အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


အမျိုးသား ဒီမိုက​ရေစီ အဖွဲ့ချုပ် အ​ကြောင်း

အမျိုးသား ဒီမိုက​ရေစီ အဖွဲ့ချုပ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( ဒီချုပ် (ခ) NLD )မှာ မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံး အတိုက်အခံပါတီ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အဂင်0x081လိပ်ဘာသာဖြင့် National League for Democracy - NLD ဟု လူသိများသည်။  ငြိမ်းချမ်းရေး နိုဘယ်ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူ ဦးဆောင်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
အတိုခေါက် ဒီချုပ် ၊ NLD
ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါလီမန် မဲဆန0x081ဒနယ် နေရာများတွင် အနိုင်ရခဲ့သည်။ သို့သော် အုပ်ချုပ်နေသည့် စစ်အစိုးရ တို့မှ အသိအမှတ်မပြုခဲ့ပေ။၂၀၁၀ မေလ ၆ ရက်နေ့တွင် ပါတီသည် တရားဝင်ပါတီအဖြစ် လျှောက်ထားခြင်းမရှိသဖြင့် တရားမဝင်ပါတီဟု စစ်အစိုးရမှ ကြေငြာခဲ့သည်။.[၃] ၂၀၁၁ နိုဝင်ဘာတွင် မကြာမီ လာမည့် ရွေးကောက်ပွဲအတွက် ပါတီမှ တရားဝင်ဖြစ်စေရန် လျှောက်ထားမည်ဟုဆိုကာ၊ ရွေးကောက်ပွဲ ကော်မတီမှ 0x158င်းလျှောက်ထားခြင်းကို လက်ခံခဲ့သည်။[၄] ၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မဲဆန0x081ဒနယ် ၄၅ နေရာတွင် ၄၃ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ 0x158င်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် မဲဆန0x081ဒနယ်မြေတွင် (မဲအရေ အတွက် ၅၆၀၀၀) ဖြင့်၊ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီ ကိုယ်စားလှယ် ဒေါက်တာ စိုးမင်း(မဲအရေ အတွက် ၉၀၀၀) အား အနိုင်ရရှိသွားသည်။

[၅]NLD သည် NLD-LA (National League for Democracy-Liberated Areas) နှင့် ကွဲပြားခြားနားသည်။ ၄င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဟု ခေါ်ပြီး၊ ထိုင်းနိုင်ငံ နယ်စပ်နှင့် အခြား နိုင်ငံများတွင် ဖွဲ့စည်းထားသည်။


သမိုင်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီရရှိစေရန် ပြည်သူများ ဆန0x081ဒပြကြရာတွင် စစ်အစိုးရမှ ၁၉၈၈ ခုနှစ်တွင် တိုင်းပြည်ကို အာဏာသိမ်းမှုဖြစ်လာခဲ့သည်။ ပါတီသည် အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင်ရှိပြီး၊ ၁၉၄၀ ခုနှစ်ပိုင်းတွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရအောင် တောင်းဆိုခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်သည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို နဝတ မှ ထုတ်ပြန်သည်။ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါ တဖက် ၄ ဦးစီ ပေါင်း ၁၂ ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းပြီး မှတ်ပုံတင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘက်က ၄ ဦးဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးဝင်းတင်(ဟံသာဝတီ)၊ ဒေါ်မြင့်မြင့်ခင်(ဘားကောင်စီရှေ့နေကြီး) နှင့် ဦးအောင်လွင်(ရုပ်ရှင်မင်းသား) တို့ဖြစ်ပါသည်။ နောက်ပိုင်းတွင် အလုပ် အမှုဆောင်ကော်မတီဝင် (၁၂) ဦးနှင့် မလုံလောက်တော့သည့်အတွက် ဗဟိုဦးစီအဖွဲ့ဝင် (၃၀) ဦး တိုးချဲ့ဖွဲ့စည်းပါသည်။[ကိုးကားချက်လိုသည်]

ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ပါဝင်ခွင့်ရသူတွေကတော့ ဦးချမ်းအေး(မောင်စူးစမ်း)၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ(မုံရွာ)၊ ဦးမိုးသူ၊ ဦးဝင်းခက်၊ ဦဘသော်(မောင်သော်က)၊ ဦးစိုးသိန်း(မောင်ဝံသ)၊ ဒေါက်တာငွေစိုး စသည့်ပုဂ0x081ဂိုလ်များ ဖြစ်ပါသည်။ ထိုအချိန်တွင် ဥက0x081ကဋ0x081ဌ ဦးအောင်ကြီးက အဖွဲ့ချုပ်အတွင်းမှာ “ကွန်မြူနစ်တွေ ရောက်နေပါပြီ” “ကွန်မြူနစ်တွေကို ဖယ်ရှားပစ်ရမယ်”ဟုပြောရင်း ပြဿနာမီးပွား စတင်လိုက်ပါသည်။ တနည်းအားဖြင့် အရှိန်ရစဖြစ်လာသည့် NLD ပါတီ၏ ထိပ်ပိုင်းကို ဖြိုခွဲလိုက်ခြင်း ဖြစ်သည်။ ဦးအောင်ကြီး ဖယ်ရှားပစ်လိုသည့်သူများမှာ ဦးဝင်းတင် အပါအဝင် ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးချမ်းအေး၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ၊ ဦးမိုးသူ တို့ဖြစ်ပါသည်။[ကိုးကားချက်လိုသည်]

နောက်ဆုံးတွင် အလုပ်အမှုဆောင်ကော်မတီဝင် (၁၂) ဦးနှင့် ဗဟိုဦးစီအဖွဲ့ဝင် (၃၀) စုစုပေါင်း (၄၂) ဦး၏ ရှေ့မှာ အစွပ်စွဲခံရသူများဘက်မှ ရှုံးလျှင် နှုတ်ထွက်ပေးရေး၊ စွပ်စွဲသူဘက်မှ ရှုံးနိမ့်လျှင်လည်း နှုတ်ထွက်ပေးရမည် သဘောတူညီချက်နှင့် မဲခွဲဆုံးဖြတ်ကြပါသည်။ ဥက0x081ကဋ0x081ဌ ဦးအောင်ကြီး အပြတ်အသတ် ရှုံးနိမ့်သွားပါသည်။ ဥက0x081ကဋ0x081ဌ ဦးအောင်ကြီး နှုတ်ထွက်ပေးရပြီး “ပြည်ထောင်စု အမျိုးသားဒီမိုကရေစီပါတီ”ဟူ၍ ပါတီတစ်ခု ထူထောင်သွားပါသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဦးအောင်ကြီး၏ ပါတီထဲသို့ တက0x081ကသိုလ် ကောလိပ်ပေါင်းစုံမှ ဆရာ ဆရာမများ၊ ကျောင်းဆရာဟောင်းများ စသည့် ပညာရှင်၊ ပညာတတ်ပေါင်းများစွာ ပါဝင်သွားခြင်းဖြစ်ပါသည်။[ကိုးကားချက်လိုသည်]

သို့သော် နိုင်ငံတော်အစိုးရ (ယခင်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ န.ဝ.တအစိုးရ၊ ယခုအခါ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ န.အ.ဖအစိုးရ)သည် အနိုင်ရပါတီအား နိုင်ငံအုပ်ချုပ်နိုင်ရန် အခွင့်မပေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်များကို လက်ခံနိုင်ရန်အကြောင်း မရှိခြင်း ကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအပြီးတွင် နိုင်ငံတော်အစိုးရမှ အမျိုးသားညီလာခံအား ကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ရပ်ကို ရေးဆွဲစေခဲ့သည်။ နိုင်ငံတော်အစိုးရမှ ဦးဆောင်ကျင်းပသော အမျိုးသားညီလာခံအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျောခိုင်းဆန့်ကျင်ပြီး၊ များမကြာမီတွင် တိမ်းရှောင် ထွက်ပြေးသွားကြသည့် ရွေးချယ်ခံ ကိုယ်စားပြု ကိုယ်စားလှယ်များသည်ကေအင်ယူတို့၏ ဗဟိုဌာနချုပ်ဖြစ်သောမာနယ်ပလော လွတ်မြောက်နယ်မြေတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရဟုခေါ်သော စင်ပြိုင်အစိုးရအဖွဲ့ကို တည်ထောင်ခဲ့ကြသည်။

၂၀၀၁ ခုနှစ်တွင် စစ်အစိုးရမှ ပါတီရုံးခွဲများ ကို ဖွင့်ခွင့် ပြန်ပေးခဲပြီး၊ ဖမ်းဆီးထားသည့် အဖွဲ့ဝင် တခိျု့ကို ပြန်လွှတ်ပေးခဲ့သည်။[၆] ၂၀၀၂ မေလတွင်၊ ပါတီ၏ အတွင်းရေမှုးချုပ် ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြန်သည်။ လွတ်မြောက်လာပြီးနောက် ပြည်သူ့ထောက်ခံမှုများ ဆက်လက်ရရှိစေရန်၊ သူမနှင့် ပါတီဝင်များ နိုင်ငံတဝှမ်း စည်းရုံးရေးဆင်းခဲ့သည်။ သို့သော် ၂၀၀၃ မေလ၊ ဒီပဲယင်း မြို့အနီးတွင် ပါတီဝင် အဖွဲ့တခိျု့ကို ရိုက်နှက်ခြင်း၊ ပစ်သတ် ခံခဲ့ရခြင်းများ ရှိခဲ့ခြင်းသည် စစ်အစိုးရ ကျောထောက်နောက်ခံ စီစဉ်ပေးနေမှုများကြောင့် ဖြစ်ပြီး၊ 0x158င်းကို ဒီပဲယင်း လုပ်ကြံမှု ကြီးဟု အများသိကြပြီး ပါတီအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ထောက် ပါတီ အတွင်းရေးမှုး ဦးတင်ဦး တို့ ထပ်မံ ဖမ်းဆီးခြင်း ခံရပြန်သည်။[၇]

၂၀၀၄ ခုနှစ်တွင် စစ်အစိုးရမှ ပါတီလှုပ်ရှားမှုများကို ခွင့်မပြုပေ။ ၂၀၀၆ ခုနှစ်တွင် တပ်မတော် နှင့် ကြံ့ခိုင်ဖွဲ့ဖြိုးရေး အသင်းတို့၏ ဖိအားပေးမှုများကြောင့်၊ ပါတီဝင်များ အဖွဲ့ချုပ်ဝင်အဖြစ်မှ နှုတ်ထွက်ကြသည်။


လက်ရှိ ပါတီ၏အခြေအနေ
ပါတီ၏ မူဝါဒ
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒီချုပ် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ ကြေငြာချက်

ပါတီသည် အကြမ်းမဖက်ရေး နှင့် ငြိမ်းချမ်းရေးကို မူတည်ပြီး၊ မြန်မာနိုင်တွင် ပါတီစုံ ဒီမိုကရေစီဖြစ်ထွန်းလာရေးကို ရည်ရွယ်ခဲ့သည်။ မြန်မာပြည်သည် ၁၉၆၂ ခုနှစ် မှ ၂၀၁၁ ခုနှစ်အထိ စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။[၈] ပါတီသည် လူ့အခွင့်အရေး ရရှိစေရန် ဦးစားပေးဆောင်ရွက်ပြီး (လူတိုင်း ရေးသားပြောဆိုခွင့်)၊ တရားဥပဒေစိုးမိုးရေး နှင့် တိုင်းရင်းသားပြန်လည်စည်းလုံးညီညွတ်ရေးကို အဓိကပေး ဆောင်ရွက်သည်။[၉]

၂၀၁၂ မတ်လ ၁၃ ရက် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ အထက်ပါအချက်များ အပြင်၊ တရားစီရင်ရာတွင် မျှတရေးနှင့် မီဒီယာများ လွတ်လပ်မှုအပြည့်ရရှိရေး၊ လူမှုဖူလုံရေးများ အထောက်အပံ့များ မြှင့်တင်ပေးရန်အတွက် တရားဝင်ထောက်ပံ့ပေးခွင့် ရှိရန် တောင်းဆိုခဲ့သည်။

ပါတီမှ စစ်သား အမတ်များ ပါဝင်နေရန် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒကို ပြန်လည်ပြင်ဆင်မည်ဟု ဆိုခဲ့သည်။ ပါလီမန်တွင် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် “ဒီမိုကရေစီ နည်းလမ်းမကျ”ဟုဆိုခဲ့သည်။[





ဆန္ဒပြမှုများ
ပါတီမှ မကြာခဏ လူ့အခွင့်အရေးဆိုင်ရာ ဆန0x081ဒပြမှုများ ရှိသည်။ ဆန0x081ဒပြမှုများတွင် ငြိမ်းချမ်းစွာ ဆန0x081ဒပြခြင်း၊ အစာငတ်ခံ ဆန0x081ဒပြခြင်း အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။ ထို့အပြင် စစ်အစိုးရ ရေးဆွဲသည့် လုပ်ငန်းများအား ထောက်ပြ ကန့်ကွက်ခဲ့မှုများလည်း ရှိသည်။

ခရီးသွားများ လာရောက်ရန် အချိန်မဟုတ်
စစ်အစိုးရမှ ၁၉၉၀ ခုနှစ်နောက်ပိုင်း နိုင်ငံတကာသို့ ပိုမို၍ ဆက်ဆံမှုများရှိလာသည်။ ထို့နောက် မြန်မာနိုင်ငံသို့ ခရီးသွားလာရောက်ရေးနှစ် ၁၉၉၆ (Visit Myanmar Year 1996) အဖြစ် စီစဉ်မှုများ ပြုလုပ်ကာ နိုင်ငံတကာရှိ ခရီးသွားများကို အလည်အပါတ်လာကြရန် ဖိတ်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း၊ ခရီးသွားများ အသုံးပြုရန် လမ်းပန်းဆက်သွယ်ရေးများ၊ ဝန်ဆောင်မှု အဆောက်အဦးများ ပြုလုပ်ရာတွင် အဓ0x081ဓမ ခိုင်းစေမှုများရှိခဲ့ခြင်းတို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ “ခရီးသွားများလာရောက်ရန် အချိန်မဟုတ်သေး” ဟုဆိုကာ ဆန့်ကျင်ထုတ်ဖော် ပြောဆိုခဲ့သည်။

ထို ၁၉၉၆ မြန်မာ့ခရီးသွားနှစ်တွင် စစ်အစိုးရမှ ခရီးသွား ၁ သန်းခွဲ ရောက်ရှိလည်ပတ်မည်ဟု ခန့်မှန်းခဲ့သည်။ လာရောက်သူ အလွန်နည်းပါသောကြောင့် ခရီးသွား ၂ သိန်းသို့ လျှော့ချ မျှော်မှန်းခဲ့သော်လည်း၊ လာရောက်ခဲ့သူမှာ ၂ သိန်းအောက် လျှော့နည်းခဲ့သည်။

ခရီးသွားအဖွဲ့ကြီးများ မလာသင့်
၂၀၁၁ ခုနှစ် ၅ လ ၁၉ ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင်၊ မြန်မာပြည်အလှအပများအား ပျော်ရွင်စွာ ခံစားရင်း၊ မြန်မာ့ သာမန် ပြည်သူများ၏ စားဝတ်နေရေး၊ နိုင်ငံ၏ သဘာဝပါတ်ဝန်းကျင်ထိမ်းသိန်းရေးများကို တိုးတက်အားပေးစေမည့် ခရီးသွားများအား ကြိုဆိုကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။[၁၀]

သည်တိုင်မ်း သတင်းစာမှ ခရီးသွားများအား ပို၍လျော့ပေါ့သည့် ကြေငြာချက် ထွက်လာပြီနောက်ပိုင်း ပါတီခေါင်းဆောင်ပိုင်း ဦးဝင်းတင်အား မေးမြန်းရာတွင်“မြန်မာပြည်ကို ခရီးသွားတွေ လာစေချင်ပါတယ်၊ စစ်အစိုးရကို ကူညီစေဖို့ မဟုတ်ဘူး၊ နိုငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အားလုံးပဲပေါ့ အဲဒီအခြေအနေတွေကို နားလည်ပြီး ပြည်သူတွေကို ကူညီမည့် ခရီးသွားများဟု” ဆိုခဲ့ပြီး၊ အပျော်စီးသဘော်ကြီးများဖြင့် ရောက်ရှိလာကြသည့် ခရီးသွားများသည် စစ်အစိုးရသို့ ဝင်ငွေထောက်ပုံမှုကြီးဖြစ်စေပြီး၊ ထိုလို စီးပွားရေးအကြီးစားမျိုးကို မကြိုက်ဟုလည်း သတိပေးခဲ့သည်။[၁၁]

စီးပွားရေး ပိတ်ဆို့မှု ဖွင့်သင့် မဖွင့်သင့်
ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့်
ခွဲထွက် ပြန်ဝင်မှုများ
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း လသာမြို့နယ်အနိုင်ရ ပြည်သူ့လွှတ်တော်အမတ် အမျိုးသား ဦးကြည်မြင့်(ဒီမိုကရေစီ အင်အားစု)မှ ဒီချုပ် ပါတီသို့ ပြန်ဝင်ချင်ကြောင်း ပြောကြားခဲ့သည်။[၁၂]

ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၉၀

၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် NLD သည် စုစုပေါင်းမဲဆန0x081ဒရှင် ၁၃,၂၅၃,၆၀၆ ဦး မဲပေးခဲ့သည့်အနက် မဲပေါင်း ၇,၉၄၃,၆၂၂ မဲကို ရရှိပြီး မဲဆန0x081ဒရှင် စုစုပေါင်း၏ (၅၉.၉%)နှင့် မဲဆန0x081ဒနယ်မြေ ၄၉၂ နယ်အနက် ၃၉၂ နယ်၌ အနိုင်ရရှိခဲ့သည်။ စစ်အစိုးရမှ ထူထောင်ခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှာ ၁၀ နေရာ သာ အနိုင်ရခဲ့သည်။[၁၃] သို့သော် စစ်အစိုးရ (ယခင် ငြိမ်ဝပ်ပိပြားရေးမှ အမည်ပြောင်းသွားသည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတိုကောက်နအဖသို့ SPDC) သည် ပါတီအား အစိုးရ အသစ်ဖွဲ့ခွင့် မပေးခဲ့ခြေ၊[၁၄] ရွေးကောက်ပွဲအပြီးတွင် ပါတီအား ဖိအားပေးမှုများရှိလာပြီး၊ ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ကျစေခဲ့သည်။ နေအိမ်အကျယ်ချုပ်သည် လွန်ခဲ့သော ၂၁ နှစ်အတွင်း၊ ၁၆ နှစ်တိုင်အောင် ကြာမြင့်ခဲ့သည်။ ပါတီ၏ အဖွဲဝင် ခေါင်းဆောင်ပိုင်းတခိျု့သည် ဖမ်းချုပ်ခံရခြင်းမှ ထွက်ပြေးလွတ်မြောက်ကြပြီး၊ ပြည်ပတွင် ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရကို ထူထောင်ခဲ့သည်။





ရွေးကောက်ပွဲ ဝင်ရန် မဝင်ရန်
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ သပိတ်မှောက်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်မှ လုံးဝသဘောတူကြောင်း ရှေ့နေကြီး ဉီးဉာဏ်ဝင်းအား ပြောကြားခဲ့သည်။[၁၅]အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအား ဝင်ရောက်ဆင်နွှဲမည်မဟုတ်ဟု ထုတ်ပြန်ရခြင်းမှာ- အဖွဲ့ဝင်ခေါင်းဆောင်တစ်ခိျု့အား ကိုယ်စားလှယ်အဖြစ် ပြုလုပ်ခွင့် မပေးထားပေ။ ရေးဆွဲထားသော ရွေးကောက်ပွဲ ဥပဒေအသစ်တွင် ပါတီမှ ဝင်ရောက်ဆင်နွှဲလိုပါက၊ ခေါင်းဆောင်ပိုင်းများကို ပါတီအဖွဲ့ဝင်အဖြစ်မှ ပယ်ထုတ်ရမည်ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့် ပါတီသည် မေလတွင် တရားမဝင်အသင်းဖြစ်ခဲ့သည်။[၃] ထို့နောက် ရွေးကောက်ပွဲဝင်ချင်သော အသင်းဝင်တခိျု့ ခွဲထွက်သွားသည့်သူများမှ အမျိုးသား ဒီမိုကရေစီ အင်အားစု ကို တည်ထောင်ခဲ့သည်၊[၁၆] သို့သော် ရွေးကောက်ပွဲ ဝင်ပြိုင်ရာတွင် မဲ ၃ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ ထိုရွေးကောက်ပွဲတွင် စစ်အစိုးရ ကျော်ထောက်နောက်ခံဖြစ်သည့် ကြံ့ခိုင်ဖွဲ့ဖြိုးရေးပါတီ မှ မဲအားလုံးနီးပါး အနိုင်ရရှိခဲ့ပြီး၊ အမေရိကန် သမ0x081မတ ဘာရက် အိုဘားမားမှ ထိုဖြစ်ရပ်ကို “အခိုးခံလိုက်ရသည်” ဟု ဖော်ဆိုသည်။[၁၇]

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ
ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ၊ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်မှ “လွန်ခဲ့တဲ့ လအနည်းငယ်က အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင်၊ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ လို့ ဆိုလို့မရပါဘူး”ဟု မတ်လ ၃၁ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။[၁၈]





အခမဲ့ ဆေးခန်းများ၊ အဖွဲ့ချုပ်သွေးလှူလူငယ်ကွန်ယက်လည်း ရှိသည်။

ပညာရေး
ဒီချုပ်၏ ပညာရေးလုပ်ငန်းများ

ပညာရေး လုပ်ငန်းဆိုင်ရာများတွင်၊ ဒီချုပ်မှ စာကြည့်တိုက်များ၊ အခမဲ့ စာသင်ကျောင်းများ၊ နည်းပညာ သင်တန်းပို့ခြချက်များကို ဆောက်တည် ဆောင်ရွက်ပေးလျက်ရှိသည်။ အသက်မွေးဝမ်းပညာရပ်ဆိုင်ရာ ကျောင်းများ၊ ဘာသာစကားကျောင်းများကို ဖွင့်လှစ်သင်ကြားပေးမှုများ ရှိသည်။


ဒီချုပ်မှ နိုင်ငံတွင်



ပြည်တွင်းတွင် တရားရုံးတွင် မတရားစီရင်ခံရသူများ၊ လယ်သိမ်းခံရသူများ ကို အဖွဲ့ချုပ်မှ ကူညီခဲ့သည်။

တိုင်းရင်းသား ရေးရာ
ပါတီ၏ ရုံးခွဲများ
ပြည်တွင်းဆက်စံရေး

စစ်အစိုးရ နှင့် ဆက်စံရေး
အစိုးရသစ် နှင့် ဆက်စံရေး
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင်၊ ခေါင်းဆောင်များ အကြား ဆွေးနွေးမှုများ ထပ်ရှိလာပြီးနောက်ပိုင်း၊ ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ ၄၈ နေရာကို ဝင်ရောက်ပြိုင်နိုင်ရန်၊ ပါတီအား တရားဝင်ဖြစ်စေရန် ပြန်လည် လျောက်ထားမည်ဟုဆိုခဲ့သည်။ [၁၉] ထိုဆုံးဖြတ်ချက်ချပြီနောက်ပိုင်းတွင်၊ ဒေါ်အောင်ဆန်းစုကြည်မှ ဘာရက် အိုဘားမား နှင့် တယ်လီဖုန်းဖြင့် စကားပြောခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပါတ်မည်ဟုဆိုခဲ့ပြီး၊ [၂၀] နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လည်ပါတ်ခြင်း ပြုလုပ်ခဲ့သည်။[၂၁] ဥရောပ သမဂ0x081ဂ လက်ထောက် သမ0x081မတ ကိသ0x081သရင်း အက်ရှ်တွန် မှလည်း လွတ်လပ်သည့် ရွေးကောက်ပွဲကြီး ဖြစ်လာနိုင်ခြင်းကို ကြိုဆိုခဲ့ပြီး၊ အီးယူမှ မြန်မာနိုင်ငံသို့ ထားသည့် ပေါ်လစီများအား ပြန်လည်သုံးသပ်သွားမည်ဟုဆိုသည်။

၂၀၁၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တက်ရောက်လာသည့် အစိုးရအကြား ဆွေးနွေးမှုများရှိခဲ့ပြီးနောက်ပိုင်း၊ အစိုးရမှ တောင်းဆိုမှုများကို လိုက်လျောလာခဲ့သည်။ အောက်တိုဘာလတွင် နိုင်ငံရေး အကျဉ်းသား တခိျု့ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး၊ ကုန်သွယ်ရေး အသင်းများ ထူထောင်ခွင့် ပေးခဲ့သည်။

တိုင်းရင်းသားများ နှင့် ဆက်စံရေးပြင်​ဆင်​ရန်
နိုင်ငံတကာ နှင့် ဆက်စံရေးပြင်​ဆင်​ရန်

ကုလသမဂ0x081ဂပြင်​ဆင်​ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကုလသမဂ0x081ဂ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်

၁၉၉၀ မှ စ၍ ကုလသမဂ0x081ဂ ကိုယ်စားလှယ် ၈ ယောက်၏ တာဝန်မှာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများ နှင့် စစ်အစိုးရအကြား နိုင်ငံရေးပြသနာများ ပြေလည်တိုးတက်မှုများရှိစေရန် နှင့် မြန်မာနိုင်ငံ၏ အဖြစ်အပျက်များကို လေ့လာရန်ဖြစ်သည်။ ကုလ ကိုယ်စားလှယ်နှင့် သတင်းပို့သူများသည် ၄၇ ကြိမ်တိုင်အောင် ရောက်ရှိခဲ့သည်။ ကုလသမဂ0x081ဂ၏ ရာထူး အကြီးဆုံး အထွေထွေအတွင်းရေးမှုးသည်လည်း နှစ်ကြိမ်တိုင်အောင် ရောက်ရှိခဲ့ပြီဖြစ်သည်။

စစ်အစိုးရသည် ကုလသမဂ0x081ဂမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့စုံခွင့်တောင်းခြင်းများကို ပယ်ချခဲ့ခြင်း မကြာခဏဖြစ်ခဲ့သည်။

၂၀၁၂ မေလ ၁ ရက်နေ့တွင် ကုလသမဂ0x081ဂ အတွင်းရေးမှုးသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပြီး နောက်ဆုံးတွင် အဖွဲ့ချုပ် ခေါင်းဆောင်နှင့် တွေ့စုံခွင့်ရခဲ့သည်။ အတွင်းရေးမှုမှ ဒေါ်စုအား “သူဟာ ကျွန်တော်တို့ လူတွေအားလုံရဲ့လူ့အခွင့်အရေးမျှော်လင့်ချက် အမှတ်အသား တစ်ခုဟု” တင်စားပြောဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စု
အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ် ထွန်းကားစေရန် အာပေးတိုက်တွန်မှုများ အမြဲပြလုပ်ပေးခဲ့သည်။ ငွေးကြေးဖြင့်ဖြစ်စေ၊ စီးပွားရေးပိတ်ဆို့မှုဖြင့်ဖြစ်စေ၊ သံတမန် ဆက်သွယ်ရေးဖြင့် ဖြစ်စေ နည်းမျိုးစုံနှင့် ဒီမိုကရေစီ လမ်းကြောင်း ပွင့်လင်းစေရန် တွန်းအားပေးခဲ့သည်။ အမေရိကန်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အမြဲထောက်ခံပေးလျက်ရှိသည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။

ဥရောပ သမဂ0x081ဂပြင်​ဆင်​ရန်
အာဆီယံပြင်​ဆင်​ရန်
တရုတ်ပြည်သူ့ သမ0x081မတနိုင်ငံ
တရုတ်ပြည်သူ့သမ0x081မတနိုင်ငံ အုပ်ချုပ်သူများသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လှုပ်ရှားမှုများကို အားပေးခြင်းမျိုး မရှိခဲ့ဘဲ၊ စစ်အစိုးရ နှင့် ၂၀၁၁ အစိုးရသစ်နှင့်ဆက်စံမှုများသာ သမိုင်းတလျှောက်တွင် ရှိခဲ့သည်။ တရုတ်ပြည်သူ့သမ0x081မတနိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မီတီ၏ နိုင်ငံရေး ဗျူရို အဖွဲ့ဝင် ဝမ်ဂမ်း ခေါင်းဆောင်သည့် အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှင့် တွေ့စုံခြင်းမရှိခဲ့ပေ။[၂၇]




Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels