အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ဒေါ်ခင်ကြည် (မဟာသီရိသုဓမ္မ) (ခရစ် ၁၉၁၂-၁၉၈၈)

ဒေါ်ခင်ကြည် (မဟာသီရိသုဓမ္မ) (ခရစ် ၁၉၁၂-၁၉၈၈)

မျက်မှောက်ကာလအထိ မြန်မာနိုင်ငံ၏တစ်ဦးတည်းသောအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်းထိုးခံခဲ့ရသူမှာ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာ သီရိသုဓမ္မဘွဲ့ခံ ဒေါ်ခင်ကြည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူလူတစ်ခု၏လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် ဒေါ်ခင်ကြည်သည် ခင်ပွန်းသည်ချမှတ်ခဲ့သောတိုင်း ပြုပြည်ပြုလုပ်ငန်းများအမျိုးသားရေး ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။

သို့ကလိုゞင်း၏ဘဝတလျှောက်လုံးတွင် တိုင်းပြည်အကျိုးကိုရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခါ၊ ကိုယ်ကျိုးစွန့်လွတ်မှုနှင့် ရိုးသားတည် ကြည်မှန်ကန်မှုတို့ကို အမြဲတစေ ဦးထိပ်ထားအရေးပေးခံခဲ့ရသော ဒေါ်ခင်ကြည်ကိုဧရာဝတီတိုင်း၊ မြောင်းမြမြို့၌ အဖ ပြည်သူ့လုပ်ငန်းဝန်ထမ်း ဦးမိုးညှင်း၊ အမိဒေါ်ဖွားစုတို့မှ ၁၉၁၂ခုနှစ် ဧပြီလ ၁၆ ရက်အင်္ဂ࿿ေါန့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉)ဦး အနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်သည်မွေးချင်းမောင်နှမများမှာ ...

ဦဘလွင်
ဒေါ်ခင်သောင်း
ဦးမောင် (ငယ်စဉ်ကကွယ်လွန်)
ဦးဘကျော်
ဒေါ်ခင်ကြီး (ဗကပဥက္ကဌ သခင်သန်းထွန်း၏ဇနီး)
ဒေါ်ခင်တင့် (ဦးသိန်းလှဇနီး)
ဒေါ်ခင်ကြည် (ဗိုလ်ချုပ်ကတော်)
ဦးသိန်း (လူပျိုကြီး)
ဒေါ်မမကြီး (ခေါ်) ဒေါ်အမာ (ကောက်ပဲသီးနှံမင်းကြီး ဦးတင်အောင် (ခေါ်) ဦးဂျော်နီ၏ဇနီး) တို့ဖြစ်ပါသည်။
ငယ်စဉ်ကမြောင်းမြမြို့တွင် (၇) တန်းအထိပညာသင်ခဲ့သည်။ ရန်ကုန်မြို့၊ ကြည့်မြင်တိုင် အေဘီအမ် All Female ABM High School (ယခု အထက (၁) ကြည့်မြင်တိုင်)မိန်းကလေးကျောင်းမှ (၉) တန်းအောင်သည်။ ထို့နောက်မော်လမြိုင်မြို့ ABM ကျောင်း (မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း) မှ မူလတန်းဆရာဖြစ် လက်မှတ်ရသည်။ မြောင်းမြအမျိုးသားအထက်တန်းကျောင်း၌ စေတနာဝန်ထမ်းဆရာအဖြစ် နှစ်အတန်ကြာအောင်လုပ်ခဲ့သည်။ ထို့နောက် ဝါသနာအရ မိမိဗီဇပါရမီနှင့် ကိုက်ညီမည့်သူနာပြုဆရာမအလုပ်ကို လုပ်ကိုင်ရန်အတွက် ရန်ကုန်ဒပ်ဖရင်ဆေးရုံ (ယခုဗဟိုအမျိုးသမှးဆေးရုံ)၌ သားဖွား ဆရာမသင်တန်း၊ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုဆရာသင်တန်းများတက်ရောက်ခဲ့သည်။ စစ်မဖြစ်မီရန်ကုန်ဆေးရုံကြီး၌ သူနာပြုအဖြစ် နှစ် အနည်းငယ်ကြာထမ်းရွက်ခဲ့သည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၂၃ ရက်တွင် ရန်ကုန်မြို့ဗုံးချခံရပြီး ဒဏ်ရာရလူနာများ ကာလကတ္တားသို့ပို့ ဆောင်ရေးတွင် သူနာပြုအဖြစ် စေတနာဝန်ထမ်းဆောင်ရွက်ခဲ့သည်။ ယင်းနောက်အိန္ဒိယမှမြန်မာနိုင်ငံသို့ နောက်ဆုံးထွက်သည့်သင်္ဘ࿿ော နှင့်ပြန်လာသည်။

၁၉၄၂ တွင် ရန်ကုန်မြို့ ဂေါ်ရာကုန်းမြေ ဒိုင်အိုစီဇင်မိန်းကလေးကျောင်း၌ ဒေါက်တာဘသန်း (ဗိုလ်ချုပ်ကြီးနေဝင်း၏ယောက္ခမ) ဦးဆောင်၍ ဆေးရုံ ဖွင့်လှစ်သည်။ ထိုဘီဒီအေဆေးရုံတွင် အစ်မဖြစ်သူဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံးဆောင်ရွက်ခဲ့သည်။ ဒေါ်ခင်ကြီးမှာ စစ်မဖြစ်မီ သူနာပြု ၂၄၆ သင်တန်းဆင်းဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးကိုဂျပန်တပ်များတပ်ခွဲထားရာ ဘီဒီအေဆေးရုံသည် ဒေါက်တာဘ မော်အုပ်ချုပ်ရေးခေတ်တွင် ရန်ကုန်ဆေးရုံကြီးဖြစ်လာသည်။ ဒေါက်တာဘသန်း၏ ဦးဆောင်မှုအောက်တွင် ဒေါက်တာလှရွေ (ရဲဘော်သုံး ကျိပ် ဗိုလ်လကျာ်၏ညီ၊ ၁၉၃၈ကျောင်းသားခေါင်းဆောင် အာဏာရှင်ကိုလှရွှေ) ဒေါက်တာကြည်ပေါ၊ ဒေါက်တာဦးအေး၊ ဒေါက်တာမြင့်ဆွေ၊ ဒေါက်တာဒေါ်ရင်မေ၊ သူနာပြု ကယ်လီ၊ မတင်ထွေး (ဒေါက်တာမြင့်ဆွေ၏ဇနီး) တို့နှင့်အတူ သူနာပြုချုပ်အဖြစ် အမှုထမ်းနေစဉ် ဘီဒီအေ စစ်သေနာပတိဗိုလ်ချုပ်ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) ဆေးရုံ လာတက်ရာမှ တွေ့ဆုံမေတ္တာမျှခဲ့လေသည်။


ထို့နောက် ၁၉၄၂ စက်တင်ဘာ ၆ တနင်္ဂ࿿နွေနေ့တွင် ဂျပန်ခေတ် ပြည်သူ့ဆေးရုံကြီးအရှေ့ဘက် အစွန်းဆုံးခန်းမဆောင်တွင် လက်ထပ်ထိမ်း မြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သား အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ သမီး အောင်ဆန်းစုကြည် (ယခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်) တို့ ထွန်းကားခဲ့သည်။ အထွေးဆုံးသမီးကလေးကို ၁၉၄၆ စက်တင်ဘာလ ၂၂ တွင်ထွန်းကားခဲ့သော်လည်း အဖတ်မတင်ဘဲ ၅ ရက်အကြာတွင် တိမ်းပါးသွားခဲ့ရသည်။ သားလတ် အောင်ဆန်းလင်းမှာလည်း ရန်ကုန် ဗဟန်းမြို့နယ် တာဝါလိန်းလမ်း အမှတ် (၂၅) နေအိမ် (ယခု ဗိုလ်ချုပ်ပြတိုက်) ရှိ ရေကန်တွင် ၁၉၅၃ ဇန်နဝါရီ ၁၆ တွင် ရေနစ်သေဆုံးသွားခဲ့ရသည်။

ဒေါ်ခင်ကြည်သည် ၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀း ၃၅ နာရီတွင် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ဖော်ကိုင်ဖက် အခြား ဝန်ကြီးများနှင့်အတူ ကျဆုံးခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူချမှတ်ခဲ့သော တိုင်းပြုပြည်ပြုလုပ်ငန်းများကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ခဲ့ သည်။ ဖဆပလ၏တာဝန်ပေးခြင်းအရ ဗိုလ်ချုပ်အောင်ဆန်း၏ မဲဆန္ဒနယ်တွင် ၁၉၄၇ မှ ၁၉၅၁ အထိ အမျိုးသမီးလွှတ်တော်အမတ် ဖြစ်ရွေးချယ်တင် မြှောက်ခြင်းခံခဲ့ရသည်။

၁၉၄၇ ဩဂုတ်၂ တွင် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်သည် အဓိဋ္ဌဌန်ပြုချက်နဲ့အတူ လူထုပန်ကြားလွှာကိုထုတ်ပြန်၍ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းပေးတာဝန်ကို ထမ်းဆောင် ခဲ့သည်။ ဒေါ်ခင်ကြည်၏ပန်ကြားလွှာတွင် ...

"ကျမရဲ့ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နှင့်လူမျိုးအတွက်ကြိုးပမ်းရင်း လမ်းခုလက်တွင် ကျဆုံးခဲ့ရပါပြီ။ အခု သူကွယ်လွန်သွားတော့ သူ့ကိုပြုစုရမဲ့အစား သူချခဲ့တဲ့လမ်းစဉ်တွင်ပါဝင်နိုင်တဲ့ဘက်တွင်ပါဝင်ပြီး သူချန်ခဲ့တဲ့ သူသွေး သူ့သား မိမိရဲ့ရင် သွေးကလေးတွေကို အဖေသားပီပီ ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့ မယ်လို့ဆုံးဖြတ်ပါတယ်။လူထုကို ကျမပြောလိုတာက တော့မိမိတို့အားကိုး ယုံကြည်လေးစားသောခေါင်းဆောင်ကြီးကို ရက်စက်စွာလုပ်ကြံမှုကြောင့် ဒေါသထွက်စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင် မှုကိုရှောင်ကြဉ်၍ သူချခဲ့သောလမ်းစဉ်အတိုင်း တသေဝမတိမ်း လိုက်နာကျင့်ဆောင်ကြပါ။ သူပျိုးထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးကို ဆထက်တပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့သော လွတ်လပ်ရေးကို မရမနကြေိုးပမ်းကြပါ"ဟု တိုင်းပြည်ကို တိုက်တွန်းခဲ့လေသည်။

ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ အမျိုးသားခေါင်းဆောင်အဖြစ် မထင်ရှားခဲ့သော်လည်း သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏ ဩဇာအကြီးဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ဒေါ်ခင်ကြည်သည် ၁၉၄၇ - ၅၃ တွင် မြန်မာအမျိုးသမီးများအသင်း ညွှန်ကြားရေးဝန်၊ ၁၉၅၃ - ၅၈တွင် လူမှုဝန်ထမ်းစီမံကိန်းကော်မရှင်ဥက္ကဋ္ဌဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုသို့တာဝန်ယူဆောင်ရွက်နေစဉ် ပြည်ထောင်စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီဥက္ကဌ၊ မိခင်နဲ့ ကလေးစောင့်ရှောင့်ရေးဥက္ကဌ၊ ကလေးသူငယ်စောင့်ရှောက်ရေးကောင်စီဥက္ကဌ၊ ကျန်းမာရေးနှင့်ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဌ၊ ပြည်ထောင်စုမြန် မာနိုင်ငံအမျိုးသမီး အသင်းများကောင်စီဥက္ကဌ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန်ပွားရေးအသင်းဥက္ကဌ၊ မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံ သူနာပြုတင် ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ရာမာခရစ်ရှ်နာ သာသနာပြု ဆေးရုံနှင့် စာကြည့်တိုက် ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံရသည်။ ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံတွင် သူနာပြုလုပ်ငန်းများကို မွန်မြတ် သောပရဟိတလုပ်ငန်းအဖြစ် အများကစိတ်ဝင်စားစွာ ခံယူလုပ်ဆောင်စေရန် ရှေးဦးစွာစည်းရုံးခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဒေါ်ခင်ကြည် ငယ်ရွယ်စဉ်က တွေ့ရစဉ်
ဒေါ်ခင်ကြည်သည် ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများထမ်းဆောင်နေစဉ် ၁၉၄၉ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာညီလာခံ၊ ၁၉၅၀ တွင် ကိုလံဘိုကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ဒေဆိုင်ရာညီလာခံများကို မြန်မာကိုယ်စာလှည် အဖွဲ့ကိုဦးဆောင်၍ တက်ရောက်ခဲ့သည်။ ကိုလန်ဘိုညီလာခံတွင် ညီလာခံသဘာပတိအဖြစ် ရွေးချယ် တာဝန်ပေးအပ်ခံရသည်။ ၁၉၅၀၊ ၁၉၅၁၊ ၁၉၅၂ ခုနှစ် များတွင် ဂျီနီဗာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ညီလာခံများကို မြန်မာကိုယ်စားလှည်အဖွဲ့ကို ဦးဆောင်ကာ တက်ရောက်၍ အနောက်ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗိယက်နမ်နိင်ငံ များသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။

၁၉၅၉ - ၆၀ နှစ်များတွင် ဦးနုဦးဆောင်သော ပြည်ထောင်စုပါတီ (ပထစ) အတွက် စည်းရုံးရေးတာဝန်များကို ဖိဖိစီးစီး တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။ သို့အတွက် ဦးနုဦးဆောင်သော သန့်ရှင်း ဖဆပလတဖြစ်လည်း ပြည်ထောင်စုပါတီသည် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည်။ ဒေါ်ခင်ကြည်သည် ပထစပါတီအား မဲဆွယ်စည်း ရုံးပေးခဲ့သော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးမခံခဲ့ချေ။

ဦးနုဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား ၁၉၆၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့် ယနေ့အချိန်အထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီး သံအမတ်ကြီးအဖြစ် မော်ကွန်း တင်ခံရသည်။ အိန္ဒိယနိင်ငံ၊ နယူးဒေလီမြို့တွင် ရုံးထိုင်၍ သံအမတ်ကြီးအဖြစ် ၇ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၇ ဇွန်လ တွင် အငြိမ်းစားယူခဲ့သည်။

အငြိမ်းစားယူပြီးနောက် ရန်ကန်မြို့ တက္ကသိုလ်ရိပ်သာလိမ်းအမှတ် (၅၄-၅၆) နေအိမ်၌ ရိုးရိုးကုတ်ကုတ် နေထိုင်ခဲ့သည်။ မိခင်နှင့် ကလေး စောင့်ရှောင့်ရေးအဖွဲ့ ညွှန်ကြားရေး ဝန်ကြီးလုပ်သက်၊ သံအမတ်ပင်စင်များကိုမယူပဲ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဇနီးထောက်ပံ့ငွေ ကိုသာ ခံစားခဲ့သည်။

ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုံးခဲ့ရသော အာဇာနည်ကိုးဦးအား အသက် လျော်ကြေးပေးရန် ゞင်းပိုင် လက်ဝတ်ရတနာများ ကိုရောင်းချ၍ ရရှိငွေကို အညီအမျှခွေဲဝပေးရန် ဇနီးဖြစ်သူဒေါ်သန်းခင်အား ထောင်တွင်းမှ မှာကြားခဲ့သည်။ ဒေါ်သန်းခင်သည် ခင်ပွန်းဖြစ်သူ ဦးစော၏ဆန္ဒအတိုင်း ပုဂ္ဂိုလ်ရှစ်ဦးအား လိုက်လံပေးပြီးနောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်းပြောပြီး အသက်လျော်ကြေးပေးရသောအခါ ဒေါ်ခင်ကြည်က "ရှင့်ယောကျာ်း ကျမယောကျာ်းကိုလုပ်ကြံလို့ ကျမမုဆိုးမဘဝရောက်ခဲ့ရပါပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘဝတူချင်းမို့ အဲ့ဒီလျော်ကြေးငွေကိုမယူပါရစေနဲ့။ ဦးစောအတွက် သာဘဝကူးကောင်းအောင် ကုသိုလ်ဒါန တစ်ခုခုပြုလုပ်ပေးပါ" ဟုပြောကြားခဲ့ကြောင်း သိရပေသည်။

ဤသို့ ဒေါ်ခင်ကြည်သည် နေအိမ်ခြံအတွင်း ပန်းမာလ်ပင်များစိုက်ပျိုးပြုပြင်လျက် ဘဝကိုအေးချမ်းစွာကုန်ဆုံးနေစဉ်အတွင်း ၁၉၈၇၊ ဇန်န ဝါရီလ ၁၀ တွင်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမိုက်ကယ်အဲ့ရစ်(Dr. Michael Aris) တို့မှဖွားမြင်သော မြေးနှစ်ယောက်ဖြစ်သည့် မြင့်ဆန်းအောင် (Alezander)၊ ထိန်လင်း (Kim) တို့ကို ဗုဒ္ဓသာသနာအစဉ်အလာအရ ရှင်ပြုမင်္ဂ္လာပွဲကို နေအိမ်၌ အကျဉ်းချုံးပြုလုပ်ခဲ့သည်။ ကမ္ဘာ့သာသနာပြု အဂ္ဂမဟာပဏ္ဍဍိတအရှင်သေဋိလက အင်္ဂ္ဘာသာဖြင့် တရားဟောကြားပြီး သာမဏေနှစ်ပါးကို တာဝါလိန်းလမ်း (ဗိုလ်ချုပ်ပြတိုက်လမ်း) ကြက်ယက်ကျောင်း၌ သီတင်းသုံးစေခဲ့သည်။ ထိုနှစ် ဧပြီလတွင် နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် အင်္ဂ္လန်ပြည်တွင် မျက်စိခွဲစိတ်ကုသခဲ့သည်။ လန်ဒန်မြို့တွင်၂ လကြာကုသခဲ့ပြီးနောက် ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာခဲ့သည်။ ယင်းနောက် ၁၀ အကြာ ၁၉၈၈ မတ်လ အကုန်ပိုင်းတွင် ပြင်းထန်သော လေဖြတ်ရောဂါ ဖြစ်ပွားခဲ့သောကြောင့် သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်သည် မိခင်ကြီး အားပြုစုရန် မြန်မာနိုင်ငံသို့ လာရောက်နေထိုင်ခဲ့သည်။

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ်၊ မတ်လ ၂၈ရက်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားနေရသော်လည်း၊ ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် ဒီမိုကရေစီ တိုက်ပွဲ ဆင်နွဲနေကြသော အဖြစ်အပျက်များကို ကောင်းစွာ သိရှိခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ ကိုဖုန်းမော် သေဆုံးရခြင်းကို ကြားသိရသောအခါ လွန်စွာဝမ်းနည်းခြင်း ဖြစ်ခဲ့သည်။ သူ၏ဒုတိယအကြိမ် လေဖြတ်ခြင်း ဝေဒနာကို ခံစားရပြီးနောက်၊ ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နံနက် ၇ နာရီ ၁၇ မိနစ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏လက်ပေါ်၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ် အရွယ်ရှိပြီ ဖြစ်သည်။ [၁] သူ့အား ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး တွင်သဂြိုဟ်ခဲ့သည်။ ထိုနေရာတွင်ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဦးသန့် ၊ စုဖုရားလတ်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။ ကွယ်လွန်ချိန်တွင် သားဖြစ်သူဦးအောင်ဆန်းဦးနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေအထွေအတွင်းရေးမှူး) တို့ကျန်ရစ်သည်။[၁]

ဂူဗိမာန်ပြင်​ဆင်​ရန်

၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ၂ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ကြွင်းကျန် သောရုပ်ကလာပ်ကို ရွှေတိဂုံဘုရားလမ်းရှိ ငြိမ်းချမ်းရေနှင့် မျိုးချစ်စာဆိုဆရာကြီးသခင်ကိုယ်တောင်မှိုင်း ဂူဗိမာန်နှင့် သီပေါမင်း၏မိဘုရား ခေါင်ကြီး စုဘုရားလတ် ဂူဗိမာန်တို့အကြား မြေကွက်လပ်၌ ဂူဗိမာန်တည်ဆောက် သဂြိုဟ်ခဲ့လေသည်။

ချီးမြှင့်အပ်နှင်းခြင်းပြင်​ဆင်​ရန်

ဒေါ်ခင်ကြည်သည် ဘဝတစ်လျှောက်လုံး တိုင်းကျိုးပြည်ပြု စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၅၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ပေးအပ်ချီးမြှင့်သော မြန်မာမိခင်ဘွဲ့တံဆိပ် ၁၉၅၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရကချီးမြှင့်သော မဟာသီရိသုဓမ္မဘွဲ့၊ ၁၉၅၅ ခုနှစ် တွင် ယူကိုဇလာဗီးယားနိုင်ငံမှချီးမြင့်သော မာရှယ်တီးတိုးယူဂိုဆလပ်ကြယ် (ဒုတိယဆင့်) နှင့် ထိုင်းနိုင်ငံဥသျှောင်အဖွဲ့၏ နိုဘယ်အော်ဒါဘွဲ့(ဝါ) အမြင့်မြတ်ဆုံး ဆုတံဆိပ်တို့ကို ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသည်။

ဒေါ်ခင်ကြည်သည် လူမှုရေးအဖွဲ့အစည်းများ၊ အများအကျိုးနှင့်ဆိုင်သော အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ရာ အမျိုးသမီးနှင့် ကလေးများစောင့်ရှောက်ရေးအဖွဲ့ ညွှန်ကြားရေးဝန် (၁၉၄၇- ၁၉၅၃)၊ လူမှုရေး စီမံကိန်းကော်မရှင် ဥက္ကဋ္ဌဌ (၁၉၅၃-၅၈)၊ ပြည်ထောင်စု မြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီ ဥက္ကဋ္ဌဌ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌဌ၊ ကလေးသူငယ် စောင့်ရှောက်ရေးကောင်စီ ဥက္ကဋ္ဌဌ၊ ပြည်သူ့နီတိနှင့် ကျန်းမာမှုအဖွဲ့ဥက္ကဋ္ဌဌ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသမီးအသင်းများကောင်စီ ဥက္ကဋ္ဌဌ ၊ဒီမိုကရေစီ သဘောတရား တိုးတက်ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဌ၊ ရာမာခရစ်ရှ်နာ သာသနာပြုဆေးရုံနှင့် စာကြည့်တိုက်တွင် ဒုတိယဥက္ကဋ္ဌဌ၊ မြန်မာနိုင်ငံ လုံမလမ်းပြအသင်း၏ မင်းကြီးချုပ်၊ မြန်မာနိုင်ငံ သူနာတင်ကားတပ်ဖွဲ့တွင် အုပ်ချုပ်ရေးမှူး စသည်ဖြင့် လူမှုဝန်ထမ်း လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် သူနာပြုလုပ်ငန်းကို မွန်မြတ်သော လုပ်ငန်းအဖြစ် အများကစိတ်ဝင်စားစွာ ခံယူလာစေရန် ရှေးဦးစည်းရုံးခဲ့သူ တစ်ဦးလည်းဖြစ်သည်။

ဒေါ်ခင်ကြည်သည် နိုင်ငံကို ကိုယ်စားပြု၍ ပြည်ပနိုင်ငံများသို့ လှည့်လည် သွားရောက်ခဲ့ရသည်။ ၁၉၄၉ ခုနှစ်တွင် နယူးဒေလီမြို့၌လည်းကောင်း၊ ၁၉၅ဝ ပြည့်နှစ်တွင် ကိုလံဘိုမြို့၌လည်းကောင်း ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများ၏ ဒေသဆိုင်ရာညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင် အဖြစ် တက်ရောက်ခဲ့ရပြီး ကိုလံဘိုမြို့၌ကျင်းပသော ညီလာခံတွင် သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။

၁၉၅ဝ၊ ၁၉၅၁ နှင့် ၁၉၅၂ ခုနှစ်တို့တွင် ဂျီနီဗာမြို့၌ ကျင်းပသော ကမ္ဘာ့ကျန်းမာရေးညီလာခံများသို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့သည်။ ထို့အပြင် အနောက်ဥရောပ၊ အမေရိကန် ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်စသောနိုင်ငံများသို့ နိုင်ငံတာဝန်နှင့် ခရီးလှည့်လည်ခဲ့သည်။

၁၉၅၉-၆ဝ ပြည့်နှစ်များတွင် ပြည်ထောင်စုပါတီအတွက် စည်းရုံးရေးတာဝန်များကို ဖိဖိစီးစီး တာဝန်ယူ ဆောင်ရွက်ခဲ့သော်လည်း ဒေါ်ခင်ကြည်သည် မည်သည့်နေရာတွင်မျှ အရွေးချယ်ခံ ပါဝင်ခဲ့ခြင်းမရှိခဲ့ချေ။ ၁၉၆ဝ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ဒေါ်ခင်ကြည်သည် ယနေ့အချိန်အထိ မြန်မာအမျိုးသမီးများထဲတွင် သံအမတ်ကြီးအဖြစ် တာဝန်ပေးခန့်အပ်ခံရသည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။ အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ရုံးထိုင်၍ သံအမတ်ကြီးအဖြစ် ခုနစ်နှစ်တာ ထမ်းဆောင်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

ဒေါ်ခင်ကြည်သည် ၁၉၅ဝ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုက အပ်နှင်းသော မြန်မာ့မိခင်ဘွဲ့ (Mother of Burma) ကိုလည်းကောင်း၊ ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကအပ်နှင်းသော မဟာသီရိသုဓမ္မဘွဲ့ကိုလည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် ယူဂိုစလားဗီးယားနိုင်ငံက အပ်နှင်းသော ယူဂိုစလပ်ကြယ်ဘွဲ့တံဆိပ်နှင့် ထိုင်းနိုင်ငံက အပ်နှင်းသော ဘုရင့်မြင့်မြတ်သော ဘွဲ့တံဆိပ်ကိုလည်းကောင်းရရှိခဲ့သည်။

Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive