အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်ရှိ ဒေသခံများ၏ ရှင်သန်ရပ်တည်မှုနှင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို သုတေသန ပြုလုပ်ပြီး နိုင်ငံတော်သမ္မတထံ တင်ပြမည်

ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်ရှိ ဒေသခံများ၏ ရှင်သန်ရပ်တည်မှုနှင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို သုတေသန ပြုလုပ်ပြီး နိုင်ငံတော်သမ္မတထံ တင်ပြမည်:
ဧရာဝတီမြစ်ဝှမ်းအတွင်း အသက်မွေးဝမ်းကျောင်းပြုနေသူများကို တွေ့ရစဉ် 

ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်တွင် အမှီပြု နေထိုင်နေကြသည့် ဒေသခံများ၏ ရှင်သန်ရပ်တည်မှုဆိုင်ရာ အခြေအနေမှန်နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် ဒေသခံများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အ ခဲ များကို သုတေသန ပြုလုပ်ပြီး နိုင်ငံတော် သမ္မတကြီးထံ တင်ပြသွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါ ရီ ၉ ရက်နေ့တွင် ကျင်းပသော ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသန အဖွဲ့၏ ပထမအကြိမ် လူထုအကြံပြု အစည်းအဝေးမှ သိရှိရသည်။



ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ ကို ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့ က စတင်ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့ဝင်များအဖြစ် ရေပညာရှင်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နေသည့် ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ ရေနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများ တွင် အမြင့်ဆုံးလုပ်သက် နှစ် ၅၀ ရှိ အတွေ့အကြုံရှိသော အငြိမ်းစား အစိုးရအဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းထား ကြောင်းလည်း သိရှိရသည်။

“ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ ဧရာဝတီမြစ်ကြီးနဲ့ ပတ်သက်ပြီး လက် ရှိ ရှင်သန်နေရတဲ့ အနေအထားတွေကို သုတေသန ပြုလုပ်သွားဖို့ ရှိပါတယ်။ အဲဒီအတွက်လည်း ကျွန်မတို့ သုတေသနအဖွဲ့တစ်ခု ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့ကနေ ဧရာဝတီရဲ့ ရေဝေရေလဲ ဒေသတွေမှာ မှီတင်း နေ ထိုင်ကြတဲ့ ဒေသခံတွေရဲ့ အခြေအနေမှန်တွေ ပြောင်းလဲလာတဲ့ ရာသီဥတု အခြေအနေကြောင့် ရင်ဆိုင်
နေ ရတဲ့ အခက်အခဲတွေကို သုတေသန လုပ်သွားဖို့ရှိပါတယ်။ ဒီနေ့ အစည်းအဝေး ပြီးသွားတဲ့အခါမှာ သုတေသ နလုပ်ငန်းစဉ်တွေကို Natural Science နှဲ့Social Science ဆိုပြီး နှစ်ဖွဲ့ခွဲ ဆောင်ရွက်သွားမယ်။ ဒီသုတေသန ရလဒ်တွေကို သမ္မတကြီးဆီ တင်ပြပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (Ayeyarwaddy River Basin Research Organization-ARBRO) မှ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ဆွေဆွေအေးက ပြောကြားခဲ့ သည်။

ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသန အဖွဲ့အနေဖြင့် သုတေသန လေ့လာချက်များမှ ရရှိသော ရလဒ်များကို အခြေတည်၍ နိုင်ငံတော်၏ ပေါ်လစီ အသစ်များ၊ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းသစ်များအတွက် အကြံဥာဏ်ပေးများပေးရန် ရည်ရွယ်ထားကြောင်းလည်း သိရှိရသည်။

“ဧရာဝတီကို မြတ်နိုးတန်ဖိုးထားရင် ကျွန်တော်တို့ အထူးဂရုစိုက် ရပါမယ်။ အမိဧရာဝတီ ရှင်သန်ရေးကို မျက်ကွယ်ပြုထားလို့ မရပါဘူး။ ကျွန်တော်တို့က ထိန်းသိမ်းစောင့် ရှောက်တတ်တဲ့ အလေ့အထ အားနည်းတော့ အဖြစ်အပျက် အချက်အလက် မှတ်တမ်းမှတ်ရာ စုဆောင်းထားရှိ မှုကိုလည်း တန်ဖိုးမထား တတ်ကြပါဘူး။ အမိဧရာဝတီ ရှင်သန်စေချင်ရင် သူဘာဖြစ်နေတယ်ဆိုတာကို ပြည့်ပြည့်စုံစုံသိဖို့ ကျွန်တော်တို့ သုတေသနတွေ လုပ်ရပါမယ်။ မြစ်တွေရဲ့သဘောက သူတို့ကိုထိရင် တုံ့ပြန်တတ်တဲ့ သဘောရှိပါတယ်။ အမှားလုပ်လို့ သူ့ကိုထိရင် ရင်းစား ပြန်ရဖို့ ရာစုနှစ်တစ်ခုမက ကြာတတ်ပါတယ်။ နောက်တစ်ခုက မြစ်ကို ထိန်းသိမ်းစောင့်ရှောက် အသုံးပြုရာမှာ မိမိအသုံးချလိုတဲ့နေရာ ကွက်ကွက်လေးကိုပဲ ကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ မြစ်ဖျားကနေ မြစ်ဝအထိ မြစ်ဝှမ်းတစ်ခုလုံးကို လေ့လာပြီး အားလုံးခြုံငုံ သုံးသပ်ပြီးမှ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်” ဟုလည်း ICEWE မှ ဥက္ကဋ္ဌဦးချိုချိုက ပြောကြားခဲ့သည်။


သတင်း
Eleven Media Group
SUNDAY , FEBAUARY 17, 2013
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive