ကျနော်တို့နှင့် ဦးဇော်မြင့်မောင်
သူဟာ အပြောအဆိုနုညံ့ချိုသာတယ်။
ယဉ်ကျေးတယ်။ ဟိတ်ဟန် မများတတ်သူ။
မိဘမျိုးရိုး ပညာတတ်အသိုင်းအဝိုင်းမှပေါက်ဖွားလာသူ။
သို့သော် အဆင့်အတန်း မခွဲခြားတတ်။
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အမရပူရ မဲဆန္ဒနယ် ၁ (အ
မရပူရ အရှေ့ဖက်အပိုင်း) မှာဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်
ရခဲ့ပါတယ်။
မှတ်မိပါသေးတယ်။အရှေ့ပိုင်းရွာများက တရွာနဲ့တရွာသိပ်
ဝေးကြတယ်။ ကျနော်တို့တရွာသွားလျှင်တညအနဲဆုံးအိပ်
ရတယ်။ သွားတာကလဲစက်ဘီးများနဲ့သာ။ ရွေးကောက်ပွဲ
ကာလများကိုထိုနည်းနဲ့ကျော်ဖြတ်ခဲ့ကြရပါတယ်။ စည်းရုံး
ရေးခရီးသွားရင်းရေချိုးချင်လျှင် တခါတရံဒုဌဝတီမြစ်ထည်း၊
တခါတရံ လယ်ပေးရေမြှောင်းထည်း။ ရွာသားများနဲ့အတူ။
သူကြိုက်တာက ထိုမြှောင်းများမှဖမ်းရသည့် လယ်ကြားငါး၊
စည်းရုံးရေးသွားသည့်အခါလူငယ်များနဲ့တပျော်တပါး။ ထို
စဉ်ကတည်းကလူငယ်များက သူနဲ့စည်းရုံးရေးဆင်းရတာ
ပျော်ရွှင်ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာ လူငယ်
မျိုးဆက်နိုင်ငံရေးသမားတွေကိုချစ်တတ်သူမို့ပါ။
တခုထူးခြားတာက သူဟာအပြောချို နုညံ့သလောက်၊ ယုံ
ကြည်ချက်ခိုင်မာသူ၊ သစ္စာစောင့်သိသည့်အရာမှာတင်းမာ
သူ။တနည်းပြောလျှင်နိုင်ငံရေးမှာခေါင်းမာသူလို့ပြောရပေ
မယ်။ နောက်တချက်က အဖွဲ့၏စည်းမျဉ်းများအပေါ်သိပ်
သည်းလွန်းသူပါ။
နောက်တခုက လုပ်ငန်းများမှာထင်ရှားစေလိုမှုထက် သေ
ချာခိုင်မာသည့်အောင်မြင်မှုကိုရှာဖွေတတ်သူပါ။ဆိုလိုတာ
က လုပ်ငန်းအနှေးအမြန်ထက်၊ခိုင်ခန့်တည်မြဲသည့်အောင်
မြင်မှုကိုနှစ်သက်သူလို့ထင်မြင်မိပါတယ်။
(သူနဲ့လည်း မတွေ့တာကြာပြီဖြစ်လို့ သတိတရ သူနဲ့လက်
တွဲခဲ့ရတဲ့ကာလများထည်းမှအနည်းငယ်ပြောကြည့်တာပါ)
Home »
» ကျနော်တို့နှင့် ဦးဇော်မြင့်မောင်