Home »
» Apple ၏နေရောင်ခြည်စွမ်းအင်သုံး I-Phone
Apple ၏နေရောင်ခြည်စွမ်းအင်သုံး I-Phone
Apple ၏နေရောင်ခြည်စွမ်းအင်သုံး I-Phone: Apple ကုမဏီသည် ၄င်း၏ မူပိုင်ထုတ်လုပ်ထားသော ပစ္စည်းများနှင့် ပတ်သက်၍ လျှို့ ၀ှက်ဖုံးကွယ်ထားတက်ပါသည်။ သို့သော် မကြာသေးမီက ၄င်းကုမဏီ၏ မူပိုင်နည်းပညာဖြင့် တီထွင်ထားသော နေရောင်ခြည်စွမ်းအင်သုံး I-Phone အကြောင်းကို ထုတ်ဖော်ကြေငြာလိုက်ရာ လူအများ စိတ်ဝင်စားခဲ့ကြပါသည်။ ၄င်း၏ I-Phone တွင် Touch Screen နှင့် Solar စနစ်ကို ပူးတွဲတည်ဆောက်ထားကြောင်း သိရှိရပါသည်။ လူအများမျှော်လင့်ထားသော နည်းပညာဖြစ်သည့် နေရောက်ခြည်စွမ်းအင်အား ၄င်း၏ I-phone တွင် ထည့်သွင်းအသုံးပြုနိုင်ပါက နည်းပညာအသိုင်းအ၀ိုင်းတွင် သန့်ရှင်းသော စွမ်းအင်ကို ကောင်းစွာအသုံးချနိုင်သည့် ကုမဏီတစ်ခုဖြစ်လာပေလိမ့်မည်။ မိုဘိုင်းဖုန်းများတွင် နေရောက်ခြည်စွမ်းအင် Solar Energy အား ထည့်သွင်းအသုံးပြုခြင်းကို တစ်ကမ္ဘာလုံးက လက်ခံကြိုဆိုကြမည်ဖြစ်ပြီး Apple ကုမဏီအနေဖြင့် သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူများ၏ ချီးမွမ်းခြင်းကို ခံရမည်ဖြစ်ပေသည်။ [...]