အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ဧရာဝတီမြစ်ဝှမ်းဒေသများနှင့် အခြားဒေသများတွင် နေထိုင်သော အရပ်ဖက်လူ့အဖွဲ့အစည်းဖွဲ့များ စုပေါင်းပြီး ဧရာဝတီမြစ် ကာကွယ်စောင့်ရှောက်ရေးကွန်ရက်အဖွဲ့ကို ဖွဲ့စည်း

ဧရာဝတီမြစ်ဝှမ်းဒေသများနှင့် အခြားဒေသများတွင် နေထိုင်သော အရပ်ဖက်လူ့အဖွဲ့အစည်းဖွဲ့များ စုပေါင်းပြီး ဧရာဝတီမြစ် ကာကွယ်စောင့်ရှောက်ရေးကွန်ရက်အဖွဲ့ကို ဖွဲ့စည်း:

ဧရာဝတီမြစ်ဝှမ်းဒေသများနှင့် အခြားဒေသများတွင် နေထိုင်သော အရပ်ဖက်လူ့အဖွဲ့အစည်းဖွဲ့များ စုပေါင်း
ပြီး ဧရာဝတီမြစ် ကာကွယ်စောင့်ရှောက်ရေးကွန်ရက်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

"ငါတို့ဧရာဝတီမြစ်အနာဂတ်အတွက် ဘာဆက်လုပ်ကြမလဲ" အလုပ်ရုံဆွေးနွေးပွဲတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်
ပြီး အဆိုပါအဖွဲ့သည် ကိုယ့်ရပ်ဒေသအတွက်လူထုအသိပညာပေးလုပ်ငန်းများသတင်းအချက်အလက်မျှဝေ
ခြင်း လုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သတင်းပြန်ကြားရေးတာဝန်ခံ ကိုမြင့်ဇော်ကပြောသည်။



အဖွဲ့ကို ရေနံချောင်း၊ ဗန်းမော်၊ တာပိန်၊ မော်လမြိုင်ကျွန်း၊ ရွှေဂူ၊ ထီးချိုင့်၊ မကွေးမြို့နယ်များအပါအ၀င် အခြား မြစ်ဝှမ်းဒေသများမှာ မြို့နယ်ပေါင်း ၁၅ မြို့နယ်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အဖွဲ့က ကိုယ်ပိုင်
ဖေ့စ်ဘုတ်အကောင့်ဖွင့်ပြီး နေ့စဉ်သတင်းအချက်အလက်များ တင်မည်ဟုလည်းသိရသည်။

ဧရာဝတီမြစ် ထိန်းသိမ်းရေးအတွက် ပညာရှင်များနှင့် အစိုးရဌာနများမှ တာဝန်ရှိသူများပါဝင်သောဧရာဝတီ
မြစ်ကော်မရှင်အဖွဲ့ကို အမျိုးသားလွှတ်တော်တွင် ဖေဖော်ဝါရီ ၅ ရက်၌ ဖွဲ့စည်းခဲ့သည်။

ဧရာဝတီမြစ်ဝှမ်းဒေသရှိ မြို့ပေါင်း ၂၁၅ မြို့နှင့် ရွာပေါင်း နှစ်သောင်းနီးပါးရှိကာ လူဦးရေ ၂၄ သန်းခန့် နေ ထိုင်လျက်ရှိသည်။


သတင်း
7Day News Journal
MONDAY, FEBAUARY 11, 2013
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive