NLD ညီလာခံ မတ်လဆန်း ကျင်းပမည်:
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်နယ်/တိုင်း ဗဟိုညီလာခံ ကိုယ်စားလှယ်များ ထံသို့ အကြောင်းကြားသည့် စာတွင်ဖော်ပြထားသည်။ ညီလာခံ ကျင်းပပြုလုပ်မည့် နေရာကိုမူ ဖော်ပြထားခြင်းမရှိပေ။