အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လို

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လို:
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ပါဝင်လက်တွဲ ဆောင်ရွက်လိုတဲ့အကြောင်း နိုင်ငံရေးပါတီ ၁၃ ခုက သမ္မတ ဦးသိန်းစိန်ဆီ အဆိုပြုလွှာတင်ထားတယ်လို့ မြန်မာအမျိုးသားကွန်ဂရက်ပါတီ ခေါင်းဆောင် ဦးကောင်းမြတ်ထွဋ်က ဒီဗွီဘီကို ပြောပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက်မှာ တချို့ အပြောင်းအလဲတွေက မြန်ဆန်ပေမယ့် တချို့အပြောင်းအလဲတွေက နှေးကွေးနေလွန်းလို့ ခုလို အဆိုပြုရတာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။
အဆိုပြုလွှာ တင်သွင်းထားတဲ့ ပါတီ ၁၃ ခုကတော့ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ မြန်မာ့လူ့ဘောင်သစ်ပါတီ၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရက်တစ် လူ့အခွင့်အရေးပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၊ ချင်းတိုးတက်ရေးပါတီနဲ့ ချင်းအမျိုးသားမဟာမိတ်များ အဖွဲ့ချုပ်တို့ ဖြစ်ပါတယ်။
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive