အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


အမေ. မိန်.ဆိုချက်များ ၁

တာမွေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ.. မိန့်ခွန်းမှ.....

လူငယ်တွေကိုလည်း ကျမတစ်ခုတော့ သတိပေးချင်ပါတယ်။ မေတ္တာလည်း ရပ်ခံချင် ပါတယ်။ နောက်ဆုံးတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရတာပါပဲ..။ ဘယ်သူ့ကိုမှ လက်ညိုးထိုးပြီးတော့.. ပုံပြီးတော့ အပြစ်ဖို့လို့ မရဘူး..။ ဘယ်သူကြောင့်..၊ ဟိုလူ.ကြောင့်..၊ ဒီလူ့ကြောင့်..၊ အဖေ့ကြောင့်.. အမေ့ကြောင့်.. မိသားစုကြောင့်..၊ ဆရာ.. ဆရာမကြောင့်.. ပတ်ဝန်းကျင်ကြောင့်.. အဲ့ဒီလို လက်ညိုးထိုးပြီးတော့.. အပြစ်ဖို့လို့မရပါဘူး။ ကိုယ့်ဘ၀ကို ကိုယ်ပဲဖန်တီးသွားရမှာပဲ..။ အဲ့တော့ ကိုယ့်ဘ၀အတွက် ကိုယ်တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓါတ်ကိုတော့မွေးကြပါလို့ ကျမ လူငယ်တွေကို မေတ္တာရပ်ခံချင်ပါတယ်။ မွေးလို့ရပါတယ်။ စိတ်ဓါတ်မကျပါနဲ့..၊ ငါတို့ ဘာလုပ်နိုင်မှာလဲ ဆိုတဲ့စိတ်တွေမထားပါနဲ့..။ ငါတို့ ဘာမှမျော်လင့်စရာ မရှိပါဘူးဆိုတဲ့ စိတ်ဓါတ်တွေလဲမထားပါနဲ့..။ လူငယ်တွေရဲ့ အရှေ့မှာ အချိန်တွေအများကြီးရှိ ပါတယ်။ အချိန်တွေကို အလဟသဖြစ်အောင် မလုပ်ပါနဲ့..။ ကျမတို့ဖက်ကလည်း လူငယ်တွေ မိမိတို့အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချနိုင်အောင်လို့ ကြိုးစားပြီးတော့ အခွင့်အရေးတွေ ဖန်တီးပေးပါ့မယ်။ ဒါဟာကျမ တို့ဖက်ကကြိုးစားရမှာပါ။ လူငယ်တွေကလည်း ငါတို့ဘ၀အတွက် ငါတို့တာဝန်ယူမယ် ဆိုတဲ့ အင်မတန်မှ မွန်မြတ်တဲ့ စိတ်ကိုမွေးမြူကြပါလို့ ကျမတိုက်တွန်း ချင်ပါတယ်...။


ဂျပန်နိုင်ငံတိုကျိုတက္ကသိုလ်တွင်ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်မှ ကောက်နှုတ်ချက်

“ဒီမိုကရေစီ တည်ဆောက်မယ့် လမ်းပေါ်ကိုတော့ ကျမတို့ရောက်နေပါပြီ။ ဒါပေမဲ့လည်း ဒီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်နေပြီလို့ ပြောဖို့ကတော့ သိပ်ကို စောလွန်းပါတယ်။ ဒါကြောင့်လည်း ခိုင်ခိုင်မာမာ ရပ်နိုင်အောင် လုပ်ကြရမှာပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်က နောက်ကြောင်း ပြန်လှည့်နိုင်သလားဆိုပြီး လူအတော်တော်များများက ကျမကို မေးကြပါတယ်။ စစ်တပ်က လက်ခံတဲ့ အချိန်ကျရင်တော့ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ပဲ ကျမကတော့ အမြဲတမ်း ပြောပါတယ်။”
ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းစာရှင်းလင်းပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်များမှ ကောက်နှုတ်ချက်

“မိမိအနေနဲ့ နိုင်ငံရေးသမားတွေကို လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေနဲ့ အကဲမဖြတ်ပါဘူး၊ လက်တွေ့လုပ်ဆောင်မှုတွေနဲ့သာ အကဲဖြတ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရတာက ပြုပြင်ပြောင်းလဲရေးမှာ အဆင့်လိုက်သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး”
 (မေး) တချိန်တည်းမှာ အစိုးရနဲ့ သဘောထား ကွဲလွဲသူ၊ တချိန်တည်းမှာပဲလွှတ်တော်အမတ် တဦး အနေနဲ့ အတွေးအမြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါသလား ။

(ဖြေ) “ပြောရမယ်ဆိုရင် ရှင်ထင်သလိုမျိုး ဖြစ်တာပေါ့ ရှင်။ ဒါကတော့ ဒီနှစ်ခုကြားမှာ အပီအပြင်ကို သဘာဝကျကျ အပြောင်းအလဲ ပေါ့။ အစိုးရနဲ့ သဘောထား ကွဲလွဲ
သူ ဆိုတာ တသက်လုံးတော့အစိုးရနဲ့ သဘောထားကွဲ မနေကြပါဘူး။ ကျမတို့က အစိုးရနဲ့ သဘောထားကွဲလွဲ သူတွေ ဖြစ်နေကြတဲ့ အကြောင်းရင်းက အစိုးရနဲ့
သဘောထား မကွဲချင်ကြလို့ပါ။ ဒါဟာ တကယ်ပါ။ ကျမဟာ လွှတ်တော်အမတ် တယောက်အဖြစ်နဲ့ အချိန်တွေကို အသုံးချနေရတာကို ကျမ ထင်ထားတာထက်
ပိုပြီး ပျော်ရွှင်ကျေနပ် မိပါတယ်။ လွှတ်တော်အမတ် တယောက်
ရဲ့ အလုပ်ကို ဘယ်လိုလုပ်ရမယ် ဆိုတာကို သိလာလေလေ၊ ဒီအလုပ်အပေါ်မှာ ပျော်ရွှင် နှစ်သက်စရာတွေတပုံတခေါင်းကို
ဖြစ်လာလေလေပါပဲ။ ကျမတို့မှာ ဒီလမ်းကြောင်းအတိုင်းပဲ သွားသင့်ပါတယ်။ ဒီတော့ အစိုးရနဲ့ သဘောထား ကွဲလွဲသူ ဆိုတာ ပီပီပြင်ပြင်သဘောထားကွဲလွဲတဲ့professionalအတိုက်အခံအမြဲဖြစ်နေရမယ်လို့ ကျမကတော့ မယုံကြည်ပါဘူး။”..


 
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels