အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ဒေါ်အောင်ဆန်းစုကြည်မှ ဖိုးသောကြာ( ခေတ်+မိုး) ထံသို့

ဒေါ်အောင်ဆန်းစုကြည်မှ ဖိုးသောကြာ( ခေတ်+မိုး) ထံသို့:

Monday, February 11, 2013  အိမ့်သံစဉ်  irrawaddy


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အသက် ၈၀ ပြည့်ပြီဖြစ်တဲ့ စာရေးဆရာ၊ သတင်းစာဆရာ ဖိုးသောကြာ ခေါ် ဦးခင်မောင်လေး အတွက် ဆုတောင်းလွှာပေးပို့တာကို ယနေ့ ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ 


မွေးနေ့ ဆန္ဒပြုလွှာမှာ ဒေါ်အောင်ဆန်းစုကြည်က ငယ်စဉ်ကတည်းက ယနေ့အချိန်အထိ သတင်းစာ သမား အဖြစ် အားမာန်အပြည့်နဲ့ ရပ်တည်လာတာကို လေးစားကြောင်းလည်း ဖော်ပြထားပါတယ်။ 

"အခုလို ထိုက်သင့်သလောက် ပွင့်လင်းလာတော့မယ့် သတင်းစာခေတ်မှာ အဓိပ္ပါယ်ရှိပြီး ခေတ်ကို အမှန်တကယ် အလုပ်အကျွေးပြုနိုင်မယ့် သတင်းစာတွေမှာ အတွေ့အကြုံရင့်ကျက်တဲ့ သတင်းစာ ဆရာ တယောက်အနေနဲ့ ခေတ်ဝန်ကို ထမ်းကာ နှစ်ပေါင်းများစွာ ဆက်မြင်ချင်ပါသေးတယ်" လို့ 
ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ ဆုတောင်းလွှာမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က လက်မှတ်ရေးထိုးပြီး ဆန္ဒပြုထားပါတယ်။ 


ကြေးမုံသတင်းစာ
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive