ဆေးကုသမှု ခံယူရန်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်းရှေ့တွင် ညအိပ်စောင့်ဆိုင်းနေသူများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက "ဦးစားပေး အစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှုကို မှန် ကန်စွာ Sequence ကျစွာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါတယ်။ ဥပမာ ပြီးခဲ့သော ဘဏ္ဍာနှစ်မှစတင်ဆောက်
လုပ်စပြုနေသော နေပြည်တော်ရှိ ခုတင် ၅၀၀ ဆံ့ ဗဟိုအမျိုးသမီးဆေးရုံ၊ ကုတင် ၅၀၀ ဆံ့ ကလေးဆေးရုံ၊ ခုတင် ၅၀၀ ဆံ့ အရိုးအထူးကုဆေးရုံ၊ ခုတင် ၅၀၀ ဆံ့ မျက်စိ၊ နှား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့ကို ဆက် လက်ရင်းနှီးမြှုပ်နှံရန် အဆိုပြုခြင်းမျိုးကို နိုင်ငံတော်၏ ဦးစားပေးအဆင့်ထားရန် သင့်၊ မသင့်၊ တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ရန် စီမံကိန်းကို လောလောဆယ် ဆိုင်းငံ့ရန် သင့်၊ မသင့် အထူးအလေး ထား စဉ်းစားရန် လိုအပ်ကြောင်း သုံးသပ်ရရှိပါတယ်။ ဆိုင်းငံ့သင့်သော လုပ်ငန်းစီမံကိန်းများ ကို ဆိုင်းငံ့သင့်ပါတယ်။ မိမိတို့ခေတ်သစ်၊ စနစ်လုပ်ငန်း စီမံကိန်းများကို အရေအတွက်အရ မဟုတ်ဘဲ အရည် အသွေးအရ အဆင့်မြှင့်တင်ခြင်းမျိုးကို ဦးစားပေးသင့်ကြောင်း သုံးသပ်ရရှိပါတယ်" ဟု ပြောကြား ခဲ့သည်။
ရွှေပြည်သာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက "ကျန်းမာရေးကဏ္ဍနဲ့ ပတ် သက်ပြီး တင်ပြရရင် ပြီးခဲ့တဲ့နှစ်က ၂၁၃ ဒသမ ၅ ဘီလျံ သုံးပါတယ်။ ၂၀၁၃-၂၀၁၄ မှာ ၁၉၇ ဒသမ ၉ ဘီလျံ သုံးမယ်လို့ တွေ့ရပါတယ်။ ဆေးရုံနဲ့ပတ်သက်လို့ လာမယ့်နှစ်မှာ ဆေးရုံ ၅၂ ရုံ၊ ဆေးခန်း ၃၈ ခန်း၊ ကျေးလက် ကျန်းမာရေးဌာန ၆၁ ခုအတွက် သုံးမှာဖြစ်ပါတယ်။ အလားတူ နေပြည်တော်မှာ တင်ပြထားတဲ့ အတိုင်းပဲ ဆေးရုံတွေဆောက်မှာ သိရပါတယ်။ စုစုပေါင်း ဆေးရုံခြောက်ရုံအတွက် ကုန်ကျငွေသည် ၁၂ ဒသမ ၇ ဘီလျံ ရှိပါတယ်။ ဒါ့ကြောင့် ပထမအချက်အနေနဲ့ ဒီဆေးရုံတွေသည် အမှန်တစ်ကယ် လိုသလား။ နေပြည်တော်မှာရှိတဲ့ လူဦးရေနဲ့ လက်ရှိရှိတဲ့ ဆေးရုံများနဲ့ လုံလောက်တယ်ဆိုရင်တော့ ဒါတွေဟာ ဆိုင်းငံ့
ပြီးတော့ လုပ်သင့်တဲ့ကိစ္စတွေလို့ ထင်ပါတယ်။ ဘာကြောင့် အခုလို ကျွန်တော်တင်ပြရသလဲဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနသည် ပြီးခဲ့တဲ့နှစ်က သုံးခဲ့တဲ့ငွေတွေ များပြားသော်လည်း ကျွန်တော်တို့ နေတဲ့မြို့ နယ်တွေမှာ ဘာမှပြောင်းလဲမှု မရှိပါဘူး။ ဒါ့ကြောင့် ဒီလိုနေရာမျိုးမှာ ပြန်ပြီးတော့ အသုံးချမယ်ဆိုရင် အကျိုး ရှိနိုင်ပါတယ်။ နောက်တစ်ခုက ရန်ကုန်ဆေးရုံကြီး ပြုပြင်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။ သို့သော် ရပ်ကွက်တွေ၊ ကျေးရွာတွေမှာရှိတဲ့ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ ကျေးလက်ကျန်းမာရေး ဌာနတွေ ကို လိုအပ်တဲ့ ဆေးဝါးတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ ပြည့်စုံအောင် ဦးစားပေး ဆောင်ရွက်ဖို့လိုပါတယ်။ ဒါတွေပြီးမှသာလျှင် ယခုတင်ပြတဲ့ ဆေးရုံအသစ် ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ဖို့ လိုမယ်လို့ တင်ပြလိုပါတယ်" ဟု ဆွေးနွေးပြောကြားခဲ့သည်။
ရန်ကုန်ဆေးရုံကြီး ပြုပြင်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။ သို့သော် ရပ်ကွက်တွေ၊ ကျေးရွာတွေ မှာ ရှိတဲ့ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ ကျေးလက် ကျန်းမာရေး ဌာနတွေကို လိုအပ်တဲ့ ဆေးဝါးတွေ၊ ဆရာဝန်
တွေ၊ သူနာပြုတွေ ပြည့်စုံအောင် ဦးစားပေး ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါတွေပြီးမှသာလျှင် ယခုတင်ပြတဲ့ ဆေးရုံအသစ် ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ဖို့ လိုမယ်လို့ တင်ပြလိုပါတယ် . . .
"နိုင်ငံသားတိုင်း အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှု ခံစားနိုင်ရန် ဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေး ဌာနများ နှစ်စဉ်တိုးချဲ့ ဖွင့်လှစ်နေသည်မှာ ကောင်းမွန်သော လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။ သို့သော် ၀န်ထမ်းမပြည့်စုံခြင်း၊ ဆေးဝါး၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ လူနာဆောင်များကို ဆေးရုံအဆင့်အတန်းနဲ့ ကိုက်ညီအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ပြီးပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှု မဟုတ်သဖြင့် ပြည်သူလူထုအတွက် အကျိုးမရှိလှပါ။ သို့ဖြစ်ပါ၍ ဆေးရုံ၊ ဆေးခန်းများ အသစ် တိုးချဲ့တိုင်း ၎င်းတို့၏ လိုအပ်ချက်များကို တစ်ပါတည်း ဖြည့်ဆည်းပေးနိုင်မှသာ တိုးချဲ့သင့်ပါ တယ် လို့ သုံးသပ် တင်ပြအပ်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအောင်သန်း က ဆွေးနွေးခဲ့သည်။
ထို့ပြင် နိုင်ငံပိုင် အခန်းကဏ္ဍ ကျန်းမာရေးဆိုင်ရာ စီမံကိန်းများအတွက် ငွေကျပ်သန်း ၁၉၇၉၃၁ ဒသမ ၃၈၇ လျာထားပြီး အများစုမှာ ကျေးလက်ကျန်းမာရေး ဌာနခွဲများ တည်ဆောက်ရန်နှင့် မြို့နယ်ဆေးရုံများ တည်ဆောက်ရန်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် စာရင်းများအရ အထူးကုဆေးရုံ ၂၃ ရုံ၊ သင်ကြားရေးနှင့် အထွေထွေ
ရောဂါ ကုဆေးရုံ ခြောက်ရုံ၊ ခုတင် ၁၀၀၀ ဆေးရုံ တစ်ရုံ၊ ခုတင် ၃၀၀ ဆေးရုံ ငါးရုံ၊ ခုတင် ၂၀၀ ဆေးရုံ ၃၁ ရုံ၊ ခုတင် ၁၀၀ ဆေးရုံ ၃၂ ရုံ၊ ခုတင် ၅၀ ဆေးရုံ ၆၁ ရုံ၊ ခုတင် ၂၅ ဆေးရုံ ၁၉၄ ရုံ၊ တိုက်နယ်ဆေးရုံ ၅၀၅ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၅၀၄ ခု၊ ဒေသန္တရ ကျန်းမာရေးဌာန ၈၆ ခုရှိကြောင်း သိရသည်။
သတင်း
Eleven Media Group
SUNDAY , FEBAUARY 17, 2013