အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


အညတရသူရဲကောင်းတစ်ဦးနှင့် တွေ့ဆုံခြင်း

အညတရသူရဲကောင်းတစ်ဦးနှင့် တွေ့ဆုံခြင်း:



(၉၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်ပွဲကို ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက် နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်မြို့တွင်ကျင်းပ ပြုလုပ်ခဲ့ပြီး အညတရသူရဲကောင်း ဆုကို နိုင်ငံရေးအကျဉ်းသား (၅) ဦးသို့ ချီးမြှင့်ခဲ့ပါသည်။ ထိုငါးဦး အနက်မှ ကိုအောင်သီဟ(ခ) အောင်လှိုင်ဝင်း(ခ)တာတီးနှင့် တွေ့ဆုံမေးမြန်းခဲ့ပုံများကို ဖော်ပြ အပ်ပါသည်။

မေး။    ကိုအောင်သီဟ ခင် ဗျား၊ ဒီချုပ်ကကြီးမှူးကျင်းပခဲ့တဲ့ အညတရသူရဲကောင်းဆုချီးမြှင့်ခံ ခဲ့ရတယ်လို့ သိရှိရပါတယ်။ ဒီဆု ကို ချီးမြှင့်ခဲ့တဲ့ပုဂ္ဂိုလ်များ၊ အဖွဲ့ များနဲ့ ရည်ရွယ်ချက်များကို ပြော ကြားပေးစေလိုပါတယ်။

ဖြေ။    ဟုတ်ကဲ့ပါခင်ဗျာ၊ ကျွန်တော်သိရတာကတော့ ဒီချုပ်က အဘဦးဝင်းတင်ရယ်၊ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်း သားများအဖွဲ့ချုပ်ရယ်၊ ဂျပန်နိုင်ငံ ရောက် မြန်မာမိသားစုများက ပူး ပေါင်းစီစဉ်ပြီး ချီးမြှင့်တာလို့ သိရပါတယ်။ ဒီဆုရည်ရွယ်ချက် ကတော့ ဒေါ်ဖြူဖြူသင်းရဲ့ပြော ပြချက်အရဆိုရင် ‘အညတရ သူရဲ ကောင်းဆိုတဲ့အတိုင်း နာမည် လည်းမကြီး၊ ထင်ပေါ်ကျော်ကြား ခြင်းလည်းမရှိ လွတ်မြောက်လာ တဲ့နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုချီးမြှင့်ခြင်းလို့’ဆိုရမှာဖြစ် ပါတယ်။

မေး။    ကိုအောင်သီဟရဲ့ မိဘများ၊ မွေးဖွားရာဇာတိနဲ့ ငယ် စဉ်ဘဝလေးကို သိချင်ပါတယ် ခင်ဗျား။

ဖြေ။    ကျွန်တော့်ကို ဖခင် ဦးမြဝင်းနဲ့ မိခင်ဒေါ်တင်မြတို့က (၁၉၇၅)ခုနှစ်မှာ ပဲခူးတိုင်းဒေသ ကြီး၊ အုတ်တွင်းမြို့မှာ မွေးဖွားခဲ့ ပါတယ်။ ဖခင်ဖြစ်သူက နိုင်ငံဝန် ထမ်းဖြစ်တဲ့အတွက် တာဝန်ကျ ရာ ဒေသအတိုင်းလိုက်နေရင်း ရေတာရှည်မြို့အထက်တန်း ကျောင်းမှာ(၁ဝ)တန်းအထိ ပညာသင်ကြားခဲ့ပါတယ်၊ အဲဒီ ကနေ (၁၉၈၈)ခုနှစ် အရေး အခင်းကာလမှာ ပါဝင်လှုပ်ရှား ရင်း ကိုမိုးသီးဇွန် ဦးဆောင်လှုပ် ရှားတဲ့ ABSDF အဖွဲ့နယ်မြေကို ရောက်ရှိခဲ့ပြီးPP(21), People Power (21)century (၂၁)ရာစု ပြည်သူ့စွမ်းအား)အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး (PD)နိုင်ငံရေးအံတုမှု သင်တန်းများကို တက်ရောက်ခဲ့ ပါတယ်။

မေး။    အဲ့ဒီ PP(၂၁)အဖွဲ့နဲ့ အတူလှုပ်ရှားခဲ့ပြီးနောက် ဘယ် လိုနိုင်ငံရေးအကျဉ်းသားဖြစ်သွား တာလဲ။

ဖြေ။    အဲ့ဒီလိုလှုပ်ရှားနေ ရင်း ၂ဝဝဝ ပြည့်နှစ်၊ ဧပြီလ (၁၂) ရက်နေ့မှာ ကျွန်တော့်ကို မြဝတီ မြို့မှာ လုံခြုံရေးအဖွဲ့များရဲ့ ဖမ်း ဆီးမှုကိုခံခဲ့ရပါတယ်။ အဲ့ဒီအချိန် မှာ ကျွန်တော့်အသက်(၂၅)နှစ် ရှိပါပြီ။ ဘားအံမှာရှိတဲ့အမှတ် (၂၅)တပ်မတော်ထောက်လှမ်းရေး တပ်က ခေါ်ဆောင်သွားပြီး စစ် ကြောရေးအဝင်ခံရပါတယ်။ အဲဒီ နောက် အင်းစိန်အကျဉ်းထောင် ကို ပို့လိုက်ပြီး၂ဝဝဝ ပြည့်နှစ်၊ ဇွန်လ(၂၆)ရက်နေ့မှာ အမိန့်ချ မှတ်ခဲ့ပါတယ်။

မေး။    ဘယ်လိုအမိန့်ချမှတ် ပြီး ပြစ်ဒဏ်ဘယ်လောက်သတ် မှတ်ခဲ့ပါသလဲ။

ဖြေ။    နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)နဲ့ သေဒဏ်၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ ပြစ်ဒဏ်(၃)နှစ်၊ ပုဒ်မ ၁၃(၁)အရ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုနဲ့ ပြစ်ဒဏ်(၅)နှစ် ဆိုပြီး အမိန့်ချမှတ်ခံခဲ့ရပါတယ်။

မေး။    အဲ့ဒီလို အမိန့်ချမှတ် ပြီး အကျဉ်းထောင်မှာနေခဲ့ရတဲ့ အတွေ့အကြုံလေးတွေကိုလည်း ရှင်းပြပေးပါဦး။

ဖြေ။    ဟုတ်ကဲ့ အင်းစိန် အကျဉ်းထောင်ကိုရောက်ပြီးတော့ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက် နေ့မှာ အကျဉ်းသားများစုပေါင်း ပြီး ဆန္ဒပြတောင်းဆိုမှုကြောင့် ခွေးတိုက်ကိုပို့ပြီး စစ်ကြောရေး ပြုလုပ်ခဲ့တယ်၊ အသားကုန် အနှိပ် အစက်ခံခဲ့ရပြီးတဲ့နောက် ပုသိမ် ထောင်ကိုပြောင်းရွှေ့ပို့ဆောင်ခံ ခဲ့ရပါတယ်။ ၂ဝဝ၃ ခုနှစ်မှာ ကျွန် တော်အပါအဝင် အကျဉ်းသား (၇)ဦးက (၅)ရက် အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်၊ ရန်ကုန်က ကိုမျိုးမင်းဇော်၊ ကိုကျော်ဇင်ထွေး၊ ကိုသိန်းဌေး(ဒေါပုံNLD)နဲ့ ပျဉ်း မနားက ကိုနေအောင်၊ ပဲခူးက ကိုမျိုးသန်းနဲ့ ကိုမျိုးအေး ညီအစ် ကိုနှစ်ယောက်လည်းပါတယ်၊ အဲဒီနောက် အင်းစိန်အကျဉ်း ထောင်ကိုပြန်ပို့ပြီး ဆူပူမှုဖြစ် အောင် ဖန်တီးတယ်ဆိုပြီး အကြောင်းပြချက်နဲ့ မန္တလေး အိုးဘိုထောင်ကို ကျွန်တော်ရယ် ကိုမျိုးဇင်နဲ့ ကိုကျော်ဇင်ထွန်းတို့ ကို အပို့ခံခဲ့ရပါတယ်။

မေး။    ထောင်ထဲမှာနေထိုင် ခဲ့ရတဲ့ ဘဝအတွေ့အကြုံလေး တွေကိုလည်း ပြောပြပေးပါဦး။

ဖြေ။    သေဒဏ်ပေးခံခဲ့ရတဲ့ ဘဝ၊ ကြိုးသမားတစ်ယောက် အနေနဲ့ကတော့ အများကြီး အကျပ်အတည်း အခက်အခဲတွေ ရှိခဲ့တာပေါ့၊ ဒုက္ခတွေလည်း အများကြီးခံစားခဲ့ရတာပေါ့၊ ဒါပေမဲ့ ၂ဝ၁၁ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှာ ကြိုးမိန့်ကိုဖြုတ်ပေးပြီး တစ်သက်တစ်ကျွန်းကနေ (၈)နှစ် ပြစ်ဒဏ်နဲ့ လွတ်ရက်မရှိကြောင်း ပြောင်းလဲသတ်မှတ်ခဲ့တယ်၊ စား ရေးသောက်ရေးအနည်းငယ်အဆင် ပြေလာတယ်၊ စာဖတ်ခွင့်နဲ့ ဘာ သာရေးပြုလုပ်ခွင့်တွေရလာတယ်။

မေး။    ဟုတ်ကဲ့ပါ အခုလို အခြေအနေမျိုးမှာ လွတ်မြောက် လာခဲ့တဲ့အကြောင်းလေးကိုလည်း ရှင်းပြပါဦး။

ဖြေ။    ကျွန်တော့်ရှေ့က လွတ်သွားခဲ့တဲ့သူတွေကိုကြည့်ပြီး ကိုယ်လွတ်မယ့်ရက်ကိုတော့ ကြို မတွေးထားပါဘူး၊ ဘာလို့လည်း ဆိုတော့ အထဲမှာလည်း နေတတ် ထိုင်တတ်တဲ့ အကျင့်နဲ့တည်ငြိမ် မှုကတော့ ရရှိနေပါပြီ၊ အဲ အဲ့ဒီ အချိန်မှာပဲ အမေရိကန်နိုင်ငံက သမ္မတအိုဘားမား မြန်မာပြည် လာတဲ့နေ့ နိုဝင်ဘာလ(၂၉)ရက် နေ့မှာ အပြီးသတ် လွှတ်ပေးခဲ့ တာကို ခံစားခဲ့ရပါတယ်။ ဝမ်း လည်းသာပေမဲ့ အလွန်ကြီးလည်း မပျော်ခဲ့ရပါဘူး၊ အထဲမှာ ကျန် ခဲ့တဲ့သူတွေကလည်း ရှိနေသေး တာကို၊ ခန့်မှန်း (၁၂၅)ဦးမှာ နိုင်ငံ ရေးအကျဉ်းသား (၄၇)ဦး လောက် ကျန်ခဲ့သေးတယ်လေ။

မေး။    လွတ်မြောက်လာပြီး နောက် ဘာတွေလုပ်ခဲ့ပြီး ဘာ တွေဆက်လုပ်ဦးမယ်ဆိုတာလေး ကိုလည်း နောက်ဆုံးအနေနဲ့ ပြောပြပေးစေချင်ပါတယ်။

ဖြေ။    ပထမဦးဆုံး ကျွန်တော့် မွေးရပ်မြေကို ပြန်ရောက်ပြီးတဲ့ နောက် မိဘဆွေမျိုးတွေ၊ သူငယ် ချင်းဟောင်းတွေနဲ့ တွေ့ခဲ့ရတယ်၊ ဖြတ်သန်းခဲ့ရတဲ့ဘဝနဲ့အသက် အရွယ်အရ ရင့်ကျက်တည်ငြိမ် မှုရှိလာခဲ့တယ်၊ အသက် (၁၈) နှစ်ပြည့်မလဲရသေးတဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြားဖမ်းဆီးခံရစဉ်က ပါသွားတဲ့အတွက် အသစ်ပြုလုပ် ဖို့ သက်ဆိုင်တဲ့သူတွေကို ပြော တဲ့အခါမှာ အခက်အခဲလေး တွေတော့ရှိနေသေးတယ်၊ လွတ် မြောက်ပြီး နှစ်ပတ်လောက်မှာပဲ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်း သားဟောင်းများ အဖွဲ့ချုပ်က လာရောက်ဆက်သွယ်ပြီး လိုအပ် ချက်များကို ဆက်လက်ပြုလုပ်ဖို့ ရှင်းပြခဲ့ပါတယ်၊ ဒီမိုကရေစီ အရေးကို စစ်မှန်စွာ ဖော်ဆောင် တဲ့မည်သည့်ပါတီအဖွဲ့အစည်း အင်အားစုများကိုမဆို အတူပူး ပေါင်းဆောင်ရွက်သွားဖို့ ဆုံးဖြတ် ချက်ချထားပြီးဖြစ်ပါတယ်။

မေး။    အခုလိုပြည့်စုံစွာ ပြောကြားပေးသွားတဲ့အတွက် အညတရသူရဲကောင်းဆုရှင် ကို အောင်သီဟကို အထူးကျေးဇူး တင်ရှိပါကြောင်းနဲ့ ဒီမိုကရေစီ အရေး ခရီးလမ်းကြောင်းမှာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ ကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

ဖြေ။    ကျွန်တော်ကလည်း ထပ်တူထပ်မျှ ဆန္ဒပြည့်ဝပါရစေ မယ်လို့ ကတိပြုအပ်ပါတယ်။

မင်းနေနိုင်
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive