အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


  • This is default featured slide 1 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ:
မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ  27 February 2013  ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အများကြီးအထောက် အကူဖြစ်လာမှာပါ   Earth Observation Satellite လို့ခေါ်တဲ့ ကမ္ဘာမြေပြင် လေ့လာရေးဂြိုလ်တု လွှတ်တင်ပြီးရင် အရင်လို အခြားနိုင်ငံ ဂြိုလ်တုတွေကနေ တဆင့်ခံ သုံးစရာမလိုတော့ဘဲ သတင်း အချက် အလက်တွေကို အဲ့ဒီဂြိုလ်တု က တိုက်ရိုက်ယူပြီး အသုံးချနိုင်မှာဖြစ် ပါ တယ်။  ဒီဂြိုလ်တုကိုမြန်မာနိုင်ငံက အားလုံးပိုင်မှာ မဟုတ်ပေမယ့် မြန် မာနိုင်ငံ အတွက် ပထမဆုံးတိုက်ရိုက် သုံးနိုင်တဲ့ ဂြိုလ်တု ဖြစ်ပါတယ်။   မြန်မာနိုင်ငံက လိုအပ်ချက်တွေကို ထောက်လှမ်းဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဂြိုလ်တုထဲမှာ ထည့်ပြီးမှ လွှတ်တင် မှာဖြစ်လို့  ဒီဂြိုလ်တုကနေ မိုးလေ၀သ အပြင် အခြားသတင်းအချက် အလတ်တွေပါ ရနိုင်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနဲ ဇလဗေဒ ဌာနဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ရှင်းပြပါတယ်။  အခုဂျပန်ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ပြီး လေ့လာ မှုတွေ ဆောင် ရွက်ပြီး ပါပြီ။ မြန်မာနိုင်ငံက ၀န်ထမ်းတွေကို ဒီဂြိုလ်တု အသုံးပြုပုံနှင့် ပတ်သက်ပြီး ဂျပန်ကိုခေါ်ပြီး သတင်းပို့ချပေးဖို့ ရှိပါတယ်။   ဒီဂြိုလ်တု အသုံးပြုကို ခုလာမယ့် ဘဏ္ဏာနှစ်သစ် အတွင်း လွှတ်တင်မှာ ဖြစ် တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနမှ သတင်းရရှိပါသည်။  Posted From Royal Hero Media

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့ လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အများကြီးအထောက် အကူဖြစ်လာမှာပါ
Earth Observation Satellite လို့ခေါ်တဲ့ ကမ္ဘာမြေပြင် လေ့လာရေးဂြိုလ်တု လွှတ်တင်ပြီးရင် အရင်လို အခြားနိုင်ငံ ဂြိုလ်တုတွေကနေ တဆင့်ခံ သုံးစရာမလိုတော့ဘဲ သတင်းအချက်အလက်တွေကို အဲ့ဒီဂြိုလ်တု က တိုက်ရိုက်ယူပြီး အသုံးချနိုင်မှာဖြစ်ပါတယ်။
ဒီဂြိုလ်တုကိုမြန်မာနိုင်ငံက အားလုံးပိုင်မှာမဟုတ်ပေမယ့် မြန်မာနိုင်ငံအတွက် ပထမဆုံးတိုက်ရိုက် သုံးနိုင် တဲ့ ဂြိုလ်တု ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လိုအပ်ချက်တွေကို ထောက်လှမ်းဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဂြိုလ်တုထဲမှာ ထည့်ပြီးမှ လွှတ်တင် မှာဖြစ်လို့  ဒီဂြိုလ်တုကနေ မိုးလေ၀သ အပြင် အခြားသတင်းအချက် အလတ်တွေပါ ရနိုင်တယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေ၀သနဲ ဇလဗေဒ ဌာနဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ရှင်းပြပါတယ်။
အခုဂျပန်ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကိုသုံးကြိမ်လာရောက်ပြီး လေ့လာမှုတွေ ဆောင်ရွက်ပြီး ပါပြီ။ မြန်မာနိုင်ငံက ၀န်ထမ်းတွေကို ဒီဂြိုလ်တု အသုံးပြုပုံနှင့် ပတ်သက်ပြီး ဂျပန်ကိုခေါ်ပြီး သတင်းပို့ချပေးဖို့ ရှိပါတယ်။
ဒီဂြိုလ်တုအသုံးပြုကိုခုလာမယ့် ဘဏ္ဏာနှစ်သစ်အတွင်းလွှတ်တင်မှာ ဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဌာနမှ သတင်းရရှိပါသည်။

Posted From Royal Hero Media
Share:

မန္တလေး ကျောက်ဝိုင်း ပြောင်းရွှေ့ခိုင်းသည့် တည်ဆဲအစိုးရ ကြီးမားသော ဒီမိုကရေစီ စိန်ခေါ်ပွဲကြီးနှင့် မလွဲမသွေ ရင်ဆိုင်ရနိုင်ဟုဆို

မန္တလေး ကျောက်ဝိုင်း ပြောင်းရွှေ့ခိုင်းသည့် တည်ဆဲအစိုးရ ကြီးမားသော ဒီမိုကရေစီ စိန်ခေါ်ပွဲကြီးနှင့် မလွဲမသွေ ရင်ဆိုင်ရနိုင်ဟုဆို:
မန္တလေး ကျောက်မျက်ရတနာ ဈေးအား အခြားသောဒေသတစ်ခုသို့ အတင်းအဓမ္မ ပြောင်းရွှေစေခိုင်းခဲ့သည့် ရှိသော် တည်ဆဲ အစိုးရအနေဖြင့် ကြီးမားသော ဒီမိုကရေစီ စိန်ခေါ်ပွဲကြီး တစ်ခုနှင့် မလွဲမသွေ ရင်ဆိုင်ရလိမ့် မည်ဟု ကျောက် သမား အများစုအရေး ဖော်ဆောင်နေသူများအဖွဲ့မှ ကုန်သည် ဦးသန်းဌေးက မြန်မာ အင်ဒီပဲန်ဒင့် မှတစ်ဆင့် ရဲရဲတောက် စကား ပြောကြားလိုက်သည်။
“လူ ၃ သိန်းကျော်ရဲ့ သွေးချွေး ဘဝနဲ့ရင်းနှီး တည်ဆောက်ခဲ့တဲ့ ဈေးကို ခရိုနီတစ်စု ကောင်းစားရေး အတွက် ပြောင်းရွှေ့ပေးရမယ်ဆိုရင် ကောင်းမွန် သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရရဲ့ လူမှုစီးပွားဘဝ ဖူလုံရေး ဆိုတဲ့ နိုင်ငံတော် ဦးတည်ချက်အရ (Democracy Challenge) ဒီမိုကရေစီ စိန်ခေါ်ပွဲကြီးတစ်ခု အမှန်တကယ် ပေါ်ပေါက် လာလိမ့်မယ်” ဟု ယင်းကပြော သည်။
ယင်းတို့ ကျောက်သမား အများစုအနေနှင့် တိုင်းဒေသကြီးအစိုးရ၏ တိကျရေရာသော အဖြေစကားကိုသာ သိရှိလို ကြပြီး ပြောင်းရွှေ့ စီမံကိန်း ဆောင်ရွက်နေသူ များ၏ ပြောင်းရွှေ့ရေး မပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ အလိုရှိသလို လုပ်ဆောင်နိုင်သည် ဟူသော စကားရပ်ကိုလည်း လက်သင့်ခံလိမ့်မည် မဟုတ်ကြောင်း ယင်းက ဆိုပြန်သည်။
ဆက်လက်၍လည်း နှစ်ပေါင်း များစွာတိုင်အောင် အေးချမ်းသာယာစွာ လုပ်ကိုင် စားသောက်နေလာ ကြသည့် ကျောက် မျက်ဈေးအား ပြောင်းရွှေ့ စီမံကိန်း ဆောင်ရွက်နေသူများဖက်က အပြည်ပြည်ဆိုင်ရာ အဆင့်မြင့် ကျောက်မျက်ဈေး ခေါင်း စဉ်တပ်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်အကျိုးတူ ပူးပေါင်းလုပ်ဆောင် နေသည် ကိုလည်း ပုဂ္ဂိုလ်ရေး အရ ပြောဆိုလိုခြင်း မရှိပါကြောင်း၊ သို့သော် လက်ရှိအခြေအနေအရ ကုန်သည် ပွဲစား ကျောက်သွေးသမား များသာမကဘဲ  နိစ္စဓူဝ  လုပ်ကိုင်စားသောက် နေကြရသူများအနေဖြင့် ဈေးပြောင်း ရွှေ့ရေး စီမံကိန်းဆိုသော အသံကိုကြားရုံမျှနှင့် ပင် နေ့စဉ်နှင့်အမျှ ခြောက်ခြား တုန်လှုပ်မှုမျိုး ခံစားနေကြ ရကြောင်း ပြောပါသည်။
မန္တလေးမြို့၏ အဓိကစီးပွား ရေး ပုံရိပ်ကြီး၃ ခုဖြစ်သည့် ပဲကုန် စည်ဒိုင်၊ ဈေးချိုတော်နှင့် မဟာအောင် မြေ ကျောက်မျက် ရတနာဈေး (ကျောက်ဝိုင်း)တို့သည့် မန္တလေးဒေသခံများ အတွက် သာမကဘဲ အထက်မြန်မာ ပြည်တစ်ဝှမ်းလုံးအတွက် ကုန်စည်စီးဆင်းရာ အထင်ကရ နေရာကြီးများ ဖြစ်ပြီး ပြောင်းရွှေ့ရေး မပြောင်းရွှေ့ ရေးအတွက် အငြင်းပွားလျက်ရှိသည့် မဟာကျောက်မျက်ရတနာဈေးကြီး သည်လည်း ပြည်တွင်းပြည်ပရတနာ ကုန်သည်များ၏ ရှေးနှစ်ပေါင်း များစွာ ကတည်း က ကူးသန်းရောင်းဝယ် ဖောက်ကားခဲ့ကြသည့် နိုင်ငံ့အကျိုးပြု ပြည်တွင်း ကျောက်ဈေးကွက်ကြီး တစ်ခုဖြစ်ကြောင်း ဆိုသည်။
မန္တလေးမြို့ ကျောက်မျက်ရတနာ ဈေးအတွင်း ရောင်းဝယ်နေကြစဉ်
မန္တလေးမြို့ ကျောက်မျက်ရတနာ ဈေးအတွင်း ရောင်းဝယ်နေကြစဉ်
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစတင်ပြီး ကျောက်ဝိုင်း ပြောင်းရွှေ့ရေးဆိုသည့် သတင်းများ ထွက်ပေါ်လာသည်တွင် အဆိုပါ ကျောက်ဝိုင်း အပေါ်မှီခို လုပ် ကိုင်နေကြရသူများ သာမကတော့ဘဲ ပြည်တွင်းပွဲစားရတနာကုန်သည်များ ပါမကျန် ဘဝရပ်တည်ရေးအတွက် ရတက်မအေးဖြစ်ခဲ့ရသည်ဟု ဒေသခံ များက ဆိုသည်။
“မဟာအောင်မြေကျောက် ဝိုင်း ပြောင်းရွှေ့ရမှာကို ကျွန်တော်တို့ အနေနဲ့အင်မတန် စိုးရိမ်ပူပန်နေပါ တယ်။ သက်ဆိုင်ရာ အစိုးရဝန်ကြီး အဖွဲ့အနေနဲ့ ပွင့်လင်းမြင်သာ သတင်းထုတ်ပြန်ပေးစေချင်ပါတယ်” ဟု ဒေသခံ ပွဲစားတစ်ဦးက လည်းကောင်း “ကျောက်သမားတွေအနေနဲ့က ကျောက် ဝိုင်းကြီး ပြောင်းရွှေ့ရမှာလား၊ မပြောင်း ရွှေ့ရမှာလား ပူပန်သောကတွေ ဖြစ် နေကြရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းတိတိ ကျကျပြော ကြားပေးစေချင်ပါတယ်” ဟူသော နယ်လှည့် ကျောက်ကုန်သည် တစ်ဦး၏ ပြောပြချက်အရ လည်းကောင်း ကျောက်သမားများဆီမှ  စိုးရိမ် ကြောင့်ကြသံများ ထွက်ပေါ်လျက်ရှိ ရာ ယခုအခါတွင် မပြောင်းရွှေ့လိုသူ ကျောက်သမား အများစုတို့က နီးစပ် ရာ အချင်းချင်းစုပေါင်း၍ ကျောက်ဝိုင်း တည်မြဲရေးယာယီ ကော်မတီကြီး တစ်ခု ထွက်ပေါ်လာသည် အထိ ပြောင်းရွှေ့ရေး စီမံကိန်းအား ဆန့်ကျင်ရန် စည်းလုံး ညီညွတ်မှု အပြည့်ဖြင့် အသင့် အနေအထား ရှိပြီးဖြစ်ကြောင်း သိရသည်။
ယင်းတို့အနေဖြင့် လက်ရှိနေရာမှ ပြောင်းရွှေ့ရပါက မိမိတို့ဘဝ အဆင် ပြေချောမွေ့စွာ ရပ်တည်ရှင်သန်နိုင်ရေး ခက်ခဲ မည်ဖြစ်ပြီး ကျောက်ဝိုင်းအနီး ဝန်းကျင်ရှိ သံဃာတော်များ သီတင်းသုံးတော်မူရာ ကျောင်းတိုက်ကြီးငယ်မှ စာသင်စာချ သံဃာတော်များအတွက် လည်း အတိုင်းအတာတစ်ခုအထိ အခက်အခဲ များ ဖြစ်ပေါ်နိုင်သည်ဟု သံဃာတော်များ အရေး အတွက်ပါ စိတ်မအေးစွာပြောကြသည်။
“ကျောက်ဝိုင်း ပတ်ချာလည်မှာ စာသင်တိုက်ပေါင်း ၁ဝ ခုလောက်ရှိ တယ်။ ကျောက်ဝိုင်း မိသားစု အနေနဲ့က စာသင်သား သံဃာတော်တွေ အတွက် နှစ်စဉ် လှူဒါန်းကြတာ သိန်း ပေါင်းထောင်ချီရှိတယ်။ အထူး သဖြင့်တော့ ကျွန်တော်တို့ ကျောက် ဝိုင်းထဲမှာကို စာသင်သားသံဃာတော် တွေဝယ်ဖို့မတတ်နိုင်တဲ့ ဘာသာရေး ဆိုင်ရာ စာအုပ်တွေ၊ ပိဋကတ်တော် တွေကို ရတနာလူငယ်မြတ်ဗုဒ္ဓ ဒေသနာတော် ပြန့်ပွားရေးအဖွဲ့ဆိုတဲ့ အသင်းကနေ စာအုပ်တွေ ငှားပေးနေတယ်။ စာသင်သား ကိုယ်တော်လေး တွေအတွက်ကိုလည်း စိတ်မကောင်း ဖြစ်ရပါတယ်” ဟု အဆိုပါ အသင်း ဥက္ကဋ္ဌက ဖြည့်စွက်ပြောသည်။
“တစ်ဖက်အဖွဲ့အစည်းကို အခွင့်အရေးပေးသလို ကျွန်တော်တို့ ဖက်ကိုလည်း အခွင့်အရေးပေးမယ် ဆိုရင် အဆင့်မြှင့် တည်ဆောက်ဖို့ ဆန္ဒရှိပါတယ်။ တိုင်းဒေသကြီး အစိုးရရဲ့ အကူအညီကိုမယူပါဘူး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆောက်မှာပါ” ဟု ယင်းက ပြောသည်။
မန္တလေးမြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မဟာအောင်မြေ ကျောက်မျက် ရတနာဈေးကြီးသည် လွန်ခဲ့သော နှစ်ပေါင်း များစွာက အလှူ့ဒါယကာ ဦးဘ ဆိုသူက မန္တလေးမြို့သူမြို့သားများ နာရေးကိစ္စ အဆင်ပြေစေရန် အလို့ငှာ ရဟိုင်းသုဿန်ကြီး အဖြစ် မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ထံ လှူဒါန်း ခဲ့သည့် မြေ နေရာဖြစ်သည်။
ခရစ်သက္ကရာဇ် ၂ဝဝဝ ခုနှစ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက မဟာမြတ်မုနိဘုရားကြီး ကျောင်း တိုက် ရေတော်ဆရာတော် ထံ မဟာအောင်မြေ ရတနာဈေးဖော် ဆောင်ရေးအတွက် ခွင့်ပြုချက်တောင်း ယူကာ တည်ဆောက်ခဲ့ပြီး ဈေးစတင် ဖွင့်လှစ်ခဲ့စဉ်က လူဦးရေ တစ်သောင်း ဝန်းကျင်ဖြင့် ရောင်းဝယ် ဖောက်ကား ခဲ့ကြသည်။
Share:

ဟုမ္မလင်းမြို့နယ် ထမံသီတွင် လူ ၃၃ ဦး အဆိပ်သင့်၊ ၆ ဦးသေဆုံး

ဟုမ္မလင်းမြို့နယ် ထမံသီတွင် လူ ၃၃ ဦး အဆိပ်သင့်၊ ၆ ဦးသေဆုံး:

