အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


နိုင်/ကျဉ်း မိသားစုဝင်များအား ပညာသင်ထောက်ပံ့ကြေး ပေးပွဲ

နိုင်/ကျဉ်း မိသားစုဝင်များအား ပညာသင်ထောက်ပံ့ကြေး ပေးပွဲ:
 

နိုင်ငံရေး အကျဉ်သားတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ မိသားစုဝင် သားသမီးတွေကို ပညာသင်
ထာက်ပံ့ကြေး ပေးအပ်ပွဲကို ရန်ကုန်မြိ့၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများ အဖွဲ့ နဲ့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP တို့ ၃ ခုပေါင်းပြီး စီစဉ်ခဲ့ ပါတယ်။ 

NLD နှင့် AAPP တို့ ပူးပေါင်းကာ လက်ရှိ နိုင်ငံရေး အကျဉ်းသား မိသားစုများအတွင်း ပညာသင်နေသူများ အား ထောက်ပံ့ပွဲကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင် ကျင်းပပြု လုပ်ကြောင်း၊ တဦးလျှင် ကျပ် ၁ သိန်းစီဖြင့် AAPP မှ ထောက်ပံ့သူ ၅၈ ဦး၊ NLD မှ ထောက်ပံ့သူ ၇၁ ဦးတို့ အား ပေးအပ်ကြောင်း သိရပါတယ်။ 
ဒီအကြောင်း ရုပ်/သံကို ဧရာဝတီက တင်ဆက်လိုက်ပါတယ်။ 



Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive