အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သတ်သည်များကို တရားလွှတ်တော် ရှေ့နေများ ဆွေးနွေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သတ်သည်များကို တရားလွှတ်တော် ရှေ့နေများ ဆွေးနွေး:

2.18.1
                           ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆွေးနွေးပွဲအခမ်းအနား ကျင်းပနေစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သက်သည်များကို ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲအမှတ်စဉ် (၂) တွင် တရားလွှတ်တော် ရှေ့နေများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဒီမိုကရေစီ ပန်းတိုင်းကို ချီတက်နိုင်မည့် ဥပဒေမျိုး မဟုတ်သည့်အတွက် ပြင်ဆင်ရန် သို့မဟုတ် အသစ်ရေးဆွဲရန် လိုအပ်ဟု ဥပဒေပညာရှင်များက ပြောနေကြကြောင်း ၎င်းကပြောကြားခဲ့သည်။
ဦးကိုနီက “၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ရေးဆွဲစဉ်က အမျိုးသား ညီလာခံမှာ ဆောင်ရွက်နေတဲ့ ဥပဒေရေးဆွဲရေးကို ဝေဖန်ရင် ထောင်ငါးနှစ်ကနေ ၂၀ နှစ်ထိ ချမယ့်ဥပဒေ ပြဌာန်းပြီး ပြည်သူတွေရဲ့ ပြောရေးဆိုခွင့်ကို ပိတ်ပင်ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ်တော့ ဒီမိုကရေစီစံညွှန်းနဲ့ မညီဘူး။ ယုတ္တိဗေဒဆိုင်ရာ ရှုထောင့်ကကြည့်မယ် ဆိုရင်လည်း ယုတ္တိမရှိဘူး။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှမရှိတဲ့ ဥပဒေပြဌာန်းချက်မျိုး ဖြစ်နေတယ်”ဟု ပြောကြားသည်။
“နိုင်ငံရေးအနေနဲ့ ကြည့်ရင်လည်း ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီနိုင်ငံရေး စနစ်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ပြဌာန်းချက်တွေ ဒီ Constitution မှာ ပါနေပါတယ်။ ဒါကြောင့်ပြန်ပြင်ဖို့ လိုတယ်။ ပြန်ပြင်တာနဲ့ အသစ်ရေးတာ ဘယ်ဟာပိုကောင်းမလဲဆိုတာကို ပြောကြတယ်။ ပြန်ပဲပြင်ပြင် အသစ်ပဲရေးရေး သေချာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးသည် ကောင်းမွန်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်နိုင်မယ့် ဥပဒေမျိုး မဟုတ်တာတော့ သေချာပါတယ်” ဟု ဦးကိုနီက ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားမူလ အခွင့်အရေးနှင့် တာဝန်များခေါင်းစဉ်ဖြင့် ရှေ့နေဦးကိုနီက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံသားများ၏ အခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရေးဆွဲထားရုံနှင့် မလုံလောက်ဘဲ နိုင်ငံသားများ လက်တွေ့ခံစားရနိုင်ရန်အပြင်၊ မခံစားရနိုင်အောင် ပိတ်ပင်ထားသူများကိုပါ အရေးယူနိုင်ရန် ဥပဒေများ ပြဌာန်းနိုင်ရေး လိုအပ်နေကြောင်းလည်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြကာ ဆွေးနွေးပွဲအား နှစ်ပတ်တစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
EMG
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive