ကျနော်တို့နှင့်ဦးဇော်မြင့်မောင် - ၃ -
[ယခု ဦးဇော်မြင့်မောင်ကျေးလက်ဖွံ့ဖြိုးရေးတွေဦးစားပေး
လုပ်ကိုင်နေတာပေါ်လွင်စေချင်လို့ ၉၀ရွေးကောက်ပွဲကစ
၂၀၁၅ ကျေးလက်တွေနဲ့ဆက်စပ်ပုံတွေကိုပြောနေရခြင်း
ပါ။အမရမိတ်ဆွေတွေက ၈၈ အရေးအခင်းနဲ့အမရပူရအစ
၉၀ မှာဦးဇော်မြင့်မောင်ဖြတ်သန်းမှုကိုတောင်းဆိုလာကြ
ပါတယ်။၈၈ အရေးခင်းမှ NLDအမရပူရဖြစ်လာပုံထိတစ်
ပိုင်းထား၍ဦးဇော်မြင့်မောင်နှင့်ဆက်စပ်သော၉၀ ထိအရင်
ပြောပါမည်။သမိုင်းဆိုတာဖန်တီး၍မရ၊အမှန်တရားပေါ်မှာ
အခြေခံ၍တချို့ထိခိုက်တာမျိုးရှိကောင်းရှိနိုင်ပါတယ်။
အပိုင်း ၁ = ၈၈ မှ ၉၀/ အရေးအခင်းမှNLDစတည်ပုံ
အပိုင်း ၂ = ၉၀ ရွေးကောက်ပွဲ
အပိုင်း ၃ = ၉၀ မှ နောက်ပိုင်း NLDတည်တံ့ရေးမြို့နယ်
အလိုက်ကြိုးစားရပုံတို့ဖြစ်ပါတယ်။
ဦးဇော်မြင့်မောင်နှင့်ပါတ်သက်သော အပိုင်း ၂ မှစပြောပါ
မည်။ကျနော်ပြောဆိုချက်များသည် ကျနော်နှင့်ထိတွေ့နေ
သလောက်သာဖြစ်ပါတယ်။အခြားမြို့များ၊မြန်မာတနိုင်လုံး
အပေါ်မလွှမ်းခြုံနိုင်ပါ။ကျနော်ပြောသလောက်အပိုင်းဟာ
အမှန်တရားဆိုတာ ကျနော်တာဝန်ယူပါတယ်။]
၁၉၉၀ ခုရွေးကောက်ပွဲကျင်းပမည်ဟုနဝတအစိုးရကြေငြာ
ချိန်မှာ ကျနော်တို့ခေါင်းဆောင် အမေစု အကျယ်ချုပ် ချုပ်
ထားချိန်ပါ။ဗဟိုNLDက ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုတော့
ကျတော်တိြု့မို့နယ်လည်းပါဝင်ယှဉ်ပြိုင်နိုင်အောင်လုပ်ရပါ
တယ်။မြို့တမြို့မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ဦးစီ
ပြိုင်ရပါတယ်။အမရပူရမှာ နယ်မြေ ၁ နဲ့ နယ်မြေ ၂ လို့ပိုင်း
ရှိပါမယ်။၁ ဟာမြို့ရဲ့အရှေ့ဖက်အပိုင်း(လယ်သမားအများ
စုပါဝင်)။၂ ဟာမြို့အနောက်ပိုင်း(ကုန်သည်အများစု)။ရွေး
ချယ်ပုံမှာ မြို့နယ်စည်းရုံးရေးကော်မတီများမှရွေးကောက်ပွဲ
ကိုယ်စားလှယ်ရွေးချယ်ရေးကော်မရှင် ၆ဦးကိုခန့်ထားရပါ
တယ်။ မြို့မိမြို့ဖ ၃ဦးနှင့်ပါတီစည်းရုံးရေးကော်မတီမြို့နယ်
၃ ဦး၊ပေါင်း ၆ ဦးပါ။နယ်မြေ ၁မှ ၃ဦးနှင့် ၂မှ ၃ဦး။
မြို့မိမြိုဖ ၁။ ဦးချစ်တင် (အိုးတော်ရပ်/ - ၂ - နယ်မြေ)
၂။ ဦးရွှေအောင် (ယာတော်ရွာ/ - ၁ - နယ်မြေ)
၃။ ဦးလှမင်း (ညောင်နီပင်၊နတ်ရေကန်ရွာ/ - ၁ -
နယ်မြေ)တို့ဖြစ်ပါတယ်။
ပါတီစည်း ၁။ ဦးဘိုလေး (သူငယ်တော်ရွာ/-၂ - နယ်မြေ)
၂။ ဦးစောမြင့် (ဥယျာဉ်တော်ရွာ/- ၁-နယ်မြေ)
၃။ ဦးထွန်းမြတ် (တောင်ကြီးရပ်/- ၂-နယ်မြေ)
တို့ဖြစ်ပါတယ်။ ရွေးချယ်ပုံမှာ -
လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်လို
သူများက ၆ ဦးကော်မရှင်သို့လျှောက်လွှာတင်ရပါတယ်။
သူတို့အရည်အချင်းပေါ်မူတည်၍၊နယ်မြေတစ်ခုလျှင်ဦးစား
ပေး ၁/၂/၃ ဆိုပြီး ၃ ဦးစီရွေး၍ဗဟိုကော်မရှင်သို့တင်ရပါ
တယ်။မြို့နယ်မှရွေးချယ်လိုသူဟာ အဆင့် ၁ မှာထားပါ
တယ်။ရာခိုင်နှုန်းတော်တော်များများလဲသေချာပါတယ်။နောက်ဆုံးအဆင့်ဗဟိုရွေးချယ်ရေးမှဆုံးဖြတ်ပါတယ်။အမရ
ပူရအတွက်ရွေးချယ်လိုက်သူများမှာ -
နယ်မြေ( ၁ )
ဦးစားပေး- ၁ - ဒေါက်တာဇော်မြင့်မောင်(အိုးတော်ရပ်)
- ၂ - ဦးလှမြင့် (လေးစုရပ်)
- ၃ - ဦးအုံးငွေ (ဝဲကြီးဆင်ရွာ/တလင်းကြီး)
နယ်မြေ( ၂ )
ဦးစားပေး - ၁ - ဦးဘပွား (လေးစုရပ်)
- ၂ - ဦးထွန်းရှိန် (အိုးတော်ရပ်)
- ၃ - ဦးခင်မောင်ညွန့် (ကျန်တန်းရပ်)
တို့ဖြစ်ကြပါတယ်။
သူတို့ ၆ ဦးအားဗဟိုသို့တင်ပို့ရပါတယ်။ဗဟိုမှတစ်ဦးစီကို
စီစစ်၍အတည်ပြုပါမယ်။ရက်သတ္တ ၂ ပတ်ခန့်ဗဟိုမှကိုယ်
စားလှယ်လောင်း ၁ ဦးစီ၊ စီစစ်ပေးပါတယ်။ထို့နောက်
မြို့နယ်များသို့စာရင်းပြန်ပို့ပါတယ်။ရက် ၂ ပါတ်ခန့် ပြဿနာ
မရှိသောအခါမှာ အတည်ပြုပါတယ်။
ဗဟိုမှစီစစ်ရွေးပေးလိုက်တဲ့အမရပူရမြို့နယ်အတွက်ကိုယ်
စားလှယ်လောင်းများမှာ -
နယ်မြေ - ၁ - အတွက် ဦးအုံးငွေ
နယ်မြေ - ၂ - အတွက် ဦးဘပွား တို့ဖြစ်နေပါတယ်။
Home »
» ကျနော်တို့နှင့်ဦးဇော်မြင့်မောင် - ၃ -