အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


လွှတ်တော်အမတ်

လွှတ်တော်အမတ်
လွှတ်တော်အမတ်ဆိုသည်မှာ နိုင်ငံတစ်ခု၏ ဥပဒေပြုရေးအာဏာကို ကျင့်သုံးရန်အတွက် ပြည်သူတို့က ရွေးကောက် တင်မြှောက် ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်။ လွှတ်တော်နှစ်ရပ်ရှိလျှင် အများအခေါ် အထက်လွှတ်တော် အတွက် အထက်လွှတ်တော်အမတ်၊အောက်လွှတ်တော် အတွက် အောက်လွှတ်တော်အမတ် ဟူ၍ခွဲခြားခေါ်ဝေါ်ကြသည်။

အောက်လွှတ်တော်အတွက် လူဦးရေအချိုးအစားအလိုက် မဲဆန္ဒနယ်များ ခွဲကာမဲဆန္ဒနယ် တစ်နယ်အတွက် ကိုယ်စားလှယ် တစ်ယောက်နှုံးဖြင့် မဲပေးရွေးကောက်တင်မြှောက်ကြသည်။(ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် မြို့နယ်အလိုက်၊တစ်မြို့နယ်တွင် တစ်ယောက်)

အထက်လွှတ်တော်အတွက် သက်ဆိုင်ရာ ပြည်နယ်၊နယ်မြေ(အချို့တိုင်းပြည်များတွင် ခရိုင်သဘောမျိုး)ဖြင့် တစ်နယ်ဆီအတွက် ကိုယ်စားလှယ်အရေအတွက် တူညီစွာ ရွေးကောက်တင်မြှောက်ကြသည်။(ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းအလိုက်၊ပြည်နယ်(သို့)တိုင်း တစ်ခုစီအတွက် ၁၂ ယောက်)

လွှတ်တော်အမတ်ဖြစ်ရန် သတ်မှတ်ချက်များ
လွှတ်တော်အမတ်ဖြစ်ရန် သတ်မှတ်ချက်များ မှာတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူကြချေ။အများအားဖြင့် နိုင်ငံသားအဖြစ် နိုင်ငံတွင်းတွင် နှစ်ကာလကြာရှည်နေထိုင်ဖူးသူများကို သာလက်ခံရန်သတ်မှတ်ကြပါသည်။ထိြု့ပင် အသက်အရွယ် ကန့်သတ်ချက်ကိုလည်း နိုင်ငံအလိုက် သတ်မှတ်လေ့ရှိပြန်သည်။

တာဝန်
လွှတ်တော်အမတ်များ၏တာဝန်မှာ သက်ဆိုင်ရာလွှတ်တော်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ‎ အရသတ်မှတ်ထားသည့် ဥပဒေပြုရေးကိစ္စများအ တွက်ပါဝင်ဆုံးဖြတ်မဲပေးခြင်း၊သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များထမ်းဆောင်ခြင်း တို့ဖြစ်ကြသည်။

ထိုသို့ လွှတ်တော်ဆွေးနွေးပွဲများကျင်းပရာတွင် လွှတ်တော်သဘာပတိ၊လွှတ်တော်ဥက္ကဌ အသီးသီးကို သက်ဆိုင်ရာ လွှတ်တော်အတွင်း ရွေးကောက်ခြင်းသည်လည်း လွှတ်တော်၏ လုပ်ငန်းများတွင်ပါဝင်သည်။

တာဝန်မှပြန်လည်ရုတ်သိမ်းခြင်း
လွှတ်တော်အမတ် တစ်ဦးကို တာဝန်မှပြန်လည်ရုတ်သိမ်းခြင်း(ပြန်လည်ခေါ်ယူခြင်း) ကို ၄င်းအားရွေးကောက်ခဲ့သည့် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပြည်သူများကသာ ပြုလုပ်နိုင်သည်။တစ်နည်းဆိုရလျှင် ပြည်သူတို့က မယုံကြည်တော့လျှင် လွှတ်တော်အမတ်အဖြစ်မှ ဆုံးရှူံးမည်ဖြစ်သည်။ ထိုသို့ပြန်လည်ရုတ်သိမ်းခြင်း(ပြန်လည်ခေါ်ယူခြင်း)ကို ပြုလုပ်ရန်အတွက် သတ်မှတ်ထားသည့် ပြည်သူတို့၏ လက်မှတ်ထိုးတောင်းဆိုသည့် အရေအတွက်ပြည့်မှီရန်လိုအပ်သည်။(သက်ဆိုင်ရာမဲဆန္ဒနယ်မှ ပြည်သူတို့၏ ၁၀%၊၂၀% အစရှိသဖြင့်။)

လွှတ်တော်အမတ်၏သက်တမ်း
နိုင်ငံအများစုတွင် လွှတ်တော်အမတ်များအတွက် သက်တမ်းမှာ တစ်ကြိမ်လျှင် ၄ နှစ်နှုံးသတ်မှတ်ကြပြီး အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝင်ရောက်အရွေးခံနိုင်ပါသည်။


Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels