည်ဖြစ်သည်။
သတင်းစာ ၈ စောင် ထုတ်ဝေခွင့်ကျပြီ

ပုဂ္ဂလိကသတင်းစာ ၈ စောင် ထုတ်ဝေခွင့် ချပေးလိုက်ပြီလို့ အစိုးရပြန်ကြားရေးဌာန တာဝန်ရှိသူတချို့က ပြောပါတယ်။
ထုတ်ဝေခွင့် လျှောက်လွှာ ၁၇ စောင် လက်ခံရရှိတဲ့ထဲက
ခေတ်မိုး
ရွှေနိုင်ငံသစ်
ပြည်ထောင်စုနေ့စဉ်
အင်ပါယာ
The messenger၊
နောက်ဆုံးရနေ့စဉ်သတင်းစာ
မြန်မာနယူးဝိခ်နေ့စဉ်
မဇ္ဈိမ
ဒီ ၈ စောင်ကို ထုတ်ဝေခွင့် ပေးလိုက်ပြီ၊
၆ စောင်က လျှောက်လွှာမှာ လိုအပ်ချက်တွေ ဖြည့်ဖို့ လိုသေးတယ်၊
၃ စောင်ကိုတော့ စိစစ်ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ၈ စောင်က ဧပြီ ၁ ရက်နေ့မှာ စတင်ပြီး ထုတ်ဝေနိုင်ပြီလို့ သိရပါတယ်။
မထုတ်ခင်တော့ ထုတ်ဝေသူ ယာယီ မှတ်ပုံတင်သက်သေခံလက်မှတ် ရရှိရေး လိုမျိုး စာရွက်စာတမ်း ကိစ္စတွေ ဆောင်ရွက်သွားရမယ် လို့ သိရပါတယ်။
(ဓာတ်ပုံ - လောအယ်စိုး)
ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီလား
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်း မအူပင် မြို့နယ် မလက်တိုရွာမှာ လယ်သိမ်းခံ လယ်သမားများနဲ့ လုံခြုံရေး ယူတဲ့ ရဲတို့ ပဋိပက္ခ ဖြစ်ပွားရာမှာ အပြန်အလှန် ရိုက်နှက်မှုနဲ့ ရဲက ခြောက်လှန့် ပစ်ခတ်မှုတွေကြောင့် ဒေသခံနဲ့ ရဲတပ်ဖွဲ့ဝင် အများအပြား ဆေးရုံတက်ရပြီး ရဲတပ်သား တဦး သေဆုံးခဲ့ပါတယ်။ ကြောက်ရွံ့ပြီး ပုန်းရှောင်နေရတဲ့ ဒေသခံတွေလည်း ရှိပါတယ်။
ဒီဖြစ်ရပ် မတိုင်ခင်ကလေးတင်ပဲ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲရွာမှာ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးကို လာဖြတ်တောက်လို့ ကန့်ကွက်တဲ့ရွာခံတွေကို ရဲတွေက ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းပြီး ကန့်ကွက်မှုကို ဦးဆောင်တဲ့ သံဃာတော် တပါးကိုလည်း ဖမ်းဆီးထားပါတယ်။
ယမန်နှစ် အောက်တိုဘာလ အစောပိုင်းတုန်းကလည်း ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲအင်း လေလံကိစ္စမှာ ပဋိပက္ခဖြစ်တာကို ရဲတွေက သေနတ် ၆ ချက်ပစ်ခတ် ဟန့်တားရာက ရွာသား ၄ ဦး သေနတ် ထိမှန်ခဲ့ပါသေးတယ်။
ယမန်နှစ် နိုဝင်ဘာလကုန်မှာ စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုးခွင်းရာမှာ သံဃာတွေ မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့ ဖြစ်ရပ်ဟာလည်း သမ္မတ ဦးသိန်းစိန် အစိုးရအဖို့ နိုင်ငံတကာမှာပါ မျက်နှာ ပျက်စရာ ဖြစ်ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက်မှာ အရပ်ဖက် ပဋိပက္ခ၊ ဆန္ဒပြမှု စတာတွေကို စစ်အစိုးရခေတ်ကလို စစ်တပ်က ဝင်ရောက် ကိုင်တွယ်တာမျိုး မရှိတော့ဘဲ ရဲတပ်ဖွဲ့ကပဲ တိုက်ရိုက် ကိုင်တွယ်လာခဲ့ပါတယ်။
အဲဒီလို တိုက်ရိုက် ကိုင်တွယ်လာပြီးနောက် လက်ပံတောင်း အကြမ်းဖက် ဖြိုခွင်းမှုလို နိုင်ငံတကာသိတဲ့ ဖြစ်ရပ်မျိုးအပြင် ရဲတွေက ရိုက်နှက်ဖမ်းဆီးစဉ် လက်လွန်ပြီး သေဆုံးတာ၊ ရဲစခန်းမှာ စစ်ဆေးရင်း လက်လွန်သေဆုံးတာ စတဲ့ လူသိပ်မသိတဲ့ အမှုမျိုးတွေလည်း အများကြီး ပေါ်ပေါက်လာခဲ့ပါတယ်။
ရုပ်သံတွေ၊ ဓာတ်ပုံတွေ အလွယ်တကူ ရိုက်ယူပြီး ဖြန့်လို့ရနေတဲ့ ဒီခေတ်မှာ မလက်တို အဓိကရုဏ်းကို ရဲတွေ ဘယ်လို ရုပ်ပျက်ဆင်းပျက် ကိုင်တွယ်ခဲ့တယ်၊ ဒေသခံ အမျိုးသမီးတွေကို ဘယ်လို ကြမ်းတမ်းစွာ နှိမ်နင်းခဲ့တယ် ဆိုတာကို ဓာတ်ပုံတွေသာမက ရုပ်သံတွေမှာပါ အားလုံးက မြင်တွေ့ခဲ့ကြပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာ မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် စစ်တပ် စစ်စစ်ဖြစ်ဖို့ အားလုံးက ပြောဆိုနေကြတာပါ။ အခုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုလည်း ပရော်ဖက်ရှင်နယ် ဆန်လာအောင် လုပ်ပေးဖို့ လိုလာပြီဆိုပြီး ကျယ်ကျယ်လောင်လောင် စတင် ပြောဆိုလာကြပါပြီ။
ရှားခဲအင်း ပဋိပက္ခမှာ ရဲတွေရဲ့ သေနတ်နဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မနှစ်က အောက်တိုဘာလအတွင်း ဧရာဝတီတိုင်း လွှတ်တော်မှာ ကျုံပျော် လွှတ်တော်အမတ် ဦးသန်းထွန်းက အရေးကြီး အဆို တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုကို သာပေါင်းမြို့နယ် လွှတ်တော်အမတ် ဦးဝင်းသိန်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး ရဲတပ်ဖွဲ့အနေနဲ့ သေနတ်နဲ့ ပစ်ခတ်ရာမှာ အဓိကရုဏ်း နှိမ်နင်းတဲ့ ဥပဒေတွေကို လိုက်နာခြင်း ရှိ မရှိ၊ ပစ်ခတ်ရာမှာ အသက်မသေနိုင်တဲ့ နေရာကို ပစ်ခတ်ရန် လိုက်နာမှု ရှိ မရှိနဲ့ အခင်းဖြစ်တဲ့ နေရာကို လာစဉ်က လိုအပ်တဲ့ အတားအဆီးတွေ ပါ မပါ၊ သုံး မသုံး စုံစမ်း စစ်ဆေးသင့်တယ်လို့ ဆွေးနွေးခဲ့ဖူးပါတယ်။
သာပေါင်းအမတ် ဦးဝင်းသိန်းက “ရဲတပ်ဖွဲ့အနေနဲ့ လူ ၂၀၀ ခန့်ကို ဟန့်တားနိုင်တဲ့ ပစ္စည်းတွေ၊ နည်းလမ်းတွေ ကြိုတင်ပြင်ဆင် ယူလာသင့်ပါတယ်။ အ၀ိုင်းခံရတော့မှ အသက်ဘေးအတွက် ကာကွယ်ရတဲ့အခါမှာ အသက်ခြင်းလဲယူ ဆောင်ရွက်ရတဲ့အဖြစ်ဟာ မဖြစ်သင့်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေက ဥပဒေကို လိုက်နာသင့်တယ်၊ ညှိနှိုင်းဖြေရှင်းသင့်တယ်၊ သူတို့ မြို့နယ်အဆင့်၊ တိုင်းအဆင့်က လာပြီး ညှိနှိုင်းပေးတာ နားထောင်သင့်တယ်ဆိုပြီး အစိုးရ တာဝန်ရှိသူတွေ ပြောဆိုခဲ့ကြပါတယ်။
ဒါပေမယ့် တဖက်က ပြည်သူတွေ၊ ဒေသခံတွေကို ကြည့်ပြန်ရင်လည်း သူတို့ ဓားမဦးချ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်ယာမြေ တောင်ယာတွေကို စစ်အစိုးရလက်ထက်မှာ မတရား သိမ်းပိုက်ခဲ့တာ၊ စီးပွားရေးသမားတွေက အာဏာပိုင်တွေနဲ့ ပေါင်းပြီး ဥပဒေ အကာအကွယ်မဲ့ ဒေသခံပြည်သူတွေကို အနိုင်ကျင့်ခဲ့တာ၊ ဒေသခံတွေ ရွာလိုက်၊ မိသားစုလိုက် ဘဝပျက်၊ အနာဂတ်မဲ့ ဖြစ်ခဲ့ရပြီး ဆယ်စုနှစ်နဲ့ချီ ခံစားခဲ့ရတဲ့ ဒုက္ခအဝဝကို မေ့ထားလို့ မဖြစ်ပါဘူး။
လယ်သိမ်းခံ မြေသိမ်းခံ အင်းလုပ်ကွက်တွေကနေ ဖယ်ရှားခံရတဲ့ ဒေသခံတွေရဲ့ အမြင်မှာ အာဏာပိုင်တို့၊ ရဲတို့ဆိုတာ စီးပွားသမားများ ကိုယ်ကျိုးကို ကာကွယ်သူ၊ သူတို့ကို ဥပဒေ တလွဲသုံးပြီး အာဏာနဲ့ ဖိနှိပ်သူတွေအဖြစ်သာ မြင်ခဲ့ကြတာ ဖြစ်ပြီး အယုံအကြည် ကင်းမဲ့ခဲ့ကြပါတယ်။
မတရား သိမ်းပိုက်ခဲ့တဲ့ လယ်ယာမြေကို စနစ်တကျ ပြန်ပေးတာ၊ သို့မဟုတ် လျော်ကြေးပေးတာ၊ သို့မဟုတ် တခြား အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်း ဖန်တီးပေးတာမျိုး အစိုးရက လုပ်ဆောင်မပေးနိုင်တဲ့အပြင် ခံဘက်က ဖြစ်နေတဲ့ ဒေသခံတွေကို ညှိနှိုင်းဖို့၊ ဥပဒေဘောင်ထဲက လုပ်ကြဖို့ စတဲ့ မရေရာဘဲ အချိန်ဘယ်လောက် ကြာမယ်ဆိုတာ မသိတဲ့ ရွှေပြည်အေး တရားတွေ ဟောနေတဲ့ အခြေအနေဟာ ဖြစ်သင့်ပါသလား။
တချိန်တည်းမှာပဲ ဒီလူထုရဲ့ နှစ်လကြာရှည် ခါးစည်းခံလာရလို့ ဖြစ်လာတဲ့ လှုပ်ရှားမှု၊ တောင်းဆိုမှုတွေကို ရဲတပ်ဖွဲ့က ကိုင်တွယ်ရာမှာ အင်းအား အလွန်အကျွံသုံးတာ၊ အရာရှိအဆင့်တွေက အစ ပြည်သူတွေကို ရိုင်းပျစွာ ဆက်ဆံနေတာ၊ တရားဥပဒေ စိုးမိုးရေးဆိုတာကို တလွဲ အသုံးပြုနေတာတွေကို တွေ့နေရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အောက်ခြေအစ ပြင်ဆင်ဖွဲ့စည်းဖို့၊ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ အရည်အချင်းရှိလာအောင် ပျိုးထောင်ဖို့အပြင် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူအပေါ် ရဲတပ်ဖွဲ့က ဘယ်လို သဘောထားသင့်ပြီဆိုတဲ့ စိတ်အခံတွေ ဖြစ်ထွန်းလာအောင် လေ့ကျင့်သင်ကြားမှုတွေ လုပ်ဖို့ အချိန်ရောက်ပြီလား၊ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အကြံပေးချင်ပါသလဲ။
လူထုရဲ့ သည်းမခံနိုင်တော့တဲ့ ပေါက်ကွဲမှု၊ ရသင့်ရထိုက်တာတွေ အဆက်မပြတ် တောင်းဆိုမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ အခြေအနေကို မကိုင်တွယ်နိုင်ဘဲ သေကြေ ဒဏ်ရာရမှုတွေအထိ ဖြစ်ပေါ်နေတာကို ထိပ်ပိုင်းအစိုးရနဲ့ မြန်မာနိုင်ငံ ရဲချုပ် ကျော်ကျော်ထွန်း တို့လို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေက ဘယ်လို ဆောင်ရွက်သင့်နေပြီလဲ။
အများသူငါ အောက်ခြေအစိုးရ ဝန်ထမ်းတွေလိုပဲ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာဟာလည်း နည်းပါးပါတယ်။ ရဲတပ်ဖွဲ့က ပေးတဲ့ နေအိမ်တန်းလျားတွေဟာလည်း မိသားစု နေဖို့ မသင့်လျော်အောင် ယိုယွင်းနေတာတွေလည်း ရှိပါတယ်။ ဒီအခြေအနေတွေကို ပြုပြင်ပေးဖို့ရော အစိုးရနဲ့ ရဲချုပ်တို့က ဘယ်လို ဆောင်ရွက်ပေးကြမလဲ။
ရဲစခန်းတွေမှာ ကူညီပါရစေ စာတန်း ကပ်ထားတာ နှစ် အတော်ကြာပြီ။ ပြုပြင်ပြောင်းလဲဖို့ လိုမှန်း သူတို့ သိတာ ကြာပြီလို့ ဆိုနိုင်ပါတယ်။ ဒီစာတန်းကပ်ပြီး နောက်ပိုင်း ဘယ်လောက်အထိ အပြောင်းအလဲ ဖြစ်ခဲ့သလဲ။ နှစ်ပေါင်း ၅၀ ဝန်းကျင် သေနတ်ကိုင်သူ အာဏာရှိခဲ့တဲ့ နိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တခုဖြစ်တဲ့ ရဲအဖွဲ့ရဲ့ပြုပြင်ပြောင်းလဲရေးက အများ မျှော်လင့်ထားသလောက် မြန်ပါ့မလား။
ပြည်သူကရော ရဲတပ်ဖွဲ့အတွင်း ပြုပြင် ပြောင်းလဲလာအောင် ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ။
တခြား အသွင်ကူးပြောင်းတဲ့နိုင်ငံ၊ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲတဲ့ နိုင်ငံတွေမှာရော ဘယ်လို လုပ်ဆောင်ခဲ့ကြသလဲ။
အခုတပတ် ဖိုရမ်မှာတော့ ဒီမေးခွန်းတွေကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံး နိုင်ငံလုံး ဆိုင်ရာညီလာခံ ကျင်းပပုံကို Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်
နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးညွန့်က
မတ် ၁ ရက်တွင် ပြောသည်။
“ညီလာခံ ကျင်းပပုံတွေကို သုံးရက်စလုံး တိုက်ရိုက်ထုတ်လွှင့်
ပြသသွားမှာပါ။ ဥက္ကဋ္ဌ မိန့်ခွန်းပြောတာ၊ ဖွင့်ပွဲအခမ်းအနားနဲ့ တခြားအလျဉ်းသင့်တာတွေကို တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမှာပါ” ဟု ဦးစိုးညွန့်က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပပုံကို Sky Net ရုပ်သံလိုင်း၏ Myanmar International နှင့် Sky Net Up to Date Channel များတွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ၂၀၁၃ ခုနှစ် မတ် ၈၊ ၉၊ ၁၀ ရက်များတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်
ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီတွင် ပြုလုပ်မည်ဖြစ်သည်။
ညီလာခံဖွင့်ပွဲ ကျင်းပသည့် မတ် ၉ ရက်တွင် သတင်းဌာနများ သတင်းရယူနိုင်ရန် ဖိတ်ကြားလွှာများကို မတ် ၂၊ ၃၊ ၄ ရက်များတွင်
တော်ဝင်နှင်းဆီရှိ ညီလာခံကျင်းပရေး သတင်းနှင့် ပြန်ကြားရေး ဌာနတွင် နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအတွင်း လာရောက် ရယူနိုင်ကြောင်းနှင့် လုံခြုံရေးနှင့် နေရာအခက်အခဲကြောင့် သတင်းဌာန တစ်ခုလျှင် နှစ်ဦးသာ ဖိတ်စာနှင့်တကွ ကြွရောက်ရန် ကျင်းပရေး ကော်မတီမှ ထုတ်ပြန်ထားသည်။
အဆိုပါ ညီလာခံသို့ တိုင်းနှင့် ပြည်နယ်များမှ ရွေးချယ်တင်မြှောက် ထားသော ညီလာခံ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၁၅၀၀ ၀န်းကျင် တက်ရောက်မည် ဖြစ်ကြောင်းနှင့် အလုပ်အမှုဆောင်၊ ဗဟိုအလုပ်
အမှုဆောင် အဖွဲ့ဝင်များနှင့် ဥက္ကဋ္ဌအသစ်ကို ရွေးချယ်မည်
ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီတွင်
ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဆိုင်းဘုတ်ကို တွေ့ရစဉ်
Eleven Media Group