၂၀၁၃-၂-၁၀အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုနေ့ ကျင်းပရေးကော်မတီက ပြည်ထောင်စုနေ့ အခမ်း အနား တွင် အသုံးပြုရန် ပေးပို့ ခဲ့ကြသော ဆောင်ပုဒ်များအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည် ထံသို့ တင်ပြအပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဧ။် အကြိုက်ဆုံး ဆောင်ပုဒ်အဖြစ်ရွေးချယ်ခံရသော ဆောင်ပုဒ် အား ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
အရွေးချယ်ခံရသော ဆောင်ပုဒ်မှာ “ ပြည်ထောင်စုရဲ့ သွေးစည်းမှု ငြိမ်းချမ်းရေးကအခြေပြု” ဖြစ်သည်။ရေးသား ပေးပို့ ခဲ့သူမှာ မြောက် ဒဂုံမြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင် ဒေါ်ခင်စောမူဖြစ်သည်။
ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၁၀.၂.၂၀၁၃ မှ ၁၂.၂.၂၀၁၃ အထိကြီးမှူး ကျင်းပသွားမည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၀ရက်နေ့ တွင် ပြည်ထောင်စုနေ့  အထိမ်းအမှတ်အဖြစ် ကရင်ဒုံးယိမ်းပြိုင်ပွဲကို စတင်ကျင်းပမည်ဖြစ်သည်။ တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးမှ ကရင်ဒုံးယိမ်းအဖွဲ့ ၂၄ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲအား ရန်ကုန်မြို့ ရှိ ကချင်ယဉ်ကျေးမှုအဖွဲ့ လေးဖွဲ့ က ကြီးကြပ်ဒိုင်အဖြစ် အကဲဖြတ် ဆုံးဖြတ်ပေးမည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့ တွင် အနိုင်ရရှိသည့်အဖွဲ့ အားဆု ချီးမြှင့်မည်ဖြစ်ပြီး၊ တက်ရောက်လာသော ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများ၊အဖွဲ့ ချုပ်အဖွဲ့ ဝင်များအား အခြားတိုင်းရင်းသားရိုးရာအကများဖြစ်ကြသော ကချင်ရိုးရာအက၊ မွန်ရိုးရာအက၊ ရခိုင်ရိုးရာအက၊ ချင်းရိုးရာအက၊ ကရင်ရိုးရာအကတို့ ဖြင့်ဖျော်ဖြေမည်ဖြစ်သည်။
ပြည်ထောင်စုနေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟုယူဆရပြီး၊တိုင်းရင်းသားပါတီများ၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ကွန်ယက် လူ့ အဖွဲ့ အစည်းအဖွဲ့ ၊နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ ၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ ချုပ်၊ ၀ါရင့်နိုင်ငံရေးသမားများအဖွဲ့ ၊ သံတမန်များအပါအ၀င် အခြားဖိတ်ကြားသင့်သော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များကို ဖိတ်ကြားထားကြောင်းသိရသည်။