
ဥပဒေရေးရာဖိုရမ်
ပြည်သူများဘက်မှ ဥပဒေ ရေးရာကိစ္စများဆွေးနွေးလာသည်။ နိုင်ငံတော်အစိုးရနှင့်လွှတ်တော် ရေးရာအဖွဲ့များကို တိုင်ကြားနိုင် သည့် ပြည်သူ့အခွင့်အရေးများ ရရှိနေသည်။
သို့သော်
ပြည်သူ့အသံများအရ အကြောက်တရားများက လွှမ်းမိုး နေဆဲဖြစ်သည်။
Hot News ဂျာနယ်ထွက် သည့်နေ့က ကျွန်တော့်ထံE-mail တစ်စောင်ရောက်လာသည်။ ပထမ Face Book တွင် Comment တက်လာသည်။
တစ်ဦးက“ဥပဒေရေးရာဖိုရမ် တွင် လူတိုင်းပါဝင်နိုင်အောင် ကျယ်ပြန့်စေချင်သည်”ဟုဆိုသည်။ နောက်ဦးက အကြံပြုစရာလေး ရှိလိုg-talk အပ်ပေးပါဆိုသည်။ နောက်ပြီး အမြန်ဆုံးပါအောင် ထည့်ပေးပါဟုပြောသည်။ နာ မည်ရင်းမပါ၊ လိပ်စာမပါရှိ။
တစ်ဦးက ဖုန်းဆက်လာ သည်။ တစ်ဖက်သတ်စွဲချက်ကို သာ ဖြေရှင်းနေရသည်။ အပြန် အလှန် အမှုဖွင့်မရ၍ဆိုသည်။
E-mail ပို့လိုက်သည့်အတွက် အမှုဖြစ်ပွားရာနေရာ၊ ဒေသ၊ တရားလို၊ တရားခံများ၏ အမည် အပြည့်အစုံဖော်ပြပါရှိသည်။ အခင်းဖြစ်အကြောင်းအရာများ ပြည့်စုံစွာပါရှိသည်။ ရေးသားပေး ပို့သူ၏ အမည်နေရပ်မပါရှိ။
သို့သော် လူတစ်ယောက်က ဓားနှင့်ခုတ်လိုက်ရာ မျက်စိ အောက်ပါးပြင်ကို ထိခိုက်မိပြီး ဓားကိုလက်ဖြင့်ဖမ်းရာမှလက်များ ထိခိုက်ဒဏ်ရာရရှိသည်ဟုဆို သည်။ ယင်းကိစ္စကို တရားလိုက ရဲစခန်းတွင် ပုဒ်မ ၃၂၆ ဖြင့်အမှု ဖွင့်သည်။ ရဲစခန်းက ပုဒ်မ ၃၂၄ သို့ ပြောင်းပစ်သည့်အကြောင်း ရေးသားထားသည်။
ရဲအရေးပိုင်သောအမှု
ရဲအရေးမပိုင်သောအမှုဟူ ၍ရှိသည်။
ရဲစခန်းသို့တိုင်ကြားရာတွင် ပုဒ်မတပ်၍ တိုင်ကြား၍မရနိုင်။ထို့အတူ တရားလိုက တရားရုံး သို့ ဦးတိုက်လျှောက်၍ တိုင်ကြား ရာတွင်လည်း ပုဒ်မတပ်တိုင် ကြား၍ မရနိုင်သည်ကို သတိပြု သင့်သည်။ သက်ဆိုင်ရာ ဥပဒေ ပညာရှင်များကသာ ပုဒ်မတပ် နိုင်သည်။
ပုဒ်မ ၃၂၆ မှာ ဘေးဖြစ်စေ တတ်သော လက်နက်ဖြင့် သို့တည်းမဟုတ်နည်းဖြင့် မိမိ အလိုက်အပြင်းအထန် နာကျင် စေမှုဖြစ်သည်။ ပြစ်မှုကျူးလွန်ပါ က တစ်သတ်တစ်ကျွန်းဒဏ်ဖြစ် စေ၊ ဆယ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်ရမည့် အပြင် ဒဏ်ငွေလည်း ချမှတ်နိုင် သည်။
ပုဒ်မ ၃၂၄ မှာဘေးဖြစ်စေ တတ်သော လက်နက်ဖြင့် သို့ တည်းမဟုတ်နည်းဖြင့် မိမိအလို အလျောက်နာကျင်စေမှုဖြစ်သည်။ ပြစ်ဒဏ်ကျူးလွန်ပါက ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်ရပ် လုံးချမှတ်နိုင်သည်ဟု ရာဇသတ် ကြီးဥပဒေတွင်ဖော်ပြထားသည်။
ကျွန်တော့်အမြင်ပြောရလျှင် ရာဇသတ်ကြီးဥပဒေအရ ပုဒ်မ ၃၂၄ နှင့် ပုဒ်မ ၃၂၆ တွင် အဓိကကွာခြားသည့် အပြင်း အထန်နာကျင်စေလျှင်ဟူသော စကားရပ်ဖြစ်သည်။ နာကျင် စေလျှင်နှင့် အပြင်းအထန် နာကျင်စေလျှင်ဟု သီးခြားဖွင့်ဆို ထားသည်။
ဥပဒေအရ ပုဒ်မတပ်ခြင်း ဥပဒေရာကျွမ်းကျင်သူ ပညာရှင် ၀န်ထမ်းများ၏ တာဝန်သာ ဖြစ်သည်။ ထို့အတူပြစ်မှုဆိုင်ရာ ဥပဒေအရ ကြီးသည့်အမှုကို လည်း ငယ်စေနိုင်သည်။ ငယ် သည့်အမှုကိုလည်း ကြီးစေနိုင် သည်။ ဥပဒေစွမ်းအားရှင်များက ဖန်တီးနိုင်စွမ်းရှိကြသည်။
တရားရုံးဟူသည် မတရား ရုံးမဟုတ်။
တရားသည်ထင်၍ တရား ဥပဒေ၏ အဆုံးအဖြတ်ကို ပြည် သူများလက်ခံ၍ အဆုံးအဖြတ် ခံယူကြခြင်းဖြစ်သည်။ သာသည် လည်းရှိမည်။ နာသည်လည်းရှိ မည်။
သို့တိုင် တရားရုံးများတွင် ကား တရားလို၊ တရားခံ၊ တရား ပြိုင်များနှင့် စည်ကားနေသည်။
တရားရုံးများသည်ကား လူ စည်ကားရာအရပ်မဟုတ်သည့် တိုင် စည်ကားနေသည်။
မည်သို့ဆိုစေ
တရားလို၊ တရားခံ၊ တရား ပြိုင်များအားလုံးတို့ကား လူသား များဖြစ်ကြသည်။ နိုင်ငံသားများ ဖြစ်ကြသည်။ နိုင်ငံသားအခွင့် အရေး၊ လူ့အခွင့်အရေး အပြည့် အ၀ရရှိစေချင်သည်။
အချို့တရားရုံးများသည် ခိုင်ခံ့သစ်လွင်သော၊ လှပသော အဆောက်အအုံများဖြစ်၍ ဥပဓိ ရုပ်ကောင်းလှသည်။ အချို့ရုံးများ မှာ ဥပဓိရုပ်ညံ့လှသည်။
မျက်နှာသနပ်ခါး ပေါင် သေးချောင်းဖြင့်ဆိုသလို တရားရုံး များ၏ ခန့်ညားသေသပ်လှသော အဆောက်အအုံများတွင် သက် တော်ရာကျော်ရှည်နေသည့် လက်နှိပ်စက်များအပါအ၀င် ဟောင်းနွမ်းသော ရုံးသုံးပစ္စည်း ပရိဘောဂများကြောင့် တရားရုံး များ၊ ရုပ်ဆိုးအကျည်းတန်စေ သည်။
တရားလို၊ တရားခံ၊ တရား ပြိုင်၊ သက်သေစသည်များသည် တရားရုံးများသို့ ပျော်၍လာခြင်း မဟုတ်ပေ။ အကြောင်းအမျိုးမျိုး ကြောင့် မလွှဲမရှောင်သာ၍ လာရ ခြင်းမျိုးဖြစ်သည်။
စိတ်ဒဏ်ရာရနေသူများကို စိတ်မညစ်စေသင့်ပါ။
တရားရုံးအချို့တွင် တရား လို၊ တရားခံ၊ တရားပြိုင်၊ သက် သေများထိုင်ရန် ခုံလုံလောက်မှု မရှိ၊ ရှိပြန်တော့လည်း ဟောင်း နွမ်းနေသည်။
ယနေ့တရားရုံးများသည် ခေတ်နောက်ကျမကျန်သင့်ပါ။
ရုံးသုံးပစ္စည်းပရိဘောဂများ၊ လက်နှိပ်စက်များ၊ လက်နှင့် လိုက် ရေးနေရသည့် အမူအကျင့်များကို ပြောင်းလဲစေချင်သည်။
နိုင်ငံတော်အစိုးရက အဂတိ လိုက်စားမှုပပျောက်ရေးနှင့် လာဘ်ပေးလာဘ်ယူပပျောက်ရေး ကို အလေးပေးဆောင်ရွက်နေ သကဲ့သို့ တရားရုံးများတွင် အကြောင်းအမျိုးမျိုးကြောင့် လာ ရောက်ကြရသည့် နိုင်ငံခြားသား များ၊ လူသားများ၏ အဆင့် အတန်းမြှင့်တင်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက တရားရုံးဆိုင် ရာ၊ ရုံးသုံးဆိုင်ရာ ပရိဘောဂများ နှင့် အဆောက်အအုံများပြုပြင် ရန် လုံလောက်သော အသုံး စရိတ်များ ချထားပေးသင့်ပါ သည်။
တရားရုံးဟူသည် တရား သောကိစ္စများကို ဖန်တီး၍ မတရားသော ကိစ္စများကို ရှောင် ရှားရမည်။ သက်ဆိုင်ရာ လူသား များ၏ စိတ်ဒဏ်ရာများ နာ ကြည်းချက်များ ခံစားချက်များကို ကုစားဖြေရှင်းရာ ရပ်ဝန်းဖြစ်၍ သန့်ရှင်း၊ သပ်ရပ်၊ သေသပ်စေ ချင်သည်။
စိတ်ဒဏ်ရာရသူအပေါ် ထပ်မံမခံစားစေသင့်ဟု ယုံကြည် မိပါသည်။ (မည်သူမဆိုအမည် ပါဝင်ရေးသားနိုင်ပါသည်။)
မောင်ခိုင်ခန့်
(အမျိုးသားစာပေဆု)
(အမျိုးသားစာပေဆု)