အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ကိုပညာ (အမရပူရ)

ကိုပညာ (အမရပူရ)

အဘ ဦး​သိန်း​ဖေ၊​ အမိ ​ဒေါ်​အေး​ရွှေတို့​မှ အမရပူရမြို့​ ​တောင်ကြီး​ရပ်ကွက် အ​ရှေ့​ဆင်တိုင်ရပ်တွင် မြန်မာနှစ် ၁၂၉၄ ခုနှစ်၊​ ပြာသိုလဆန်း​ (၁၀)ရက် (၁၉၃၃ ခုနှစ်၊​ ဇန်နဝါရီလ ၅ ရက်) ဖွား​မြင်သည်။ ​ခြောက်နှစ်သား​အရွယ်တွင် ​တောင်သမန်အင်း​စောင်း​ ​တောင်​လေး​လုံး​ကျောင်း​သို့​ ​ရောက်ရှိ၍ စာ​ပေပညာသင်သည်။ ကိုး​နှစ်သား​အရွယ်တွင် ရှင်သာမ​ဏေ ပြုသည်။ (၁၆)နှစ်သား​အရွယ်တွင် အမရပူရမြို့​ အဟာဂန္ဓာရုံဆရာ​တော်ကြီး​ ( အရှင်ဇနကာဘိဝံသ အဂ္ဂမဟာပဏ္ဍဍိတ) ထံတွင် စာ​ပေပရိယတ်များ​ သင်ကြား​၍ 'ဓမ္မာစရိယ' ​အောင်မြင်ခဲ့​သည်။ ၁၉၅၅ ခုနှစ်ခန့်​က စုံ​ထောက်ဝတ်ထုမဂ္ဂဇင်း​တွင် ​ဆောင်း​ပါး​တစ်ပုဒ်၊​ ဝတ္ထုတစ်ပုဒ်​ရေး​သား​၍ စာ​ပေ​လောကသို့​ စတင်ဝင်​ရောက်ခဲ့​သည်။ ထို့​နောက်မြဝတီမဂ္ဂဇင်း​ အမှတ် (၉၉) တွင် ' ​တောင်သမန်၏နံနက်ခင်း​' ကဗျာပါရှိခဲ့​သည်။ ၁၉၅၉ ခုနှစ်တွင် ​သွေး​သောက်မဂ္ဂဇင်း​ ၌ ​ဆောင်း​ပါး​များ​ ​ရေး​သား​ခဲ့​သည်။ ၁၉၆၇ ခုနှစ်တွင် ကိုပညာ (အမရပူရ) အမည်ဖြင့်​ ​ငွေတာရီမဂ္ဂဇင်း​တွင် စတင် က​လောင်သွင်း​၍ မန္တ​လေး​မြို ဟံသာဝတီသတင်း​စာနှင့်​ အခြား​မဂ္ဂဇင်း​များ​တွင်​ဆောင်း​ပါး​များ​ ​ရေး​သား​ခဲ့​သည်။ ၁၉၅၈-၆၇ တွင် ဗိုလ်မှူး​ဘ​သောင်း​ (​မောင်သုတ) ၊​ မန္တ​လေး​မြို့​အ​နောက် ခင်မကန်​ကျောက်​ဆောက်​ကျောင်း​ ဆရာ​တော် အရှင်ဝါယမ ၊​ မန္တ​လေး​တက္ကသိုလ်မှ ဆရာ ဦး​မောင်မာင်တင် (မဟာဝိဇ္ဇာဝ၊​ ​ဒေါက်တာသန်း​ထွန်း​ သမိုင်း​ ပါ​မောက္ခအဖွဲ့​များ​နှင့်​တွေ့​ဆုံ၍ တိမ်မြုပ်ရှား​ပါး​နေ​သော မြန်မာစာ​ပေနှင့်​ သမိုင်း​စာ​ပေများ​ကို ​ဖော်ထုတ် ​လေ့​လာခဲ့​သည်။ ၁၉၉၇ ခုနှစ်တွင် '​တောင်သမန်ဝန်း​ကျင် သမိုင်း​ဝင်​နေရာများ​' စာအုပ်ဖြင့်​ အမျိုး​သား​စာ​ပေဆု (သုတပ​ဒေ သာ ဝိဇ္ဇာဘာသာရပ်) ကို ရရှိခဲ့​သည်။ ဘွဲ့​အမည်မှာ အရှင် ပညာ​ဇောတ ဖြစ်သည်။


ဆရာတော် ဦးပညာ (အမရပူရ) မွေးနေ့အတွက် ဆရာဒဂုန်တာရာ၏သ၀ဏ်လွှာနှင့်ဆရာဦးအံ့မောင်နှင့် ငြိမ်းချမ်းရေးလိုလားသူများ၏ တင်လျှောက်မေတ္တာလွှာပေးပို့။ဇန်န၀ါရီ ၆၊ ၂၀၁၂တာရာဝေယံအမရပူရမြို့ တောင်သမန်တောင်းလေးလုံး ကျောင်းတိုက်ရဲ့ ပဓါနနာယက ဆရာတော် ဘဒ္ဒန္တပညာကေတ (သိရိပ၀ရဓမ္မာဓရိယ) အမျိုး သားစာပေဆုရ၊ စာရေးဆရာကိုပညာ (အမရပူ) ရဲ့ သက်တော် ၇၉ နှစ်ပြည့် ၀ိဇာတပူဇာ၏ လာကို အမရပူရမြို့၊ ဦးပိန်တံတားအနီးက တောင်းလေးလုံးကျောင်းတိုက်မှာ ၅၊ ၁၊ ၂၀၁၂ နံနက်ပိုင်းက စာပေရောင်းရင်းမိတ်ဆွေများက ဦးဆောင်၍ ကျင်းပခဲ့ပါတယ်။ရန်ကုန်မြို့တွင် ဆောင်းခိုရန်ရောက်ရှိနေတဲ့ ကဗျာဆရာကြီး ဒဂုန်တာက ဆရာတော်အတွက် မွေးနေ့ကဗျာကို အောက်ပါအတိုင်း ရေး သားပေးပို့ပါတယ်။ကိုပညာပညာတွေ အလွန်များ။ကြားရသည်မှာစာအုပ်တွေ ထံတျာနဲ့ဂန္ဓာမာနှင့် ပျံ့ကြောမှာမောလှပေးလား။ဒဂုန်တာရာ၅၊ ၁၊ ၂၀၁၂ပန်းကြာဝတ်မှုန်ရန်ကုန်။ဆရာဒဂုန်တာရာရဲ့ကဗျာနဲ့အတူ ကဗျာဆရာကြီးဦးအံ့မောင်နဲ့ ငြိမ်းချမ်းရေးလိုလားသူများရဲ့ တင်လျှောက်လွှာလည်း ပေးပို့ခဲ့ကြောင်းသိ ရပါတယ်။အရှင်သူမြတ်ဘုရား ...အရှင်သူမြတ်၏ ၀ိဇာတပူဇာပွဲသို့ တပည့်တော်နှင့်တကွ ငြိမ်းချမ်းရေးလိုလားသူများအား ဖိတ်ကြားသည့်အတွက် ၀မ်းမြှောက်သာဓုခေါ် ပါသည်ဘုရား။အရှင်သူမြတ်နှင့်တကွ မြင့်မြတ်သောပုဂ္ဂိုလ်တို့သည် မိမိတို့၏မွေးရာဇာတိနိုင်ငံတွင် လူကိုလူချင်းနှိပ်စက်ခြင်းကင်းရှင်းကြစေရန်လည်း ကောင်း၊ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြစေရန်လည်းကောင်း၊ ကြိုးပမ်းလုံ့လဥဿဟပြန်မြဲ ပြုကြလိမ့်မည်ဟု ယုံကြည်အားကိုးမျှော်လင့်ပါကြောင်း ရိုသေစွာ လျှောက်ထားဝံ့ပါသည်ဘုရား။အံ့မောင် နှင့် ငြိမ်းချမ်းရေးလိုလားသူများဟူ၍ ဆရာတော်ဦးပညာထံပေးပို့ခဲ့ပါတယ်။ဆရာတော်ဦးပညာကို အဖဦးသိန်းဖေ၊ အမိဒေါ်အေးရွှေတို့က အမရပူရမြို့ တောင်ကြီးရပ်ကွက်၊ အရှေ့ဆင်တိုင်းရပ်မှာ ၁၉၃၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ (ကြသပတေးနေ့) မှာ ဖွားမြင်ခဲ့ပါတယ်။ ခြောက်နှစ်သားအရွယ်မှာ တောင်သမန်အင် စောင်းတောင်လေးလုံးကျောင်း တိုက်ကို ရောက်ရှိပြီး စတင်ပညာသင်ခဲ့ပါတယ်။ ကိုနှစ်သားအရွယ်မှာ ရှင်သာမဏေပြုခဲ့ပြီး ၁၆ နှစ်အရွယ်မှာ အမရပူရမြို့၊ မဟာဂန္ဓာဂုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ (အဂ္ဂမဟာပဏ္တိတ) ထံတွင်စာပေပရိယတ်များကို သင်ကြား၍ ဓမ္မာစရိယအောင်မြင်ခဲ့ပါတယ်။၁၉၅၅ ခုနှစ် စံထောက်မဂ္ဂဇင်းမှာ ဆောင်းပါတပုဒ်၊ ၀တ္ထုတပုဒ်ရေးသားပြီး စာပေလောကကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ထို့နောက် မြ၀တီ မဂ္ဂဇင်းအမှတ် ၉၉ မှာ တောင်သမန်နံနက်ခင်းကဗျာပါရှိခဲ့ကာ၊ ၁၉၅၉ မှာ သွေးသောက်မဂ္ဂဖင်း၌ ဆောင်းပါးများရေးသားခဲ့ပါတယ်။ မန္တလေးမြို့ဟံသာဝတီသတင်းစာနဲ့ အခြားမဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ကိုပညာ (အမရပူရ) ကလောင်နဲ့ ငွေတာရီမဂ္ဂဇင်းမျာစတင်ရေးသားခဲ့ပါတယ်။၁၉၅၈ - ၆၇ ခုနှစ်များတွင် ဗိုလ်မှူးဘသောင်း (မောင်သုတ) နဲ့ မန္တလေးမြို့ အနောက်ခင်မကန်ကျောက်ဆောက်ကျောင်း ဆရာတော် ဦးဝါသ၀တို့နှင့်တွေ့ဆုံပြီး တိမ်မြုပ်ရှားပါးနေတဲ့ မြန်မာစာပေနဲ့ သမိုင်းအထောက်အထားတွေကို ရှာဖွေဖော်ထုတ်လေ့လာခဲ့ပါတယ်။၁၉၉၆ ခုနှစ်မှ ဆရာတော်ဦးပညာဟာ “တောင်သမန်ဝန်းကျင်သမိုင်းဝင်နေရာများ” စာအုပ်နဲ့ သုတပဒေသာ (၀ိဇ္ဇာ) အမျိုးသားစာပေဆု ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive