၂၀၁၃ခုနှစ်အတွက် ခရီးသွားလာရန် အကောင်းဆုံးသော နိုင်ငံ၁ဝနိုင်ငံအဖြစ် သတင်းဝက်ဘ်ဆိုက် တစ်ခြု ဖစ်သော Virtual Tourist.Comက ကမ္ဘာလှည့် ခရီးသွားများနှင့် ဝက်ဘ်ဆိုက် အယ်ဒီတာများထံမှ စစ် တမ်းေ ကာက်ယူခဲ့ရာ မြန်မာနိုင်ငံသည် တတိယနေရာတွင် ရှိကြောင်း ၃၀-၁-၂၀၁၃ရက်က သတင်းရရှိ သည်။
၂၀၁၂ခုနှစ်အတွင်းကလည်း ကမ္ဘာကျော် သတင်းဌာနများ ဝက်ဘ်ဆိုက်များက မဲပေးရွေးချယ်မှုတွင် အဆင့် (၂) (၃)စသည်ဖြင့် ရရှိခဲ့ဖူးသော မြန်မာနိုင်င့အနေဖြင့် ယခုနှစ်တွင်လည်း အခြားသော ဝက်ဘ် ဆိုက် သစ်တစ်ခုမှ အဆင့်သုံးနေရာတွင် ဖော်ပြပေးခြင်းကို လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ နိုင်ငံ အလိုက် ရွေးချယ် မှုတွင် ချီလီ၊ နော်ဝေ၊ မြန်မာ၊ ရိုမေးနီးယား၊ အီကွေဒေါ၊ တရုတ်၊ သီရိလင်္ကာ၊ အိုက်စ လန်၊ ဇမ် ဘီ ယာ၊ အန္တာတိကတို့ဖြစ်ကြောင်း သိရသည်။ ယင်းတို့၏ ရွေးချယ်မှုအရ အရှေ့တောင်အာရှ နိုင်ငံ များ တွင် မြန်မာနိုင်ငံ တစ်ခုတည်းသာ ယင်းစာရင်း၌ ပါဝင်လာခဲ့ခြင်းဖြစ်ပြီး အာရှတိုက် ကိုယ်စားပြု အဖြစ် တရုတ်၊ မြန်မာ၊ သီရိလင်္ကာတို့ ဖြစ်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံကို ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ ရေးသားဖော်ပြထားမှုတွင် ၂၀၁၂ခုနှစ်အတွင်းက အမေရိ ကန် ၏ အကြီးအကဲ လာရောက် လည်ပတ်သွားမှုနှင့် ကမ္ဘာ့ခေါင်းဆောင်များ အများဆုံး လည်ပတ်ခဲ့သည့် စံချိန် တင်နို င်ငံ တစ်ခုဖြစ်လာခဲ့ခြင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၏ နာမည်ကျော်ကြားမှု မန္တလေးမှ စိတ်ဝင်စားဖွယ်ရာများနှင့် မန္တလေးတောင် ပုဂံမှရှေးဟောင်း ဘုရားများစသည်တို့ကို ရေးသားဖော်ပြ ထားပြီး virtualtourist.com မှ အယ်ဒီတာ အဖွဲ့သည်လည်း မြန်မာနိုင်ငံကို လာရောက် လည်ပတ် ခဲ့ပြီး အလွန်နှ စ်ခြိုက် ခဲ့ကြောင်းနှင့် အာရှဒေသမှ မြန်မာနိုင် ငံသည် လက်ရှိဖော်ပြမှုတွင် အမြင့်ဆုံးနေရာတွင် ရှိနေသည် ဟု သိရသည်။
စွယ်စံမီဒီယာ
http://www.swesonemedia.org/index.php?q=3485