အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


မြန်မာ မီဒီယာဝက်ဆိုဒ်များ၏ လုံခြုံရေး အသုံးမကျမှုနှင့် ဗဟုသုတ အားနည်းမှုတို့အား နယူးယောက် တိုင်းမ် စာမျက်နှာတွင် ဖော်ပြ

မြန်မာ မီဒီယာဝက်ဆိုဒ်များ၏ လုံခြုံရေး အသုံးမကျမှုနှင့် ဗဟုသုတ အားနည်းမှုတို့အား နယူးယောက် တိုင်းမ် စာမျက်နှာတွင် ဖော်ပြ:


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Eleven Media Group နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း အကောင့်များ သို့ state-sponsored attackers များမှ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားမှုများ ရှိနေ ကြောင်း သတင်းဖော်ပြ ခဲ့သ ည်ကို နယူးယောက်တိုင်းမ် အာရှပစိဖတ် စာမျက်နှာတွင် ဖော်ပြထား သည်။

Eleven မီဒီယာ အနေဖြင့် ၄င်းတို့၏ စာမျက်နှာကို တိုက်ခိုက်ပါက မိနစ်ပိုင်း အတွင်း ပြန်လည် ထိန်းချုပ်နို င်ကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့ဖူးပြီး ယခု state-sponsored များက တိုက်ခိုက်နေသည် ဆိုသော သတင်း တင်ပြီး မကြာမီ Eleven ၀က်ဆိုဒ်အား BHG မှ ထိန်းချုပ်လိုက် ကြောင်း ကြေငြာခံရသည်။ ထို့ပြင် Eleven မီဒီယာ ၀က်ဆိုဒ်အား ထိန်းချုပ်ခြင်းကို ၀မ်းသာကြောင်း အင်တာနက်သုံးသူများမှ ပြောကြားသည့် မှတ်ချက်များကို ၄င်းတို့ စာမျက်နှာတွင် ဖော်ပြပေးခဲ့သည်။

state-sponsored attackers များမှ တိုက်ခိုက်သည် ဆိုသော Google သတိပေးချက်ကို Eleven နှင့် တိုက် ခိုက်နေသော Myanmar Express မှလည်း ရရှိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သဖြင့် Eleven အနေဖြင့် ဘ၀တူ ဟုသဘောထားကာ နောက်ပိုင်းတိုက်ခိုက်မှုများ အတွက် Myanmar Express အား စွပ် စွဲခြင်း မရှိတော့ကြောင်း သိရသည်။

The Voice မီဒီယာမှ ဦးကျော်မင်းဆွေကမူ ၄င်းတို့စာမျက်နှာ တိုက်ခိုက်ခြင်း အတွက် မည်သူ့ကိုမှ တရားစွဲ သွားမည် မဟုတ်ကြောင်း၊ ဒါဟာ အွန်လိုင်း တိုက်ခိုက်မှုသာ ဖြစ်ကြောင်း၊ နည်းပညာ သဘော တရား နားလည်စွာဖြင့် မိမိတို့၏  အားနည်းချက်ကို ၀န်ခံသွားခဲ့သည်။

Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive