အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ဦးအုန်း​မောင်​ အာဇာနည်​တဦး

ဦးအုန်းမောင်သည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ငယ်ဘဝ
ဦးအုန်းမောင်သည် အဖ မစ္စတာ အိပ်ခ်ျ ဒဗလျူ တရပ်ဝန်း + အမိ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် မကွေးတိုင်း၊မင်းဘူးမြို့ မွေးဖွားသည်။ တက္ကသိုလ်ကျောင်းသား ဘဝက ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်မြင်သည်။ ၁၉၃၇ ခုနှစ်တွင် အိုင်စီအက်စ် စာမေးပွဲ ဖြေသူ သုံးဦးအနက် ပထမ ရသည်။ ၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင်ဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ [၁]

ဘဝနိဂုံး
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့၊ စနေနေ့ နံနက် (၁၀) နာရီ (၃၇) မိနစ်တွင် ကျဆုံးသည်။

Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels