အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


တက္ကသိုလ် အခြေခံ စစ်ပညာသင်တန်းမှာ ဘာတွေ သင်ကြရမလဲ

တက္ကသိုလ် အခြေခံ စစ်ပညာသင်တန်းမှာ ဘာတွေ သင်ကြရမလဲ:


ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးအောက် တက္ကသိုလ် လေ့ ကျင့်ေ ရး တပ်များနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တက္ကသိုလ်ကျောင်းသားများ စစ်ပညာသင်တန်း ဖွင့်ပွဲများ ကို ပြုလုပ်ပေးခဲ့သည်။ 

အဆိုပါ သင်တန်းတွင် သင်တန်းသားများအနေဖြင့် နိုင်ငံတော် ကာကွယ်ရေး ဆိုင်ရာ အသိပညာများ တိုး ပွား စေရန် အတွက် အခြေခံ စစ်ပညာ၊ လက်နက်ငယ်၊ အနီးကပ် တိုက်ခိုက်နည်း၊ နည်းပညာ ဆိုင်ရာများ၊ စီမံ ခန့်ခွဲမှု၊ စခန်း ချနည်း၊ အမိန့်နာခံမှုနှင့် စည်းကမ်းလိုက်နာမှု စသည့် သင်ခန်းစာများကို ပို့ချပေး သွား မည် ဖြစ် သည်။ ထို့ပြင် သင်တန်းကာလအတွင်း သင်တန်းသားများအား ၀တ်စုံနှင့်လစာ များအား ထောက် ပံ့ေ ပး သွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရသစ် တက်ပြီးနောက် တက္ကသိုလ် အဆင့် စစ်ပညာ အခြေခံသင်တန်းများ အပြင် အလယ်တန်း အဆင့် ကျောင်းသား လူငယ်များအား ကင်းထောက်လူငယ်အဖွဲ့များ ဖွဲ့စည်းကာ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ့် ကို ကိုယ် ကာကွယ်နိုင်မှု၊ ဦးဆောင်တတ်မှုများ ဖြစ်စေရန် လေ့ကျင့် သင်ကြားပေးလျှက် ရှိသည်။

အဆိုပါ စစ်ပညာ ဆိုင်ရာ လေ့ကျင့်သင်ကြားမှုများကို ကျောင်းသားများ အရေးဆောင်ရွက်မည်ဟု ဆိုသည့် ဗကသ များ၊ ၈၈ မျိုးဆက်များမှ မည်သည့်အခါမှ တိုက်တွန်းခြင်း မရှိခဲ့သလို ကန့်ကွက်ခြင်းလည်း မရှိေ ကြာင်း သိရသည်။ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ခြင်းကြောင့် အမှန်အမှား ကွဲပြားမှုများ ဖြစ်လာနိုင်ပြီး ယခင် ကဲ့သို့ ကျောင်းသားများအား ဆူပူစေရန် သွေးထိုးလှုံ့ဆော်မှုများ၊ အုပ်စုဖွဲ့သောင်းကျန်းစေရန် မြှောက် ပင့်ပေးမှုများ ပျောက်ကွယ်သွားနိုင်သည်ဟု ဆ၇ာတစ်ဦးမှ သုံးသပ်ပြောဆိုခဲ့ပါသည်။

Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive