ပခုက္ကူ ဖေဖော်ဝါရီ ၈
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ(၈)ရက် နေ့လည် ၁၂း၄၅ မိနစ်ခန့် အချိန်တွင်ပခုက္ကူမြို့ အမှတ်(၈) ရပ်ကွက်
မူကြိုကျောင်းအနီး လောင်စာ ဆီရောင်း ချသော နေအိမ် တစ်အိမ်၌ ပီပါအတွင်းမှ ပလပ်စတစ်ပုံးအတွင်း သို့ဓာတ်ဆီလှယ် ရာမှ မီးလောင်မှု စတင်ဖြစ်ပွားရာ မီးသတ်ကား ၈ စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်အများ
ပြည်သူများ ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် နေ့လည် ၁း၁၅ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှု နှင့် ပါတ်သတ်ပြီး အိမ်ရှင်ဖြစ်သူအား ပခုက္ကူမြို့နယ်ရဲစခန်းမှ အရေးယူဆောင်ရွက်
လျှက်ရှိကြောင်း သိရသည်။
(မှတ်တမ်း-ဓာတ်ပုံများ)
သတင်း၊ဓာတ်ပုံ ကိုဇင်မင်းထွန်း ( ပခုက္ကူ )
သတင်း
Popular Myanmar News Journal
FRIDAY, FEBAUARY 08, 2013