အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


တီဗွီဖန်သားပြင်နှင့် စာမျက်နှာပေါ်က အဆီအငေါ်မတည့်မှုများ

တီဗွီဖန်သားပြင်နှင့် စာမျက်နှာပေါ်က အဆီအငေါ်မတည့်မှုများ:



ပြည်သူအများက သူတို့တွေ့ ကြုံခံစားရသော အဆီအငေါ် မတည့်မှုများကို တာဝန်ရှိသူများ ကို ပြုပြင်နိုင်ရန်အတွက်လည်း ကောင်း၊ အဆီအငေါ်မတည့် အောင်ပြုမူဆောင်ရွက်နေသူများ  နောင်ကျဉ်ဟန့်တားစေရန်အတွက်  လည်းကောင်း ရေးသားတင်ပြပေး ရန် ကုန်ကြမ်းများပေးလာကြပါ သည်။ စာရေးသူအနေဖြင့်လည်း  ရေးသားတင်ပြပေးရန် လက်ခံယုံ ကြည်သည့်အလျောက်ရေးသား တင်ပြလိုက်ရပါသည်။

ဦးစွာတင်ပြလိုသောအချက် မှာ အသံလွှင့်ဌာနအချို့သတင်း စာမျက်နှာအချို့တွင် ရေးသားတင်  ပြသော အသုံးအနှုန်းအကြောင်း  ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မေတ်္တာလက်ဆောင်အဖြစ်တည် ဆောက်ပေးထားသော အဆောက်  အဦးအချို့အနက်အမျိုးသားဇာတ် ရုံသည်တစ်ခုအပါအ၀င်ဖြစ်ပါသည်။  အမျိုးသားဇာတ်ရုံကို မီဒီယာအချို့  က “ကဇာတ်ရုံ”ဟုလည်းကောင်း၊  “ပြဇာတ်ရုံ” ဟုလည်းကောင်းသုံး နှုန်းရေးသားခြင်းမျိုးတစ်ခါတစ်ရံ  တွေ့ရှိရပါသည်။ ကြီးကြပ်၊ တည်းဖြတ်ရသူများက သတိပြုဆင်  ခြင်သင့်ပါသည်။

နောက်ထပ်တွေ့မြင်ကြားသိ နေရသော အသုံးအနှုန်းတစ်ခုမာ   ဘုရားစေတီများနှင့် ဆိုင်ပါသည်။  စေတီတော်တွင် စိန်ဖူးတော်၏  အောက်၌ တည်ရှိသော “ငှက်မြတ် နား” တော်ကို အချို့သော တွေ့ဆုံ မေးမြန်းခန်းများတွင် “ငှက်မနား”ဟု  မှားယွင်းခေါ်ဝေါ်သုံးစွဲနေကြပါ သည်။ ကြာလျှင် ပြည်သူအများ  မျက်စိ၊ နားယဉ်ပါးသွားပြီး အမှား ခေါ်ဝေါ်ခြင်းတွင် ကျယ်မသွား  စေရန် သတိပြုသင့်ပါသည်။

နောက်တစ်ခုမှာ စာပေပညာ  ရှင်များ၏ကလောင်အမည်နှင့် ပတ်သက်ပါသည်။ ယခင်ကလည်း  ဂျာနယ်တစ်စောင်တွင် စာရေးသူ  ရေးဘူးပါသည်။ ရေးပြီးနောက်ပိုင်း  တွင်လည်း အဆီအငေါ်မတည့်မှု ကို ရံဖန်ရံခါတွေ့မြင်နေရဆဲဖြစ် ၍ ထပ်မံရေးသားတင်ပြလိုပါသည်။ စာရေးဆရာ မောင်ထင်၏ အမည်  အရင်းမှာ ဦးထင်ဖတ်ဖြစ်ပါသည်။  သခင်ကိုယ်တော်မှိုင်း၏ အမည် ရင်းမှာ ဦးလွန်းဖြစ်ပါသည်။ သိပ္ပံ  မောင်ဝ၏ အမည်ရင်းမှာ ဦးစိန်တင်  ဖြစ်ပါသည်။ စာရေးဆရာများ သည် မိမိတို့၏ ကလောင်အမည် ကို တန်ဖိုးထားကြပါသည်။  အသက်အရွယ်ငယ်သည်ဖြစ်စေ၊  ကြီးသည်ဖြစ်စေ၊ ကလောင်အမည်  ၏ရှေ့တွင် “ဦး” တပ်၍ခေါ်ဝေါ်သုံး  စွဲလျှင် ကြိုက်နှစ်သက်ကြမည်မထင်  ပါ။ ဆိုလိုသည်မှာ ဦးမောင်ထင်၊ ဦးသခင်ကိုယ်တော်မှိုင်း၊ ဦးသိပ္ပံ မောင်ဝဟုခေါ်ဆိုလျှင် အဆီအငေါ်  တည့်မည်မဟုတ်ပါ။

လီယိုတော်စတွိုင်းသည်လည်း ကောင်း၊ ရှိတ်စပီးယားသည်လည်း ကောင်း၊ ဘားနက်ရှောသည်လည်း ကောင်း၊ မိမိတို့၏ကလောင်နာမည် ရှေ့တွင် မည်သည့်အခါမျှ “မစ္စတာ” မခံကြပါ။ ကလောင်နာမည်ဖြစ်၍ “မစ္စတာ” မခံကြခြင်းဖြစ်ပါသည်။  သို့ရာတွင် မြန်မာနိုင်ငံ၌ အသက် အရွယ်ကြီးရင့်သော စာရေးဆရာ  ကြီးများ၊ သတင်းစာဆရာကြီးများ  ၏ အမည်အရင်းမဟုတ်သော ကလောင်အမည်ရှေ့တွင် “ဦး” တပ် ၍ ခေါ်ဝေါ်သုံးစွဲနေခြင်းမှာ လျော်ကန်သည်ဟုမထင်ပါ။

ထို့အပြင် တွေ့ဆုံမေးမြန်း  ခန်းအချို့၌ တပ်မတော်အရာရှိ  ကြီးများကို ရာထူးအဆင့်အလိုက်  ဗိုလ်ချုပ်ဖြစ်ပါက ဗိုလ်ချုပ်ခင်ဗျား  ဟုခေါ်ဝေါ်သုံးစွဲသော်လည်း ပညာရေးနှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းရာတွင် ပါမောက္ခချုပ်အား  ဆရာကြီးဟု ခေါ်ဝေါ်သုံးစွဲမည့် အစားပါမောက္ခချုပ်ဟုပင်ခေါ်ဝေါ်  သုံးစွဲပါက ပိုမို၍လျော်ကန်မည်ဟု  မိမိယူဆချက်ကို တင်ပြလိုက်ရပါ သည်။ လွတ်လပ်စွာသဘောကွဲလွဲ  ခွင့်ရှိသည့်အားလျော်စွာသဘော ထားများကို တင်ပြကြစေလိုပါသည်။

စိန်လှိုင်ဗိုလ်
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive