အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ပင်​လုံညီလာခံ

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်(အိုင်စီအက်စ်)၊ ဗိုလ် ခင်မောင်ကလေး၊ မြို့မ-ဦးသန်းကြွယ်၊ သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင်ဦးဆောင်ခဲ့သည်။ [၁] [၂] မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ...ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

(၁)တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
(၂)ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
(၃)အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကိုゞင်းနှင့်လူမျိုးချင်းမတူသောဒုတိယအတိုင်ပင်ခံနှစ်ဦးကကူညီစေရမည်။ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည်ゞင်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ゞင်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက် တာဝန် ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။
(၄)အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။
(၅)အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြ စ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင် အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။နယ်စပ်ဒေသများအတွက်နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရာခိုင်နှုန်း အပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
(၆)ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခုနယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်းဤကဲ့သို့
သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက်အထ မြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရအက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အားဆွေးနွေးတိုင်ပင်ရမည်။

(၇)နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
(၈)ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။
(၉)ဤစာချုပ်တွင်သဘောတူညီကြသည့်အစီအစဉ်မှာမြန်မာပြည်အခွန်တော်ငွေများမှကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များကရသင့်ရထိုက်သောဘဏ္ဍဍာရေးအကူအညီကို
ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိ ကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

မြန်မာနိုင်ငံတော်အစိုးရ

(ပုံ)
အောင်ဆန်း ၁၂-၂-၄၇

ကချင်ကော်မတီ
(ပုံ)
ဆမားဒူးဝါးဆင်ဝါးနောင် မြစ်ကြီးနား

(ပုံ)
ဇော်ရစ် မြစ်ကြီးနား

(ပုံ)
ဒိန်ရတန် မြစ်ကြီးနား

(ပုံ)
ဇော်လ ဗန်းမော်

(ပုံ)
ဇော်လွန်း ဗန်းမော်

(ပုံ)
လဗန်းဂရောင်း ဗန်းမော် ချင်းကော်မတီ

(ပုံ)
ဦးလွှာမှုန်း အေတီအမ်။ အိုင်တီအက်(စ်)အမ်၊ ဖလမ်း။

(ပုံ)
ဦးသောင်ဇာခပ် အေတီအမ်၊ တီးတိန်။

(ပုံ)
ဦးကွယ်မန်း အေတီအမ်၊ ဟားခါး။ ရှမ်းကော်မတီ

(ပုံ)
ခွန်ပန်းစိန် တောင်ပိုင်းစပ်ဖလုံ

(ပုံ)
စပ်ရွှေသိုက် ညောင်ရွှေစပ်ဖလုံ

(ပုံ)
စပ်ဟုံဖ မြောက်ပိုင်းသိန္နီစပ်ဖလုံ

(ပုံ)
စပ်နွံ လဲချားစပ်ဖလုံ

(ပုံ)
စပ်စံထွန်း မိုင်းပွန်စပ်ဖလုံ

(ပုံ)
စပ်ထန်းအေး သာမိုင်းခမ်းစပ်ဖလုံ

(ပုံ)
ဦးဖြူ သထုံစပ်ဖလုံ၏ ကိုယ်စားလှယ်

(ပုံ)
ခွန်းဖုံး မြောက်ပိုင်းသိန္နီ

(ပုံ)
ဦးတင်ဧ

(ပုံ)
ဦးထွန်းမြင့်

(ပုံ)
ဦးကြာပု

(ပုံ)
ဦးခွန်စော

(ပုံ)
စပ်ရစ်ဖ

(ပုံ)
ဦးခွန်ထီး

Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive