ကျနော်တို့နှင့်ဦးဇော်မြင့်မောင် - ၂ -
၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အမရပူရမဲဆန္ဒနယ်တွင်
ကိုယ်စားလှယ် ၂ နေရာဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပါတယ်။
အရှေ့မဲဆန္ဒနယ် ၁ မှာ ဦးဇော်မြင့်မောင် NLD ကိုယ်စား
ပြုဝင်ရောက်ယှဉ်ပြိုင်ပြီး၊ နယ်မြေ ၂ မှာ ဦးဘပွားယှဉ်ပြိုင်
ပါတယ်။ နယ်မြေ ၁ ဟာကျေးလက်ဒေသရွာများ အများစု
ပါဝင်နေပြီး နယ်မြေ ၂ ဟာမြို့မရပ်ကွက်များနဲ့ မြို့နှင့်ဆက်
သွယ်မှုကောင်းတဲ့ကျေးလက်များပါဝင်ပါတယ်။ ၈၈ ကာလ
မှာ အာဏာရှင်ကိုတမြို့လုံးရှိတဲ့ပြည်သူတွေ မကြိုက်ကြပါ၊
သို့သော် ကျေးလက်များတွင် အာဏာရှင်၏ဖိအားပိုသဖြင့်
အကြောက်တရားပိုပါတယ်။ ၈၈ ဆန္ဒပြပွဲကိုမြို့မပိုင်းနဲ့အ
လုပ်သမားပိုင်းကအရင်ပြခဲ့ကြပါတယ်။ကျေးလက်ပိုင်းလဲ
မရှေးမနှောင်းပါဝင်ခဲ့ကြပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ ဦး
ဇော်မြင့်မောင်တာဝန်ယူရတဲ့နယ်မြေဟာကျေးလက်ဒေသ
ပိုများသဖြင့် ပိုကျိုးစားရပါတယ်။နောက်တခုကသူတာဝန်ယူတဲ့နယ်မြေမှာ စစ်တပ်နယ်မြေ ၃ ခုနဲ့ အစိုးရအလုပ်ရုံ
၂ ခု၊ အစိုးရဌာနများ အများဆုံးရှိနေတဲ့နေရာပါ။ကျေးရွာတွေကလဲတရွာနဲ့တရွာဝေးလံတဲ့အပြင်၊ရွာများသွားလျှင်
စက်ဘီးများဖြင့်စည်းရုံးရေးဆင်းရ၍ အချို့ရွာများမှာညအိပ်
စည်းရုံးရပါတယ်။
{ ဆက်ပါဦးမည်။ }
Home »
» ကျနော်တို့နှင့်ဦးဇော်မြင့်မောင် - ၂ -