ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီစာပေပွဲတော်ဒုတိယမြောက် နေ့တွင် လူငယ်များအနေဖြင့် စာဖတ်အားများမှသာလျှင် စဉ်းစား ဆင်ခြင်မှုများ မြင့်မားလာနိုင်ပြီး တိုင်းပြည်အနာဂတ်အတွက်ကောင်း လိမ့်မည်ဟုယုံကြည်ကြောင်းပြော ကြားခဲ့သည်ဟု သိရသည်။
စာပေသင်ယူမှု စာပေဖတ်ရှု လေ့လာမှုတို့တွင် အလွတ်ကျက် မှတ်သည့်စနစ်ကိုဆိုညွှန်းခြင်း မဟုတ်ဘဲအကြောင်းအရာများကို စဉ်းစားတွေးခေါ်နိုင်ရန်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာပေ၏ အကျိုးကျေးဇူးကြောင့် ဘ၀၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ မြန်မာစာပေကို သာမကဘဲ မိမိတို့နှင့် အတွေး အခေါ်အယူအဆမတူသောနိုင်ငံ အရပ်ရပ်မှ စာပေများကိုလည်း ဖတ်ရန်လိုအပ်ကြောင်း၊ မိမိနှင့် မတူသည့်တွေးပုံတွေးနည်းတွေ၊ ယဉ်ကျေးမှုတွေကိုတန်ဖိုးထားတတ် မှ ကြိုးစားတတ်မှ နိုင်ငံတိုးတက် မည်ဖြစ်ကြောင်းလည်း ပြောကြား ခဲ့သည်ဟု သိရသည်။
နေမင်းဝေ
The Hot News







