အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


မြန်မာပြည်ထဲ ၀င်သွားတဲ့ ၄နိုင်ငံ မော်တော်ယာဉ်တန်း

မြန်မာပြည်ထဲ ၀င်သွားတဲ့ ၄နိုင်ငံ မော်တော်ယာဉ်တန်း:


Monday, February 18, 2013  zarny win  ဧရာဝတီ


~



ပြည်တော်မြင့် ~

ခရီးသွားလုပ်ငန်းနှင့်  ရင်းနှီးမြုပ်နှံမှုဆိုင်ရာကဏ္ဍများ သွားရောက် လေ့လာရန်အတွက် ထိုင်း အပါအ၀င်  နိုင်ငံ ၄ ခု မှ ခရီးသွား ၅၄ ဦးကို သယ်ဆောင်လာသည့်  မော်တော်ယာဉ်တန်းသည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီလမ်းကြောမှ တဆင့် မြန်မာပြည်အတွင်းပိုင်းမြို့များရှိရာသို့ ယနေ့ ထွက်ခွာသွားသည်။

ယနေ့နံနက်က မဲဆောက်-မြ၀တီလမ်းကြောမှ ထွက်ခွာသွားသည့်ယာဉ်တန်း (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)

မော်တော်ယာဉ် ၂၂ စီး ပါဝင်သည့်  ၎င်းတို့၏ ခရီးစဉ်ကို  ASEAN Friendship Caravan Tour 2013 ဟု အမည်ပေးထားသည်။

ယခုလ ၂၇ ရက်နေ့ထိ ကြာမြင့်မည့် ခရီးစဉ်အတွက် ၎င်းတို့ ဖြတ်သန်း လည်ပတ်ကြမည့် နေရာများမှာ ဘန်ကောက်၊ မဲဆောက်၊ မြ၀တီ၊ ကျိုက်ထို၊ ပဲခူး၊ နေပြည်တော်၊ အင်းလေး၊ စစ်ကိုင်း၊ မုံရွာ၊ မိထ္ထီလာ၊ ပခုက္ကူ၊ ပုဂံ၊ ပြည်၊ ရန်ကုန်၊ မော်လမြိုင် စသည့် ဒေသများ ဖြစ်သည်။

ခရီးသွားအဖွဲ့ခေါင်းဆောင် နိုင်စုံစပ်ဘိုလဖာဖိဖပ်က ” မြန်မာနိုင်ငံမှာက ခရီးသွားလုပ်ငန်းကို ရာနှုံးပြည့်ဖော်ဆောင်နေတယ်။ နိုင်ငံတကာကိုလည်း ဖိတ်ခေါ်နေတယ်။
 မြန်မာနိုင်ငံမှာက သဘာဝ တောတောင် ရေမြေတွေအပြင် ခရီးသွားတွေ စိတ်ဝင်စားမယ့် နေရာဒေသတွေ အများကြီးရှိတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ခရီးစဉ်တွင် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ နော်ဝေ နိုင်ငံတို့မှ ခရီးသွားများ ပါရှိသည်။

ခရီးစဉ်တွင် လိုက်ပါလာသည့် ထိုင်းနိုင်ငံသားတဦးက ”ဒီအဖွဲ့မှာပါတဲ့လူအချို့က မြန်မာနိုင်ငံအနေအထားကိုသိရှိ ရယ် ရင်းနှီးမှုလုပ်ငန်းတွေအတွက် လေ့လာဖို့အတွက် သွားရောက်ကြတာဖြစ်တယ်” ဟု ပြောသည်။

ဤအစီအစဉ်ကို မြန်မာခရီးသွားလုပ်ငန်းတခုဖြစ်သည့် Royal Colourful Land နှင့် ထိုင်းအစိုးရ ခရီးသွားအဖွဲ့ (Tourism  Authorities of Thailand) အဖွဲ့အစည်းတို့က ကမကထပြုခြင်းဖြစ်သည်။

ထိုင်းနယ်စပ်မှတဆင့် ဤသို့ မော်တော်ယာဉ်တန်းဖြင့် ၀င်ရောက် လည်ပတ်မှုကို မြန်မာအစိုးရက မကြာသေးမီကမှစတင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုင်းနယ်စပ်မှ ၀င်ရောက်သော နိုင်ငံခြား ခရီးသည်များကို ကော့သောင်း၊ ဘုရားသုံးဆူ၊ မြ၀တီ၊ တာချီလိတ် အစရှိသော နယ်စပ်မြို့များနှင့် အနီးတ၀ိုက်ကိုသာ သွားရောက် လည်ပတ်ခွင့် ပြုထားသည်။
အတွင်းပိုင်းမြို့များသို့ သွားရောက်လိုသူတို့က လေကြောင်းခရီးဖြင့် မြန်မာပြည်သို့ ၀င်ရောက်ပြီး လိုရာခရီး ဆက်ကြသည်။

အနာဂတ်တွင် ဤသို့သော နယ်စပ်ဖြတ်မော်တော်ယာဉ်တန်း ခရီးစဉ်များ ထပ်မံ ပေါ်ပေါက်လာဖွယ်ရှိသည်။









Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive