ဒုတိယ ပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကူညီေ ဆာင် ရွက်မည်ဖြစ်ဟု ဥက္ကဋ္ဌေ ဒ်ါအောင်ဆန်းစုကြည်က သဘောထား ထုတ်ပြန်ထားပြီးဖြစ်ကြောင်း အဖွဲ့ ချုပ် နာယက ဦးတင်ဦးက ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်း ပေ သာ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ ပြောကြားသည်။
ထို့အပြင် လက်ရှိတွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တိုင်းရင်းသား အားလုံး အပေါ် ယုံ ကြည်မှု ရရှိစေနိုင်ရန် စည်းလုံးနိုင်သည့် အခြေအနေများကို ပြန်လည် အကောင်အထည်ဖော်ရန် ပြည်ထောင် စုငြိမ်းချမ်းရေးကို ကြိုးပမ်းလျ က်ရှိကြောင်း ဦးတင်ဦးက ပြောပါသည်။
အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌေ ဒ်ါအောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိဘဲ ၎င်း ၏ မိန့်ခွန်းကို ဗီဒီယိုဖိုင်ဖြင့် ပေးပို့ခဲ့ရာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ပင်လုံမြို့၌ ဗိုလ်ချုပ်ေ အာင် ဆန်း အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ေ မျှာ်လင့်ချက်သည် (၆၆) နှစ်ပြည့် သွားပြီဖြစ်ေ သ်ာလည်း ၎င်းတို့မျှော်မှန်းခဲ့သည့် ပြည်ထောင်စု ပုံသဏ္ဌာန်ကို ဖော်ဆောင်နိုင်ပြီလားဟု ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဆိုသည်မှာ စုစည်းမှု၊ စုပေါင်းမှုတို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ အေးအတူ ပူအမျှ ခံစားနိုင်သည့် စိတ်ဓာတ်ဖြင့် လုပ်ဆောင်မှသာ စစ်မှန်သည့် ပြည်ထောင် စုဖြစ် မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ကာယကံရှင်များ အနေဖြင့် လိုလားပါက ပါဝင်ဆောင် ရွက်မည်ဖြစ်ကြောင်း၊နို င်ငံတွင်း မည်သည့်နေရာတွင်ဖြစ်စေ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကာယ ကံ ရှင် များက လိုလားပါက ငြင်းဆိုသွားမည်မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေးရရှိရန် ပြည်သူများအနေဖြင့် တစ်ဦးချ င်းစီ ပါဝင်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။
"ကျွန်မတို့ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့မှာ အနာဂတ်ပြည်ထောင်စုကြီးကို စိတ်ထားခိုင်ခိုင်မာမာနဲ့ တက် တက်ကြွကြွ ကျွန်မတို့ မျှော်ကိုးပြီးတော့ အတူစုပေါင်း စုစည်းပြီးတော့ တိုင်းပြည်ကြီးတစ်ခု၊ ဒီမို ကရေစီ နိုင်ငံကြီးတစ်ခုကို တည်ထောင်ကြမယ်။ ပြီးတော့ မျှဝေခံစားရမယ့် ကိစ္စမှန်သမျှကို မျှဝေခံ စားကြ မယ်။ သန္နိဋ္ဌာန်ချကြပါစို့လို့ ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်" ဟု ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပင်လုံစိတ်ဓာတ် အခြေခံ၍ တည်ဆောက်ကြရန် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်တွင် ထည့်သွင်း တိုက် တွန်း ခဲ့သည်။
(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းရင်း သားများ၊ နိုင်ငံရေးပါတီများ၊ သံတမန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဓာတ်ပုံ - ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော NLD ပါတီ၏ ပြည်ထောင်စုနေ့ အခမ်းအနားမြင်ကွင်း
Eleven Media Group