ငြိမ်းချမ်းရေးအတွက် ပင်လုံစိတ်ဓါတ်ကိုအခြေဖို့လိုဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး တိုက်တွန်း:
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပင်လုံစိတ်ဓါတ်အခြေခံပြီး ခိုင်မြဲအောင် လုပ်ဆောင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဒီကနေ့ ရန်ကုန်တိုင်း ဗဟန်းမြို့ နယ် တော်ဝင်နှင်းဆီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဦးဆောင်ကျင်းပတဲ့ပြည်ထောင်စုနေ့ အခမ်းအနားမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ အလားတူ ဒီပွဲကို တက်ရောက်လာတဲ့ မစိုးရိမ် တိုက်သစ် နာယက ဆရာတော် အရှင်ဦးဝီရသူကလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့မိန့်ကြားခဲ့သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယို မိန့်ခွန်းပေးပို့ခဲ့ပါတယ်။ နံနက် ၁၀း၃၀ နာရီကနေ စတင်ပြုလုပ်ခဲ့တဲ့ ဒီအခမ်းအနားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကနေ စတင်ပြီး ၂ ရက်ကြာ ပြုလုပ်တဲ့ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင် ဒုံးအကပြိုင်ပွဲမှာ ပထမ ၊
ဒုတိယ ၊ တတိယ ရရှိခဲ့သူတွေကိုလည်း ဆုချီးမြင်းခဲ့ပါတယ်။ဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေ ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ ၊ ပြည်ထောင်စုတိုင်းရင်းသားတွေ ၊ နိုင်ငံရေး အင်အားစုတွေနဲ့ စိတ်ပါဝင်စားသူတွေ အပါအဝင် လူဦးရေ ၁၅၀၀ ကျော် တက်ရောက် လာခဲ့ကြ
ပါတယ် ။