အဲ့ဒီ မြေဧကအတွင်းမှာ နေထိုင်နေတဲ့ အိမ်ခြေ ၁၂ စုက မူလမြေပိုင်ရှင် ဥယျာဉ်ခြံမြေသမားတွေနဲ့ ခြံ
စောင့်တွေကို စစ်တပ်ပိုင်မြေ ဖြစ်တဲ့အတွက် မဖယ်ပေးဘူးဆိုရင် သေနတ်နဲ့ ပစ်ခတ်နိုင်တယ်လို့ ခြိမ်း
ခြောက်ကာ အတင်းအဓမ္မ ဖယ်ရှားခိုင်းခဲ့တာ ဖြစ်ပါတယ်။
နှစ်တို နှစ်ရှည် ခြံမြေတွေပေါ်မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေနဲ့ မြေနေရာတွေကို လျော်ကြေး တစုံတရာ မရရှိဘဲ မြေရှင်တွေက ကြောက်လန့်တကြား ဖယ်ရှားပေးခဲ့ရတာ ဖြစ်ပါတယ်။
နှစ် ၂၀ ကျော်ကြာ ပြီးတဲ့နောက်မှာတော့ အဲ့ဒီဥယျာဉ်ခြံမြေ ဧကတွေကို အမည် မသိ စီးပွားရေး လုပ်ငန်း ရှင်တွေထံ လွှဲပြောင်း ရောင်းချတာ၊ စစ်တပ် ရန်ပုံငွေအဖြစ် သီးစားခချပြီး မြေနေ ရာ ငှားရမ်းတာတွေ ပြုလုပ်နေတဲ့အပြင် မြေကြီးတွေကိုပါ အမှတ်(၃) လမ်းမကြီး တိုးချဲ့စီမံကိန်းမှာ အသုံးပြု ဖို့အတွက် တူးဖော်
ရောင်းချမှုတွေပါ ပြုလုပ်နေကြပါတယ်။ မူလ မြေပိုင်ရှင်တွေ အနေနဲ့ သူတို့ရဲ့ ဥယျာဉ်ခြံမြေတွေကို ၁၉၉၂ ခုနှစ်ကတည်းက စစ်တပ် အသုံးလုံးကျေကျောင်းပိုင် တပ်ပိုင်မြေအဖြစ် လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တဲ့ အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ အနေနဲ့ စုံစမ်းစစ်ဆေးပေး ဖို့ အတွက် လက်မှတ်ရေးထိုး တောင်း ဆိုနေတာ ဖြစ်ပါတယ်။
သတင်း
BURMA VJ MEDIA
FRIDAY, FEBAUARY 08, 2013