အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


မန္တလေး ရွှေတစ်ချောင်း မြောင်းအနီး မီးလောင်

မန္တလေး ရွှေတစ်ချောင်း မြောင်းအနီး မီးလောင်:

မန္တလေး၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်း ဒေသကြီး၊ မန္တလေး ခရိုင်၊ ပုသိမ်ကြီး မြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊ ရွှေတစ်ချောင်းမြောင်း အနီးတွင် ယနေ့ နံနက် ၁၁နာရီခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ရာ ၁၂ ပွဲ ဈေးသည်များ နေထိုင်သည့် ၁၀ ပေ၊ ၁၅ ပေ ပတ်လည် နံကပ်အိမ် ၁၇အိမ် မီးလောင်ကျွမ်းခဲ့ ပြီး လူအသေအပျောက် မရှိကြောင်း အောင်ချမ်းသာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က The Voice Weekly သို့ ပြောကြားသည်။


အဆိုပါ မီးမှာ ဒေါ်အမီနာ ဆိုသူ ပိုင်ဆိုင်သော နေအိမ်ရှိ လျှပ်စစ် ထမင်းပေါင်းအိုး မှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ ယင်းမီးလောင်မှု ကြောင့် အိမ်ထောင်စု ၃၀ မီးဘေး ဒုက္ခသည် အဖြစ် ရောက်ရှိ ခဲ့ပြီး အများစုမှာ အိမ်ငှားများ ဖြစ်ကြကြောင်း ဦးစိန်မြင့် က ထပ်လောင်း ပြောကြားသည်။

“မီး စလောင်တုန်းက ပတ်ဝန်းကျင်ကို လှမ်းအော်တာ တော်တော်နဲ့ ဘယ်သူမှ မသိကြဘူး။ ကျွန်မ ငှားထားတဲ့ ၁၀ပေ ပတ်လည်အိမ် ၁၀ လုံးလောက် ပါသွားတယ်” ဟု အဆိုပါ အောင်ချမ်းသာ ရပ်ကွက်နေ မီးလောင်အိမ်များ ဘေးကပ်လျက် သုံးအိမ်ရှိ ဒေါ်နီနီမြင့်က ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှု နှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန ဗဟို သို့ ဆက်သွယ် မေးမြန်းရာ မီးငြိမ်းသတ်သည့် ကားများ ပြန်လည် မရောက်ရှိ သေးသည့် အတွက် အဆိုပါ သတင်းအား မပြောနိုင် သေးကြောင်း ပြန်လည် ဖြေကြားသည်။

ရွှေရည်
The Voice Weekly
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive