
(၆၆) နှစ်မြောက်ပြည်ထောင် စုနေ့နှင့် (၉၈) နှစ်မြောက် ဗိုလ်ချုပ် အောင်ဆန်း၏မွေးနေ့တို့ကို ဂုဏ် ပြုသောအားဖြင့် မော်လမြိုင်မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အခမဲ့ ကျန်းမာရေးအထောက်အကူ ပြုအဖွဲ့မှအဖွဲ့ဝင်များ ကလေး အထူးကုဆရာဝန်ကြီးများနှင့် ဆေး ၀ါးကျွမ်းကျင်များသူများပါဝင်သော အဖွဲ့သည် မော်လမြိုင်မြို့သီရိမြိုင် ရပ်ကွက်ဓမ္မာရုံ၌ (၁၂.၂.၂၀၁၃) နှင့် (၁၃.၂.၂၀၁၃) ရက် နေ့လယ် (၁၂း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအထိ အခမဲ့ ဆေးဝါးကုသ ပေးရာ လူနာ (၂၂၈) ဦးတို့လာ ရောက်ပြသကုသပေးခဲ့ကြပါသည်။
သီရိမြိုင်ရပ်ကွက်မှ မခင်လေး နွယ်ဆိုသူသည် ပြည်နယ်သားဖွား ဆေးရုံကြီးနှင့် ကလေး (၃)မွှာပူး မွေးဖွားကြောင်း အဆင် မပြေဖြစ်နေကြောင်း ကြားသိရ၍ အခမဲ့ကျန်းမာရေးအထောက်အကူ ပြုအဖွဲ့မှ အဖွဲ့ဝင်များစုပေါင်း ထည့်လှူငွေ (၁၂၁၀၀၀) ကျပ် တစ်သိန်းနှစ်သောင်းတစ်ထောင် တိတိ)နှင့် အ၀တ်အထည်အသုံး အဆောင်ပစ္စည်းများကို (၁၄.၂. ၂၀၁၃) ရက် နံနက် (၁၀း၃၀) နာရီတွင် စုစုပေါင်းသွားရောက် လှူဒါန်းခဲ့ကြပါသည်။
သိန်းတင်