အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ကာမရာဂစိတ်ကိုထကြွစေသည့် တရားမ၀င်ဆေးဝါးများ ထားဝယ်မြို့ ဆေးဆိုင်တွင် ဖမ်းဆီးရမိ

ကာမရာဂစိတ်ကိုထကြွစေသည့် တရားမ၀င်ဆေးဝါးများ ထားဝယ်မြို့ ဆေးဆိုင်တွင် ဖမ်းဆီးရမိ:

၉-၂-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သော ပူးေ ပါင်း အဖွဲ့ သည် ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက်၊ ကညုံရပ်ကွက်နေ ဦးအောင်နိုင်(၄၈)နှစ်၏ ““အာရုဏ်ဦး” ”ဆေး ဆိုင်သို့ သတင်းအရ၀င်ရောက်ရှာဖွေရာ အမျိုးသမီးများအားတိုက်ကျွေးပါက ကာမရာဂ စိတ်ကို ထကြွစေ သည့် တရုတ်နိုင်ငံထုတ် Hongzhizhu,Jita Kewang, Taiguofenနှင့် Cangyingfen စာတမ်း များ ပါ တရားမ၀င်ဆေးမှုန့်အထုပ်(၂၆၈)ထုပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ သဖြင့် ဦးအောင်နိုင်အား ထားဝယ် ရဲ စခန်း(ပ)၅၉/၂၀၁၃၊ အမျိုးသားဆေးဝါးများ ဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၁၁၃၀အချိန် အဆိုပါဆိုင်သို့ထပ်မံရှာဖွေခဲ့ရာ တရုတ်နိုင်ငံထုတ် ဆေးများဖြစ်သည့် ကျား ဟိုမုန်း အားတိုးဆေး Play Boy စာတမ်း ပါဆေးအမျိုးအစား ၆ မျိုး၊ အချိန် ကြာမြင့်စေသည့် လိမ်းေ ဆး၊ Sholonying စာတမ်းပါ လိမ်းဆေး၊ Lady A Bergin စာတမ်းပါ လိမ်းဆေး၊ Nivea Beauty Breast စာတမ်းပါ လိမ်းဆေး ၂ မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၉၆၅၀၀ိ/-)ခန့်အား ထပ်မံ သိမ်းဆည်း ရမိခဲ့ သည်။

ဆက်လက်၍ မြိတ်ရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် ၁၂၃၅အချိန် မြိတ်မြို့၊ ဘုရားကိုင်ရပ်ကွက်နေ အောင်ေ ကျာ် မိုး( ၄၂)နှစ်၏ကွမ်းယာဆိုင်၊ ၁၂၄၀အချိန် (၁)ရပ်ကွက်ရှိ ဦးကျော်မြင့် (၅၆)နှစ်၏ ကွမ်းယာဆိုင်နှင့် ၁၂၃၀ အချိန် ဈေးတန်း ရပ်ကွက်ရှိ ဇော်ဇော်ဝင်း(ခ)ဗေဒါ(၂၃)နှစ်၏ ကွမ်းယာ ဆိုင်များသို့ အဖွဲ့များ ခွဲ၍ ၀င်ရောက် ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ ကွမ်းယာဆိုင် အသီးသီးတွင် Red Spider စာတမ်း ပါကော်ဖီ မစ်ထုပ်၊ American စာတမ်းပါ ကော်ဖီမစ်ထုပ်၊ လိင်ပိုင်းဆိုင်ရာ နိုးကြွစေသည့် တရုတ်နိုင်ငံ ထုတ်ဆေးဝါး မျိုးစုံ၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၆၇၀၀၀ိ/-)ခန့်အား ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး အောင်ကျော်မိုးအား မြိတ်ရဲစ ခန်း (ပ)၁၀၀/၂၀၁၃၊ အမျိုးသားဆေးဝါးများဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ကျော်မြင့်အား (ပ)၁၀၁/ ၂၀၁၃၊ အဆိုပါဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ဇော်ဇော်ဝင်း(ခ)ဗေဒါအား (ပ)၁၀၂/၂၀၁၃၊ အထက်ပါ ဥပဒေ ပုဒ်မ ၁၈ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive