အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
  • This is default featured slide 1 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 2 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 3 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 4 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 5 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
အစိုးရ
အစိုးရ တစ်ရပ်အဖြစ် သတ်မှတ်နိုင်သည့် အချက်များ အစိုးရ တစ်ရပ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် အောက်ပါ အချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။ အုပ်ချုပ်ခံ ပြည်သူရှိခြင်း သံတမန် ဆက်သွယ်မှုရှိခြင်း ပြည်သူတို့က ရွေးကောက် တင်မြှောက်ထားခြင်း နှင့် အမိန့်ပေးနိုင်သည့် အာဏာရှိခြင်းတို့ ဖြစ်သည်။ အစိုးရ နှစ်မျိုး တိုင်းပြည် တစ်ခုကို အုပ်ချုပ်သည့် အစိုးရ ကို သတ်မှတ်ရာတွင် ဥပဒေ ပညာရှင်များက အာဏာ လက်ကိုင် အစိုးရ (ဒီဂျူရီ / de jure) နှင့် အာဏာ လက်ခံအစိုးရ (ဒီဖက်တို / de facto) ဟူ၍နှစ်မျိုး သတ်မှတ်ကြသည်။ အာဏာ လက်ကိုင် အစိုးရ တိုင်းပြည် အာဏာကို ပြည်သူတို့၏ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်မဟုတ်ပဲ (သို့) အာဏာကို ပြည်သူတို့က အပ်နှင်းသည် မဟုတ်ပဲ အာဏာသိမ်းခြင်း (သို့) အကြောင်း အမျိုးမျိုးဖြင့် အာဏာကို ရယူထားသည့် အစိုးရမျိုးကို ဆိုလိုသည်။ ထိုအစိုးရမျိုးသည် အစိုးရအဖြစ် အသိအမှတ်ပြုနိုင်သည့် သတ်မှတ်ချက် ၄ ချက်တွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားခြင်း ဟူသည့် အချက်မှ လွှဲကာ ကျန်အချက်များနှင့် ပြည့်စုံသည့်အတွက် အစိုးရ အဖြစ် လက်ခံ သတ်မှတ်ကြပါသည်။ အာဏာ လက်ခံအစိုးရ တိုင်းပြည် အာဏာကို ပြည်သူတို့က တရားဥပဒေ နည်းလမ်းကျ ရွေးကောက်တင် မြှောက်ခြင်းခံရသည့် အစိုးရ ဖြစ်သည်။ တစ်နည်းဆိုလျှင် အာဏာကို ပြည်သူတို့ က အပ်နှင်းခြင်းကို လက်ခံထားသည့် အစိုးရဖြစ်သည်။ ထိုအစိုးရမျိုးသည် အသိအမှတ်ပြု ရမည့်အချက်အားလုံး (၄ ချက်လုံး) နှင့် ကိုက်ညီသည့်အတွက် အစိုးရ အဖြစ်လက်ခံ သတ်မှတ်ကြပါသည်။ အစိုးရ၏ တာဝန် အစိုးရ တစ်ရပ်ဖြစ်လာသည်နှင့် အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာ ကို ကိုင်တွယ်ကာ တိုင်းပြည်နှင့် ပြည်သူတို့၏ အကျိုးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိလျှင်) ထိန်းသိမ်း ဖော်ဆောင်ရန်၊တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်၊ပြည်သူတို့၏ ငြိမ်းချမ်းမှုကိုဖေါ်ဆောင်ရန်၊မိမိနိုင်ငံကို ကာကွယ်ရန် တာဝန်ရှိပေသည်။ အစိုးရအဖွဲ့ အစိုးရဖြစ်သည့် လူပုဂ္ဂိုလ်သော် လည်းကောင်း၊ အဖွဲ့အစည်းသော် လည်းကောင်း တိုင်းပြည် အာဏာကို ကိုင်တွယ် ကျင့်သုံးပြီး အုပ်ချုပ်ရန်အတွက် အစိုးရအဖွဲ့ (ကတ်ဘိနက်) ကိုဖွဲ့စည်းကာ သတ်ဆိုင်ရာ ဝန်ကြီးဌာနများတွင် အကြီးအကဲ ဝန်ကြီးများကို ရွေးချယ် ခန့်အပ်မြဲဖြစ်သည်။ ထိုဝန်ကြီးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်ဖွဲ့ စည်းထားလျှင် လွှတ်တော်မှ အတည်ပြု ပေးရန် လိုအပ်သည်။ သက်ဆိုင်ရာ ဝန်ကြီးများသည် မိမိတို့၏ ဝန်ကြီးဌာန များတွင် အကြီးအကဲ အဖြစ် တာဝန်ယူကာ လုပ်ငန်းများကို ဆောင်ရွက်ရသည်။ သမ္မတစနစ်‎ တွင် သမ္မတက တာဝန်ခံပြီး၊ ပါလီမန် ဒီမိုကရေစီ စနစ် တွင် ဝန်ကြီးချုပ်က တာဝန်ခံသည်။ ထိုသို့ ဌာနလက်ကိုင်ဝန်ကြီးများ အပါအဝင် ဌာနလက်ကိုင် မဟုတ်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို လည်း လိုအပ်လျှင် လိုအပ်သလို ခန့်အပ်လေ့ရှိပါသည်။ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့် နိုင်ငံများတွင် ဝန်ကြီးအဖွဲ့အတွင်း လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲရန် အတွက် အတွင်းဝန် ရာထူးဖြင့် ဝန်ကြီးတစ်ဦးကို တရားဝင် ခန့်အပ်လေ့ရှိသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် သည် မြန်မာနိုင်ငံတွင် ပါလီမန် ဒီမိုကရေစီ ခေတ်က ဦးနု အစိုးရအဖွဲ့တွင် အတွင်းဝန် အဖြစ် ကာလအတန် ကြာထမ်းဆောင်ခဲ့ဖူးသည်။ အစိုးရဟူသောအသုံးအနှုန်း၏အဓိပ္ပယ်ဖွင့်ဆိုချက် လူမှုရေးသိပ္ပံ တွင် အစိုးရ ဟူသည့် အသုံးအနှုန်းမှာ ပေးထားသော အချိန်ကာလတစ်ခုအတွင်း (နိုင်ငံ-) ပြည်ထောင်စုနိုင်ငံ တစ်ခုကို အုပ်ချုပ်ရေး ဗျူရိုကရေစီစနစ် အရ ဖွဲ့စည်းထားသော သီးသန့် လူအသင်းအဖွဲ့ တစ်ခုနှင့် ထိုသူတို့မှ ဖွဲ့စည်းတည်ဆောက်ထားသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ ဆောင်ရွက်ပြုမူပုံများကို ရည်ညွှန်းပါသည်။ဆိုလိုသည်မှာ အစိုးရဟူသည် နိုင်ငံတော်၏ စွမ်းအားများကို အသုံးချနိုင်သည့် နည်းလမ်းများ ဖြစ်ပါသည်။ စဉ်ဆက်မပြတ် ဆက်ခံလာသော အစိုးရ အမျိုးမျိုးတို့မှ ပြည်ထောင်စု နိုင်ငံတော်တို့ ၏ တာဝန်များအား ထမ်းဆောင်လာကြသည်။ ဆက်ခံလာသော အစိုးရတစ်ခုအား နိုင်ငံရေးဆုံးဖြတ်ချက်ချရန် သီးသန့် အထူးဆောင်ရွက်သော၊ အထူးအခွင့်အရေးခံ ပုဂ္ဂိုလ်များအား လူထုတစ်ရပ်လုံးမှ ရာထူးအခြေအနေ၊ အဖွဲ့အစည်းများဖြင့် ခွဲခြား၍ ဖွဲ့စည်းထားရှိသည်။ ထိုသူတို့၏ လုပ်ငန်းဆောင်တာတို့မှာ တည်ရှိသော ဥပဒေတို့ အား အာဏာတည်စေရန်၊ ဥပဒေသစ်တို့ကို ပြဌာန်းရန် နှင့် အကြမ်းဖက်မှုများ အပေါ်တွင် တစ်ဦးတည်းချုပ်ကိုင်မှုဖြင့် ပဋိပက္ခ များကို ကြားဝင်စေ့စပ်ပေးရန် ဖြစ်သည်။ အချို့  သော လူ့အဖွဲ့အစည်းများတွင် ထိုအုပ်စုမှာ ကိုယ်ပိုင်ရပ်တည်သူ သို့မဟုတ် အမွေဆက်ခံသူများ ဖြစ်ကြသည်။ အခြား လူ့အဖွဲ့အစည်းများတွင် အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများ တွင် နိုင်ငံရေးအခန်းကဏ္ဍ ရှိသေးသော်လည်း ထိုရာထူးများကို အမှန်တကယ်ဆောင်ရွက်ထမ်းဆောင်သော လူများမှာ မကြာခဏ ပြောင်းလဲလေ့ရှိသည်။ အစိုးရနှင့်နိုင်ငံတော် အနောက်နိုင်ငံ လူ့အဖွဲ့အစည်း အများစုတွင် အစိုးရ နှင့် နိုင်ငံတော်အကြားတွင် ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား ရှိလှသည်။ ပြည်သူလူထုမှ လက်မခံသော ထိုအစိုးရ (ဥပမာဖြင့်ဆိုရလျှင် တာဝန်ထမ်းဆောင်ဆဲတွင် ပြန်လည် ရွေးချယ်မှုမရှိခြင်း) အနေနှင့် နိုင်ငံတော်ကိုယ်တိုင်၏ လက်မခံမှုကို ကိုယ်စားပြုခြင်းမရှိပေ (ဆိုလိုသည်မှာ ယင်းသည် အစိုးရ၏ သီးသန့် မူဘောင်ပုံသဏ္ဍန်ပင် ဖြစ်သည်)။ သို့သော်လည်း အချို့သော အကြွင်းမဲ့အာဏာရှင်စနစ် ကျင့်သုံးသော အစိုးရတို့တွင် အစိုးရစနစ် နှင့် နိုင်ငံတော်အကြားတွင် ရှင်းလင်းစွာ ခွဲခြားထားခြင်းမရှိပေ။ စင်စစ်အားဖြင့် ထိုစနစ်မျိုးရှိ ခေါင်းဆောင်များသည် အစိုးရပုံစံနှင့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်ပြီး သူတို့တစ်ကိုယ်ကောင်း အကျိုးအမြတ်အတွက် တစ်ပေါင်းတည်းဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိနှင့် အစိုးရစနစ် နှင့် နိုင်ငံတော်အကြား မကွဲပြားစေရန် မှုန်ဝါးဝါးထားကြသည်။ အိုင်ဘင် ခါဒန်၏ဖွင့်ဆိုချက် ၁၄ ရာစု အာရပ် ပညာရှင် Ibn Khaldun (အိုင်ဘင် ခါဒန်) ကအစိုးရဟူသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် "မတရားမှုများကို အခြားသူများ ပြုလုပ်မည်ထက် မိမိကိုယ်တိုင် ပြုလုပ်မိမည်ကို ကာကွယ်မှုပြုသော အဖွဲ့အစည်း" ဟုဖွင့်ဆိုခဲ့ပါသည်။ ဗြိတိန် အတွေးအခေါ် နှင့် မနုဿဗေဒ ပညာရှင် Ernest Gellner (အာနပ် ဂဲနာ) က Ibn Khaldun (အိုင်ဘင် ခါဒန်) ၏ ဖွင့်ဆိုချက်မှာ နိုင်ငံရေးသီအိုရီ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံးဖြစ်ကြောင်း သုံးသပ်ဆင်ခြင်ခဲ့သည်။ Ibn Khaldun (အိုင်ဘင် ခါဒန်) အတွက်မူအစိုးရဟူသည်ထိန်းချုပ်မှုများပြုရာတွင် အနည်းဆုံးမလုပ်မဖြစ်ပြုရမည့် အရာမျိုးကိုသာ လိုအပ်သောအဆိုးတစ်ခုအနေဖြင့် ပြုသင့်သည်၊ အဘယ့်ကြောင့်ဆိုသော် ယင်းမှာ လူသားအချင်းချင်း ချုပ်ချယ်မှုပင် ဖြစ်သည်။ ကိုးကား
Share:
ကထိန်
ကထိန် တန်ဆောင်မုန်းလသည် မီးရှုး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသောလဖြစ်၏။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလ၌ "ကထိန်ပွဲတော်" ကို အစဉ်အလာမပြတ် ကျင်းပခဲ့ကြသည်။ "ကထိန်" သည် "ကထိန" ဟူသော ပါဋ္ဌိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်၏။ ကထိန် ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှ အရာအားလုံးကို ခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသော အမည်ဝေါဟာရပင်ဖြစ်သည်။ မြတ်စွာဘုရားသည် ပါဝေယျတိုင်းသား၊ ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့ကို အကြောင်းပြု၍ "ရဟန်းတော်များ အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကို ထား၍ မပင်မပန်း ပေါ့ပါးရွှင်လန်းစွာ သွားနိုင်ကြပါစေ၊ သင်္ကန်းရှားပါး နွမ်းပါးခြင်းမှ ကင်းကြပါစေ" ဟူသော ရည်ရွယ်ချက်ဖြင့် ရှေးရှေးသော ဘုရားရှင်တို့၏ အစဉ်အလာအတိုင်း ကထိန်သင်္ကန်းအလှူသည် ထူးခြားသော ဝိနည်းကံနှင့်အညီ လှူရသောကြောင့် ထူးခြားသော အလှူဖြစ်၏။ ကထိန်သင်္ကန်းကပ်လှူပွဲ ခွင့်ပြုသော ကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလဖြစ်ပါသည်။ မြတ်စွာဘုရားရှင်သည် ကထိန်ခင်းရာတွင် နှစ်ထပ်သင်္ကန်းကြီး၊ အပေါ်ရုံ ဧကသီ၊ ခါးဝတ်သင်းပိုင်ဟူသော သုံးထည်သော သင်္ကန်းတို့တွင် တစ်ထည်တည်းသော သင်္ကန်းဖြင့်သာ ကထိန်ခင်းခွင့်ပြုသည်။ ထိုသုံးထည်သော သင်္ကန်းတို့တွင်လည်း အလှူရှင်က မိမိအလိုအလျောက် သဒ္ဓsafsdfsdf ပေါက်၍ လှူဒါန်းသော သင်္ကန်းသည်သာ ကထိန်ခင်းထိုက်သော သင်္ကန်းဖြစ်၏။ ကထိန်သင်္ကန်း လှူဒါန်းရာ၌လည်း ပုဂ္ဂိုလ်၊ ဂိုဏ်းဂဏတို့ကို ရည်မှန်း၍ လှူဒါန်းခြင်းမပြုရပေ။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကို လှူဒါန်းမှသာလျှင် ကထိန်အလှူမြောက်သည်။ ထို့ကြောင့် ကထိန်အလှူရှင်သည် မိမိပိုင်သင်္ကန်းတစ်ထည်ထည်ကို သံဃာရှေ့မှောက်သို့ အရောက်ဆောင်၍ "ဤကထိန်လျာသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏။" ဟူ၍ လည်းကောင်း၊ "ဤကထိန်လျာသင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါ" ဟူ၍ လည်းကောင်း နှုတ်မြွက်၍ လှူဒါန်းရမည်ဖြစ်သည်။ ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်များ ရအပ်သည့်အကျိုးတရားများမှာ - ဒါယကာတစ်ဦးဦးက မအပ်သော အသုံးအနှုန်းဖြင့် ဆွမ်းစားပင့်သော်လည်း အနီးရှိရဟန်းများကို မပန်ကြားဘဲ ရွာတွင်းသို့ သွားနိုင်ခြင်း။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဆောင်ဘဲ သွားလိုရာသို့ သွားနိုင်ခြင်း။ ရလာသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ ဝတ်ရုံဆင်မြန်းနိုင်ခြင်း။ မအပ်သော ပင့်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း လေးပါး၊ လေးပါးထက်ပိုသော ရဟန်းတို့ စုပေါင်း ခံယူဘုဉ်းပေးနိုင်ခြင်း။ ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းတို့က သုံးစွဲနိုင်ခြင်း။ ဟူသော အကျိုးတရားငါးပါးတို့ကို ရရှိခံစားနိုင်ပါသည်။ ဝါတွင်းကာလ၌ ဝါမကျိုးမပြတ်အောင် စောင့်စည်းထိန်းသိမ်းနေထိုင်ကြသည့် သံဃာတော်များအား ချီးမြှောက်ဂုဏ်ပြုသည့်အနေဖြင့် ထိုအာနိသင် (အကျိုးသက်ရောက်မှု) ငါးမျိုးကို တပေါင်းလပြည့်တိုင်အောင် ငါးလကျယ်ပြန့်စွာရရှိစေရန် ပြုလုပ်ခြင်းကို ကထိန်ခင်းခြင်းဟု ခေါ်ပေသည်။ ကထိန်အာနိသင် ငါးမျိုးသည် ကထိန်သင်္ကန်းတည်းဟူသော ဝတ္ထုပစ္စည်းကြောင့် ရဟန်းတော်များ လိုက်နာကျင့်သုံးရသည့် သိက္ခာပုဒ်အချို့ ခေတ္တခဏ ကင်းလွတ်သက်သာခွင့်ရသွားခြင်းဖြစ်သည်။ ဤသည်ကိုပင် ဘုရားရှင်တို့ ချီးမွမ်းခြင်းဖြစ်၏။ မြတ်စွာဘုရား၏ အာဏာစက်ဖြစ်သည့် ဝိနည်းသိက္ခာပုဒ်တို့ကို ခေတ္တခဏ ပယ်နုတ်နိုင်သည်မှာ ကထိန်အလှူတစ်ခုတည်းသာရှိပေသည်။ ကထိန်သင်္ကန်းလှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးတရားများကို ရရှိခံစားကြရမည်ဖြစ်ပေသည်။ ထိုအကျိုးတရားများကား- သွားလေရာရာ အရပ်တို့၌ အနှောင့်အယှက်မရှိ၊ ဘေးကင်းစွာ သွားရခြင်း။ မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။ စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း။ မိမိပိုင်ပစ္စည်များကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။ ပစ္စည်းများရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက် အပုံလိုက် ရခြင်း။ ရုပ်ရည်အဆင်း ချောမောလှပခြင်း။ "ပဲသုကူပစ်ပွဲ" သည်လည်း တန်ဆောင်းမုန်းလ၏ ပွဲတစ်ပွဲဖြစ်သည်။ ပံသုကူပစ်ပွဲသည် အခြားပွဲများကဲ့သို့ လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်၊ လူအများကွယ်ရာမှာတွင်ဖြစ်စေ၊ ညမှောင်ချိန်တွင်ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသောပွဲမျိုးဖြစ်သည်။ ပံသုကူပစ်ပွဲသည် ရဟန်းသံဃာတော်များ ကျင့်စဉ်ဓမ္မများဖြစ်သော ဓုတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ပံသုကူဓုတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောပွဲဖြစ်၏။ "ပံသုကူဓုတင်" အကျင့်ဟူသည်မှာ ဒါယကာ ဒါယကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကိုပယ်၍ လူတို့စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်ပြီး၊ ချုပ်၊ စပ်၊ ဆိုးထားသော သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။ ဤတန်ဆောင်မုန်းလသည်ကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ကုသိုလ်ကောင်းမှုပြုရာပွဲတော် အများဆုံးသော ကာလဖြစ်၏။ ကုသိုလ်ကောင်းမှုဟူသည် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ပေးစွမ်းနိုင်သောကြောင့် ဤတန်ဆောင်ကာလသမယ၌ မိမိတို့ စွမ်းအားအလျောက် ကူသိုလ်ကောင်းမှုအစုစုတို့ကို ဖြည့်ကျင့်ပြုလုပ်ပွားများအားထုတ်နိုင်ကြပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တင်ပြရပါသည်။ ဟူသော အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်ပေသည် တန်ဆောင်တိုင်ပွဲတော် တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ် လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူး နေ့မြတ် တနေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင် ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ သာမညဖလ အခါတော်နေ့ ထီးနန်းရယူ ပိုင်ဆိုင်လိုမှုတည်း ဟူသော အလို လောဘကြောင့် ဆရာမိုက်၏ တိုက်တွန်းမှုဖြင့် မိမိ၏ မွေးဖခင်ရင်းကို သတ်မိမှားသူ အဇာတသတ်မင်းသည် မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရကာ စားမဝင် အိပ်မပျော် ဖြစ်နေသည်။ ထိုသို့ ဖြစ်နေစဉ် တန်ဆောင်မုန်း လပြည့်ည၏ အေးချမ်း သာယာကြည်လင်မှုကို မြင်တွေ့ရသော အခါ ယခုလို နေ့မျိုး၌ အဘယ်သို့သော ရဟန်း သာမဏေ၊ အဘယ်သို့သော ဗြဟ္မဏတို့ထံ ဆည်းကပ်ရလျှင် ကောင်းမည်နည်းဟု တွေးတောမိကာ မင်းချင်းတို့အား ဖွင့်ဟ တိုင်ပင်မိပါသည်။ မင်းချင်းတို့ကလည်း မင်း လိုလိုက် မင်းကြိုက် ဆောင်တတ်သော အခွင့်အရေးသမားများ ပီပီ မိမိတို့ ကိုးကွယ် ဆည်းကပ်သည့် မိစ္စာဒိဋ္ဌိ ဆရာကြီး ခြောက်ဦးတို့အား အသီးသီး ညွှန်ပြကြရာ အဇာတသတ်မင်းက နားမဝင်ချေ။ ထိုအချိန်တွင် ဗုဒ္ဓဘာသာဝင် ဖြစ်သော ဆေးဆရာ ဇီဝကကမူ မည်သို့မျှ မလျှောက်တင်ဘဲ နှုတ်ဆိတ်၍ နေသည်ကို အဇာတသတ်မင်းကြီး မြင်တွေ့ရသော အခါ ဆရာ ဇီဝက အဘယ်ကြောင့် ဆိတ်ဆိတ်နေပါသနည်းဟု မေးတော်မူပါသည်။ ထိုအခါ အခွင့်ကောင်းကို စောင့်မျှော်နေသူ ဆရာ ဇီဝကသည် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များကို ချီးမွမ်းကာ ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော်မူသော အကျွန်ုပ်၏ ဆရာ ဘုရားရှင်သည် ကျွန်တော်မျိုး၏ သရက်ဥယျာဉ်၌ များစွာသော ရဟန်း ပရိသတ် ခြံရံကာ သီတင်းသုံးလျက် ရှိပါကြောင်း၊ ဘုရားရှင်အား အရှင်မင်းကြီး ဆည်း ကပ်ရပါမူ အရှင်မင်းကြီး၏ စိတ်တော်သည် ကြည်လင် အေးချမ်း လာပါလိမ့်မည်ဟု လျှောက်တင်လေသည်။ ဆေးဆရာ ဇီဝက၏ အကျိုးသင့် လျှောက်ထား တင်ပြမှုကို အဇာတသတ် မင်းကြီး ကြားရသော အခါ ဝမ်းသာအားရ ဖြစ်တော်မူ၍ ဆင်မြင်းဗိုလ်ပါ ခြံရံလျက် ကြီးကျယ် ခမ်းနားလှသော အစီအစဉ်ဖြင့် ညတွင်းချင်းပင် ဆရာ ဇီဝက၏ ဥယျာဉ်တော်သို့ ကြွချီတော်မူပါသည်။ ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရသော အခါ အဇာတသတ် မင်းကြီးက မေးမြန်း လျှောက်ထားသဖြင့် မြတ်စွာ ဘုရားရှင်သည် သာမညဖလ သုတ်တော်ကို ဟောကြားတော်မူသည်မှာ ခဝဲပန်း လှိုင်လှိုင်ပွင့်သော တန်ဆောင်မုန်း လပြည့် ညချမ်းပင် ဖြစ်ပါသည်။ ထိုသို့ ဘုရားရှင်သည် တန်ဆောင်မုန်း လပြည့်နေ့တွင် သာမည ဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင် မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟု သတ်မှတ် ခေါ်ဝေါ်ကြခြင်းပင် ဖြစ်ပါသည်။ ။
Share:
ကျ​နော်​တို့နှင့်​ ဦး​ဇော်​မြင့်​​မောင်​ ( ၄ )//
ကျ​နော်​တို့နှင့်​ ဦး​ဇော်​မြင့်​​မောင်​ ( ၄ )// 19.2.2017
ပြန်​လည်​သုံးသပ်​ရလျှင်​ ​ရွေးချယ်​ခြင်း၌ပါမလာ​သော
ဦး​ဇော်​မြင့်​​မောင်​အ​ကြောင်း အရင်​​ပြောပါမည်​။
ဦး​ဇော်​မြင့်​​မောင်​ကိုရွေးချယ်​​ရေး မြို့နယ်​မှဘာလို့​ရွေး
ချယ်​ခဲ့ရသလဲ။ဦး​ဇော်​မြင့်​​မောင်​​နောက်​ခံသမိုင်းကိုပြန်
ကြည့်​​တော့၊ပညာတတ်​ဆရာဝန်​မျိုးရိုး၊သူ့ဖခင်​ဦးချစ်
မောင်​က ပါ​မောက္ခဆရာဝန်​၊သူ့​ယောက္ခမ ဦးစိန်းဝါ(​ဒေါ်ယုယု​မေ၏ဖခင်​)ကမြို့မျက်​နှာဖုံးလူကြီးလူ​ကောင်း၊
နိုင်​ငံ​ရေးမှာအစဉ်​အလာရှိသူ။
ဦး​ဇော်​မြင့်​​မောင်​ရဲ့ပင်​ကိုယ်​ ကိုယ်​ရည်​ကိုယ်​​သွေး
က ဉာဏ်​ထက်​မြက်​သူ၊ မိမိကိုယ်​ကိုယုံကြည်​မှုရှိသူ၊
ဆရာဝန်​အုပ်​စုတည်းမှာပင်​ ထက်​မြက်​မှု​ပေါ်လွင်​ပြီး၊
ဆေးတက္ကသိုလ်​မှာ နည်းပြဆရာလုပ်​​နေသူပါ။
အဓိကကျတဲ့ သူ့ရဲ့စိတ်​ဓာတ်​ကို အကဲဖြတ်​ကြည့်​ရင်
88 အ​ရေးအခင်းတွင်​ မန္တ​လေးဆရာဝန်​နဲ့​ဆေးတက္က
သိုလ်​မှာ သပိတ်​ဦး​ဆောင်​သူ။နဝတအုပ်​ချုပ်​မှု​အောက်​​ရောက်​လာ​တော့ လစာမြင့်​၊ဂုဏ်​သ​ရေရှိတဲ့​ဆေးတက္ကသိုလ်​ဆရာဘဝကိုစွန့်​လွှတ်​ပြီး စစ်​အာဏာရှင်​များရဲ့လက်​​အောက်​မှ ကိုယ်​တိုင်​နှုတ်​ထွက်​ခဲ့သူ။ခိုင်​မာတဲ့စိတ်​ဓာတ်​ရှိသူ။မတရားမှုကိုလက်​မခံသူ။ဒီမိုက​ရေစီစံနှုန်း​တွေကို​ကောင်း​ကောင်း​နားလည်​သူပါ။ရွေးချယ်​​​ရေးအဖွဲ့မှ အ​ကောင်းဆုံးစံနှုန်း​ထား၍​ရွေးချယ်​ခဲ့​သော်​လည်း ဘာ​ကြောင့်​ နံပတ်​ ၃ ထားသူကို​ရွေးချယ်​ခဲ့ရသလဲ။
ဘာပဲဖြစ်​ဖြစ်​ဗဟိုရဲ့ဆုံးဖြတ်​ချက်​ကို ကျ​နော်​တို့​လေး
စားရမှာပါ။သို့​သော်​ဘာ​ကြောင့်​​ရွေးချယ်​​ရေးအဖွဲ့၏
အဆုံးအဖြတ်​အတိုင်းဖြစ်​မလာရသလဲ။သိရှိရန်​​တော့
လိုသည်​။ဗဟိုကို​မေးမြန်းရမည်​။စုံစမ်းရမည်​။ ဗဟိုမှလဲ
အ​ကြောင်းပြချက်​ခိုင်​ခိုင်​မာမာ​ပေးရမည်​မှာ ဒီမိုက​ရေ
စီ၏တာဝန်​ယူမှုတာဝန်​ခံမှု အနှစ်​သာရပင်​။ ​သေချာ
လေ့လာကြည့်​မိ​သောအခါ ရွေးချယ်​​ရေးက​မောက်​က
မဖြစ်​သွား​စေရန်​ပြုလုပ်​​နေ​သော လူတစု မြို့နယ်​တွင်း
မှာရှိ​နေခဲ့။သူတို့ဟာ မြို့နယ်​စည်းထဲမပါ။သီးသန့်​လုပ်
ဆောင်​​နေ​သော မြို့နယ်​နှင့်​ပြည်​သူ့သ​ဘောထားမပါ
ဘဲ ဗဟို​ရွေးချယ်​​ရေးမျက်​​စေ့လှည့်​စား​သော တပါတီက
နည်းစံနစ်​​တွေနဲ့လုပ်​​ဆောင်​​သောအဖွဲ့တခုပါ။
ကျ​နော်​တို့ အားနာနာနှင့်​ဦး​ဇော်​မြင့်​​မောင်​အားဗဟိုမှ
ရွေးချယ်​မှု​ ပြောင်းသွား​ကြောင်းသွား​ပြောပါသည်​။ထို
နေရာမှပြုတ်​ကျသွား​သော ဦး​ဇော်​မြင့်​​မောင်​ဘာ​တွေ
ပြန်​​ပြောသလဲ........
`` ကိစ္စမရှိပါဘူးဗျာ၊ ကျ​နော့်​ကို မ​ရွေးချယ်​လဲ၊NLDကို
ပဲ မဲ​ပေးမယ်​။ NLD ​အောင်​နိုင်​​ရေးအတွက်​ပဲ လုပ်
မယ်​´´ တဲ့။
ကဲဗျာ ဘယ်​​လောက်​ကောင်းလိုက်​တဲ့စိတ်​ဓာတ်​ပါလဲ။
အဲဒီအချိန်​မှာ ဦးဘဘွားဘက်​မှာလဲ အတိုက်​အခံ​ပေါ်
လာတယ်​။ အဖွဲ့ဝင်​တချို့ရဲ့လက်​မှတ်​ထိုးရယူပြီး တစ်
ယောက်​​ပေါ်လာ​ပေမယ့်​ ဗဟိုကလက်​မခံသဖြင့်​ ဦး
ဘဘွားပဲ အတည်​ပြုခဲ့ပါတယ်​။
ထိုစဉ်​မှာ အ​ရှေ့ဘက်​နယ်​​မြေ-၁- မှဝင်​လာ​သောဗဟို
သို့​ပေးပို့စာ၊ မြို့နယ်​နှင့်​တိုင်းတို့မှ ပြန်​လည်​သုံးသပ်​ရန်
တင်​ပြခြင်းတို့​ကြောင့်​ ဗဟို​ရွေးချယ်​​ရေးမှပြန်​၍စီစစ်​ခဲ့
ပါ​တော့တယ်​။ပြဿ     နာ​​တွေ အ​ရေအတွက်​လဲ ပိုများ
လာပါ​တော့တယ်​။( ၁ )နယ်​​မြေ အတွက်
•မြို့နယ်​သ​ဘောထားမပါပဲအမည်​စာရင်းတင်​သွင်းသူ
• မြို့နယ်​ကိုလှည့်​စားပြီး၊ဗဟိုအားမမှန်​မကန်​နည်းဖြင့်
  မိမိကိုယ်​ကို အမည်​စာရင်းတင်​သွင်းသူ
• ​ကျေးရွာအချို့၏သ​ဘောထားရယူပြီး အမည်​စာရင်း
   တင်​သွင်းသူများ​ပေါ်လာပါ​တော့တယ်​။
သို့​သော်​ ​နောက်​ဆုံးရက်​မှာ​တော့ ဗဟို​ရွေးချယ်​​ရေး
၏မှန်​ကန်​သည့်​ ဆုံးဖြတ်​ချက်​ထွက်​​ပေါ်လာခဲ့ပါတယ်​။
• နယ်​​မြေ(၁)၏ကိုယ်​စားလှယ်​ ​ ဦး​ဇော်​မြင့်​​မောင်
• နယ်​​မြေ(၂)၏ကိုယ်​စားလှယ်​ ဦးဘဘွားတို့ပဲဖြစ်​ခဲ့ပါ
တော့တယ်​။
{အပိုင်း ၅ ဆက်​ပါဦးမည်​။}
Share:
ကျ​နော်​တို့နှင့်​ဦး​ဇော်​မြင့်​​မောင်​ - ၃ -
ကျ​နော်​တို့နှင့်​ဦး​ဇော်​မြင့်​​မောင်​ - ၃ -
[ယခု ဦး​ဇော်​မြင့်​​မောင်​​ကျေးလက်​ဖွံ့ဖြိုး​ရေး​တွေဦးစား​ပေး
လုပ်​ကိုင်​​နေတာ​ပေါ်လွင်​​စေချင်​လို့ ၉၀​ရွေး​ကောက်​ပွဲကစ
၂၀၁၅ ​ကျေးလက်​​တွေနဲ့ဆက်​စပ်​ပုံ​တွေကို​ပြော​နေရခြင်း
ပါ။အမရမိတ်​​ဆွေ​တွေက ၈၈ အ​ရေးအခင်းနဲ့အမရပူရအစ
၉၀ မှာဦး​ဇော်​မြင့်​​မောင်​ဖြတ်​သန်းမှုကို​တောင်းဆိုလာကြ
ပါတယ်​။၈၈ အ​ရေးခင်းမှ NLDအမရပူရဖြစ်​လာပုံထိတစ်
ပိုင်းထား၍ဦး​ဇော်​မြင့်​​မောင်​နှင့်​ဆက်​စပ်​​သော၉၀ ထိအရင်
ပြောပါမည်​။သမိုင်းဆိုတာဖန်​တီး၍မရ၊အမှန်​တရား​ပေါ်မှာ
အ​ခြေခံ၍တချို့ထိခိုက်​တာမျိုးရှိ​ကောင်းရှိနိုင်​ပါတယ်​။
အပိုင်း ၁ = ၈၈ မှ ၉၀/ အ​ရေးအခင်းမှNLDစတည်​​ပုံ
အပိုင်း ၂ = ၉၀ ​ရွေး​ကောက်​ပွဲ
အပိုင်း ၃ = ၉၀ မှ ​နောက်​ပိုင်း NLDတည်​တံ့​ရေးမြို့နယ်
                         အလိုက်​ကြိုးစားရပုံတို့ဖြစ်​ပါတယ်​။
ဦး​ဇော်​မြင့်​​မောင်​နှင့်​ပါတ်​သက်​​သော အပိုင်း ၂ မှစ​ပြောပါ
မည်​။ကျ​နော်​​ပြောဆိုချက်​များသည်​ ကျ​နော်​နှင့်​ထိ​တွေ့​နေ
သ​လောက်​သာဖြစ်​ပါတယ်​။အခြားမြို့များ၊မြန်​မာတနိုင်​လုံး
အ​ပေါ်မလွှမ်းခြုံနိုင်​ပါ။ကျ​နော်​​ပြောသ​လောက်​အပိုင်းဟာ
အမှန်​တရားဆိုတာ ကျ​နော်​တာဝန်​ယူပါတယ်​။]
၁၉၉၀ ခု​ရွေး​ကောက်​ပွဲကျင်းပမည်​ဟုနဝတအစိုးရ​ကြေငြာ
ချိန်​မှာ ကျ​နော်​တို့​ခေါင်း​ဆောင်​ အ​မေစု အကျယ်​ချုပ်​ ချုပ်
ထားချိန်​ပါ။ဗဟိုNLDက ဝင်​​ရောက်​ယှဉ်​ပြိုင်​မည်​ဆို​တော့
ကျ​တော်​တိြု့မို့နယ်​လည်းပါဝင်​ယှဉ်​ပြိုင်​နိုင်​​အောင်​လုပ်​ရပါ
တယ်​။မြို့တမြို့မှာပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ၂ဦးစီ
ပြိုင်​ရပါတယ်​။အမရပူရမှာ နယ်​​မြေ ၁ နဲ့ နယ်​​မြေ ၂ လို့ပိုင်း
ရှိပါမယ်​။၁ ဟာမြို့ရဲ့အ​ရှေ့ဖက်​အပိုင်း(လယ်​သမားအများ
စုပါဝင်​)။၂ ဟာမြို့အ​နောက်​ပိုင်း(ကုန်​သည်​အများစု)။ရွေး
ချယ်​ပုံမှာ မြို့နယ်​စည်းရုံး​ရေး​ကော်​မတီများမှ​ရွေး​ကောက်​ပွဲ
ကိုယ်​စားလှယ်​​ရွေးချယ်​​ရေးကော်​မရှင်​ ၆ဦးကိုခန့်​ထားရပါ
တယ်​။ မြို့မိမြို့ဖ ၃ဦးနှင့်​ပါတီစည်းရုံး​ရေး​ကော်​မတီမြို့နယ်
၃ ဦး၊​ပေါင်း ၆ ဦးပါ။နယ်​​မြေ ၁မှ ၃ဦးနှင့်​ ၂မှ ၃ဦး။
မြို့မိမြိုဖ ၁။ ဦးချစ်​တင်​ (အိုး​တော်​ရပ်​/ - ၂ - နယ်​​မြေ)
           ၂။ ဦး​ရွှေ​အောင်​ (ယာ​တော်​ရွာ/ - ၁ - နယ်​​မြေ)
           ၃။ ဦးလှမင်း (​ညောင်​နီပင်​၊နတ်​​ရေကန်​ရွာ/ - ၁ -
                                          နယ်​​မြေ)တို့ဖြစ်​ပါတယ်​။
ပါတီစည်း  ၁။ ဦး​ဘို​လေး (သူငယ်​​တော်​ရွာ/-၂ - နယ်​​မြေ)
               ၂။ ဦး​စောမြင့်​ (ဥယျာဉ်​​တော်​ရွာ/- ၁-နယ်​​မြေ)
               ၃။ ဦးထွန်းမြတ်​ (​တောင်​ကြီးရပ်​/- ၂-နယ်​​မြေ)
                 တို့ဖြစ်​ပါတယ်​။ ​ရွေးချယ်​ပုံမှာ -
သူများက ၆ ဦး​ကော်​မရှင်​သို့​လျှောက်​လွှာတင်​ရပါတယ်​။
သူတို့အရည်​အ​ချင်း​ပေါ်မူတည်​၍၊နယ်​​မြေတစ်​ခုလျှင်​ဦးစား
ပေး ၁/၂/၃ ဆိုပြီး ၃ ဦးစီ​ရွေး၍ဗဟို​ကော်​မရှင်​သို့တင်​ရပါ
တယ်​။မြို့နယ်​မှ​ရွေးချယ်လိုသူဟာ အဆင့်​ ၁ မှာထားပါ
တယ်​။ရာခိုင်​နှုန်း​တော်​​တော်​များများလဲ​သေချာပါတယ်​။နောက်​ဆုံးအဆင့်​ဗဟို​ရွေးချယ်​​ရေးမှဆုံးဖြတ်​ပါတယ်​။အမရ
ပူရအတွက်​​ရွေးချယ်​လိုက်​သူများမှာ -
နယ်​​မြေ( ၁ )
    ဦးစား​ပေး- ၁ - ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​(အိုး​တော်​ရပ်​)
                 - ၂ - ဦးလှမြင့်​ (​လေးစုရပ်​)
                 - ၃ - ဦးအုံး​ငွေ (ဝဲကြီးဆင်​ရွာ/တလင်းကြီး)
နယ်​​မြေ( ၂ )
    ဦးစား​ပေး - ၁ - ဦးဘပွား (​လေးစုရပ်​)
                  - ၂ - ဦးထွန်းရှိန်​ (အိုး​တော်​ရပ်​)
                  - ၃ - ဦးခင်​​မောင်​ညွန့်​ (ကျန်​တန်းရပ်​)
                     တို့ဖြစ်​ကြပါတယ်​။
သူတို့ ၆ ဦးအားဗဟိုသို့တင်​ပို့ရပါတယ်​။ဗဟိုမှတစ်​ဦးစီကို
စီစစ်​၍အတည်​ပြုပါမယ်​။ရက်​သတ္တ ၂ ပတ်​ခန့်​ဗဟိုမှကိုယ်
စားလှယ်​​လောင်း ၁ ဦးစီ၊ စီစစ်​​ပေးပါတယ်​။ထို့​နောက်
မြို့နယ်​များသို့စာရင်းပြန်​ပို့ပါတယ်​။ရက်​ ၂ ပါတ်​ခန့်​ ပြဿနာ
မရှိ​သောအခါမှာ အတည်​ပြုပါတယ်​။
ဗဟိုမှစီစစ်​​ရွေး​ပေးလိုက်​တဲ့အမရပူရမြို့နယ်​အတွက်​ကိုယ်
စားလှယ်​​လောင်းများမှာ -
နယ်​​မြေ - ၁ - အတွက်​  ဦးအုံး​ငွေ
နယ်​​မြေ - ၂ - အတွက်​  ဦးဘပွား တို့ဖြစ်​​နေပါတယ်​။
Share:
ကျ​နော်​တို့နှင့်​ဦး​ဇော်​မြင့်​​မောင်​ - ၂ -
ကျ​နော်​တို့နှင့်​ဦး​ဇော်​မြင့်​​မောင်​ - ၂ -
၉၀ ခုနှစ်​ ​ရွေး​ကောက်​ပွဲ​မှာ အမရပူရမဲဆန္ဒနယ်​တွင်
ကိုယ်​စားလှယ်​ ၂ ​နေရာဝင်​​ရောက်​ယှဉ်​ပြိုင်​ခွင့်​ရပါတယ်​။
အ​ရှေ့မဲဆန္ဒနယ်​ ၁ မှာ ဦး​ဇော်​မြင့်​​မောင်​ NLD ကိုယ်​စား
ပြုဝင်​​ရောက်​ယှဉ်​ပြိုင်​ပြီး၊ နယ်​​မြေ ၂ မှာ ဦးဘပွားယှဉ်​ပြိုင်
ပါတယ်​။ နယ်​​မြေ ၁ ဟာ​ကျေးလက်​​ဒေသရွာများ အများစု
ပါဝင်​​နေပြီး နယ်​​မြေ ၂ ဟာမြို့မရပ်​ကွက်​များနဲ့ မြို့နှင့်​ဆက်
သွယ်​မှု​ကောင်းတဲ့​ကျေးလက်​များပါဝင်​ပါတယ်​။ ၈၈ ကာလ
မှာ အာဏာရှင်​ကိုတမြို့လုံးရှိတဲ့ပြည်​သူ​တွေ မကြိုက်​ကြပါ၊
သို့​သော်​​ ကျေးလက်​များတွင်​ အာဏာရှင်​၏ဖိအားပိုသဖြင့်
အ​ကြောက်​တရားပိုပါတယ်​။ ၈၈ ဆန္ဒပြပွဲကိုမြို့မပိုင်းနဲ့အ
လုပ်​သမားပိုင်းကအရင်​ပြခဲ့ကြပါတယ်​။ကျေးလက်​ပိုင်းလဲ
မ​ရှေးမ​နှောင်းပါဝင်​ခဲ့ကြပါတယ်​။ ၉၀ ​ရွေး​ကောက်​ပွဲမှာ ဦး
ဇော်​မြင့်​​မောင်​တာဝန်​ယူရတဲ့နယ်​​မြေဟာ​ကျေးလက်​​ဒေသ
ပိုများသဖြင့်​ ပိုကျိုးစားရပါတယ်​။နောက်​တခုကသူတာဝန်​ယူတဲ့နယ်​​မြေမှာ စစ်​တပ်​နယ်​​မြေ ၃ ခုနဲ့ အစိုးရအလုပ်​ရုံ
၂ ခု၊ အစိုးရဌာနများ အများဆုံးရှိ​နေတဲ့​နေရာပါ။ကျေးရွာ​တွေကလဲတရွာနဲ့တရွာ​ဝေးလံတဲ့အပြင်​၊ရွာများသွားလျှင်
စက်​ဘီးများဖြင့်​စည်းရုံး​ရေးဆင်းရ၍ အချို့ရွာများမှာညအိပ်
စည်းရုံးရပါတယ်​။
     { ဆက်​ပါဦးမည်​။ }
Share:
ကျ​နော်​တို့နှင့်​ ဦး​ဇော်​မြင့်​​မောင်
ကျ​နော်​တို့နှင့်​ ဦး​ဇော်​မြင့်​​မောင်
သူဟာ အ​ပြောအဆိုနုညံ့ချိုသာတယ်​။
ယဉ်​​ကျေးတယ်​။ ဟိတ်​ဟန်​ မများတတ်​သူ။
မိဘမျိုးရိုး ပညာတတ်​အသိုင်းအဝို​င်းမှ​ပေါက်​ဖွားလာသူ။
သို့​သော်​ အဆင့်​အတန်း မခွဲခြားတတ်​။
၁၉၉၀ ခုနှစ်​​ရွေး​ကောက်​ပွဲမှာ အမရပူရ မဲဆန္ဒနယ်​ ၁ (အ
မရပူရ အ​ရှေ့ဖက်​အပိုင်း) မှာဝင်​​ရောက်​ယှဉ်​ပြိုင်​ပြီး အနိုင်
ရခဲ့ပါတယ်​။
မှတ်​မိပါ​သေးတယ်​။အ​ရှေ့ပိုင်းရွာများက တရွာနဲ့တရွာသိပ်
ဝေးကြတယ်​။ ကျ​နော်​တို့တရွာသွားလျှင်​တညအနဲဆုံးအိပ်
ရတယ်​။ သွားတာကလဲစက်​ဘီးများနဲ့သာ။ ရွေး​ကောက်​ပွဲ
ကာလများကိုထိုနည်းနဲ့​ကျော်​ဖြတ်​ခဲ့ကြရပါတယ်​။ စည်းရုံး
ရေးခရီးသွားရင်း​ရေချိုးချင်​လျှင်​ တခါတရံဒုဌဝတီမြစ်​ထည်း၊
တခါတရံ လယ်​​ပေး​ရေ​မြှောင်းထည်း။ ရွာသားများနဲ့အတူ။
သူကြိုက်​တာက ထို​မြှောင်းများမှဖမ်းရသည့်​ လယ်​ကြားငါး၊
စည်းရုံး​ရေးသွားသည့်​အခါလူငယ်​များနဲ့တ​ပျော်​တပါး။ ထို
စဉ်​ကတည်းကလူငယ်​များက သူနဲ့စည်းရုံး​ရေးဆင်းရတာ
ပျော်​ရွှင်​ကြပါတယ်​။ဘာ​ကြောင့်​လဲဆို​တော့သူဟာ လူငယ်
မျိုးဆက်​နိုင်​ငံ​ရေးသမား​တွေကိုချစ်​တတ်​သူမို့ပါ။
တခုထူးခြားတာက သူဟာအ​ပြောချို နုညံ့သ​လောက်​၊ ယုံ
ကြည်​ချက်​ခိုင်​မာသူ၊ သစ္စာ​စောင့်​သိသည့်​အရာမှာတင်းမာ
သူ။တနည်း​ပြောလျှင်​နိုင်​ငံ​ရေးမှာ​ခေါင်းမာသူလို့​ပြောရ​ပေ
မယ်​။ ​နောက်​တချက်​က အဖွဲ့၏စည်းမျဉ်းများအ​ပေါ်သိပ်
သည်းလွန်းသူပါ။
နောက်​တခုက လုပ်​ငန်းများမှာထင်​ရှား​စေလိုမှုထက်​ ​သေ
ချာခိုင်​မာသည့်​​အောင်​မြင်​မှုကိုရှာ​ဖွေတတ်​သူပါ။ဆိုလိုတာ
က လုပ်​ငန်းအ​နှေးအမြန်​ထက်​၊ခိုင်​ခန့်​တည်​မြဲသည့်​​အောင်
မြင်​မှုကိုနှစ်​သက်​သူလို့ထင်​မြင်​မိပါတယ်​။
(သူနဲ့လည်း မ​တွေ့တာကြာပြီဖြစ်​လို့ သတိတရ သူနဲ့လက်
တွဲခဲ့ရတဲ့ကာလများထည်းမှအနည်းငယ်​​ပြောကြည့်​တာပါ)
Share:
Feb 2017
https://goo.gl/photos/iuDXULCL7bcv598q7
Share:
MASU
`` အလွမ်း MASU ’’
အပိုင်း ( ဂ )
အတိတ်ဆိုတာ ပြီးဆုံးခဲ့တာမှန်ပေမယ့်
ဖြတ်တောက်ပစ်လို့ မရကောင်းတဲ့အရာ။
အတိတ်ဋီကာကို ဒဿနတရပ်အနေနဲ့ မဖွဲ့ဆိုချင်တော့။
အတိတ်တွေဟာ ကျနော်တို့ ဘဝတွေထည်း
ကြီးကြီးမားမား ပါဝင်ပါတ်သက်နေပါတယ်။
MASU နဲ့ ကျနော်ရဲ့ အတိတ်ကတော့
ခန္ဓာရှိသ၍ မေ့မရ၊
တသက်မှာ တကြိမ်သာရခဲတဲ့ ဒုလ္လဘ။
ကျနော်တို့ဘဝရက်စွဲများရဲ့
` ရွှေအိုရောင် အိပ်မက် ’ များသာ။
အပိုင်း  ( ဃ )
သူငယ်ချင်းတွေစောင့်နေစေတော့။
ဆရာကန်တော့ပွဲ အခန်းအနားနေရာမသွားခင်
အမိကျောင်းတော်ကြီးထည်း အရင်ရောက်မိ။
သူနဲ့သွားနေကြနေရာလေးတွေ
ဦးအုံး
မိဂဒါဝုန် ဆိုင်တွေ၊
Botany Department နောက်၊ ကုက္ကိုပင်ကြီးအောက်၊
ရေနီမြောင်းဘောင်ပေါ်က ဘူးသီးကြော်ဆိုင်လေး၊
မြို့ထည်းရုပ်ရှင်ကြည့်၊ဈေးချိုဈေးဝယ်သွားလျှင်
အတူစီးနေကြ အမှတ် ၃ ကားဂိတ်ကလေး၊
အရင်ဆုံးသွားရမယ့်နေရာ ..
 ကျနော်တို့နေခြဲ့ကတဲ့
ရွှေပြည်အေး ...
သူငယ်ချင်းတွေနဲ့ဆိုးခဲ့ ... ရွှေပြည်အေး
လကုန် ငွေပြတ် အစားရဆိုးတဲ့ အဆောင်ထမင်း ဟင်းနဲ့
နှစ်သိမ့်ခဲ့ရ ... ရွှေပြည်အေး
ကျနော်တို့ချစ်တဲ့ Hall Tutor ဦးသန်းဆွေ(မြန်မာစာ)ရဲ့
အခန်းမှာ တညလုံး
စာပေအကြောင်းဆွေးနွေးခဲ့ကြ ... ရွှေပြည်အေး
လေးဖြူသီချင်းထဲက ... ရွှေပြည်အေး
ကျနော်တို့ရဲ့ ... ရွှေပြည်အေး
ရွှေပြည်အေး
ရွှေပြည်အေး
ရွှေပြည်အေး...
( ၁ )
အခန်း (၁၀၆ )
အပေါ်ထပ်၊ မြောက်ဘက်မျက်နှာလှည့်
ကျောင်းသား ၄ ယောက်
ညီညီလွင် .. နောက်ဆုံးနှစ် ဓာတု တောင်ကြီးမြို့
တင့်နိုင် .. တတိယနှစ် ရုက္ခ တောင်ကြီး
မျိုးမြင့်အောင် .. ဘွဲ့လွန် စိတ်ပညာ မလှိုင်မြို့
ပြီး .. ကျနော်
တယောက် အကျင့်တမျိုး။
လောကတွင်ဘုရားတဆူသာရှိပြီး၊
အယူကွဲနေခြင်းသာဖြစ်သည်။
ထို့ကြောင့် အားလုံးအတူတူဟု ယူဆကာ
ဘာသာစုံဘုရားများအားနေ့စဉ်ရှိခိုးရင်း
တနေကုန်စေသူ(သို့မဟုတ်)အများအခေါ် ဘိုးတော်
ညီညီလွင် ..
သူ့အိပ်စင်ခေါင်းရင်း၌ ချိပ်ကပ်ထားသည်က
ဗုဒ္ဓအရှင်ပုံတော်၊
လက်ဝါးကပ်တိုင်နှင့်ယေရှု၊
ကိုရမ်းကျမ်း၊
လက် ခြောက်ဖက်နှင့်လက်ခ်ျမီးပုံ။
နောက်တယောက် တင့်နိုင်။
လကုန်ခါနီးလျှင် ပိုက်ဆံအမြဲပြတ်သူ၊
ထိုအခါ အခန်းတံခါး ပိတ်ပြီး၊
ဖဲဝိုင်းထောင်ပါတော့တယ်။
အကောက်များကောက်၍ ကျောင်းစရိပ်ရှာသူ။
တနေကုန် မည်သည့်နေရာသွားနေသည်မသိ။
ညနက်မှ အမြဲပြန်လာပြီး အခန်းဖော်တွေ အိပ်မရအောင်
ဘာသံစဉ်၊ ဘာစကေးမှန်းမသိ
တအီအီ ညလုံးပေါက်တယောထိုးသူက မျိုးမြင့်အောင်။
သူတို့ဟာ တယောက်တမျိုးစရိုက်တွေရှိကြပေမယ့်
ဘုံတူညီချက်တော့ရှိပါတယ်။
အဲဒါ အတန်းလုံးဝ မတက်ကြခြင်းပါ။
အတန်းအမြဲမှန်သည်က  ကျနော်
Class မစမီ အခန်းအပေါက်မှ ခတ္တာက အမြဲစောင့်နေ၊
သူနှင့် ဦးအုန်းဆိုင်မှာ breakfast ပြီးမှ အတန်းသွား
ကျောင်းနောက်ကျသည် မရှိ
ကျောင်းနောက်မကျအောင် အမြဲကူညီသူ နှစ်ဦးရှိသေး
တောင်ကြီးသား ညွန့်တင်နှင့် ဌေးအောင်။
အတန်းထည်းမှ နှုတ်ခမ်းနီရဲရဲ၊ ပဲများများ၊
ပိန်သေးသေး ဂျပုမလေး အတွက်
အတန်းမှန်သူက  ဌေးအောင်။
တက္ကသိုလ်ရောက်လို့ ချစ်သူတဦးမျှ မထားမိလိုက်လျင်
မဟာအဓိပ္ပာယ်ကြီး မှားယွင်းသွားမည် အယူအဆဖြင့်
နောက်ဆုံးနှစ်
ရီးစားတဦးမြန်မြန်ရှာရေးစီမံကိန်း မန်နေဂျာ   ညွန့်တင်။
ထိုထိုသောသူငယ်ချင်းများ
နေ့စဉ် အတန်းမပျက် ကျောင်းတက်နေရတဲ့... ကျနော်။
( ၂ )
ချစ်သူ၏ ပညတ်တော်မှာ ...
` မောင်ရယ် ’ ......... တဲ့
` စာ ကျက်ချိန် နဲ့ ထမင်းစားချိန်က လွဲရင် ´........ တဲ့
` ခတ္တာ ကိုပဲ သတိရနေ ရမယ်နော် ´......... တဲ့
သူမသိလို့ပါ ... တကယ်ဆို
စာကျက်ဖို့၊ စာအုပ်ဖွင့်လိုက်ရင်
ပထမဆုံး မြင်နေမိတာ .... ချစ်သူ့ မျက်နှာ
မျက်လုံးရဲ့ အရွေ့
စာလုံးလေးတွေတိုင်းဟာ .... ချစ်သူ့ မျက်နှာ
ရေဆာလို့ ခတ်ယူစဉ်
ရေကြည်ကြည်မှာ ပေါ်လာတာ .... ချစ်သူ့မျက်နှာ
မနက်လင်း   မျက်လုံးအဖွင့်
အရင်ဆုံး တွေ့တာ .... ချစ်သူ့မျက်နှာ
ညတိုင်း
ခေါင်းအုံးပေါ်  ဦးခေါင်းရောက်ရင်ပဲ
အတွေးထည်းဝင်နေကြ ဘာဝနာ .... ချစ်သူ့မျက်နှာ
အချိန်တိုင်း ..
နေရာတိုင်း ..
ရင်ခုန်လိုက်တိုင်းမှာ ..
ချစ်သူ့မျက်နှာ  ချစ်သူ့မျက်နှာ  ချစ်သူ့မျက်နှာ
    ချစ်သူ့မျက်နှာ   ချစ်သူ့မျက်နှာ   ချစ်သူ့မျက်နှာ
ချစ်သူ့မျက်နှာ
     ချစ်သူ့မျက်နှာ
              ချစ်သူ့မျက်နှာ
                      ချစ်သူ့ မျက်နှာ
                                ချစ်သူ့မျက်နှာ .......................
စက္ကန့်စိပ်ကလေးတွေ
တချက်ရွေ့လိုက်တိုင်း
ရင်ထည်း ဝင်လာတာ  ချစ်သူ့မျက်နှာ
တနေကုန်တဲ့အခါ
ကျနော့်တကိုယ်လုံး  ချစ်သူ့မျက်နှာများနဲ့ပြည့်ပြီး
ကျနော်ဟာ ချစ်သူ
ချစ်သူဟာ ကျနော်
ကျနော်နဲ့ခတ္တာ တထပ်ထည်း
ကျနော့်ခြေတဖဝါးက ခတ္တာတဖဝါး
ကျနော်အသက်တချက်ရှူလိုက်တိုင်း
                                ခတ္တာပင့်သက်တရှိုက်
အို..ကျနော့်အသက်ဓာတ်ဆိုတာ ခတ္တာပါ
ဟုတ်တယ်မို့လား..
                 ဒီလိုပုံရိပ်တွေနဲ့
ကျနော်ဟာ ` အချစ်ရူးလေး ´ပါ။
( ၃ )
ချစ်သူ၏ တာဝန်ဝတ္တရားအားဖြင့် ...
တနေ့လျှင် လက်ကိုင်ပုဝါ ၂ ထည်ယူဆောင်ရပါမယ်
ဘူးသီးကြော်ဆိုင်လေးထိုင်ပါတယ်
အကြော်ယူတဲ့ သူ့လက်ကလေးတွေ သိပ်လှတယ်
ကျနော် ရင်တွေခုန်ပါတယ်
ဆီပေနေတဲ့သူ့ လက်ချောင်းလေးတွေ
တချောင်းခြင်း လက်ကိုင်ပုဝါနဲ့သုတ်ပေးမယ်။
မိဂဒါဝုန်မှာ မနက်စာ
ထမင်းစား
လှုပ်ရွေ့နေတဲ့ သူနှုတ်ခမ်းလေးတွေ သိပ်လှတယ်
ကျနော် ရင်တွေခုန်ပါတယ်
ဟင်းစလေးတွေ ငြိနေတယ်
လက်ကိုင်ပုဝါလေးထုတ်ယူတယ်
နှုတ်ခမ်းလေးကို ဖွဖွလေး သုတ်ပေးမယ်။
ကျောင်းဆင်း ညနေ
ရေနီမြောင်းတလျောက်သွားကြမယ်
ကြည်စယ်
စိတ်ကောက်
ပြန်ချော့
ရယ်ကြ
ပုံပြော
မျက်ရည်
ဝမ်းနည်း
ပျော်ရွှင်
ချစ်သူတွေရဲ့ ညနေလေ...
အဲဒီလိုဖြတ်သန်း
မြောင်းဘောင်တလျောက်
သူပြေးဆော့
ချွေးစို့စို့လေးတွေကို
လက်ကိုင်ပုဝါလေး သုတ်ပေးမယ်
လက်ကိုင်ပုဝါလေးမှာ ချစ်သူရနံ့တွေပါနေတယ်
ကျနော်အလွတ်ရနေတဲ့ သူ့ရနံ့သင်းသင်းလေး
သူ့ရနံ့လေးနဲ့လက်ကိုင်ပုဝါ ... စုထုတ်ခေါက်ပြီး
ကျနော့်လက်ဝဲဘက် အိတ်ထောင်ထည်း
ထည့်ထားတယ်
ချစ်သူ့ရနံ့တွေ နှလုံးအိမ်ထည်းစိမ့်ဝင်သွား
ကျနော် ရင်တွေခုန်ပါတယ်
ကျနော်
အချစ်တာဝန် ကျေပြွန်သူ           ရမှတ်  ၁၀၀
အချစ်စည်းမျဉ်း လိုက်နာသူ        ရမှတ်  ၁၀၀
အချစ်မိန့်သမျှ နာခံသူ                ရမှတ်  ၁၀၀
အချစ်ရပ်ဝန်းမှာဘာသာစုံဂုဏ်ထူးဖြင့် ကျနော်က ပထမ
ဟုတ်တယ်မို့လား ..
                ဒီလိုပြည့်စုံမှုတွေနဲ့လေ
ကျနော်ဟာ ` အချစ်ရူးလေး ´ ။
( ၄ )
ကံကြမ္မာဆိုတာ မိစ္ဆာတကောင်ပါ။
စာမေးပွဲကြီး ဖြေပြီးပြီ
သူပြန်တော့မယ့် ကားဂိတ်
` မောင် လိုက် မခဲ့ရဘူးနော် ´
ရက်စက်တဲ့စကားကို ချစ်တဲ့သူတွေဆိုတတ်ပါလား
ဆိုတာ
ခု သိရပြီပေါ့။
ကျနော်တို့လက်ထပ်ကြမယ် အကြိမ်ကြိမ်ပြောလည်း
သူ လက်မခံခဲ့၊
ခနခန အထပ်ထပ် ကြားပြီးသား
သူ့ယုံကြည်ချက်တွေသာ...
နယ်စပ်ဒေသမှာ ကလေးတွေ
ချို့တည့်တယ်ဆိုတာ ... သိပါတယ်
ပညာမသင်ကြားနိုင်ဘူးဆိုတာ ...သိပါတယ်
သူတို့ဘဝမြှင့်တင်မယ်ဆိုတာ ... သိပါတယ်
၅ နှစ်လောက်ဆရာမလေးဘဝနဲ့
        ကလေးတွေစာတတ်စေမယ်ဆိုတာ ... သိပါတယ်
ဟုတ်ပါတယ် .. မောင့်ကိုထည့် မစဉ်းစားပါနဲ့
ဟုတ်ပါတယ် .. မင်းပဲ မြင့်မြတ်ပါတယ်
ကရုဏာရှင်မလေးရေ .. မင်းစေတနာ ဗရပွနဲ့
                                        တို့ကိုထားခဲ့တော့မှာလား။
ကျနော့်ပုခုံးထက်မှာ တသိမ့်သိမ့်နဲ့ သူငိုတယ်၊
သူ့ကိုယ်သင်းနံ့လေးက နှလုံးအိမ်မှာရစ်ဝဲလို့၊
` ပြန်တော့ မောင် ရယ် ´ တဲ့။
ကားပေါ်တက်
ကားတံခါးမှ လက်ပြနှုတ်ဆက်ပြီး
သူငိုသွားမယ်ဆိုတာ  ကျနော်သိနေတယ်
ဝှေ့ရမ်းနှုတ်ဆက်နေတဲ့သူ့အရိပ်ကလေး
ဒါ ... နောက်ဆုံးနှုတ်ဆက်ခြင်းဆိုတာ ကျနော်မသိခဲ့မိပါ၊
ဟုတ်တယ်မို့လား ...
       သောကတွေ ပင်လယ်ပြင်ကြီးနဲ့
ကျနော်ဟာ ` အချစ်ရူး တယောက် ´။
( ၅ )
အကြိမ်ကြိမ် အထပ်ထပ် ရှာဖွေခဲ့ပါတယ်
သူတို့သားအဖ ပြောင်းသွားကြပြီ .. ဆိုတဲ့စကားသာ
ကြားခဲ့၊
ဒီလိုပဲထားခဲ့တော့မှာလား .... ခတ္တာရေ။
တနေ့
သူငယ်ချင်း ညွန့်တင် သတင်းပေးလို့
တောင်တန်းကြီးတွေ အထပ်ထပ်ကျော်
နယ်စပ်ရွာကလေးတရွာ
ဆရာမလေး လုပ်နေသတဲ့၊
ချက်ခြင်း ကျနော်လိုက်သွားခဲ့
ခတ္တာရေ .... မောင်လာပြီ
ခတ္တာရေ .... ကြိုနေမှာလား
ခတ္တာရေ .... မင်းရုပ်ရေ ဘယ်လိုများ ပြောင်းသွားလဲ
ကျောင်းပြီး ၄ နှစ်ကြာထိ ဘာကြောင့်
                      မဆက်သွယ်လဲ .... ကျနော်မေးမယ်
အလုပ်တွေ မပင်မပန်း လုပ်နေရတာ
                      အဆင်ပြေရဲ့လား .... ကျနော်မေးမယ်
မောင့်ကိုသတိရပြီး နေ့တိုင်း နေ့တိုင်း
                      ငိုနေတာလား .... ကျနော်မေးမယ်
-------------------
တောင်ကုန်းထက်က
အင်ဖက်မိုး အိမ်ကလေး
အသက် ၆၀ ကျော် အဖိုးအိုတယောက်
အိမ်ရှေ့ ဝါးကပ်ကြမ်းမှာထိုင်နေ
ခတ္တာရဲ့ဖေဖေ
ကျနော့်ကိုမြင်တော့ ရီဝေတဲ့အကြည့်နဲ့
` လူလေး .. ခတ္တာကိုလာတွေ့တာလား ´
           ` ဟုတ်ကဲ့ ဦးလေး .. ခတ္တာ ခတ္တာရော ´
အမောတကောမေးမိ
` လာ  လူလေး´
လေးလံတုန်ချိနေတဲ့ သူ့ခြေလှမ်းတွေနောက်လိုက်ခဲ့၊
တောင်ကမူလေးထက်
မြေမို့မို့လေးတခု
ရှေ့မှတိုင်ပေါ် ချိပ်ဆွဲထားတဲ့ ပျဉ်ချပ်လေးတခု
မသတ်မရပ် လက်ရေးနဲ့ စာတမ်းလေးတခု
*ဆရာမလေး ခတ္တာ
  အသက် ( ၂၄ ) နှစ်*
ကျနော့်ကမ္ဘာတလုံး လုံး ပြုတ်ကျသွား
ခ ..
  ခတ် ..
        ခတ္တ ..
              ခတ္တာ ............
 `` ခတ္တာ ရေ .................................................´´
ခတ္တာခတ္တာခတ္တာခတ္တာခတ္တာခတ္တာခတ္တာခတ္တာခတ္တာခတ္တ
ပြိုကျသွားသောကမ္ဘာကြီး
ခတ္တာ
သေလျှက် ရှင်နေဦးမှာ
ကျနော်
ရှင်လျှက် သေကျန်ရစ်ပါတော့မယ်
------------
မအေးချမ်းတဲ့နယ်စပ်ဒေသ
သောင်းကျမ်းသူ ပစ်လိုက်တဲ့ ကျည်ဆံတတောင့်ဟာ
အပြစ်ကင်းပြီး
ဖြူစင်စွာပညာသင်ပေးနေတဲ့ ဆရာမလေးတဦးရဲ့
နှလုံးသားကိုမှ
ထိုးဖောက်သွားရသလား   ဗျာ
ဟုတ်ပါတယ် ...
       အမှောင်အတည့်  ကမ္ဘာကြီးတလုံးစာအလွမ်းတွေနဲ့ ကျနော်ဟာ ` အချစ်ရူးကြီး ´။
အပိုင်း ( င )
{ နိဂုံး }
အချိန်လင့်သွားပြီ
သူငယ်ချင်းများလည်း စောင့်နေတော့မည်
ဆရာကန်တော့ ခန်းမသို့
နှစ် ၃၀ စာအလွမ်းတို့ ရပ်တန့်
{ နိဂုံး ရဲ့ နိဂုံး }
ခန်းမရောက်တော့
သူငယ်ချင်းများနှုတ်ဆက်ချိန်မရ  စ ကန်တော့နေပြီ
အခန်းတခုလုံးရှာနေမိ
ဪ မဖြစ်နိုင် မလာနိုင်တော့မှန်းသိနေသော်လည်း
မသိစိတ်က ရှာဖွေနေမိ
ရှာမိပါတယ် .... ခတ္တာရယ်
` အားလုံးကန်တော့ရအောင် ခင်ဗျား ..... တကြိမ် ´
နောက်ဆုံးနေရာလေးမှ
ဦးချမိ ..... တကြိမ်
ရနံ့
ကျနော် ရင်းနှီးတဲ့  ရနံ့
ခတ္တာရဲ့ ကိုယ်သင်းနံ့လေး
ဘယ်ကရနေသလဲ
သူရောက်နေလား
ဦးချရာမှ ခေါင်းမော့ရှာဖွေမိ
ရနံ့လေးက ကျနော့်ဘေးမှ
ခတ္တာ
ဆရာကန်တော့နေတဲ့ ပုံလွှာ
အရိပ်ဖြူဖြူလေး ...............။          ။
                       ကြီး မြတ် သူ
Share:
သခင်​ ဖိုးလှကြီး
အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး
၁၂၉၉ - ခု၊ ၁၃ဝဝ ပြည့်နှစ် ရေနံမြေ သပိတ် ခေါင်းဆောင်တဦး ဖြစ်ခဲ့သူမှာ အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး ဖြစ်ပါသည်။ ဖိုးလှကြီးသည် မကွေးခရိုင်၊ သရက်လေးပင် ရွာ၌ မွေးဖွားသည်။ မိဘများမှာ သာမန် ဆင်းရဲသား ဇနီးမောင်နှံများ ဖြစ်ကြသည်ဟု ဆိုသည်။ မိဘများ၏ အမည်များနှင့် ဖိုးလှကြီး မွေးသက္ကရာဇ်ကို အတိအကျ မသိရသေးပါ။
ဖိုးလှကြီး၏ မွေးသက္ကရာဇ်ကို ခန့်မှန်း ယူဆမည် ဆိုလျှင် ၁၉၃၈ - ခု ရေနံမြေ အရေးတော်ပုံ ကာလ အတွင်း၌ သခင် ဖိုးလှကြီး၏ အသက်သည် ၃ဝ ပတ်ဝန်းကျင်တွင် ရှိသည် ဟူသော အချက်ကို မှန်းဆသောအားဖြင့် သူ၏ မွေးသက္ကရာဇ်မှာ ၁၉ဝ၈၊ ၁၉ဝ၉၊ ၁၉၁ဝ - ခုနှစ်လောက် ဖြစ်လိမ့်မည်ဟု ယူဆရန် အကြောင်း ရှိပါသည်။
ဇာတိမာန်
ဖိုးလှကြီး ၁၄ နှစ်သား အရွယ်ခန့်လောက်တွင် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ အစိုးရ၏ ဖိနှိပ် ချုပ်ချယ်မှုကို ခံခဲ့ရသည့် ဖြစ်ရပ်မှ စတင် လာခဲ့သည်။ ဇာတိသွေး၊ ဇာတိမာန်များ ရင်တွင်းမှ စတင် ပျိုးထောင် လာခဲ့သည်။ ထိုခေတ်ကာလက မြန်မာပြည်ကို အုပ်ချုပ်သော အင်္ဂ္လိပ် နယ်ချဲ့ အစိုးရသည် မြေခွန်၊ ယာခွန်များ မပေးဆောင်နိုင်လျှင် ပစ္စည်းသိမ်း၍ လေလံပစ်သည်။ သိမ်းရန် ပစ္စည်း မရှိလျှင် လူကိုဖမ်း၍ ထောင်ချသည်။ ဖိုးလှကြီး၏ ဖခင်မှာ မြေခွန်ဆောင်ရန် ငွေလည်းမရှိ၊ သိမ်းရန် ပစ္စည်းလည်း မရှိသဖြင့် လူဖမ်းခြင်း ခံရရှာလေသည်။ ၁၄ နှစ်သား အရွယ် ခပ်ငယ်ငယ် ဖိုးလှကြီးသည် သူ့ဖခင်အား ပုလိပ်များ ဖမ်းသွားသည်ကို မြင်လိုက်ရသည်။ သူ့မိခင်က မျက်ရည်စက်လက်နှင့် “မြေခွန် မပေးနိုင်လို့ ဖမ်းသွားတယ် သားရယ်” ဟူသော သူ့မိခင်၏ အပြောကိုကြားရင်း သူ့ရင်တွင်း ပြည့်ကျပ် ဆို့နစ်နေသော ဝေဒနာကို ခံစားခဲ့ရရှာသည်။ သူ့မိခင်သည် မကျန်းမာလျက် ပုလိပ်ကို ပုဆစ်တုတ် ထိုင်ရင်း တောင်းပန်သည်ကို ဖိုးလှကြီး မြင်သည်။ တိုးလျှိုး တောင်းပန်သော အပြုအမှုမျိုးကို ဖိုးလှကြီး မနှစ်မြို့။ တကယ်မရှိလို့ မပေးနိုင်သည်ကို ခွင့်လွှတ်ရန်သာ ရှိသည်။ ယခုကား ရက်စက်ရာ ကျလွန်းသည်။ လူမဆန်သော ပြုမှုချက်သာ ဖြစ်သည်ဟု သူယူဆသည်။ တိုင်းတပါးသားတို့၏ အုပ်စိုးမှုအောင်တွင် နေရသောကြောင့် ဤအပြုအမူမျိုး ခံစားရသည်ဟု ဖိုးလှကြီး မြင်လာသည်။ နယ်ချဲ့ အင်္ဂ္လိပ်ကို ရွံမုန်းစ ပြုလာသည်။
ဖိုးလှကြီးသည် နယ်ချဲ့ အင်္ဂ္လိပ်ကို တော်လှန် တိုက်ခိုက်ခဲ့သော ဗိုလ်လရောင်၏ ညာလက်ရုံး ဖြစ်ခဲ့ဖူးသူ ဘုန်းတော်ကြီးကျောင်းတွင် ပညာ သင်ကြားခဲ့ဖူးသည်။ ထိုဘုန်းတော်ကြီးသည် ဖိုးလှကြီးအား ဗိုလ်လရောင် ကျဆုံးပြီးနောက် အခြေမကျသဖြင့် ရဟန်းဘောင်သို့ ကူးပြောင်းခဲ့ရပုံ၊ အင်္ဂ္လိပ်တို့ ယုတ်ညံ့ - ညစ်ပတ်ပုံ၊ မြန်မာတို့ ဇာတိသွေးရှိပုံ၊ ထက်မြက်ပုံ၊ အမျိုးကို စောင့်ရှောက် ထိန်းသိမ်းထိုက်ပုံ၊ မြန်မာ့ မြေပေါ်မှ ယုတ်မာသော နယ်ချဲ့ အင်္ဂ္လိပ်တို့ကို မောင်းထုတ်ရမည့်ပုံ စသည်များကို ဇာတိမာန် တကွ်ွ့ကအောင် ပြောပြလေသည်။ ဖိုးလှကြီးသည် တစထက် တစ ဇာတိသွေး ဇာတိမာန် တကွ်ွ့ကသည်ထက် တကွ်ွ့ကလာလေသည်။
ကမ္ဘာစစ်
၁၉၁၄ - ခု၊ ၁၉၁၅ - ခုနှစ် ခန့်လောက်တွင် ပထမ ကမ္ဘာစစ်ပွဲကြီး ဖြစ်ပွားလေသည်။ အင်္ဂ္လိပ်တို့သည် ကမ္ဘာစစ်ပွဲ အတွက် စစ်သား စုဆောင်းသော အခါ မြန်မာပြည်မှ မြန်မာ လူမျိုးများလည်း အများအပြား ဝင်ရောက်ကြသည်။ ဤတွင် အင်္ဂ္လိပ်ကို တော်လှန် တိုက်ခိုက်ခဲ့သော ဘုန်းတော်ကြီးသည် ဖိုးလှကြီးအား စစ်ထဲဝင်ရန် တိုက်တွန်းသည်။ က္ဆွန်အဖြစ် နေရမည့် အတူတူ စစ်မှုထမ်းရင်း ကိုယ့်အတွက် အမြတ် ထုတ်သင့်သည်။ စစ်ရဲ့ အတွေ့အကြုံကို ကိုယ်တိုင် တတ်သင့်သည်။ စစ်ပညာ တတ်ထားပါမှ တနေ့ ဒီကောင်တွေကို ပြန်လှန် တိုက်ခိုက်နိုင်မည် စသည်ဖြင့် စစ်ထဲ ဝင်ချင်အောင် ဟောပြောသည်။
ဖိုးလှကြီးသည် နဂိုကမှ အင်္ဂ္လိပ်ကို မုန်းတီး ရွံရှာနေသူ တယောက် ဖြစ်၍ မကြာခင်ပင် စစ်ထဲ ဝင်ခဲ့လေသည်။ မက်ဆိုပိုတေးမီးယား စစ်ပွဲတွင် ပါဝင်ခဲ့သည်။ စစ်တပ်၌ အမှုထမ်း နေစဉ်တွင် မျက်နှာဖြူ အင်္ဂ္လိပ် စစ်ဗိုလ်များနှင့် မျက်နှာကြော မတည့်ပေ။ သူတို့အပေါ် အမြဲတမ်း မွာ့ကတွ်ွ့ကတ် ဘုကျကျ ဆက်ဆံခဲ့သည်။ မကြာခဏလည်း အချင်း များခဲ့ရသည်။ ဖိုးလှကြီးသည် မျက်နှာဖြူ အင်္ဂ္လိပ် တပ်ကြပ် တဦးနှင့် ကပ္ပလီ စစ်သား တဦး လက်ဝှေ့ ထိုးရာမှာ မတရားသဖြင့် ထိုးမှုကြောင့် အင်္ဂ္လိပ် တပ်ကြပ်ကို လက်ဝှေ့ တက်ထိုးသည့် အဖြစ်ကြောင့် တညလုံး အချုပ်ခံခဲ့ရသည်။ ゞင်းပြင် စစ်ပွဲတွင် အောင်ပွဲခံ၍ အရက်သေစာ စားသောက်ကြသော အခါ၌ ဖြစ်သည့် ဖြစ်ရပ်မှာ စိတ်ဝင်စားစရာ ဖြစ်ရပ် တခု ဖြစ်သည်။
ဖြစ်ရပ်မှာ ဤသို့တည်း။ အင်္ဂ္လိပ်များသည် ဘယ်အခါမဆို လူမျိုး ခြားထားသော အကျင့်ရှိသည်။ ကုလား၊ မြန်မာ၊ ကပ္ပလီ စသော အခြားသူများကို သူတို့နှင့် တန်းတူရည်တူ မထားပေ။ အစဉ်အမြဲ ခွဲခြားထားလေ့ ရှိသည်။ ယခု အောင်ပွဲခံရာ၌ အသားမည်း၊ အသားညို၊ အသားဝါ စစ်သားများက တခြား၊ သူတို့ လူဖြူ စစ်သားတို့က ရွက်ထည်တဲဖြင့် တနေရာ ကျကျနန လူခွဲ၍ စားသောက်ကြသည်။ အစား အစာများမှာလည်း အစာချင်း မတူ၊ သူတို့က ပိုကောင်းသည်။ ကြက်သားကင်၊ ကြက်သားကြော်၊ ဆိတ်သား၊ သိုးသား၊ အမဲသား စသော အကြော်အနှပ်တို့က တင်းကြမ်း၊ ဝီစကီ၊ ဘရမ်ဒီ စသော အရက် သေစာ တို့ကလည်း အကောင်းစား၊ သောက်မကုန် စားမခန်း။ အသားညို အသားမည်း၊ အသားဝါ အုပ်စုမှ ဖိုးလှကြီးသည် ဤသို့ ခွဲခြားသည်ကို မခံရပ်နိုင် ဖြစ်လာသည်။ သူ့စိတ်ထဲမှာ အတော်ဒေါသ ထွက်နေသည်။ ထို့ကြောင့် ゞင်းအား ပေးလာသည့် အရက်ခွက်ကို မသောက်ဘဲ စားပွဲပေါ်သို့ တအား ပစ်ပေါက် ချလိုက်သည်။ ယင်းနောက် စားပွဲပေါ်သို့ ခုန်တက်ကာ “စစ်မြေပြင် တိုက်တုန်းက အတူတူ၊ ခု အောင်သေ အောင်သားစားတဲ့ အခါကျတော့ ခွဲခြား ထားကြတယ်။ အင်္ဂ္လိပ်တွေ သိပ်လူပါးဝတယ်။ ကုလားလဲ ကျွန် မဟုတ်၊ မြန်မာလဲ ကျွန် မဟုတ်၊ ကပ္ပလီလဲ ကျွန် မဟုတ်။ အင်္ဂ္လိပ် မျောက်ကောင်တွေက မတရား ကျွန်လုပ်ထားလို့ ခံနေရတယ်။ ဒီထဲမှာ သတ္တိရှိတဲ့သူ ထွက်ခဲ့ကြ။ အင်္ဂ္လိပ်မျောက်တွေနဲ့ အရက်အတူတူ သောက်မယ်ကွ” ဟု ကုလားလို ပြောလိုက်သည်။ အားလုံးငြိမ်၍ နားထောင် နေကြသည်။ တုတ်တုတ်မျှ မလှုပ်၊ အံ့အားသင့် နေကြသည်။ ကုလားစစ်သား ၃ ယောက်ခန့် နေရာမှထကာ ဖိုးလှကြီး စကားကို ထောက်ခံသည်။ အင်္ဂ္လိပ် စစ်သားများနှင့် အရက်အတူ သောက်ရန် သဘောတူကြသည်။ ဖိုးလှကြီး ခေါင်းဆောင်သော လူတစုသည် အင်္ဂ္လိပ် စစ်သားများ ရှိရာ ရွက်ထည်တဲသို့ ဝင်ကာ ခပ်တင်းတင်းပင် အသင့် ထည့်ထားသော အရက်ခွက်များကို ရဲတင်းစွာ သောက်လိုက်ကြသည်။ အစားအစာများကိုလည်း ယူစားကြသည်။ မျက်နှာဖြူ စစ်သားများသည် ပထမ အံ့အားသင့် နေကြသည်။ နောက်တော့ ဆဲဆိုကာ တဲအတွင်းမှ ထွက်သွားရန် နှင်ထုတ်ကြသည်။ ဖိုးလှကြီးက ထွက်မသွားသေးဘဲ “ဘာလဲကွ၊ မင်းတို့က အသေခံ တိုက်ပွဲဝင်တော့ အတူတူ၊ စားတဲ့ သောက်တဲ့ နေရာကျတော့ ခွဲခြမ်း ခွဲခြမ်းနဲ့၊ မင်းတို့ချည်း ကောင်းကောင်းစားလို့ ဘာရမလဲကွ။” ဟု ပြောပြောဆိုဆို စားသောက်ဖွယ်ရာများ တင်ထားသော စားပွဲကို ဆွဲမှောက် ပစ်လိုက်သည်။ နောက်ဆုံးတွင် ထုံးစံအတိုင်း ဖိုးလှကြီးမှာ တပ်တွင်း အချုပ် ခံရလေသည်။ *လုပ်သားပြည်သူ့ သတင်းစာ ဆောင်းပါး၊ ၁၁ - ၆ - ၁၉ရဝ။
ဖိုးလှကြီးသည် စစ်မြေပြင်တွင် ၃ နှစ် အမှုထမ်းခဲ့သည်။ ထိုစဉ်က စစ်ပြန်များ မြေယာကို ပေးလေ့ရှိသည်။ အမှုထမ်းလိုကလည်း ထိုက်သင့်ရာ အလုပ်ကို ပေးသည်။ တနည်းအားဖြင့် အင်္ဂ္လိပ်များအား လေးစား ကြည်ညိုလာအောင် စည်းရုံးသော နည်းပရိယာယ် တခုပင် ဖြစ်သည်။ ဖိုးလှကြီးသည် ဗမာ့မြေကို ဗမာပိုင်သည်။ အင်္ဂ္လိပ်က ပေးစရာမလိုဟု ယူဆကာ သပ်ဆိုင်ရာရုံးသို့ မသွားဘဲ မြေယာများကို မယူခဲ့ပေ။
အလုပ်ကြမ်းသမား
ဖိုးလှကြီးသည် ရေနံမြေ အလုပ်ကြမ်းသမား အဖြစ်ဖြင့် ဝင်ရောက် လုပ်ကိုင်နေသည်။ လစာနှင့် အလုပ်အကိုင် အနေအထိုင်မှာ မျှတမှု မရှိခဲ့။ ဆင်းရဲပြီး အလွန် နုံချာလှသည်။ လူစဉ်မီအောင် အနိုင်နိုင် အားခဲရသည်။ အင်္ဂ္လိပ် မျက်နှာဖြူများနှင့် အင်္ဂ္လိပ်ကပြားများမှာ တိုက်တာ အဆောက်အအုံနှင့် ကားနှင့် ဝင်းခြံနှင့် ဇိမ်ယစ် နေကြ နတ်ပြည် ရောက်နေကြသည်။ ဖိုးလှကြီးတို့လို အလုပ်ကြမ်းသမားများ ကျတော့ ငရဲပြည် ရောက်နေ ကြသည်နှင့် တူလှသည်။ အင်္ဂ္လိပ် မျက်နှာဖြူများက နတ်ပြည် နတ်သားတွေ၊ မြန်မာ အလုပ်သမားတွေက ငရဲပြည် ငရဲသားတွေ၊ အထက်ဘဝဂ်၊ အောက်အဝီစိ ဖြစ်နေကြသည်။ ဖိုးလှကြီးသည် ရေနံမြေ အလုပ်သမားကြီးများ ဘဝ အခြေကို ရင်နာမိသည်။ မျက်နှာဖြူများ မတရား အုပ်စီးထားမှုကို လေ့လာသည်။ စူးစမ်းသည်။ ဆင်ခြင်သည်။ အလုပ်သမားများကို မျက်စိပွင့်ရန် ဆော်ဩသည်။ သတ္တိ ရှိစေရန် သွေးစည်းသည်။ စည်းလုံး ညီညွတ်မှု ရှိရန် ဖန်တီးသည်။
ဖိုးလှကြီးသည် ရေနံမြေ စတိုစာရေးကြီး ဦးညီခင်၏ သမီး မညွန့်နှင့် အိမ်ထောင်ကျသည်။ လူငယ်ချင်း မေတ္တာမျှ၍ ခိုးပြေးကြခြင်း ဖြစ်သောကြောင့် မညွန့်၏ မိဘများက အမွေပြတ် စွန့်ပစ်ခဲ့သည်။ ဖိုးလှကြီးတို့ ဇနီးမောင်နှံကား တူနှစ်ကိုယ် တဲအိုပျက်မှာ နေရစေကာမူ ပျော်တပြုံးပြုံး မော်မဆုံးခဲ့၊ ချစ်တာသာ ပဓာန ဆိုရိုးစကား ရှိခဲ့သည် မဟုတ်ပါလား။
၁၉၃၈ ခုနှစ်တွင် အလုပ်သမားများက တစ်နှစ်လျှင် လုပ်ခမပျက် ခွင့်ရက် ၃ဝ ရက် ပေးရန် တောင်းဆိုကြသည်။ ယင်းအပြင် လိုလားချက် ၁၂ ချက်ကိုပါ တောင်းဆို လိုက်ကြသည်။ အင်္ဂ္လိပ် မျက်နှာဖြူပိုင် ကုမ္ပဏီများက လိုက်လျောခြင်း မပြုသဖြင့် ၁၉၃၈ ခု၊ ဇန်နဝါရီလ ၈ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်) စနေနေ့တွင် ရေနံမြေ သပိတ်ကြီး စတင် မှောက်ကြသည်။ လုပ်ငန်းများ ဆောင်ရွက်ရန် သခင်လေးမောင်၊ သခင်မြ၊ သခင်သင်၊ သခင်ခင်၊ သခင်အောင်ဖေ၊ သခင်ခ၊ သခင်ဘတင်၊ သခင်လှိုင်၊ ဦးဘလှိုင်၊ သခင်ဖိုးလှကြီး တို့အား ရွေးချယ်ကြသည်။ သပိတ်တပ်ကို ရန်ကုန်သို့ ချီတက်ရန် သခင်ဖိုးလှကြီး ခေါင်းဆောင်၏။
အာဠာဝက
မကွေးသို့ ရောက်သောအခါ သခင် ဖိုးလှကြီးကို အင်္ဂ္လိပ် လက်ပါးစေတို့က ဖမ်းလိုက်သည်။ သပိတ်တပ် နတ္တလင်းသို့ ရောက်သော အခါ (ဒီဇင်ဘာ ၂၄ ရက်နေ့တွင်) သခင်ဖိုးလှကြီး ပြန်လွတ်လာသည်။ သခင် ဖိုးလှကြီးသည် သပိတ်တပ်နှင့် ထပ်မံ တွေ့ပြန်သော အခါ ခေါင်းဆောင် လုပ်ပြန်လေသည်။ သခင် ဖိုးလှကြီးကို သပိတ် တပ်သားများက အားရ ရွှင်လန်းစွာဖြင့် “အာဠာဝက - ကွ” ဟု အမည်ပေး ကင်ပွန်း တပ်ကြသည်။ ဤသည်မှ စပြီး “အာဠာဝက - သခင်ဖိုးလှကြီး” ဟု တွင်ရစ် ခဲ့တော့သည်။
အရူးထောင်သို့
အာဠာဝက သခင် ဖိုးလှကြီးသည် ရေနံမြေ သပိတ်တပ်ကြီး ရန်ကုန်သို့ ရောက်သောအခါ သပိတ် စခန်းချ နေစဉ် အတွင်းမှာပင် ဓနိတော ဘီ၊ အို၊ စီနှင့် အိုင်၊ ဘီ၊ စီ စက်ရုံများမှ အလုပ်သမားများ အရေးကို ဆောင်ရွက်ခဲ့သည်။
အခွင့်အရေးများ ကိုလည်း တောင်းစေခဲ့သည်။ အင်္ဂ္လိပ် နယ်ချဲ့ ဓနရှင်များသည် သပိတ် ခေါင်းဆောင် အချို့ကို ဖမ်းသည်။ အချို့ကို အပြစ်ပေး၍ ထောင်ချသည်။ ခေါင်းဆောင် စာရင်း ပေးသော အခါ အာဠာဝက သခင် ဖိုးလှကြီး အမည်ကို ပယ်ချလိုက်သည်။ ဦးနှောက်မကောင်း၊ ရူးနေပြီဟု အကြောင်းပြကာ ဖိုးလှကြီးကို အရူးထောင်သို့ ပို့လိုက်သည်။ စည်းလုံး ညီညွတ်နေသော သပိတ်တပ်သားများ ကိုလည်း ခွဲပစ်လိုက်သည်။
အာဠဝက သခင် ဖိုးလှကြီး အရူးထောင်မှ ပြန်လာသော အခါ သပိတ်တပ်သား ၂ဝဝ ခန့်သာ ရှိတော့သည်။ ခေါင်းဆောင် အချို့မှာ အခွင့်အရေး ယူသွားကြသည်။ အားနည်း ကွဲပြားအောင် ဓနရှင် အင်္ဂ္လိပ်တို့က အမျိုးမျိုး အဖုံဖုံ လုပ်ဆောင် ဖန်တီးကြသည်။ သခင် ဖိုးလှကြီးမှာ စိတ်အပျက်ကြီး ပျက်ကာ ကိုရင်ကြီး ဝတ်သွားရှာသည်။ ကိုရင်ကြီးဝတ်နှင့် “သပိတ်စစ်ပွဲ” အမည်ရှိ စာအုပ်ကို ရေးသည်။ ရသောငွေကို ရန်ပုံငွေ အဖြစ် သုံးသည်။ စိတ်မလျော့သေးဘဲ လူဝတ်လဲကာ လက်ကျန် သံမဏိ သပိတ်တပ် ၂ဝဝ ခန့်ဖြင့် ရှေ့တလှမ်း တိုးပြန်သည်။ ပထမ သပိတ်စခန်းကို ရွှေတိဂုံ ဘုရားတွင် ထားသည်။ နောက်မှ ခြောက်ထပ်ကြီး ဘုရား၊ ゞင်းမှတဆင့် ကိုးထပ်ကြီးသို့ အဆင့်ဆင့် ချီတက်ကာ အဓိဌာန် ပြုကြသည်။
သရဏဂုံ တင်
အာဠာဝက သခင် ဖိုးလှကြီးသည် သံမဏိ တပ်သားများအား မိမိတို့ကိုယ်ကို မိမိတို့ သရဏဂုံ တင်ရန် တိုက်တွန်းပြီး အသုဘဖိတ်စာ ၁,ဝဝဝ ရိုက်၍ ဝေငှပြီး အစာငတ် အသေခံ ဆန္ဒပြကြသည်။ ကိုးထပ်ကြီး ဘုရားရှိ သပိတ် စခန်းသို့ ကြည့်ရှုလာသော ပရိတ်သတ်များ တိုးမပေါက်အောင် စည်ကားလှသည်။ ဆေးလိပ်၊ ကွမ်း၊ သားရေစာ စသည့် ပစ္စည်းများ လှူဒါန်းကြသူ များမှာလည်း အများအပြား ရှိသည်။ ဦးပု ညွန့်ပေါင်း အစိုးရကလည်း ကျေအေးရန် အစွမ်းကုန် ကြိုးစားကြသည်။ အလုပ်ပြန်ဝင်လျှင် စပေါ်ငွေ ၁ဝ ကျပ်၊ ထမင်းဖိုး ၃ ကျပ် ပေးမည်ဟု ဖျောင်းဖျကြသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း “တပည့်တွေ ဘာမဟုတ်တဲ့ ပုရွက်ဆိတ်နဲ့ နပန်းလုံးပြီး အသေမခံနဲ့ဦး၊ ရှေ့မှာ ကျားနဲ့လုံးဖို့ ရှိသေးတယ်” ဟု ဆုံးမပြန်သည်။ ယင်းတို့ကြောင့် သခင် ဖိုးလှကြီးတို့ သံမဏိ သပိတ်တပ်သားများ အစာပြန်စားရန် ဆုံးဖြတ်ပြီး ရေနံမြေသို့ ပြန်ကြလေသည်။
အာဠာဝက သခင် ဖိုးလှကြီးသည် အလုပ်သို့ ပြန်မဝင်တော့ဘဲ အလုပ်သမား အစည်းအရုံးတွင် အချိန်ပြည့် ထိုင်ကာ အလုပ်သမား အကျိုး ဆောင်ရွက်သည်။ ၁၉၄ဝ ခုနှစ်တွင် ရေနံမြေ စခန်းထ၍ လှုပ်ရှားရန် အာဠာဝက သခင် ဖိုးလှကြီးနှင့် သခင်တစုတို့ ကြိုးစားကြပြန်သည်။ လုပ်သားထု လွှတ်တော် ကျင်းပရန် ကြံစည်ကြသည်။ အစည်းအဝေး ၂ ရက် အလိုတွင် လူဖမ်းဝရမ်းပြ၍ အာဠာဝကသခင် ဖိုးလှကြီးနှင့် အပေါင်းပါ သခင်တင်၊ သခင် ဘိုးသာ၊ သခင်မာတို့ကို ဖမ်းသွားကြသည်။ သခင် ဖိုးလှကြီးနှင့် ခေါင်းဆောင် အချို့အား မြစ်ကြီးနား ခရိုင်သို့ နယ်နှင်ဒဏ် ပေးလိုက်သည်။
ရေနံမြေသို့
မြစ်ကြီးနား ခရိုင်တွင် ဥမကွဲ သိုက်မပျက် နေထိုင်ကြရင်း ဒုတိယ ကမ္ဘာစစ်ကြီး နီးကပ် လာသောကြောင့် နယ်ချဲ့ အစိုးရက အာဠာဝက သခင် ဖိုးလှကြီးတို့အား ဗန်းမော်ထောင်သို့ ပို့လိုက်သည်။ ဗိုလ်ချုပ် အောင်ဆန်းတို့ ဦးစီးသော ရဲဘော်သုံးကျိပ်မှ ဘီ၊ အိုင်၊ အေနှင့် ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာသော အခါ မြန်မာ့ တပ်မတော်သည် သခင် ဖိုးလှကြီးတို့အား ဗန်းမော်ထောင်မှ ထုတ်ယူခဲ့သည်။ အခြား အဖမ်းခံ နိုင်ငံရေး ခေါင်းဆောင်များ ကိုလည်း ထောင်မှ ထုတ်ယူ၍ နေရင်းသို့ အသီးသီး ပို့ပေးခဲ့သည်။
အာဠာဝက သခင် ဖိုးလှကြီးကိုမူ ဗန်းမော်မြို့၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူ အုပ်ချုပ်စေခဲ့သည်။ ဂျပန်တို့သည် ရေနံမြေကို ပြန်စသော အခါ သခင် ဖိုးလှကြီးသည် မိမိ ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူး ရာထူးကို ပြန်အပ်ခဲ့ပြီး ရေနံမြေသို့ ပြန်လာခဲ့သည်။
ဘဝနိဂုံး
ရေနံမြေသို့ ရောက်သောအခါ သခင်မြ၏ ပြောပြချက် အရ အခြား လုပ်ငန်းများကို မပေးဘဲ ချောက်မြို့၏ အုပ်ချုပ်ရေး ရာထူးကို ပေးသည်။ ဂျပန်ခေတ် အတွင်း သခင် ဖိုးလှကြီးသည် အစာအိမ်ရောဂါ ဖြစ်၍ သခင်မြ၊ သခင်ကျော်စိန်တို့၏ တိုက်တွန်းချက် အရ ရန်ကုန် ဆေးရုံကြီးသို့ တက်ရောက် ကုသရင်း ဘဝတပါးသို့ကွယ်လွန် သွားရှာသည်။
Share:
NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.
Labels