DVB News, 27February 2013  —–  စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာမှာ လူ ၃၀ ကျော် အဆိပ်သင့်မှု ဖြစ်ပွားခဲ့တဲ့အနက် ၆ ဦး သေဆုံးသွားတယ်လို့ ထမံသီဆေးရုံက ပြောပါတယ်။
ထမံသီကျေးရွာအုပ်စု သစ်ပါးလွှာစက်ရုံမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ အဆိပ်သင့်ပြီး ဖေဖ်ာဝါရီလ ၂၆ ရက်နေ့ နေ့ခင်း ၂ နာရီကျော်က ဆေးရုံရောက်လာကြတယ်လို့ ဆိုပါတယ်။
၃ ဦးက သေဆုံးနေပြီး ကျန်တဲ့ ၃ ဦးကတော့ ညနေ ၅ နာရီကျော်လောက်မှာ ဆုံးသွားတာလို့ ထမံသီဆေးရုံ သူနာပြုဆရာမ ဒေါ်ကြည်ကြည်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ သေဆုံးသူတွေဟာ တကိုယ်လုံး ပြာနှမ်းသွားတယ်လို့ ဆိုပါတယ်။
အခုလောလောဆယ် ဆေးရုံမှာ  အဆိပ်သင့်လူနာ စုစုပေါင်း ၂၇ ဦးရှိပြီး အမျိုးသား ၁၃ ဦးနဲ့  အမျိုးသမီး ၁၄ ဦးဖြစ်ကြောင်း၊ အခြေအနေ မစိုးရိမ်ရကြောင်း၊ အဆိပ်သင့်ရခြင်း အကြောင်းရင်းကို အတိအကျ မသိရေသးပေမယ့် သူတို့နေ့ခင်းက စားသုံးခဲ့တဲ့ အစားအစာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ ဟုမ္မလင်းမြို့နယ်ကနေ မုံရွာ အဲဒီကမှတဆင့် တိုင်းရုံးကို ပို့မယ်လို့ ဆိုပါတယ်။
သူတို့အကုန်လုံးဟာ လပြည့်နဂါးကုမ္ပဏီပိုင် သစ်ပါးလွှာစက်ရုံက ဝန်ထမ်းတွေဖြစ်ပြီး စုစုပေါင်းဝန်ထမ်း ၄၀  ရှိကြောင်း၊ ဝန်ထမ်းတွေကို စက်ရုံက နေ့တိုင်း စရိတ်ငြိမ်း ချက်ပြုတ် ကျွေးမွေးတယ်လို့ ဆိုပါတယ်။
ဒီအဆိပ်သင့်မှုကို နိုင်ငံတော်အစိုးရ ပြန်ကြားရေးဌာနကလည်း  ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့ပြီး အလုပ်သမားတွေဟာ မနက် ၁၁ နာရီက အသားခြောက်ကျော်၊ ဘူးသီး၊ ပဲသီးနဲ့ ပဲပွားပါ စုပေါင်းဟင်းကို ကျား ၁၉ ဦးနဲ့ မ ၁၄ ဦးတို့ စားသုံးခဲ့ကြောင်း၊ စုစုပေါင်း အမျိုးသား ၆ ဦး သေဆုံးခဲ့ရာမှာ ၅ ဦးက မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်က ဖြစ်ပြီး ၁ ဦးက ညောင်ပင်ဇောက်ရပ်ကွက်ကလို့ ဖော်ပြထားပါတယ်။
အဆိုပါစက်ရုံမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့တုန်းကလည်း ပထမအကြိမ် အစာအဆိပ်သင့်ခဲ့လို့ လူ ၃၂ ဦး ဆေးရုံတက်ခဲ့ရပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းတွေ ဆက်ပြီးတင်ပြသွားမယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသွားပါတယ်။
by နန်းမြနဒီ
Share:

မအူပင် အဓိကရုဏ်း မှာ ရဲတပ်ဖွဲ့  ၀င်တွေ က စတင်ကျုးလွန်

မအူပင် အဓိကရုဏ်း မှာ ရဲတပ်ဖွဲ့  ၀င်တွေ က စတင်ကျုးလွန်: စုစုနွေး    ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက် ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ ဒဏ်ရာရထားတာတွေ၊ ရိုက်နှက် ခံထားရတာတွေက မကြည့်ရက်စရာပါ။ မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးနဲ့ အကြမ်းဖက် မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ…
Share:

မအူပင် မှာ ရဲက ထင်တိုင်းကြဲနေ

မအူပင် မှာ ရဲက ထင်တိုင်းကြဲနေ: မအူပင် မလက်တို ကျေးရွာ ခရိုင် ရောက် သတင်း သမား တွေ ၊ ဓာတ်ပုံ ဆရာ တွေ ကို ရဲ က သတင်းယူ ခွင့် ဓာတ်ပုံ ရိုက် ခွင့် တွေ မပြု တဲ့ အပြင်ရိုက် ကူထားတဲ့ ကင်မရာ တွေ ထဲ က ဓာတ်ပုံ တွေ ကို လည်း ဖျက် ခိုင်းတယ် လို့  မအူပင် ရောက် သတင်း သမား တစ်ဦး က FNG ကို ပြောသည်။ မအူပင် မြို့ လယ် ရဲစခန်း တွင် ရဲ များ အသင့် အနေ [...]
Share:

ဟိုတယ်လုပ်ငန်းများ တိုးပွားလာသော်လည်း လိုအပ်နေဆဲပါ

ဟိုတယ်လုပ်ငန်းများ တိုးပွားလာသော်လည်း လိုအပ်နေဆဲပါ:

ရန်ကုန်မြို့ရှိ ဟိုတယ် ရန်ကုန်ကို တွေ့ရစဉ်(မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ် - ဓာတ်ပုံ)
ရန်ကုန် (မဇ္ဈိမ) . ၂၇ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃  —-  (ဆောင်းပါး)  မြန်မာနိုင်ငံ၏ ခရီးသွားရာသီအတွင်း နိုင်ငံခြားသားဧည့်သည် အဝင် တိုးတက်လာခြင်းနှင့်အတူ ဟိုတယ်ဇုန်များရှိ ဟိုတယ်အခန်းများ တိုးချဲ့လာခြင်း၊ ဟိုတယ်သစ်များ ဆောက်လုပ်လာခြင်းတို့ ပြုလုပ်လာ

ကြလျက် ရှိသည်။
“မြန်မာနိုင်ငံဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေကြောင့် နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု ရှိလာတာနဲ့အတူ ဥရောပ၊ အမေရိကန် စတဲ့ အရှေ့အနောက် နိုင်ငံတွေသာမက နိုင်ငံတကာနဲ့ ရင်းနှီးနွေးထွေးစွာ ဆက်ဆံနိုင်တဲ့အတွက်

မြန်မာနိုင်ငံအတွင်းကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသည်တွေ တဖြည်းဖြည်း မြင့်တက်လာသလို သူတို့ တည်းခိုနိုင်ဖို့ ဟိုတယ် လိုအပ်ချက်တွေလည်း ရှိလာပါတယ်” ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း မှ အထွေထွေ အတွင်းရေးမှူး ဦးကြည်သိန်းကို က ပြောဆိုသည်။
ရန်ကုန် ဟိုတယ်ဇုန်
ရန်ကုန်ဟိုတယ်ဇုန်တွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ အထိ ဟိုတယ်၊ မိုတယ်နှင့် တည်းခို ရိပ်သာပေါင်း ၂၀၂ လုံး၊ အခန်းပေါင်း ၈,၇၂၇ ခန်း ရှိခဲ့သည်။
“၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုရိပ်သာအပါအဝင် ၂၀၄ လုံး၊ အခန်း ၈,၉၁၅ ခန်းအထိ ရှိလာပါတယ်” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ရန်ကုန်မြို့သို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်သည်အများစုမှာ ရွှေတိဂုံစေတီတော်၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ တွံတေးမြို့ရှိ မြန်မာ စဥ့်လုပ်ငန်းနှင့် လှော်ကား ဥယျာဉ်တို့သို့ အဓိက လေ့လာ လည်ပတ်ကြသည်။
“လက်ရှိ ရန်ကုန် ဟိုတယ်ဇုန်မှာ အသင်းဝင် ဟိုတယ် ၁၆၄ လုံး ရှိပါတယ်။ အခန်းပေါင်း ၈,၀၀၀ ကျော်ရှိပါတယ်။ အဲဒီဟိုတယ်တွေထဲက ဟိုတယ် ၃၅ လုံးက တိုးချဲ့ပြင်ဆင်မှုတွေ လုပ်နေပါတယ်” ဟု ဟိုတယ် လုပ်ငန်းရှင်များ အသင်း – ရန်ကုန်ဇုန်မှ ဥက္ကဋ္ဌ ဦးရန်ဝင်း က ပြောသည်။
မန္တလေး ဟိုတယ်ဇုန်
မန္တလေးဟိုတယ်ဇုန်သို့ ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ယမန်နှစ်က နိုင်ငံခြားသား ဧည့်သည် အဝင်မှာ သုံးဆ ပိုများလာခဲ့သည်ဟု မန္တလေးဇုန်၏ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်အောင် က ခန့်မှန်းသည်။ အများစုမှာ ထိုင်းနှင့် တရုတ်လူမျိုးများ ဖြစ်ကြောင်း သိရသည်။
ထိုဇုန်တွင် ဟိုတယ် ၇၉ လုံး ရှိခဲ့ပြီး ယခုနှစ်အတွင်း တည်းခိုခန်း လိုင်စင်ဖြင့် ဟိုတယ်သစ် ၅ လုံး တိုးလာသည်ဟု ဆိုသည်။
တောင်ကြီး ဟိုတယ်ဇုန် – အင်းလေးဒေသ
တောင်ကြီး ဟိုတယ်ဇုန်အတွင်းရှိ အင်းလေးဒေသသို့ နိုင်ငံခြားသား ဧည့်သည် ၁၀၀,၀၀၀ ကျော် ဝင်ရောက်ခဲ့

ကြောင်း ထိုဇုန်အတွင်းရှိ ဟိုတယ် လုပ်ငန်းရှင်များက ဆိုသည်။
“အင်းလေးဒေသကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလကုန်အထိ နိုင်ငံခြားသား ခရီးသည် တသိန်းကျော် ဝင်ရောက်ခဲ့ပါတယ်။ ဟိုတယ်အသစ်အနေနဲ့ ၇ လုံး၊ အခန်းပေါင်း ၁၃၃ ခန်း တိုးလာပါတယ်” ဟု ဟိုတယ် ဇုန်အသင်း -တောင်ကြီးဟိုတယ်ဇုန်မှ အတွင်းရေးမှူး ဦးအောင်ကျော်မိုး က ပြောသည်။
ထိုဒေသသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသည်များမှာ တောင်ကြီး ငှက်ဘေးမဲ့တော၊ အင်းလေးကန် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ လွိုင်မွေ သဘာဝနယ်မြေ၊ ပြဒါးလင်းဂူ တောရိုင်း တိရိစ္ဆာန် ဘေးမဲ့

တောများသို့ အများဆုံး လည်ပတ်ကြသည်။
ရွှေတြိဂံ ဟိုတယ်ဇုန်
မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ရွှေတြိဂံဇုန်ရှိ ကျိုင်းတုံဒေသတွင် နိုင်ငံခြားသား ဧည့်သည် အဝင် မနှစ်ကထက် ၃၀ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
“ဒီနှစ်မှာက ကျိုင်းတုံဒေသကို ဧည့်သည် အဝင်များတယ်။ အဓိက က ရခိုင်နဲ့ ကချင်ဘက်ကို လည်ပတ်ဖို့၊ လိုက်ပြဖို့

ရောင်းချထားတဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို နယ်မြေ အခြေအနေကြောင့် လိုက်မပို့တော့ဘဲ ကျိုင်းတုံဘက်ကို လိုက်ပို့လာကြလို့ပါ။ မနှစ်ကထက် ဧည့်သည် အဝင် ၃၀ ရာခိုင်နှုန်းလောက်ကို တိုးတက်လာခဲ့ပါတယ်” ဟု အဆိုပါ ဇုန်မှ ဥက္ကဋ္ဌ ဦးစိုးရွှေ က ပြောသည်။
ထိုဒေသမှာ အရင်က အမေရိကန်တွေကို မတွေ့ရသလောက် ရှိခဲ့ရာမှ ယခုနှစ်တွင် အမေရိကန်လူမျိုးများ အဝင်များလာကြောင်း ၎င်းက ဆက်ပြောသည်။
“ကျိုင်းတုံဒေသကို ဒုတိယ အဝင်များတာက ပြင်သစ်။ နောက် ဘယ်လ်ဂျီယံနဲ့ ဗြိတိသျှတွေ အဝင်များပါတယ်” ဟု ဆိုသည်။
ရွှေတြိဂံ ဟိုတယ်ဇုန်အတွင်း ဟိုတယ် စုစုပေါင်း ၃၂ လုံး ရှိသည်။
ပုဂံ ဟိုတယ်ဇုန်
ရှေးဟောင်း ပုဂံဒေသို့ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံခြားသားဧည့်သည် လာရောက်မှုမှာ ထို့မတိုင်မီနှစ်နှင့်

နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းခန့် တိုးတက်ကြောင်း သိရသည်။
“ပုဂံ ဟိုတယ်ဇုန်မှာ မနှစ်က အသင်းဝင်ဟိုတယ် ၇၂ လုံး ရှိခဲ့တယ်။ ဒီနှစ်မှာတော့ အရင်နှစ်တွေက ပိတ်ထားတဲ့ ဟိုတယ် ၃ လုံး ပြန်ဖွင်လာပါတယ်” ဟု ထိုဒေသ ဟိုတယ်လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဇော်ဝိတ် က ပြောသည်။
ပုဂံဒေသသို့လာသည့် ဧည်သည်အများစုမှာ ရွှေဥဒေါင်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ ပုပ္ပါးတောင် ဘေးမဲ့တော၊

လောကနန္ဒာ ဘေးမဲ့တော စသည့်နေရာများသို့ လည်ပတ်ကြသည်။
ငွေဆောင် ဟိုတယ်ဇုန်
နိုင်ငံခြားသား ခရီးသည်များ အများဆုံး လာရောက် လည်ပတ်သည့် နေရာများတွင် တခု အပါအဝင်ဖြစ်သော ဧရာဝတီတိုင်း၊ ငွေဆောင်ဇုန်သို့လည်း “ငွေဆောင်ဇုန်ကို နိုင်ငံခြားသား ခရီးသည် မနှစ်ကထက် များပါတယ်။ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ပြည်ပ ဧည့်သည် ၂၁,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ဟိုတယ် ၂၁ လုံးမှာ ၅ လုံးက ပြုပြင်ဆဲ ဖြစ်ပါတယ်။ ဒီနှစ်မှာ အခန်း ၆၀ ပါ ဟိုတယ် တလုံး ထပ်ဖွင့်ပါတယ်” ဟု ငွေဆောင်ဇုန်၏ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ထွန်း က ပြောသည်။
ချောင်းသာ ဟိုတယ်ဇုန်
ပြည်တွင်းခရီးသွားများ အများဆုံး လာလေ့ရှိသော ချောင်းသာ ဟိုတယ်ဇုန်သို့ ၂၀၁၁ ခုနှစ်က ခရီးသွား တသိန်း သုံးသောင်းခန့် ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တသိန်းခွဲခန့် လာရောက်နိုင်ကြောင်း ဟိုတယ် လုပ်ငန်းရှင်များထံက ခန့်မှန်းသည်။
“ချောင်းသာမှာ မနှစ်က ဟိုတယ် ၁၅ လုံး ရှိပါတယ်။ နောက်ထပ် ဟိုတယ်ဖွင့်ဖို့ သုံးလုံးတော့ လိုင်စင်ကျနေပြီ။

ဆောက်လုပ်နေတာလည်း အချောသပ်အဆင့် ရောက်နေပြီ၊ ဖွင့်တော့မှာ” ဟု ချောင်သာဇုန်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဟိုး က ဆိုသည်။
လက်ရှိအနေအထား
၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင်ဖြင့် ဟိုတယ် စုစုပေါင်း ၇၈၇ လုံး ရှိပြီး အခန်း

ပေါင်း ၂၈,၂၉၁ ခန်း ရှိခဲ့သည်။ လက်ရှိအနေအထားတွင် ဧည့်သည် အမျုးမျိုးအတွက် ဟိုတယ်အဆင့် ကြယ် ၅ ပွင့်မှ ကြယ် ၁ ပွင့် အဆင့်အတန်းစုံ လိုအပ်လျက်ရှ်ိရာ နောက်ထပ် ဟိုတယ်ဇုန် အသစ်များကိုလည်း ပြည်နယ်နှင့် တိုင်းများအလိုက် ခွင့်ပြုလျက် ရှိသည်။
နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှပ်နှံမှု ဟိုတယ်များ၊ ဖက်စပ် ရင်းနှီမြှုပ်နှံသည့် ဟိုတယ်များ၊ မြန်မာတိုင်းရင်းသားပိုင် ဟိုတယ်များနှင့် အများပိုင် ဟိုတယ်များ ထွက်ပေါ်ခဲ့သည်။
နိုင်ငံခြားသား ခရီးသည်များ ပိုမိုဝင်ရောက်လာနိုင်၍ ဟိုတယ်လုပ်ငန်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဆက်လက်ခွင့်ပြုနေဆဲ ဖြစ်သည်။
ကြယ် ၄ ပွင်နှင့် ကြယ် ၅ ပွင့် အဆင့်ရှိ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နိုင်ငံစုံက ကမ်းလှမ်းနေသည်။

မေဈေးနှုန်း အနေအထားကြောင့် စောင့်ဆိုင်းနေကြသည်။
“၂ နှစ် ၃ နှစ် အတွင်းမှာ တိုင်းရင်းသားပိုင် ဟိုတယ်၊ တည်းခိုခန်းတွေကို နိုင်ငံခြားသား တည်းနိုင်အောင် ပထမဆုံး

ဆောင်ရွက်သင့်ပါတယ်။ ၂၀၁၄ မှာလည်း မြန်မာနိုင်ငံက (အာဆီယံ) ဥက္ကဋ္ဌ နေရာ ယူရမှာဆိုတော့ နိုင်ငံတကာ

ခေါင်းဆောင်တွေ ပါဝင်တဲ့ အစည်းအဝေးတွေကို မလွဲမသွေ လက်ခံပြုလုပ်ရမှာပါ။ ဒီအတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ မြေကို ငှါးရမ်းတာမျိုးဖြစ်ဖြစ်၊ သက်သာတဲ့ နှုန်းထားနဲ့ဖြစ်ဖြစ် ဟိုတယ်လုပ်ငန်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု

တွေကို ခွင့်ပြုသင့်ပါတယ်။ ဒါမှ အမြန် အကောင်အထည် ပေါ်လာနိုင်ပါမယ်” ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးကြည်သိန်းကို က သုံးသပ်ပြောကြားသည်။
ခင်မျိုးသွယ်
Share:

၈ လေးလုံးကဲ့သို့ တစ်နိုင်ငံလုံး အုံကြွမှုအတွက် ဖန်တီးသူများ ရှိနေပြီလား.

၈ လေးလုံးကဲ့သို့ တစ်နိုင်ငံလုံး အုံကြွမှုအတွက် ဖန်တီးသူများ ရှိနေပြီလား.:


၂၀၁၀ ရွေးကောက်ပွဲအပြီး ကာလအတွင်း ပြဿနာ မရှိသေး။ ၉.၈.၈၈ မှ စပြီး ပြောခဲ့ လုပ်ခဲ့သည့် အတိုင်း အ သား ကျလျှက် ပြည်သူများ၊ အစိုးရ အကြီး အကဲများ ပုံမှန်လုပ်ငန်းဆောင် ရွက်ချက်များ ရှိနေခဲ့သည်။ သို့ေ သာ် ယခုနောက်ပိုင်း ရဲတပ်ဖွဲ့ ၀င်များနှင့် ထိပ်တိုက် ရင်ဆိုင်ယုံ သာမက သတင်းမှားများ လွှင့်ထုတ်မှု တို့ ကို မီဒီယာများမှ တွေ့ရသည့်အခါ တွင်တော့ တစ်နိုင် ငံလုံး ၈ လေးလုံးကဲ့သို့ အုံကြွမှုမျိုး ဖြစ်လာအောင် ရည် ရွယ် ချက် ရှိရှိ လုပ်ဆောင်နေ သလားဟု တွေးစရာ ဖြစ်လာသည်။

လက်ပံတောင်း ကြေးနီ စီမံကိန်းမှ အစ၊ ကျောက်ပန်းတောင်း လျှပ်စစ်မီး ကိစ္စ၊ ယခု နောက်ဆုံး မအူပင် ကိစ္စ တို့အထိ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များအပေါ် သိသိသာသာ တိုက်ခိုက်မှုများ ပြုလုပ် လာသည်။ တစ်ချိန် တ ည်း တွင် အမည်မဖော်သည့် ဘာသာရေး သွေးခွဲသူများက တစ်မျိုး၊ အမည်ဖော်သည့် ဘာသာရေး သမား များက တစ်မျိုးဖြင့် မငြိမ်မသက်မှုများလည်း အချိန်ကိုက် ဖြစ်ပေါ်လျှက် ရှိသည်။

ပြည်တွင်း အခြေအနေများ မငြိမ်သက်စဉ်တွင် နယ်စပ်ရှိ ဘင်္ဂလီတို့ ပုံမှန် လှုပ်ရှား မှုများသာ ရှိပြီး၊ ပြည် တွင်း တွင် ငြိမ်သက် သွားပါက ဘင်္ဂလီများ ရွာမီးရှို့ခြင်း၊ လူသတ်ခြင်း တို့ ပြုလုပ်လေ့ ရှိသည်။ ထို ဘင်္ဂလီ များ ပြဿနာ ရှာပြီးနောက်တွင် ကုလ သမဂ္ဂ သို့မဟုတ် အဖွဲ့အစည်းကြီးကြီး တစ်ခုမှ အရေးကြီး ပုဂ္ဂိုလ် များ မြန်မာ နိုင်ငံကို အချိန်ကိုက် ရောက်လာကြသည်။ 

စစ်တပ်မှ အကြီးအကဲ ဟောင်းများ အများစု ပါဝင်သည့် အစိုးရလက်ထက် တွင် စစ်တပ်မှ အာဏာသိမ်းရန် အကြောင်း မရှိ။သမ္မတကြီး သွားလေရာ တပ်ချုပ်(သို့မဟုတ်) ဒုတပ်ချုပ် ပါသည့်နောက်တွင်တော့ အစိုး ရနှင့် တပ်မတော် စည်းလုံးမှု၊ အပြန်အလှန် နားလည်မှုက ပြောစရာ မလိုတော့။ ဒါဖြင့် ဘယ်သူတွေက ထို သို့သော အဓိကရုဏ်းကြီးမျိုး ဖန်တီးရန် ကြံစည်နေကြသနည်း။

လက်ညှိုးထိုး၍ ထင်ရာ စွပ်စွဲပါက အန်အယ်လ်ဒီမှ  အကွက်ချ စီမံခြင်းဟု စွပ်စွဲနိုင်သည်။ အခြေခံ ဥပဒေ ပြင် ဆင်ရေး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အရေးနှင့် အကြွင်းမဲ့အာဏာ များအတွက် ၈ လေး လုံးကဲ့သို့ ဆူပူမှု ဖန်တီးပြီး အပြောင်းအလဲ တစ်ခု ဖော်ဆောင်နိုင်သည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည် ၏ လက်တွေ့ပြောဆို လုပ်ဆောင်ချက်များ သည် ထိုသို့ လုပ်နိုင်ဖွယ် မရှိဟု ထင်မှတ်စရာ ရှိသည်။ NLD တွင် အပိုင်းများ ကွဲနေပြီလား ဆိုသည် မှာလည်း တွေးစရာပင် ဖြစ်သည်။

၈၈ ကျောင်းသားနှင့် ဗကသ များဟု တွေးဆစရာ လည်း ရှိသည်။ ပညာ မတတ် ထောင်ထွက်များ နိုင်ငံရေး ခေါင်းေ ဆာင် ဖြစ် သည့်ခေတ်မှ ပညာတတ် အရည်အသွေးမြင့် နိုင်ငံရေးခေါင်းဆောင်များ ခေတ်ကို ရောက် လာ ချိန်တွင် ကျောင်းသားခေါင်းစဉ်အောက်မှ ထိုသူများအတွက် နေရာမရှိ။ ၁၉၆၂ ၊ ၁၉၈၈ နောက် ပိုင်း ပညာသင် ၍ နိုင်ငံရေး နယ်ပယ်၊ အုပ်ချုပ်ရေးနယ်ပယ် တို့တွင် နေရာအခိုင်အမာ ရနေသည့် လူများ စွာ ရှိနေသည်။ မင်းသားမလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ်ဆိုသည့် အတွေးဖြင့် ဆူပူမှုများ ဖြစ်ေ အာင် နောက်ကွယ်က ဖန်တီးသည်ဟု စွပ်စွဲနိုင်သည်။ အစိုးရ အပုပ်ချခြင်း၊ ရန်တိုက် စကားများ ပြော ဆိုခြင်း တို့ဖြင့် လောလောဆယ် ၀င်ငွေ တိုးပွားစေယုံသာမက အဓိကရုဏ်းများ ဖြစ်ပြီး သေခဲ့လျှင်ပင် သူရဲေ ကာင်းအဖြစ် မှတ်တမ်း ၀င်နိုင်သဖြင့် ဖန်တီးသည်ဟု ယူဆနိုင်သည်။ 

ကြံ့ခိုင်ရေးပါတီ အနေဖြင့်တော့ လှုပ်ရှားမှု သိပ်မတွေ့ရ။ အလှူငွေ ပေးအပ်ခြင်း၊ လမ်းဖောက်ခြင်း တို့ အပြင် သီးခြား လှုပ်ရှားမှုများ ပေါ်ပေါ် ထင်ထင် သိပ်မရှိသည်ကို တွေ့ရသည်။ ပါတီအတွင်း အရည် အချင်း ရှိ သူများ အပြည့်ရှိနေသည့် အပြင် ထိုင်ခုံနေရာ အတွက်လည်း စနစ်တကျ စီမံခန့်ခွဲမှုများ ရှိသည့်အတွက် အဓိကရုဏ်းကို ဖန်တီးရန် စိတ်မပါဆုံးမှာ ကြံ့ခိုင်ရေး ဖြစ်နိုင်သည်။ ဆူပူမှုများ ဖြစ်လာပါက ပါတီ ရပ် တည်မှု အတွက် အခြေအ နေ ပို၍ မကောင်းနိုင်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် ရဲတပ်ဖွဲ့ဝင်တို့နှင့် တိုက်ရိုက် သက်ဆိုင်မှု တစ်ခုမှ မရှိ။ ကျေးရွာပိုင်၊ ပုဂ္ဂ လိက ပိုင် လုပ်ငန်းများ၊ နိုင်ငံတော်ပိုင် လုပ်ငန်းများတွင် ဆူပူမှုများ ရှိသဖြင့် သွားရောက် ကာကွယ်ပေးခြင်း သာ ဖြစ် သည်။ တရားဥပဒေ အရထက် ရဲတပ်ဖွဲ့ဝင်တို့မှာ ပို၍ လုပ်စရာ အကြောင်းမရှိ။ သာမန် ကာ ကွယ် တား ဆီးယုံ သာ ဆောင်ရွက်ကြသည်။ သို့သော် ထိုသူများကို တိုက်ခိုက်ရန် နောက်ကွယ်က မြှောက် ပင့်ပေး သူများ ပေါ်လာ ပြီဖြစ်သည်။ ကျောက်ပန်းတောင်းတွင် တစ်ကြိမ်၊ မအူပင်တွင် တစ်ကြိမ် တစ်လ အ တွင်း ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှု ၂ ကြိမ်ရှိလာပြီ ဖြစ်သည်။

တစ်ဖက်တွင် လည်း တိုင်းရင်းသား သွေးကွဲမှုများ၊ လူမျိုးစွဲ၊ ၀ါဒစွဲများ ပြင်းထန်စွာ ဖြစ်ပေါ်အောင် သွေးထိုး လျှက် ရှိသည်။ ကချင်မီဒီယာများမှ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ပေါ်တင် သွေးခွဲလျှက် ရှိသကဲ့သို့၊ သောင်း ကျန်းသူ လက်ကိုင်တုတ် ပြည်တွင်း မီဒီယာများ မှလည်း ထပ် ဆင့်ဖော်ပြ လျှက် ရှိ သည်။ တိုင်းရင်းသားလူမျိုးစွဲ ပြင်းထန်သူ များ ပါဝင်သည့် မီဒီယာ၊ အစိုးရ မုန်းတီးရေး အခြေခံ သည့် မီဒီယာ အချို့ သည်ကား ဆူပူမှုများ ဖြစ်ပေါ်လာပါက တိုက်ရိုက် ပါဝင် ပတ်သက်မှုများ ရှိနေသည်ကို တွေ့ရသည်။

သေချာသည်ကား နယ်စပ်ဒေသများတွင် တည်ငြိမ်မှု မရှိ ကျီးလန့်စာစား အခြေအနေ ဖြစ်နေသည်။ ရန်ကုန် မြို့တော် အလယ်တွင် ပွဲစားများမှ ကားတရုံးရုံး၊ လူတစ်ရုံးရုံး လုပ်နေသည်။ ရန်ကုန် မြို့နယ် များ တွင် ကုလား- ဗမာ ပဋိပက္ခအချို့ အကြောင်းပြ လူစုမှုများ ဖြစ်ပေါ်နေသည်။ ရန်ကုန် မြို့စွန်များတွင် မြေ သိမ်း၊ ယာ သိမ်း ဆန္ဒပြမှုဖြင့် အလုပ်သမား၊လယ်သမားများ စုနေသည်။ အန်အယ်လ်ဒီ  အားကောင်းရာ မြို့ နယ် များတွင် အစိုးရ ကို တိုက်ခိုက်မှုများ၊ ရဲနှင့် ဖြစ်ပွားသော ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားနေသည်။ မင်း ကိုနိုင် တို့ အပါအ၀င် ကျောင်းသားများ စာပေဟောပြောပွဲ ပြုလုပ်ပြီး နေ့ည မပြတ် ဟောပြော မှုမျာြး ဖင့် လှုံ့ဆော်နေ သည်။

အခြေအနေ အရပ် ရပ်သည် စိုးရိမ်ဖွယ် အနေအထား တစ်ခုသို့ ဦးတည်နေ သည့်နောက် တစ်နိုင်ငံလုံး  အုံကြွ မှု အတွက် အကွက်ချ ဖန်တီး သူများ ရှိနေလား ဆိုသည့် မေးခွန်း ဖြစ်လာ ရပါတော့သည်။

Share:

သံလွင်မြစ် ရေအား လျှပ်စစ်စီမံကိန်းများ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်

သံလွင်မြစ် ရေအား လျှပ်စစ်စီမံကိန်းများ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်:
ကရင်ပြည်နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုကို နိုင်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်၏ သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် လျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ မေးမြန်းချက်ကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးမြင့်ဇော် က ယင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။ စီမံကိန်းများမှာ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင် (ကွမ်လုံ)၊ ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နောင်ဖ၊ ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မန်တောင်း၊ ၇၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင်(မိုင်းတုံ)၊ ၄၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရွာ သစ်၊ ၁၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး စသည့် ရေအားလျှပ်စစ် စီမံကိန်းများ ဖြစ်ကြောင်း၊ သို့ရာတွင် အသေးစိတ် အခြေ အနေများ၊ နိုင်ငံတော် အကျိုးအမြတ်နှင့် အဆုံးအရှုံးဖြစ်ပေါ်မှုများကို ဖြေကြားပေးခြင်း မရှိကြောင်း သိရသည်။
Share:

ဒုက္ခသည်စခန်းသို့ပို့မည့် ၀ါးလုံးတင်ယာဉ်တန်း ဆန္ဒပြပြီးမှ ၀င်ခွင့်ရ

ဒုက္ခသည်စခန်းသို့ပို့မည့် ၀ါးလုံးတင်ယာဉ်တန်း ဆန္ဒပြပြီးမှ ၀င်ခွင့်ရ:
ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့နယ် မယ်လဒုက္ခသည်စခန်းက တဲအိမ်တွေ ပြန်ပြင်ဆောက်ဖို့ ၀ါးလုံးတွေ လာပို့တဲ့ကားကို နယ်မြေခံအာဏာပိုင်တွေက ၀င်ခွင့်ပိတ်ပင်တားဆီးခဲ့တဲ့အတွက် ရွာသားတွေ ဆန္ဒပြပြီးနောက်ပိုင်း  ပြေလည်မှုရသွားခဲ့ပါတယ်။
မနေ့ မနက်ပိုင်းက ဆန္ဒပြမှုတွေအပြီး ညနေပိုင်းမှာ ပြေလည်မှုရသွားတဲ့အတွက် ရွာသားတွေက ၀ါးလုံးတွေ လာသယ်ကြတာ ကုန်လုနီးပါးရှိပြီလို့ မယ်လဒုက္ခသည်စခန်း လုံခြုံရေးမှူး စောအားမူက ပြောပါတယ်။
ဒီပြဿနာက  မြို့နယ်အာဏာပိုင်နဲ့ လုပ်ငန်းရှင်ကြား ညှိနှိုင်းမရလို့ ဖြစ်ရတာ ဆိုပေမယ့် ၀ါးလုံးသယ်ဖို့အတွက် အဝေးကြီးကနေ လာစောင့်ရတဲ့ ရွာသားတွေ အချိန်ကုန် လူပန်းဖြစ်ခဲ့ရတယ်လို့ ရွာသားတဦးက ပြောပါတယ်။
ဝါးလုံးတွေ သယ်ခွင့်မရခဲ့ရင် စခန်းက ပြင်ဆင်ဆောက်လုပ်ရမယ့် အိမ်ပေါင်း ၇ ထောင်ကျော်နဲ့ မသန်စွမ်းသူတွေ နေထိုင်ရေးကိစ္စပါ စိုးရိမ်ရတဲ့အတွက် ဆန္ဒပြရတာလို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များကူညီရေးကော်မတီ (တီဘီဘီစီ) ရဲ့ ထောက်ပံ့မှုနဲ့ ၀ါးလုံးတွေ အပြည့်တင်ဆောင်လာတဲ့ ကုန်တင်ကား ၄ စီးဟာ  ဒုက္ခသည်စခန်း ဇုန်ဘီအ၀င်လမ်းမှာ ထိုင်းအာဏာပိုင်တွေရဲ့ ပိတ်ဆို့ဟန့်တားမှုကို ခံခဲ့ရတဲ့အတွက် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နေ့ခင်းပိုင်းက ဒုက္ခသည် ၁၀၀ ကျော် ဆန္ဒပြခဲ့တာပါ။
ပိတ်ပင်ဟန့်တားဖို့ အမိန့်ပေးခဲ့သူကတော့ ထာ့ဆောင်ယန်း မြို့နယ်အုပ်ချုပ်ရေးမှူး  နိုင်းဆုမ်ချိုင်း တရိုင်းထိပ့်ချတ်ဆကွန်း ဖြစ်ပြီး ပိတ်ပင်တားဆီးရတဲ့အကြောင်းရင်းကို မသိရကြောင်း ဂိတ်စောင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်တဦးက ပြောပါတယ်။
ထိုင်းသတင်းတွေအရ ၀ါးလုံးတွေ တင်ဆောင်ဖို့အတွက်  ဒေသတွင်း အာဏာရှိသူတဦးက ၀ါးလုံးရောင်းတဲ့ လုပ်ငန်းရှင်ဆီကနေ ဘတ်ငွေ ၉ သောင်း တောင်းခံခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် လုပ်ငန်းရှင်က ဒုက္ခသည်စခန်းကို ၀ါးလုံးတွေ တင်သွင်းမယ့်ကိစ္စကို တီဘီဘီစီ အနေနဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနဆီက ခွင့်ပြုချက်ရပြီးဖြစ်တဲ့အတွက် မပေးနိုင်ကြောင်း ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
Share:

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အိမ်ရာအနီးတွင် ဆန္ဒထုတ်ဖော်သူများကို အမှုဖွင့်ထား

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အိမ်ရာအနီးတွင် ဆန္ဒထုတ်ဖော်သူများကို အမှုဖွင့်ထား:


စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော်အိမ်ရာ အနီးတွင် (၁၆-၂-၂၀၁၃)ရက်က လွှတ်တော်အိမ်ရာစီမံကိန်းအတွက် မြေယာများသိမ်းဆည်းမှုကိုမကျေ နပ်၍ ဆန္ဒထုတ်ဖော်ကြသူများထဲ မှ (၃)ဦးကို မုံရွာမြို့နယ်အုပ်ချုပ် ရေးမှူးက တရားလိုပြုလုပ်ကာ မုံရွာမြို့ အမှတ်(၁)ရဲစခန်းသို့ ၀တ္တရားနှောက်ယှက်မှုဖြင့် လာ ရောက်ပြီး အမှုဖွင့်ဆောင်ရွက် ထားပြီး မုံရွာအမှတ်(၁)ရဲစခန်းက (ပ)၁၄၀/၂၀၁၃ ပုဒ်မ (၃၅၃) မှုဖြင့် အမှုဖွင့်ဆောင်ရွက် ကြောင်းမုံရွာမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။

“ကျွန်တော်လည်း အခုလို မျိုးအမှုဖွင့်ဆောင်ရွက်တာတွေ မလုပ်ချင်လို့ သူတို့စပြီး ဆန္ဒ ထုတ်ဖော်တဲ့ (၁၄-၂-၂၀၁၃)ရက် ကတည်းက တာဝန်အရဆောင် ရွက်နေတဲ့သူတွေကို မနှောင့် ယှက်ပါနဲ့ နှောင့်ယှက်ရင် ၀တ္တ ရားနှောင့်ယှက်မှုနဲ့ ဥပဒေ အတိုင်း အရေးယူဆောင်ရွက်ရ ပါလိမ့်မယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ (၁၆-၂-၂၀၁၃)ရက်မှာ လွှတ်တော်စီမံကိန်းအတွက် အုတ်တံတိုင်းခတ်ဖို့ တူးထားတဲ့ အုတ်မြစ်မြေကျင်းတွေကို ပြန်ပြီး မြေဖို့တယ်။ သူတို့အဲဒီလိုလုပ် ဆောင်နေတဲ့ပုံတွေကို ကျွန်တော် ဗီဒီယိုရော၊ ဓာတ်ပုံပါ ရိုက်ထား တယ်။ သက်သေနဲ့တကွတင်ပြီး အမှုဖွင့်ထားတယ်။ တကယ် တန်းပြောရရင် အခုနေရာကို (၂၀၀၉)ခုနှစ်ကတည်းက ပြည်ထဲ ရေးဝန်ကြီးဌာနရဲ့ အမိန့်နဲ့သိမ်း ထားပြီးဖြစ်တယ်။ အခုအမှုဖွင့် ထားတာက (၃)ဦးပါ။ မသင်း သင်းလှိုင်၊ မဥမ္မာကြည်နဲ့ မခိုင်တို့ ဖြစ်ပါတယ်”လို့ မုံရွာမြို့နယ်အုပ် ချုပ်ရေးမှူးက ပြောပါသည်။ “ကျွန်မတို့မြေယာတွေကို (၂၀၀၉)ခုနှစ်ကတည်းက သိမ်း တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး က ပြောလို့သာ အခုမှသိရတယ်။ အဲဒီ (၂၀၀၉)ခုနှစ်သိမ်းတယ်ဆို တာကို ဘယ်သူကမှလည်း လာ မပြောပါဘူး။ ကျွန်မတို့ မိသားစု တွေ ဘယ်သူမှမသိပါဘူး။ နေရာ အစားပေးတယ်ဆိုတာကလည်း လက်ရှိမှာ စိုက်ပျိုးရေးလုပ်ငန်း တွေလုပ်ကိုင်နေတဲ့ တောင်သူ တွေရဲ့ မြေယာတွေပေါ်မှာပေး တာ။ ဟိုဘက်တောင်သူတွေက လည်း ကျွန်မတို့ဝင်နေမယ်ဆိုရင် လုံးဝလက်မခံဘူး။ တောင်သူနဲ့ ကျွန်မတို့ရန်တိုက်ပေးနေသလို ဖြစ်နေတယ်။ ပြောင်းရွှေ့ထားတဲ့ သူတွေကို အိမ်တွေပြန်ဆောက်ဖို့ အတွက် သစ်တွေပေးတယ်။ ရေ တွင်းတွေတူးပေးတယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်မတို့မြေကို ကျွန်မတို့ အသက်ပေးပြီးကာကွယ်သွားမယ်။ ဖမ်းချင်လည်း ဖမ်းပါစေ။ သတ် ချင်ရင်လည်း သတ်ပါစေတော့” ဟု အဆိုပါဆန်္ဒဖော်ထုတ်မှုတွင် ပါဝင်သောအမျိုးသမီးကြီးတစ်ဦးက ပြောသည်။ (၁၈-၂-၂၀၁၃)ရက် နံနက်ပိုင်းက သက်ဆိုင်ရာက တာဝန်ရှိသူတွေနဲ့ မြေယာအ သိမ်းဆည်းခံတောင်သူတွေ အိမ် ၀င်းရှင်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။ တောင်သူ များအိမ်ဝင်းပိုင်ရှင်များဘက်မှလည်း နစ်နာကြေးအဖြစ် မြေ(၁)ဧက လျှင် (၈၀)ပတ်လည်မြေကွက် (၁)ကွက်နဲ့ ကျပ်သိန်းတစ်ထောင် ပေးရန်တောင်းဆိုခဲ့ကြကြောင်း သိရသည်။

စိုးမိုးထွန်း(မုံရွာ)
Share:

19-2-2013 ရက်နေ့ နံနက်ပိုင်း ဖတ်ရန် သတင်းများ

19-2-2013 ရက်နေ့ နံနက်ပိုင်း ဖတ်ရန် သတင်းများ:

  1. ခြေစွယ်ငုတ်ခြင်း   ဖတ်ရန်
  2. တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့များမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေး လျက်ရှိ  ဖတ်ရန်
  3. ချင်းပြည်နယ် ရေ၊ မီးနှင့် လမ်းပန်းဆက်သွယ်ရေးပံ့ပိုးရန် သမ္မတကတိပြု  ဖတ်ရန်
  4. ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ချာခန်းဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ် ဖတ်ရန်
  5. နတ်သံနှောပြီး မေတ္တာရိ စကားများဖြင့် လက်နက်ချ အညံ့ခံခိုင်းနေတဲ့ ကိစ္စ...နှင့် သူတို့ကို ခေါ်နေတယ် မှတ်နေကြတယ်ဗျာ...  ဖတ်ရန်
  6. ကားဈေး အနည်းငယ်တက်၊ တလ ပျှမ်းမျှ အစီး ၅၀၀ ခန့် ရောင်းရဟုဆို  ဖတ်ရန်
  7. မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို    ဖတ်ရန်
  8. စစ်ကိုင်းမီးလောင်မှု အိမ်ခြေရာချီ ဆုံးရှုံး  ဖတ်ရန်
  9. အရေးအခင်းကြောင့် ကျောင်းမဲ့နေတဲ့ ကလေးများအတွက် ဖွင့်လှစ်ထားတဲ့ နယ်စပ်က အခမဲ့ ပညာသင်ကျောင်း အကြောင်း တွေ့ဆုံမေးမြန်းခန်း  ဖတ်ရန်
  10. စပစ်ဖိုင်းယား တိုက်လေယာဉ်များ ဆက်ရှာဖွေမည်  ဖတ်ရန်
Share:

မန္တလေးတွင် တရားမ၀င် နေထိုင်သည့် မြန်မာစကား မတတ်သူများကိစ္စ ဖော်ထုတ်အရေးယူပြီ

မန္တလေးတွင် တရားမ၀င် နေထိုင်သည့် မြန်မာစကား မတတ်သူများကိစ္စ ဖော်ထုတ်အရေးယူပြီ:


မန္တလေးမြို့တွင် မြန်မာနိုင်ငံသားမဟုတ်သည့် မြန်မာစကား မတတ်သော လူမျိုးများ တရားမ၀င် နေထိုင်ကြသည်ကို စတင် စိစစ် ဖော်ထုတ် အရေးယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းကပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဆောင်ရွက်လျှက်ရှိသော အမျိုးသားစီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုစဉ် ဦးကျော်ကျော်ဝင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်က မန္တလေးမြို့တွင် မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက် နေထိုင်မှုကို စိစစ်ဖော်ထုတ် အရေးယူပေးရန် တင်ပြချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် အလေးထား ဆောင်ရွက်လျှက်ရှိပြီး စိစစ်အရေးယူမှုများ စတင်နေပြီဖြစ်ကြောင်း၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကတ်များသည် တရားဝင်ထုတ်ပေးထားခြင်း ရှိ၊ မရှိအပါအ၀င် တရားမ၀င်နေထိုင်မှုများကို ၀န်ကြီးဌာနမှ ရုံး လက်ခံမှတ်တမ်းများနှင့် စစ်ဆေးနေကြောင်း၊ စစ်ဆေးမှုများအရ နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားလက်မှတ် ရရှိ ကိုင်ဆောင်ထားသူများကို လက်မှတ်များ ပြန်လည်သိမ်းဆည်းပြီး လက်မှတ်ထုတ်ပေးသည့် လူဝင်မှုကြီးကြပ်ရေး အရာရှိ၊ ၀န်ထမ်းများကို
လည်း အရေးယူသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဝင်းက ပြောသည်။
Read more »
Share:

မန္တလေး၌ အပြင်းစား ကြက်လည်လိမ်ရောဂါ စတင်ဖြစ်ပွား

မန္တလေး၌ အပြင်းစား ကြက်လည်လိမ်ရောဂါ စတင်ဖြစ်ပွား:
မန္တလေး နန်းတွင်းရှိ တပ်မတော် ကြက်မွေးမြူရေး ခြံတစ်ခုတွင် မွေးမြူ ထားသော ဥစားကြက် ကောင်ရေ ၉၀၀ အနက် ၅၀၀ သေဆုံးသော အပြင်းစား ကြက်လည်လိမ် ရောဂါ ဖေဖော်ဝါရီ ပထမပတ်က စတင် ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မွေးမြူရေး လုပ်ငန်း အဖွဲ့ ချုပ် ဒုဥက္ကဌ ဒေါက်တာ ဦးကျော်ထင် က ပြောကြားသည်။


သတင်း
The Voice Weekly
TUESDAY, FEBAUARY 19, 2013
Share:

ပုသိမ်မှာတွေ့ရတဲ့ ဆရာမြသန်းတင့် အမှတ်တရပွဲ

ပုသိမ်မှာတွေ့ရတဲ့ ဆရာမြသန်းတင့် အမှတ်တရပွဲ: ~


 သန့်စင်ငြိမ်းချမ်း ~










စာရေးဆရာ မြသန်းတင့်ရဲ့ စာပေကျေးဇူးအောက်မေ့ပွဲကို ပုသိမ်မြို့မှာ သူကွယ်လွန်တာ ၁၅ နှစ် ပြည့်နေ့ဖြစ်တဲ့  မနေ့က ကျင်းပခဲ့ပါတယ်။ဒေသခံ စာရေးဆရာတွေနဲ့ စာပေချစ်သူ ၇၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
ပွဲဖြစ်မြောက်ရေးဦးဆောင်သူ ကဗျာဆရာ မောင်အောင်ပွင့်က ဆရာ မြသန်းတင့်  အမှတ်တရ အစီအစဉ်အကြောင်း ဧရာဝတီကို အခုလို ပြောပါတယ်။
“ဆရာမြသန်းတင့်ဟာ စာရေးဆရာသက်သက်တင်…
Share:

တရားပွဲမှာ အလကားရခဲ့တဲ့ ထီလက်မှတ် (၁၀)သိန်းပေါက်၊ ထီတိုက်ပေးသူက (၁)သိန်းဟုတ်တယ်ပြောပြီး (၉)သောင်းခွဲပေး၊ ရဲနဲ့အုပ်ချုပ်ရေးက ခေါ်စစ်တော့မှ ပြန်ပေး

တရားပွဲမှာ အလကားရခဲ့တဲ့ ထီလက်မှတ် (၁၀)သိန်းပေါက်၊ ထီတိုက်ပေးသူက (၁)သိန်းဟုတ်တယ်ပြောပြီး (၉)သောင်းခွဲပေး၊ ရဲနဲ့အုပ်ချုပ်ရေးက ခေါ်စစ်တော့မှ ပြန်ပေး:


imafdfdfsdfsdfges
နေပြည်တော်-ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ (၄)လမ်းတွင် တည်ဆောက်ထားသော မစိုးရိမ် ကျောင်းတိုက်ဝန်းအတွင်းတွင် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၂၉/၃၀/၃၁ ညများ၌ တရားပွဲ များကို (၃)ညတိုင်တိုင် ကျင်းပခဲ့ရာ ပျဉ်းမနားမြို့၊ တိုင်းချစ်လျှပ်စစ်စတိုးနှင့် မိုးယံရွှေလမင်း ထီကိုယ်စားလှယ် ဦးဖိုးနီက တရားလာရောက်နာယူကြသောသူများကို ထီ(၁၀)ဆောင်တွဲ (၁၅)တွဲအား တစ်ညလျှင် (၅)တွဲနှုန်း ကံစမ်းမဲဖောက်လှူဒါန်းခဲ့ရာ ဒုတိယညတွင် လှူဒါန်းခဲ့သော ထီလက်မှတ် (ဗ-၇၃၅၈၃၀ မှ ၇၃၅၈၃၉ ထိ) (၁၀)ဆောင်တွဲမှ ထီဆုငွေ  ကျပ်(၁၀)သိန်းကို ဦးမင်းဒင်ရပ်ကွက်နေသူ ဒေါ်လှကြည်မှ ကံအားလျော်စွာ ဆွတ်ခူးရရှိခဲ့ကြောင်း ထီဖွင့်ပြီး နောက်နေ့တွင် မိုးယံရွှေလလမင်းထီဆိုင်တွင် ကြော်ငြာသင်ပုန်းတွင် ကြေညာထားသော်လည်း ကံထူးရှင်မှာ ထီပေါက်နေသည်ကို မသိ၍ အိမ်နီးနားချင်းဖြစ်သူ ဦး——အား ထီတိုက်ခိုင်းရာ ဦး——-မှ ထီ(၁)သိန်းဆုပေါက်နေကြောင်း၊ ငွေကျပ် (၉၅၀၀၀ိ/-) ပေးမည်ဟုဆို၍ ငွေ(၁)သိန်း ချက်ချင်းပေးပြီး ထီလက်မှတ်ကို ယူသွားကြောင်း၊ ထိုသတင်းအား မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စကားစပ်မိခဲ့ရာမှ အုပ်ချုပ်ရေးမှူးနှင့် နယ်မြေတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ သိရှိသွားကာ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထီလက်မှတ်ယူဆောင်သွားသူကို စစ်ဆေးခဲ့ရာ အဖြစ်မှန်ကို ၀န်ခံခဲ့ပြီး ထီလက်မှတ်ကို ရောင်းစားပြီးဖြစ်ကြောင်းသိရှိရ၍ ထီပေါက်ခဲ့သူ ဒေါ်လှကြည်အား ငွေကျပ် (၈၅၀၀၀၀ိ/-) (ရှစ်သိန်းငါးသောင်းတိတိ)ပြန်လည်ပေးအပ်စေခဲ့ရာ ကံထူးရှင် ဒေါ်လှကြည်မှ ငွေ(၈)သိန်းသာ ပြန်ယူပြီး (၅၀၀၀၀ိ/-)ကို ထီတိုက်ပေးခဲ့သူ ဦး—–အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါကံထူးရှင် ဒေါ်လှကြည်မှာ အိမ်ငှားနေရပြီး အ၀တ်လျှော်လုပ်ငန်းဖြင့် ဘ၀ရပ်တည်နေရသူဖြစ်ကြောင်း ဆင်းရဲနွမ်းပါးသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
မြင့်အောင် (နေပြည်တော်)
Share:

အရင်ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်များကို ပြန်စစ်သွားမည်

အရင်ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်များကို ပြန်စစ်သွားမည်:
အရင်စစ်အစိုးရလက်ထက်တုန်းက ထုတ်ပေးခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်နဲ့ အမျိုးသားမှတ်ပုံတင်ကတ်ပြားတွေ အားလုံးကို ပြန်စိစစ်နေပြီး ဥပဒေနဲ့ အညီ ထုတ်ပေးထားတာ မဟုတ်ရင် အရေးယူမယ်လို့ လ၀က ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောပါတယ်။
၂၀၁၃-၁၄ အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ဆွေးနွေးစဉ် လွှတ်တော်အမတ်တွေက မန္တလေးကို တရုတ်လူမျိုးတွေ စိမ့်ဝင်နေထိုင်ပြီး နိုင်ငံသားကတ်တွေ ကိုင်ဆောင်နေတဲ့ကိစ္စ အပါအ၀င် အရင် စစ်အစိုးရလက်ထက်က ဘင်္ဂလီတွေအပါအ၀င် နိုင်ငံခြားသားတွေကို လာဘ်ငွေယူပြီး မှတ်ပုံတင်တွေ ထုတ်ပေးထားတဲ့ကိစ္စ အမတ်တွေက မေးခွန်းထုတ်လာတဲ့အပေါ် ဒုဝန်ကြီးက ခုလို ရှင်းလင်းပြောဆိုတာ ဖြစ်ပါတယ်။
ဥပဒေနဲ့ မညီတဲ့ နိုင်ငံသားကတ်နဲ့ အခြားသက်သေခံကတ်ပြားတွေ တွေ့ခဲ့ရင် လုပ်ပေးတဲ့ ၀န်ထမ်းတွေကို အရေးယူမယ့်အပြင် လိမ်လည်လျှောက်ထားရယူခဲ့သူတွေကိုလည်း အရေးယူမယ်လို့ ဒုဝန်ကြီးက ရှင်းပြပါတယ်။
Share:

အင်းလေးကန်ဟိုတယ်ဇုံ အတွက် မြေသိမ်း

အင်းလေးကန်ဟိုတယ်ဇုံ အတွက် မြေသိမ်း:

အင်းလေးကန် တောင်သူလယ်သမား
BBC News, 18February 2013  —-  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လဆန်း က ရှမ်းပြည်နယ် အစိုးရမှ အင်းလေးကန် အရှေ့ဘက် ကမ်းစပ်ရှိ ကံဘဲ့ အင်ကြင်းကုန်းရွာ မှ တောင်သူ ၈၃ ဦး ပိုင်ဆိုင် တဲ့ ယာမြေ ဧက ၁ဝဝ ကျော် အပါအဝင် မြေလွတ်မြေရိုင်း ဧက ၆ဝဝ ကျော် ကို သိမ်းယူခဲ့ပါတယ်။

မူလ ယာမြေပိုင်ရှင်တွေ ထဲက အင်းတောင်သူ ၇ ဦးက သိမ်းပိုက် မြေပေါ် ဝင်ရောက်ပြီး သီးနှံ စိုက်ပျိုးရာမှာ ညောင်ရွှေ အုပ်ချုပ်ရေးမှူး က တရားလို လုပ်ပြီး တရားစွဲပါတယ်။
အင်းလေးကန် ဟိုတယ်ဇုံ စီမံကိန်း အတွက် မြေယာတွေ သိမ်းမယ် ဆိုတာ ကို ကြိုမပြောပဲ ဒီယာမြေမှာ ကြက်သွန် နဲ့ ကြံတွေ စိုက်ပြီးခါမှ တောင်သူတွေ ပိုင်မြေ ကို ဂရံထဲက ထုတ်ထားပြီး ဖြစ်ကြောင်း၊ စီမံကိန်းမြေ ဧက ၆ဝဝ ကျော် သတ်မှတ် ထားတဲ့ နေရာကို ကျူးကျော် ဝင်ရောက်ရင် တရားစွဲမယ် ဆိုတာ ကြော်ငြာ ပြီးဖြစ်ကြောင်း၊ အာဏာပိုင် က ပြောတာကို ယာပိုင်ရှင် က ဘီဘီစီ ကိုပြောပြပါတယ်။
တရားစွဲခံရသူ ၇ ဦး အနက်၊ သုံးဦးကို ဒီယာမြေတွေ ကို မသိမ်းဖို့ လာရောက်တားမြစ်တဲ့ အတွက် တာဝန်ရှိသူတွေက ပုဒ်မ ၃၅၃ အရ တာဝန်ဝတ္တရား နှောက်ယှက်မှု နဲ့ နန့်ပန် ရဲစခန်းမှ ထပ်မံ တရားစွဲကြောင်းလည်း ဘီဘီစီ ကို ရှင်းပြပါတယ်။
ယာပိုင်ရှင်တဦး ကလည်း သူ့လယ်မြေ သိမ်းစဉ် က နစ်နာကြေး အနေနဲ့ တဧက ကျပ်ငွေ ၂ သိန်း တန်တာကို ကျပ်ငွေ ၁ သိန်းပဲ ပေးပြီး သိမ်းလို့ သူမကျေနပ်ပုံ ကို ပြောပါတယ်။
အခုတော့ ယာမြေလည်း အသိမ်းခံရ၊ တရားလည်း အစွဲခံရတဲ့ အခြေအနေ ရောက်နေပုံ ကို ရှင်းပြပါတယ်။
ဒီကိစ္စ ကို မကျေနပ်လို့ ဆန္ဒထုတ်ဖေါ်ခွင့် တောင်းရာမှာ မြို့နယ်က ခွင့်မပြုသလို တောင်ကြီးမှာ အယူခံဝင် ဖို့သာ ပြောနေပုံ၊ အဓမ္မ လယ်သိမ်းခံရတဲ့ အကြောင်းကို နိုင်ငံတော် အဆင့်ထိ တိုင်ကြားတဲ့ တိုင်အောင်၊ အကြောင်းမပြန်တဲ့ အတွက် စွဲဆိုထားတဲ့ အမှု တွေ အပေါ် ရှေ့နေမှ တဆင့် ခုခံ မယ့် အကြောင်း တောင်သူတွေက ဘီဘီစီ ကို ပြောပါတယ်။
Share:

စီးပွားအမှိုက်သိမ်းဆည်းခတဲ့….

စီးပွားအမှိုက်သိမ်းဆည်းခတဲ့….: စီးပွားအမှိုက်သိမ်းဆည်းခတဲ့…. သူငယ်ချင်းတို့ရေ စီးပွားအမှိုက်သိမ်းဆည်းခတဲ့… အင်တာနက်ဆိုင်ကို လာပြီးတော့ စီးပွားအမှိုက်သိမ်းခတဲ့.. တစ်ခါမှလဲလာမသိမ်းဘူး… လာသိမ်းဖို့ဆိုဝေး.. .အမှိုက်ကားတောင်တစ်ရက်တစ်ခါမလာတာကို.. .အဲ့ဒါကိုအမှိုက်သိမ်းခတဲ့…စားသောက်ဆိုင်တို့.. လ္ဘက်ရည်ဆိုင်တို့ကဘာလုပ်ဖို့ထားတာလဲ..တောင်းစားစရာမရှိတော့ဘူးလား… အင်တာနက်ဆိုင်ကိုတောင်လာတောင်းစားနေကြပြီးလား… ဘယ်လိုတွေဖြစ်ကုန်ပြီးလဲ… နည်းနည်းတော့များလာပြီးထင်တယ်ဗျာ ဘာတွေဖြစ်ကုန်တာလဲ.. .စီးပွားအမှိုက်သိမ်းဆည်းခတဲ့… သူငယ်ချင်းတို့ဆိုင်ကိုလဲလာတော့မယ်နော်… အဲ့လိုစာရွက်လေတွေ…အဲ့ဒါလေကိုဖတ်ပြီးနည်းနည်း စိတ်ကတိကအောင့်ဖြစ်လာလို့ ဒီစာလေကိုတင်လိုက်တာပါ… .ပို့စ်မတင်တာတောင်ကြာပြီး အခုဒီစာလေပြန်တင်ပေးလိုက်တာပါ… ကျွန်တော်တို့အင်တာနက်ဆိုင်ဖွင့်တာတစ်လတောင် မကြာသေဘူး… အခုစလာပြီး…ဟီးဟီး…
Share:

လက်ပန်းတောင်းတောင်အရေး ကုလသမဂ္ဂထံ တင်ပြမည်

လက်ပန်းတောင်းတောင်အရေး ကုလသမဂ္ဂထံ တင်ပြမည်:

ဓာတ်ပုံ -ကိုဟန်ဝင်းအောင်
RFA News, 18February 2013  —–  လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံလူထုရဲ့ လက်မှတ်တွေ ကို ဖေဖေါ်ဝါရီလ ၁၈ ရက် ဒီကနေ့မှာ စတင် စုဆောင်းပြီး ကုလသမဂ္ဂထံ တင်ပြသွားမယ်လို့ သိရပါတယ်။
အဲဒီလက်မှတ်စုဆောင်းတာကို သီတင်းတစ်ပတ်အတွင်း အပြီးလုပ်ဆောင်သွားမယ်လို့ လက်ပန်းတောင်းတောင်အရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ရက်မှ တာဝန်ခံ ကိုသောင်းထိုက်က RFA ကို ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှာ လက်ပန်းတောင်းတောင်ခြေမှာရှိတဲ့ သပိတ်စခန်းတွေကို အစိုးရက အင်အားသုံးဖြိုခွင်းတာနဲ့ ပတ်သက်ပြီး မီးလောင်ဗုံးသုံးဖို့ အမိန့်ပေးခဲ့တဲ့သူတွေကို အရေးယူပေးဖို့အတွက် ဒေသခံတွေ မနေ့က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပဲ လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွဲရာမှာ အစိုးရဖက်က မီးလောင်ဗုံးအသုံးပြုခဲ့ခြင်း ရှိ၊ မရှိကို ကော်မရှင်ရဲ့ အစီရင်ခံစာထွက်မှသာ အတိအကျပြောနိုင်မယ်လို့ လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ လွှတ်တော်ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေရဲ့မေးခွန်းကို ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Justice Trust  အဖွဲ့တွေက သပိတ်စခန်းကို ဖြိုခွဲရာမှာ White Phosphorus ခေါ် မီးလောင်စေတဲ့ မီးစုန်းဖြူပါဝင်တယ်လို့ ထုတ်ပြန်ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထောက်တွေက မေးမြန်းရာမှာ အဲဒီလို ပြန်လည်ဖြေကြားခဲ့တာပါ။
Share:

မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို

မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို:

မြန်မာစစ်တပ်က ကလေးစစ်သားတွေကို မိဘထံ ပြန်လည်အပ်နှံမှု အခမ်းအနား (၃၊ ၉၊ ၂၀၁၂)
VOA News, 18February 2013  —–   မြန်မာစစ်တပ်ထဲက ကလေးစစ်သား ၂၄ ဦးကို ပြန်လွှတ်ပေးလိုက် တဲ့အပေါ် ကုလသမဂ္ဂ က ချီးမွမ်း ကြိုဆိုလိုက်ပါတယ်။
  စစ်တပ်တွင်းက ကလေးစစ်သား ၂၄ ဦးကို စိစစ်ပြီး ပြန်လွှတ်ပေးတဲ့ အခမ်းအနားတရပ်ကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူတွေ၊ စစ်တပ် အရာရှိတွေအပြင် UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံ ကိုယ်စားလှယ်လည်း တတ်ရောက်ခဲ့ပါတယ်။
အဲ့ဒီပွဲကို တတ်ရောက်တဲ့ UNICEF မြန်မာနိုင်ငံ ကိုယ်စားလှယ် ဘတ်ထရန်း ဘိန်းဗဲလ် (Bertrand Bainvel) ကလည်း အဲ့ဒီလွတ်မြောက်လာတဲ့ ကလေးတွေကို စကားပြောပါတယ်။ ဒီကလေးတွေ အနေနဲ့ အမှားအယွင်း မလုပ်ခဲ့ကြကြောင်းနဲ့ မှားယွင်းပြီးတော့ အလုပ်ခံရတာ ဖြစ်ကြောင်း၊ ဒီ့အတွက် သူတို့ အသက်မပြည့်ခင်မှာ မှားယွင်းအသုံးပြုမိတဲ့ စစ်တပ်ကနေ သူတို့ကို အခု

ပြန်လွှတ်ပေးရတာ ဖြစ်ကြောင်း မစ္စတာ ဘိန်းဗဲလ် က ပြောသွားပါ တယ်။
မြန်မာနိုင်ငံတွင်း ကလေးစစ်သား စုဆောင်းအသုံးပြုမှု အဆုံးသတ်ရေးအတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအကြား ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက သဘောတူညီမှုတွေ ရခဲ့ပြီး၊ အဲ့ဒီ သဘောတူညီမှုရဲ့ အဆက်အနေနဲ့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ပါတယ်။
အခုလို ကလေးစစ်သား ၂၄ ဦး ပြန်လွတ်မြောက်လာတာကို ကြည့်ရင် အစိုးရအနေနဲ့ ကလေးတွေကို စစ်တပ်အတွက် စုဆောင်း အသုံးပြုတာမျိုး မဖြစ်သင့်တော့ဘူးဆိုတဲ့ ပိုင်းဖြတ်ချက်ကို ထင်ဟပ်စေ တယ်လို့ ရန်ကုန် ကုလသမဂ္ဂရုံးက ဌာနေကိုယ်စားလှယ် အရွှတ် နီဂမ်း (Ashok Nigam) က ပြောပါတယ်။
စစ်တပ်အပြင် အခြားအစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်တွေမှာ သုံးနေတဲ့ ကလေးတွေ အားလုံး ကိုလည်း အလားတူ ပြန်လွှတ်ပေးရေးအတွက် အရှိန်မြှင့် ဆောင်ရွက်သွားဖို့ အရွှတ် နီဂမ်း (Ashok Nigam) က တိုက်တွန်းသွားပါတယ်။
ကမ္ဘာမှာ ကလေးစစ်သား အသုံးပြုတာကြောင့် အတွင်းရေးမှူးချုပ်အနေနဲ့ စိုးရိမ်ရတဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ မကြာခင်တုန်းက ထုတ်ပြန်ခဲ့တဲ့ Child Soldiers International အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု အဆုံးသတ် ရေးအတွက် မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ဇွန်လအတွင်းက သဘောတူညီမှုတွေ ရခဲ့ပေမဲ့လို့၊ မြန်မာအစိုးရနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေတုန်းပဲလို့ ထောက်ပြထားပါတယ်။
ဗွီအိုအေ(မြန်မာဌာန)
Share:

ရန်ကုန်-မော်လမြိုင် အမြန်ယာဉ် ပစ်တိုင်းထောင် ယာဉ်လိုင်းရဲ့ ခရီးသည်တွေအပေါ်မိုက်ရိုင်းမှု

ရန်ကုန်-မော်လမြိုင် အမြန်ယာဉ် ပစ်တိုင်းထောင် ယာဉ်လိုင်းရဲ့ ခရီးသည်တွေအပေါ်မိုက်ရိုင်းမှု: ရန်ကုန်-မော်လမြိုင် အမြန်ယာဉ်လိုင်း တွင် ယာဉ်လိုင်းပေါင်းများစွာ ပြေးဆွဲ လျှက်ရှိသည့် အနက် ပစ်တိုင်းထောင် မော်တော် ယာဉ်လိုင်းသည် ၀န်ထမ်းများ၏ ဆက်ဆံရေး ညံ့ဖျင်းခြင်း၊ ထိုင်ခုံ နေရာကောင်းများကို လက်မှတ်ရောင်း ၀န်ထမ်းများမှ အလွဲသုံးစားလုပ်ခြင်း၊ အဲကွန်း မအေးခြင်း စသည့် ဆားဗစ် အလွန်တရာ ညံ့ဖျင်းသော်လည်း ယခင် စစ်အစိုးရ လက်ထက်မှစပြီး လူကြီးပိုင်းနှင့်ပေါင်းသင်းကာ အခြားမည်သည့် အဝေးပြေး…
Share:

လွှတ်တော်အမတ် ခြိမ်းခြောက်စာရရှိ

လွှတ်တော်အမတ် ခြိမ်းခြောက်စာရရှိ: အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေဟာ သူ့ဆီလိပ်မူထားတဲ့ ခြိမ်းခြောက်စာတစောင်ကို လွှတ်တော်ရုံးကနေတဆင့် လက်ခံရရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီစာထဲမှာ ကချင်ဘင်လာဒင် ဆိုသူက ဦးလှဆွေတို့ သားစဉ်မျိုးဆက်အားလုံးကို တွေ့ရာသချုင်္ိင်း ဓားမဆိုင်းဘဲ ရန်သူလို့ သတ်မှတ်သွားမယ့်အကြောင်း ပြင်းပြင်းထန်ထန် ရေးသား ဖော်ပြထားပါတယ်။
ဦးလှဆွေကတော့ ငြိမ်းချမ်းရေးရဖို့ဆိုရင် သူ့အသက်ကိုလည်း မနှမြောသလို သူ့မိသားစုလည်း အတူတူပါပဲလို့ ပြောပါတယ်။ ကေအိုင်အိုအဖွဲ့ကိုလည်း ကေအန်ယူလို ကိုယ့်ဒေသလူထုကို…
Share:

ကြံ့ခိုင်ရေးပါတီကို အန်အယ်လ်ဒီ ဘယ်လိုယှဉ်မှာလဲ

ကြံ့ခိုင်ရေးပါတီကို အန်အယ်လ်ဒီ ဘယ်လိုယှဉ်မှာလဲ:
၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုတွေကို ဖယ်ရှားလိုက်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ အနာဂတ်က အကောင်းဘက်ကို ဦးတည်သွားသယောင် ရှိလာပါတယ်။
အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူကြိုက်များတာကြောင့် ၂၀၁၅ ရွေးကောက်ပွဲကျရင် လူမုန်းများတဲ့ ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ အာဏာရပါတီကို အလွယ်တကူပဲ အနိုင်ရမယ်လို့ ထင်မှတ်စရာရှိပါတယ်။
ဒါပေမ့ယ် ဒီမိုကရေစီရဲ့ သဘာဝက အမှုပွေတတ်ပါတယ်။ နိုင်ငံရေးမှာ တကယ့် အရေးအကြောင်း ပေါ်လာရင် အန်အယ်လ်ဒီအနေနဲ့ အမာခံတွေကိုတောင် ဆုံးရှုံးနိုင်စရာ ရှိနေပါတယ်။
လွန်ခဲ့တဲ့လ အနည်းငယ်အတွင်းမှာ အန်အယ်လ်ဒီရဲ့ ခြေလှမ်းတွေဟာ ဒယိမ်းဒယိုင်နဲ့ မရေမရာ ဖြစ်လာခဲ့တယ်။ အန်အယ်လ်ဒီအပေါ် မဲဆန္ဒရှင်တွေက အားမလိုအားမရ ဖြစ်လာတဲ့ အချိန်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီအေ) ရဲ့ နိုင်ငံရေး ခြေလှမ်းတွေက တင့်တင့်တယ်တယ် ဖြစ်လာတယ်။
အန်အယ်လ်ဒီအနေနဲ့ လူမုန်းများတဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ နဂိုမူလ ရပ်တည်ချက်ကနေ လူမျိုးစုံ မှီတင်းနေထိုင်တဲ့ နိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရရေး ဆိုတဲ့ ရည်မှန်းချက်ကို ပြောင်းလဲလာတဲ့အချိန်မှာ ပါတီတွင်းမှာ အစီအစဉ် မကျမှုတွေ ပေါ်ပေါက်လာတတ်တာကလည်း သဘာဝကျတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာပြည်မှာ တရားဝင် စာရင်းအရ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး ရှိပြီး အရှေ့၊ အနောက်၊ မြောက်ပိုင်း နယ်စပ်ဒေသတွေမှာ နေထိုင်ကြပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုတွေထဲက တချို့ မျိုးနွယ်စုတွေဟာ အပြင်လူတွေရဲ့ အုပ်ချုပ်မှုကို ဘယ်တုန်းကမှ လက်မခံခဲ့တဲ့ အစဉ်အလာရှိပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီဟာ လူများစု ဗမာတွေရဲ့ ပါတီဖြစ်နေတာကြောင့် တပြည်လုံး အတိုင်းအတာနဲ့ အင်အားကြီးတဲ့ ပါတီအဖြစ်နဲ့ လက်တွေ့ တည်ဆောက်ရေးမှာ ပိုလို့တောင် အခက်တွေ့စေပါတယ်။
တဖက်မှာလည်း အန်အယ်လ်ဒီဟာ ပါတီတွင်း ရွေးကောက်ပွဲတွေမှာ စီမံခန့်ခွဲမှု မှားယွင်းတယ်လို့ ဆိုတဲ့ ဝေဖန်သံတွေ ပေါ်ထွက်နေပါတယ်။ ဒါကြောင့်ပဲ ပထမဆုံး ပါတီညီလာခံကို မတ်လ ဒုတိယအပတ်အထိ ရွှေ့ဆိုင်းထားရပါတယ်။ လွန်ခဲ့တဲ့ လအတန်ကြာကတည်းက ပုသိမ်က ပါတီဝင်တချို့ ပါတီကို ကျောခိုင်းသွားတာ၊ မကြာခင်တုန်းကလည်း မန္တလေးက ပါတီဝင်တွေလည်း ပါတီတွင်း ရွေးကောက်ပွဲကို မကျေနပ်လို့ ဆန္ဒပြတာတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ပါတီတွင်းက အသက်ကြီးပိုင်း ခေါင်းဆောင်တွေဟာ  မူဝါဒချမှတ်တဲ့ လုပ်ငန်းစဉ်မှာ လူငယ်ပိုင်းကို ပါဝင်ခွင့်မပေးဘဲ ချောင်ထိုးတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
အကျိုးဆက်အဖြစ် ပါတီတွင်း မကျေနပ်လို့ ပါတီက ထွက်ကြမှာတွေ နောက်ထပ်ပေါ်ပေါက်လာခဲ့ရင် အန်အယ်လ်ဒီရဲ့ ပြိုင်ဘက် ပါတီတွေအတွက် အမြတ်ထွက်သွားနိုင်ပါတယ်။ ၂၀၁၅ မတိုင်ခင်မှာ ပါတီအသစ်တွေ ပေါ်ပေါက်လာနိုင်ဖို့ လမ်းပွင့်သွားနိုင်ပါတယ်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍသစ်ကလည်း အပေးအယူအလျှော့အတင်းတွေ လုပ်နေရတာကြောင့် ထောက်ခံသူ အသစ်တွေ တိုးလာအောင် စည်းရုံးဖို့  အခြေအနေ မပေးသလို ဖြစ်ပါတယ်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်ချက်ကို ကြည့်ရင် လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တယောက်ရဲ့ ရပ်တည်ချက်နဲ့ အရင်က အတိုက်အခံခေါင်းဆောင်ရဲ့ ရပ်တည်ချက်က ခြားနားသွားပါပြီ။ လက်ရှိ အနေအထားမှာ နိုင်ငံရေး အယူအဆထက် လက်တွေ့အကျိုးမျှော်ဝါဒဘက်ကို ပိုပြီး ဇောင်းပေးနေတာ တွေ့ရပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ရေငုံနုတ်ပိတ်လို့ နိုင်ငံတကာ အလှူရှင်တွေကြားမှာ ပြဿနာ ရှိတယ် ဆိုရင်တောင်  ပြည်တွင်းမှာတော့ ပြဿနာ သိပ်မရှိပါဘူး။ ဒါပေမယ့် ကချင်ပြည်နယ် အရေးမှာ တုံဏှိဘာဝေ လုပ်နေတဲ့ အတွက် မိတ်ဆွေတွေကို ဆုံးရှူံးသွားရပါတယ်။
ဒီအတွက် အန်အယ်ဒီက ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ရစရာ ရှိလာနိုင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အခြေအနေကို ပြန်ကြည့်ရင် အန်အယ်ဒီဟာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLA) နဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ အကယ်၍ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်က တိုင်းရင်းသားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ မဖြစ်မနေ လိုအပ်လာရင် အန်အယ်ဒီက  ၁၉၉၀ တုန်းက အခြေအနေမျိုးကို ပြန်ရဖို့ အခက်တွေ့နိုင်ပါတယ်။ ဒီအချိန်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ အုပ်ချုပ်ရေးပိုင်းမှာ တိုးတက်လာတာတွေ့ရပါတယ်။ ရာထူးအပြောင်းအလဲထဲမှာ လုပ်ရည်ကိုင်ရည်ရှိတဲ့ တက်ခနိုခရက်တွေကို နေရာပေးလာတာနဲ့ နိုင်ငံရေးအာဏာနဲ့ ပတ်သက်လို့ အတွေ့အကြုံ ရှိဖူးတာတွေက ကျေးဇူးပြုတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ဖြေလျှော့မှုတွေကြောင့် လူနေမှုအဆင့်အတန်းတွေ တက်လမ်းပွင့်တော့မယ် ဆိုပြီး အာဘောင်အာရင်းသန်သန်နဲ့ အမှတ်ယူလာတာ တွေ့ပါတယ်။ ကြံ့ခိုင်ရေးပါတီကို အရောင်တင်ဖို့ ပါတီခေါင်းဆောင်တွေက ကြိုးစားနေတယ်ဆိုတာ ရှင်းပါတယ်။
ပေါ်လစီပိုင်းမှာလည်း ပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်လာစေဖို့ ရည်ရွယ်တဲ့ လူကြိုက်များပြီး၊ မြန်မြန်ထက်ထက် အကျိုးရလဒ်တွေ ပေါ်လာနိုင်ခြေရှိတဲ့ လျှပ်စစ်မီး၊ တယ်လီဖုန်းနဲ့ စိုက်ပျိုးရေးကဏ္ဍဘက်ကို ကြံ့ခိုင်ရေးပါတီက အာရုံစိုက် လုပ်ဆောင်နေတဲ့ သဘောရှိပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ နောက်ဆုံး သုံးနေကျနည်းလမ်းကတော့ သွေးခွဲတဲ့ နည်းပါပဲ။ အတိုက်အခံတွေထဲမှာ လူပုဂ္ဂိုလ်ကို ဗဟိုပြုတဲ့ အစုအဖွဲ့တွေ ကွဲပြားသွားအောင်၊ တိုင်းရင်းသားအုပ်စုတွေ အချင်းချင်း အကြားမှာ ယုံကြည်မှုပျက်ပြားအောင် သပ်လျှိုသွေးခွဲတဲ့ နည်းလမ်းပါပဲ။
ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ဟာ ၂၀၁၁ နိုဝင်ဘာလက စလို့  တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတာလည်း ရှိပါတယ်။ အပစ်အခတ် ရပ်ပြီးရင် နိုင်ငံရေးပါတီတွေ အဖြစ်နဲ့ မှတ်ပုံတင်ဖို့ တွန်းအားပေးသွားဖို့ ရှိပါတယ်။ အကယ်၍ ဒီလမ်းကြောင်းသာ အောင်မြင်သွားရင် တိုင်းရင်းသားအုပ်စုတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အကြွင်းမဲ့ လက်ခံရာရောက်မှာဖြစ်ပြီး တိုင်းရင်းသားဒေသက မဲဆန္ဒနယ်တွေမှာ အန်အယ်လ်ဒီအတွက် စိန်ခေါ်မှုအသစ်တွေ တိုးလာနိုင်ပါတယ်။
ဒီအခြေအနေတွေ နောက်ခံမှာ အန်အယ်လ်ဒီက တိုင်းရင်းသားဒေသအခြေပြု ပါတီတွေနဲ့ ဆက်ဆံရေး တိုးတက်လာအောင် မတည်ဆောက်နိုင်ခဲ့ရင်၊ အောက်ခြေအဆင့် ပါတီခေါင်းဆောင်တွေ ရွေးချယ်တဲ့နေရာမှာ လူမှန်နေရာမှာ ဖြစ်မလာခဲ့ရင်၊ ကချင်ပြည်နယ် အရေးမှာ ရေငုံနှုတ်ပိတ်နေမယ် ဆိုရင်  တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လုပ်နိုင်ဖို့ နေနေသာသာ၊ ပြိုင်ဖက်တွေတောင် ဖြစ်လာနိုင်ပါတယ်။ ဒီလို ဖြစ်လာခဲ့ရင်တော့ ကြံ့ခိုင်ရေးပါတီအတွက် အမြတ်ထွက်သွားနိုင်ပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ နောက်ထပ် ခြေလှမ်းတွေကို ကြည့်လိုက်ရင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အန်အယ်လ်ဒီရဲ့ ပြိုင်ဖက်ပါတီက အမတ်တယောက်ကို အစိုးရအဖွဲ့ထဲမှာ ရာထူးပေးလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ပါတီဝင် ဒေါက်တာတင်ရွှေဟာ အစိုးရအဖွဲ့ထဲမှာ ကြံ့ခိုင်ရေးပါတီဝင်မဟုတ်တဲ့ ပထမဆုံး ဒုဝန်ကြီးဖြစ်လာပါတယ်။
(ဖြည့်စွက်ချက်။ ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အမတ် (ဦးမောင်မောင်ဥာဏ်)နဲ့ ချင်းအမျိုးသားပါတီက အမတ် (ဦးငွန်မောင်း) တို့ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် အဖြစ် ဦးသိန်းစိန်က ခန့်အပ်လိုက်ပြန်ပါတယ်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ရာထူးဆိုတာလည်း  ဒုတိယ၀န်ကြီး အဆင့်ပါပဲ။)
သမ္မတ ဦးသိန်းစိန်အနေနဲ့ အောင်မြင်နိုင်ချေရှိတယ်လို့ တွက်ရင် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကိုလည်း ပါတီဖွဲ့ဖို့ တိုက်တွန်းနိုင်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ကျင့်ဝတ်သိက္ခာပိုင်းအရ လူထုလေးစားခံရတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတိမ်းမယိမ်းရှိပါတယ်။ ဒါကြောင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပါတီထောင်လာရင် အန်အယ်လ်ဒီအတွက် စိန်ခေါ်မှုအသစ် ဖြစ်လာနိုင်ပါတယ်။
အန်အယ်လ်ဒီပါတီကို နောက်ထပ် ၃ နှစ်အတွင်းမှာ ပြုပြင်ပြောင်းလဲနိုင်ဖို့ အခြေအနေ မပေးသလောက် ဖြစ်နေပါတယ်။ ဒါကို သဘောပေါက်ပုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အလှမ်းကျယ် အလယ်လပ်သွားတာမျိုး မဖြစ်ဖို့နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ မကင်းကွာအောင် သတိထားနေပုံ ရပါတယ်။
ကြံ့ခိုင်ရေးပါတီဘက်ကတော့ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဟာ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီကို တဖြည်းဖြည်းနဲ့ တရားဝင်မှုရအောင် ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ပြုပြင်ပြောင်လဲရေးလုပ်ငန်းစဉ်ကို ဆက်လက် ဖော်ဆောင်ပြီး၊ တဖက်မှာ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ကြံ့ခိုင်ရေးက အခွင့်ထူးခံထားတဲ့ အနေအထားကို ခိုင်မြဲအောင် ကြိုးပမ်းသွားဖို့ ရှိပါတယ်။
မူရင်း- Myanmar’s democracy party struggles with democracy by Christian Lewis(FB)
Share:

ကျိုတိုတက္ကသိုလ်မှ ဒေါ်အောင်ဆန်းစုကြည် မရောက်မှီအကြို မြန်မာ့နိုင်ငံရေး ဟောပြောပွဲ

ကျိုတိုတက္ကသိုလ်မှ ဒေါ်အောင်ဆန်းစုကြည် မရောက်မှီအကြို မြန်မာ့နိုင်ငံရေး ဟောပြောပွဲ:
 ဖေဖော်ဝါရီလ ၁ရရက်နေ့ နေ့လည် ၁နာရီခွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ(ဂျပန်ဋ္ဌာနခွဲ)
မှ ဥက္ကဋ္ဌဦးသန့်ဇင်ဦး၊ အဖွဲ့ဝင် ဦးကျော်သူမင်း၊ နာဂိုယာ ဋ္ဌာနခွဲမှ တာဝန်ခံ ဦးမျိုးသီဟန်နှင့် နာဂိုယာမှ အမျိုးသမီး ၄ဦးအပါအဝင် အဖွဲ့ဝင် ၁၅ဦးပါအဖွဲ့သည်  ၁၉၈၅ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ၉လတာ မြန်မာ့နိုင်ငံရေး သမိုင်း စာတမ်းပြုစုခဲ့ရာ ကျိုတိုတက္ကသိုလ်၌ မြန်မာ့နိုင်ငံရေး သမိုင်းနှင့် လက်ရှိနိုင်ငံရေး အခြေအနေများအား သွားရောက်ဟောပြောခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဂျပန်လူမျိုးများနှင့် ကျိုတိုတက္ကသိုလ် အပါအဝင် အနီးပတ်ဝန်းကျင်မှ တက္ကသိုလ်ကျောင်းသား ၁၅၀ဦးခန့် တက်ရောက်ကြသည်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ(ဂျပန်ဋ္ဌာနခွဲ) ဥက္ကဋ္ဌဦးသန့်ဇင်ဦးမှ အောက်ပါမြန်မာနိုင်ငံရေး သမိုင်းအား ဓာတ်ပုံ၊ ရုပ်သံများဖြင့် ရှင်းလင်း ဟောပြော ပြသခဲ့သည်။

1.     မြန်မာနိုင်ငံ မြေပုံနှင့် အင်္ဂလိပ် မြန်မာစစ်ပွဲ
2.     ဓာတ်ပုံ ဗိုလ်ချုပ်ကျောင်းသားဘဝ
3.     ဗိုလ်ချုပ်ဂျပန်ရောက်ရှိပုံနှင့် ဗီဒီယိုဖိုင်
4.     ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေး ကြိုးပမ်းမှု
5.     ဦးနု ဓာတ်ပုံ၊ ဗီဒီယိုဖိုင်
6.     ဦးသန့် ဓာတ်ပုံ၊ ဗီဒီယိုဖိုင်
7.     ဦးနေဝင်း ဓာတ်ပုံ၊ ဗီဒီယိုဖိုင်
8.     Kyoto University DASSK ၁၉၈၅ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ ၁၉၈၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ စာတမ်းပြုစုခဲ့ပါတယ်..။ ခေါင်းစဉ်ကတော့ “ The History of the Burmese Independence Movement ” မြန်မာပြည် လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း ဖြစ်ပြီး (၉)လကြာ The Center for South East Asia Studiesရဲ့ အခန်းနံပါတ် E306 မှာနေထိုင်ပြီး စာတမ်းပြုစုခဲ့ပါတယ်..
9.     ၈၈၈၈ အရေးတော်ပုံ ဓာတ်ပုံ၊ ဗီဒီယို
10.  ဒေါ်အောင်ဆန်းစုကြည် ငယ်ဘဝနဲ့ ၁၉၈၉မြင်ကွင်း ရုပ်သံ၊ ၁၉၉၀ရွေးကောက်ပွဲ မြင်ကွင်း ရုပ်သံ၊
11.  ဘဘဦးတင်ဦး
12.  ဗိုလ်သန်းရွှေ
13.  ၈၈၈၈ ကျောင်းသားခေါင်းဆောင်များ
14.  ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ နာဂအိခန်းဂျိ ရုပ်သံ
15.  ၂၀၁၀ စစ်အစိုးရ ရွေးကောက်ပွဲ ရုပ်သံ၊ ဒေါ်စုလွတ်မြောက်လာပုံ ရုပ်သံ၊ ၂၀၁၂ မဲဆွယ်စည်းရုံးရေး မြင်ကွင်း၊ ၂၀၁၀ရွေးကောက်ပွဲအောင်ပွဲ NLD ရုံးရှေ့
16.  ၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးစဉ် အချို့ဓာတ်ပုံနဲ့ နောက်ဆုံး သမ္မတအိုဘားမား မြန်မာပြည်ခရီးစဉ် ရုပ်သံဖြင့် အဆုံးသတ် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အိုဆာကာ တက္ကသိုလ်တွင် ဥပဒေအထူးပြု Phd တန်း တက်ရောက် ပညာသင်ကြားနေသော ဦးအောင်မြတ်ဝင်းမှလည်း ၂၀၀၈ အခြေခံဥပဒေပါ အချက်များအား ပူးပေါင်းပါဝင် ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ဥက္ကဋ္ဌဦးသန့်ဇင်ဦး၊ နာဂိုယာတာဝန်ခံ ဦးမျိုးသီဟန်နှင့် ဦးအောင်မြတ်ဝင်းတို့မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး အခမ်းအနားအား ညနေလေးနာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


ဒီမိုဝေယံ
18.2.2013













Share:

Apple ၏နေရောင်ခြည်စွမ်းအင်သုံး I-Phone

Apple ၏နေရောင်ခြည်စွမ်းအင်သုံး I-Phone: Apple ကုမဏီသည် ၄င်း၏ မူပိုင်ထုတ်လုပ်ထားသော ပစ္စည်းများနှင့် ပတ်သက်၍ လျှို့ ၀ှက်ဖုံးကွယ်ထားတက်ပါသည်။ သို့သော် မကြာသေးမီက ၄င်းကုမဏီ၏ မူပိုင်နည်းပညာဖြင့် တီထွင်ထားသော နေရောင်ခြည်စွမ်းအင်သုံး I-Phone အကြောင်းကို ထုတ်ဖော်ကြေငြာလိုက်ရာ လူအများ စိတ်ဝင်စားခဲ့ကြပါသည်။ ၄င်း၏ I-Phone တွင် Touch Screen နှင့် Solar စနစ်ကို ပူးတွဲတည်ဆောက်ထားကြောင်း သိရှိရပါသည်။ လူအများမျှော်လင့်ထားသော နည်းပညာဖြစ်သည့် နေရောက်ခြည်စွမ်းအင်အား  ၄င်း၏ I-phone တွင် ထည့်သွင်းအသုံးပြုနိုင်ပါက နည်းပညာအသိုင်းအ၀ိုင်းတွင် သန့်ရှင်းသော စွမ်းအင်ကို ကောင်းစွာအသုံးချနိုင်သည့် ကုမဏီတစ်ခုဖြစ်လာပေလိမ့်မည်။ မိုဘိုင်းဖုန်းများတွင် နေရောက်ခြည်စွမ်းအင် Solar Energy  အား ထည့်သွင်းအသုံးပြုခြင်းကို တစ်ကမ္ဘာလုံးက လက်ခံကြိုဆိုကြမည်ဖြစ်ပြီး Apple ကုမဏီအနေဖြင့် သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူများ၏ ချီးမွမ်းခြင်းကို ခံရမည်ဖြစ်ပေသည်။ [...]
Share:

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သတ်သည်များကို တရားလွှတ်တော် ရှေ့နေများ ဆွေးနွေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သတ်သည်များကို တရားလွှတ်တော် ရှေ့နေများ ဆွေးနွေး:

2.18.1
                           ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆွေးနွေးပွဲအခမ်းအနား ကျင်းပနေစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သက်သည်များကို ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲအမှတ်စဉ် (၂) တွင် တရားလွှတ်တော် ရှေ့နေများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဒီမိုကရေစီ ပန်းတိုင်းကို ချီတက်နိုင်မည့် ဥပဒေမျိုး မဟုတ်သည့်အတွက် ပြင်ဆင်ရန် သို့မဟုတ် အသစ်ရေးဆွဲရန် လိုအပ်ဟု ဥပဒေပညာရှင်များက ပြောနေကြကြောင်း ၎င်းကပြောကြားခဲ့သည်။
ဦးကိုနီက “၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ရေးဆွဲစဉ်က အမျိုးသား ညီလာခံမှာ ဆောင်ရွက်နေတဲ့ ဥပဒေရေးဆွဲရေးကို ဝေဖန်ရင် ထောင်ငါးနှစ်ကနေ ၂၀ နှစ်ထိ ချမယ့်ဥပဒေ ပြဌာန်းပြီး ပြည်သူတွေရဲ့ ပြောရေးဆိုခွင့်ကို ပိတ်ပင်ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ်တော့ ဒီမိုကရေစီစံညွှန်းနဲ့ မညီဘူး။ ယုတ္တိဗေဒဆိုင်ရာ ရှုထောင့်ကကြည့်မယ် ဆိုရင်လည်း ယုတ္တိမရှိဘူး။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှမရှိတဲ့ ဥပဒေပြဌာန်းချက်မျိုး ဖြစ်နေတယ်”ဟု ပြောကြားသည်။
“နိုင်ငံရေးအနေနဲ့ ကြည့်ရင်လည်း ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီနိုင်ငံရေး စနစ်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ပြဌာန်းချက်တွေ ဒီ Constitution မှာ ပါနေပါတယ်။ ဒါကြောင့်ပြန်ပြင်ဖို့ လိုတယ်။ ပြန်ပြင်တာနဲ့ အသစ်ရေးတာ ဘယ်ဟာပိုကောင်းမလဲဆိုတာကို ပြောကြတယ်။ ပြန်ပဲပြင်ပြင် အသစ်ပဲရေးရေး သေချာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးသည် ကောင်းမွန်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်နိုင်မယ့် ဥပဒေမျိုး မဟုတ်တာတော့ သေချာပါတယ်” ဟု ဦးကိုနီက ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားမူလ အခွင့်အရေးနှင့် တာဝန်များခေါင်းစဉ်ဖြင့် ရှေ့နေဦးကိုနီက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံသားများ၏ အခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရေးဆွဲထားရုံနှင့် မလုံလောက်ဘဲ နိုင်ငံသားများ လက်တွေ့ခံစားရနိုင်ရန်အပြင်၊ မခံစားရနိုင်အောင် ပိတ်ပင်ထားသူများကိုပါ အရေးယူနိုင်ရန် ဥပဒေများ ပြဌာန်းနိုင်ရေး လိုအပ်နေကြောင်းလည်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြကာ ဆွေးနွေးပွဲအား နှစ်ပတ်တစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
EMG
Share:

18-2-2013 ရက်နေ့ နံနက်ပိုင်း ဖတ်ရန် သတင်းများ

18-2-2013 ရက်နေ့ နံနက်ပိုင်း ဖတ်ရန် သတင်းများ:

  1. လူတိုင်းအတွက် အချိုမှုန့် အန္တရာယ်   ဖတ်ရန်
  2. တစ်ကိုယ်ရေ ကျန်းမာ သန့်ရှင်းရေး ဆိုင်ရာ အကြံပြုချက်များ  ဖတ်ရန်
  3. ၈၈ ခေါင်းဆောင်တွေ နော်ဝေးရောက် မြန်မာမိသားစုနဲ့တွေ့  ဖတ်ရန်
  4. ချီလီနိုင်ငံတွင် တောမီးအကြီးအကျယ်လောင်ကျွမ်း  ဖတ်ရန်
  5. ဂျာမနီတွင် မြင်းသားပါသော စားဖွယ်ရာများ ဖယ်ရှားကြပြီ  ဖတ်ရန်
  6. ကနေဒါကိုယ်စားလှယ်အဖွဲ့ တိုင်းရင်းသားတွေနဲ့ တွေ့မည်   ဖတ်ရန်
  7. ရခိုင်ပြည် ဒုက္ခသည်များ နဲ့ နယ်စီးမခြား ဆရာဝန်များ  ဖတ်ရန်
  8. စစ်ရာဇ၀တ်ခုံရုံး ဘင်္ဂလားအစိုးရ စွက်ဖက်     ဖတ်ရန်
Share:

(title unknown)

(title unknown): မျက်စိအထူးကုဆေးခန်းသို့ လှုတန်းရာဝယ် မော်လမြိုင်ကျွန်းမြို့ကလေးတွင် သီတဂူဆရာတော်မှကြီးမှူုး၍ နိုင်ငံတော်သံဃနာယက ပစ္ဆိမာရုံဆရာတော်မှဆောက်လုပ်လှုတန်းရာတွင် မြို့နယ်ကျေးရွာပါမကျန်လာရောက်လှုတန်းကြပါသည်။ ဤသို့ဖြင့် မောင်စိုးမင်းသူတို့မိသားစုလည်းလာရောက်လှုတန်းပါသည်။သို့သော် ဘုန်းကြီးကျောင်းဝန်းသို့ရောက်သောအခါ စက်ဘီးစီးဝင်ရမလားဆိုပြီး တပည့်သားများက ဝိုင်းရိုက်လိုက်ရာ ခေါင်းမှာအချက်-၃၀ ကျော်နှင့်လက်နှစ်ဖက်သွင်သွင်ကျိုးသွားခဲ့ပါသည်။ မြို့နေပြည်သူများပြောာကြားချက်အရ-ကျောင်းပတ်ဝန်းကျင်တွင်နေထိုင်ကျသောကျောမွဲလူတန်းစားများမှာဆရာတော်ရဲ့ရှိန်အဝါ မင်းစိုးရာဇာအာဏာသက်ရောက်မူကြောင့်ကြောက်ရွံ့ငြိမ်ခံခဲ့ကြသည်ဟု ရပ်ကွက်နေပြည်သူများမှပြောကြသည်ကိုပြန်ကြားရပါသည်။ထို့ပြင်ဒီကိစ္စနဲံပက်သက်၍ဆရာတော်ဘက်မှဌာနဆိုင်ရာနှင့်ပြည်သူများအာားခုခံချေပ စာဝါဒစာများဖြန့်ဖြူးထားသည်ဟုသိရပါသည် ကျနော်အတွေးတခုတွေးမိသည်မှာ ရှေးကဆရာတော်များဟောရားရဲ့သာကြားခဲ့သော သာသနာမှေးမှိန်အောင်ပြုမူမှာက ငါဘုော်တွေပဲလို့ဟောကြားတာနားယောင်မိပါသည်။17-2-2013ရက်နေ့မှာသာသနာရေးဝန်ကြေီးဦးဆန်းဆင့်ကိုယ်တိုင်လာကေိရာက်ကာ၎င်းက္စ္စိကိုမှန်ကန်စွာဆောင်ရွက်မည်ဟုပြောကြားကြောင်းသိရှိရပါသည်။စ
Share:

"အနာဂတ် ထာဝရ အလင်းရှင်"အမည်ရ မြန်မာပြည်၏ ပထမဆုံး ဒီမိုကရေစီဖခင်ကြီး ဦးသိန်းစိန် အတွက် ဂုဏ်ပြုသီချင်းတစ်ပုဒ် ထွက်ပေါ်လာပြီ ။

"အနာဂတ် ထာဝရ အလင်းရှင်"အမည်ရ မြန်မာပြည်၏ ပထမဆုံး ဒီမိုကရေစီဖခင်ကြီး ဦးသိန်းစိန် အတွက် ဂုဏ်ပြုသီချင်းတစ်ပုဒ် ထွက်ပေါ်လာပြီ ။:

ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် ၂၀၁၃ခုနှစ် တွင် သမ္မတရုံးညွန်ကြားရေးမှူး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Facebook အမည် Hmuu Zaw ၏ Video Album တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပထမဆုံး ဖခင်ကြီး ဦးသိန်းစိန် အတွက်
အနာဂတ် ထာဝရ အလင်းရှင်(သို့) မြန်မာပြည်၏ ပထမဆုံး ဒီမိုကရေစီဖခင်ကြီး ဦးသိန်းစိန် အတွက်
ဂုဏ်ပြုသီချင်းတစ်ပုဒ်ကို -

တေးရေး - ကိုလတ် (Oasis)
တေးဆို - ကျော်သီဟ
Producer - Andy
တည်းဖြတ် - နီလာထွေး
ထုတ်လုပ် - Sky Net (Up-to-Date)   မှ သီဆိုရိုက်ကူးထုတ်လွင့်ထားသည့်videoသီချင်းတစ်ပုဒ်ကို တွေ့ရှိရသဖြင့် မြန်မာပြည်သူ ပြည်သားတိုင်း နားဆင်ကြည့်ရှုနိုင်ရန် ပြန်လည်ဖော်ပြလိုက်ရပါသည် ။


(http://www.youtube.com/watch?v=bGqsJqHgKuE&feature=youtu.be )
(မောင်ကျောက်ခဲ အဖွဲ့)
Share:

မြန်မာပြည်ထဲ ၀င်သွားတဲ့ ၄နိုင်ငံ မော်တော်ယာဉ်တန်း

မြန်မာပြည်ထဲ ၀င်သွားတဲ့ ၄နိုင်ငံ မော်တော်ယာဉ်တန်း:


Monday, February 18, 2013  zarny win  ဧရာဝတီ


~



ပြည်တော်မြင့် ~

ခရီးသွားလုပ်ငန်းနှင့်  ရင်းနှီးမြုပ်နှံမှုဆိုင်ရာကဏ္ဍများ သွားရောက် လေ့လာရန်အတွက် ထိုင်း အပါအ၀င်  နိုင်ငံ ၄ ခု မှ ခရီးသွား ၅၄ ဦးကို သယ်ဆောင်လာသည့်  မော်တော်ယာဉ်တန်းသည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီလမ်းကြောမှ တဆင့် မြန်မာပြည်အတွင်းပိုင်းမြို့များရှိရာသို့ ယနေ့ ထွက်ခွာသွားသည်။

ယနေ့နံနက်က မဲဆောက်-မြ၀တီလမ်းကြောမှ ထွက်ခွာသွားသည့်ယာဉ်တန်း (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)

မော်တော်ယာဉ် ၂၂ စီး ပါဝင်သည့်  ၎င်းတို့၏ ခရီးစဉ်ကို  ASEAN Friendship Caravan Tour 2013 ဟု အမည်ပေးထားသည်။

ယခုလ ၂၇ ရက်နေ့ထိ ကြာမြင့်မည့် ခရီးစဉ်အတွက် ၎င်းတို့ ဖြတ်သန်း လည်ပတ်ကြမည့် နေရာများမှာ ဘန်ကောက်၊ မဲဆောက်၊ မြ၀တီ၊ ကျိုက်ထို၊ ပဲခူး၊ နေပြည်တော်၊ အင်းလေး၊ စစ်ကိုင်း၊ မုံရွာ၊ မိထ္ထီလာ၊ ပခုက္ကူ၊ ပုဂံ၊ ပြည်၊ ရန်ကုန်၊ မော်လမြိုင် စသည့် ဒေသများ ဖြစ်သည်။

ခရီးသွားအဖွဲ့ခေါင်းဆောင် နိုင်စုံစပ်ဘိုလဖာဖိဖပ်က ” မြန်မာနိုင်ငံမှာက ခရီးသွားလုပ်ငန်းကို ရာနှုံးပြည့်ဖော်ဆောင်နေတယ်။ နိုင်ငံတကာကိုလည်း ဖိတ်ခေါ်နေတယ်။
 မြန်မာနိုင်ငံမှာက သဘာဝ တောတောင် ရေမြေတွေအပြင် ခရီးသွားတွေ စိတ်ဝင်စားမယ့် နေရာဒေသတွေ အများကြီးရှိတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ခရီးစဉ်တွင် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ နော်ဝေ နိုင်ငံတို့မှ ခရီးသွားများ ပါရှိသည်။

ခရီးစဉ်တွင် လိုက်ပါလာသည့် ထိုင်းနိုင်ငံသားတဦးက ”ဒီအဖွဲ့မှာပါတဲ့လူအချို့က မြန်မာနိုင်ငံအနေအထားကိုသိရှိ ရယ် ရင်းနှီးမှုလုပ်ငန်းတွေအတွက် လေ့လာဖို့အတွက် သွားရောက်ကြတာဖြစ်တယ်” ဟု ပြောသည်။

ဤအစီအစဉ်ကို မြန်မာခရီးသွားလုပ်ငန်းတခုဖြစ်သည့် Royal Colourful Land နှင့် ထိုင်းအစိုးရ ခရီးသွားအဖွဲ့ (Tourism  Authorities of Thailand) အဖွဲ့အစည်းတို့က ကမကထပြုခြင်းဖြစ်သည်။

ထိုင်းနယ်စပ်မှတဆင့် ဤသို့ မော်တော်ယာဉ်တန်းဖြင့် ၀င်ရောက် လည်ပတ်မှုကို မြန်မာအစိုးရက မကြာသေးမီကမှစတင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုင်းနယ်စပ်မှ ၀င်ရောက်သော နိုင်ငံခြား ခရီးသည်များကို ကော့သောင်း၊ ဘုရားသုံးဆူ၊ မြ၀တီ၊ တာချီလိတ် အစရှိသော နယ်စပ်မြို့များနှင့် အနီးတ၀ိုက်ကိုသာ သွားရောက် လည်ပတ်ခွင့် ပြုထားသည်။
အတွင်းပိုင်းမြို့များသို့ သွားရောက်လိုသူတို့က လေကြောင်းခရီးဖြင့် မြန်မာပြည်သို့ ၀င်ရောက်ပြီး လိုရာခရီး ဆက်ကြသည်။

အနာဂတ်တွင် ဤသို့သော နယ်စပ်ဖြတ်မော်တော်ယာဉ်တန်း ခရီးစဉ်များ ထပ်မံ ပေါ်ပေါက်လာဖွယ်ရှိသည်။









Share:

မိုဘိုင်းဖုန်း ဈေးချ မချ စိတ်ဝင်စားမှု ပိုလာ

မိုဘိုင်းဖုန်း ဈေးချ မချ စိတ်ဝင်စားမှု ပိုလာ: ယခုလ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအား တာဝန်မှ ဆန္ဒအလျောက် နားခွင့်ပြုလိုက်ခြင်းကို ထုတ်ပြန်ကြေညာလိုက်ပြီး ဝန်ကြီး အပြောင်းအလဲ ဖြစ်လာဖွယ်ရှိခြင်းကြောင့် ဈေးနှုန်းချထားပေးခြင်း မရှိသေးသည့် မိုဘိုင်းဖုန်း ဈေးနှုန်းကို လူအများ စိတ်ဝင်စားမှု ပိုမိုလာကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနမှ…
Share:

ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေး လောင်းကစား အယောင်ပြ လိမ်လည်သူများ

ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေး လောင်းကစား အယောင်ပြ လိမ်လည်သူများ: ရန်ကုန်မြို့ရှိ လူစည်ကား ရာနေရာများ ဖြစ်သော ဈေးများ၊ ကားမှတ်တိုင်များ အနီး လမ်းဘေး တွင် လောင်းကစား ၀ိုင်းများ ရှိနေသည်မှာ လမ်းသွား လမ်းလာများ နှင့်အများ ပြည်သူကို စိတ်အနှောင့် အယှက် ဖြစ်စေမှုနှင့် ငွေကြေး ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။—
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



http://feeds.feedburner.com/thithtoolwin/yIWV…
Share:

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၂-၂၀၁၃ - ညပိုင်း)

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၂-၂၀၁၃ - ညပိုင်း):
- သမ္မတနှင့် ထိပ်တန်းခေါင်းဆောင်များ ချင်းပြည် ရောက်ရှိ click

- ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆွေးနွေးပွဲ (ဓာတ်ပုံသတင်း) click

- ကရင်နှင့်မွန် စစ်ဘေးဒုက္ခသည်များအား နီပွန်ဖောင်ဒေးရှင်းက ကူညီ(ရုပ်သံ) click

- ယနေ့ လောင်ကျွမ်းခဲ့သော မောင်တောမီး ဒဏ်ရာရသူများ ရှိ click

- ရခိုင်ဘာသာစကား ဝေါဟာရပြိုင်ပွဲ စစ်တွေတွင် ပြုလုပ် click

- အာရဗီ ဘာသာရေးစာသင်ကျောင်း အမည်ခံပြီး ဗလီ ဆောက်လုပ်၊ ရပ်ကွက်နေ ပြည်သူ ၅၀၀ လောက်က ဒီကနေ့မှာ ဝိုင်းဝန်း ကန့်ကွက်တားမြစ် (ဓာတ်ပုံသတင်း) click
Share:

17-2-2013 ရက်နေ့ ညပိုင်း ဖတ်ရန် သတင်းများ

17-2-2013 ရက်နေ့ ညပိုင်း ဖတ်ရန် သတင်းများ:

  1. အာရှ ဒေသ အတွင်း ချမှတ်ကျင့်သုံး သင့်သည့် အသံတိတ် သံတမန် နည်းလမ်း   ဖတ်ရန်
  2. စစ်ပွဲကို ဆန့်ကျင်သည့် ဗီယက်နမ် စစ်ပြန်ကြီး သို့မဟုတ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ  ဖတ်ရန်
  3. မြွေဟောက်စစ်ရေး လေ့ကျင့်ခန်းနဲ့ ဗမာ့စစ်သဘောတရား    ဖတ်ရန်
  4. နိုင်ငံခြားသားအခြေချသူ လက်ခံမဲ့အစီအစဉ် စင်္ကာပူမှာ ဆန့်ကျင်   ဖတ်ရန်
  5. KIA နယ်မြေတွင်း အစိုးရတပ် လွှတ်ထားသော ထောက်လှမ်းရေး ၂ ဦးကိုဖမ်းဆီးရမိ  ဖတ်ရန်
  6. "လူထုက မကြောက်တော့ဘူး"  ဖတ်ရန်
  7. ယနေ့ လောင်ကျွမ်းခဲ့သော မောင်တောမီး ဒဏ်ရာရသူများရှိ  ဖတ်ရန်
  8. ဖက်ဒရယ် မရရင် တိုင်းရင်းသားများ လက်နက်စွန့်မည် မဟုတ် (အင်တာဗျူး)  ဖတ်ရန်
Share:

17-2-2013 ရက်နေ့ နံနက်ပိုင်း ဖတ်ရန် သတင်းများ

17-2-2013 ရက်နေ့ နံနက်ပိုင်း ဖတ်ရန် သတင်းများ:

  1. အမျိုးသား စီမံ ကိန်းသည် ပြည်သူ အတွက် အမှန်တကယ် အကျိုး စီးပွားနှင့် လက်တွေ့ ကျကျ ဖြစ်ဖို့ လိုအပ်  ဖတ်ရန်
  2. ရန်ကုန်မြို့ မွန်အမျိုးသားနေ့ အခမ်းအနား တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား ထား   ဖတ်ရန်
  3. ပဋိပက္ခအဆုံးသတ်ရေး ကင်တားနားတိုက်တွန်း  ဖတ်ရန်
  4. စိမ်းလန်းစိုပြည်ဥယျာဉ်က ဈေးပွဲတော်  ဖတ်ရန်
  5. Spitfires စစ်လေယာဉ်တွေ မြန်မာပြည်မှာ မြှုပ်မထားဘူး တဲ့  ဖတ်ရန်
  6. ယူကရိန်းတိုက်စစ်မှူး ရှက်ဖ်ချင်ကိုအား ခေါ်ယူရန် အင်ဒိုနီးရှား စူပါလိဂ် ကလပ်အသင်း ကြိုးပမ်း အပြောင်းအရွှေ့ကိစ္စ ဖြစ်မြောက်ရန် မလွယ်ကူသေး  ဖတ်ရန်
  7.  ရုရှားမှာ ဥက္ကာပျံခဲကြီး ပေါက်ကွဲကျလာ (တမိနစ် သတင်းဗီဒီယို)   ဖတ်ရန်
  8. ဒိန်းမတ် ကုမ္ပဏီကြီးက ဓါတ်မြေသြဇာ စက်ရုံ ထူထောင်လုပ်ကိုင်မည်  ဖတ်ရန်
Share:

မြန်မာ့ငြိမ်းချမ်းရေး ပုံဖေါ်ခြင်း အစီရင်ခံစာ BNI အဖွဲ့ ထုတ်ပြန်

မြန်မာ့ငြိမ်းချမ်းရေး ပုံဖေါ်ခြင်း အစီရင်ခံစာ BNI အဖွဲ့ ထုတ်ပြန်:

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်
RFA News, 16February 2013  —-  မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပုံဖော်ခြင်း ဆိုတဲ့အမည် နဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက် မှုဖြစ်စဉ်နဲ့ အခြေအနေကို လေ့လာစောင့်ကြည့် မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် တိုင်းရင်းသား သတင်းဌာနတွေ စုပေါင်းပါဝင်တဲ့ နိုင်ငံတကာ မြန်မာ့ သတင်း (BNI) အဖွဲ့ကြီးက ဒီကနေ့ ထုတ်ပြန်လိုက် ပါတယ်။
အစီရင်ခံစာနဲ့အတူ အင်တာနက်ဝက်ဘ်ဆိုက်တစ်ခု ထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲကို  ဒီကနေ့ နေ့လည် ၂ နာရီက ချင်းမိုင်မြို့ Belle Villa ဟော်တယ်မှာ ပြုလုပ်ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားနည်းချက၊် အခက်အခဲနဲ့ ဘယ်အဆင့် ရောက်နေပြီဆိုတာတွေကို အဓိကထားတင်ပြထားပါတယ်လို့ အစီရင်ခံစာဖြစ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူးဖြစ်တဲ့ ဦးစိုင်းလိတ်က အခုလိုပြောပါတယ်။
“အားနည်းချက်တွေ တွေ့ရတာက နှစ်ဘက်စလုံးမှာ ယုံကြည်မှု အားနည်းနေသေးတယ်ဗျ၊ ဥပမာဆိုပါတော့ အစိုးရဘက်ကလည်းပြောတယ်၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ မရှိတော့ဘူး ရပ်ပြီပေါ့၊ သမ္မတကနေ အမိန့်ထုတ်တယ်၊ ကြေညာချက်တွေ ထုတ်တယ်၊ ဒါပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်၊ အဲဒီအခါကြတော့ နှစ်ဘက်က ရှေ့ဆက်သွားဖို့က နည်းနည်းလေး ခက်နေတယ်၊ ယုံကြည်မှု အားနည်းနေတာပေါ့၊ နှစ်ဘက်ကြားထဲမှာက အဲဒီအခါကြတော့ အဆင်မပြေဘူး ဖြစ်နေတယ်၊ နောက်တစ်ချက်ကတော့ တိုင်းရင်းသားဒေသတွေမှာပေါ့၊ သဘာဝအရင်းအမြစ်တွေက ရှိနေတယ်၊ သူတို့ကိုယ်တိုင်က သုံးခွင့်မရဘူး ဖြစ်နေတော့ ဒီအစိုးရက ဘာအစိုးရလဲ ငါတို့ကြတော့ ဘာမှသုံးလို့  မရဘူးဆိုတဲ့ ပုံစံမျိုးတွေ မြင်ပြီးတော့မှ အစိုးရအပေါ် ယုံကြည်မှုအားနည်းတော့ ရှေ့ဆက် အလုပ်လုပ်ဖို့ရာ ခက်နေတာပေါ့”
စာမျက်နှာ (၁၉၄) မျက်နှာရှိတဲ့ ဒီအစီရင်ခံစာကို အပိုင်း (၄) ပိုင်းခွဲတင်ပြထားပြီး ပထမပိုင်းမှာ ၂၀၁၂ ခုနှစ်အတွင်း အပစ်ရပ်လက်မှတ် ထိုးထားတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ အဖွဲ့အစည်းများအခြေအနေ၊ ဒုက္ခသည် အခြေအနေများကို တင်ပြထားပြီး ဒုတိယအပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းတွေကို တင်ပြထားပါတယ်။ တတိယအပိုင်းအနေနဲ့ အစိုးရနဲ့ အပစ်ရပ်လက်မှတ် ရေးထိုးတားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ ဘယ်အဆင့် ရောက်နေပြီလဲဆိုတာနဲ့ သူတို့ရဲ့ အခက်အခဲတွေကို တင်ပြထားပါတယ်။
နောက်ဆုံးပိုင်းမှာတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အစိုးရနဲ့ ထပ်မံတွေ့ဆုံဆွေးနွေးရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များဆိုပြီး ဖော်ပြပါရှိပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးတကြီး လိုအပ်နေတာတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာရဲ့ အကြံပြုချက်အချို့ကိုလည်း ဦးစိုင်းလိတ်က
“အဓိက အရေးကြီးတဲ့အချက်ကတော့ ယုံကြည်မှု အားနည်းနေတဲ့ဟာကို အားကောင်းအောင် လုပ်ဖို့ပေါ့၊ နှစ်ဘက်ကြားထဲမှာ ယုံကြည်မှုအားနည်းနေတော့ ရှေ့ဆက်တက်ဖို့ရာ နည်းနည်းလေး ခက်နေတာပေါ့၊ ယုံကြည်မှု အားကောင်းလာအောင် လုပ်ဖို့ဆိုရင်လည်း ရှိသမျှစစ်ပွဲတွေကို အကုန်လုံးရပ်လိုက်မယ်၊ အစိုးရဘက်က လုံးဝစစ်ထိုးတာတွေ ဘာတွေမလုပ်တော့ဘဲနဲ့ ရပ်လိုက်ပြီးတော့မှ confidence building ပေါ့၊ ယုံကြည်မှုတည်ဆောက်တဲ့ ဟာတွေ ဆက်လုပ်မယ်ဆိုရင်တော့ ဆွေးနွေးပွဲတွေဟာ ပိုပြီးတော့ ဖြူးဖြူးဖြောင့်ဖြောင့် ဖြစ်လာမယ်ပေါ့”
ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်သတင်းစဉ်(KIC)က အယ်ဒီတာချုပ် ဒေါ်နန်းဖောဂေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပါဝင်မှု အခန်းကဏ္ဍနဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခွန်ဆိုင်းတို့က နောက်ဆုံးအခြေအနေတွေကို ရှင်းလင်းတင်ပြသွားတယ်လို့ သိရပါတယ်။
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive