အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ဒေါက်တာ ဆိတ်ဖွားကို သိသည့် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နှင့် အခြားကိုယ်စားလှယ်များ၏ အမြင်များ

ဒေါက်တာ ဆိတ်ဖွားကို သိသည့် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နှင့် အခြားကိုယ်စားလှယ်များ၏ အမြင်များ:


ဒေါက်တာဆိတ်ဖွား ဘယ်သူဘယ်ဝါဆိုတာ လူအတော်များများ သိကြပါတယ်လို့ အလုံမြို့နယ် ၊ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလားလို့ မေးခွန်းထုတ် ဝေဖန်ရေးသားခဲ့တဲ့ အင်တာနက်ပေါ်က ဒေါက် တာ ဆိတ်ဖွားဆိုသူကို ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖော်ထုတ်ဖို့ လုပ်နေတာနဲ့ပတ်သက်ပြီး ဆက် သွယ်မေးမြန်းရာမှာ ဦးခိုင်မောင်ရည်က ခုလို ပြောကြားခဲ့တာပါ။

အဆိုပါ ဒေါက်တာဆိတ်ဖွားနှင့် ပတ်သက်၍ ကော်မရှင်ဖွဲ့သည့် အစည်းအဝေးတွင် သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းက ပြည်ထောင်စု လွှတ်တော်အနေနဲ့ ကော်မရှင်ဖွဲ့မယ်ဆိုရင် ဒေါက်တာဆိတ်ဖွားကို မြှောက်ေ ပးသလို ဖြစ်မယ်၊ နည်းပညာ တစ်ရပ်အနေနဲ့ ဒါမှမဟုတ် နည်းပညာရှင် တစ်ယောက် အမြင်မျိုး ပြောမယ် ဆို ရင် အဲဒီလောက်ထိ လုပ်ဖို့ မလိုဘူး။ လွှတ်တော်မှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိပါ တယ်ဟု ပြော ခဲ့ပါသည်။

သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်ကမူ ပြည်သူ့ကိုယ်စားပြုတဲ့ လွှတ်တော်ကို အခုလို ဝေဖန် လာတဲ့ အခါမှာ ရင့်ရင့်သီးသီး ပုတ်ခတ်တာကတော့ မလုပ်သင့်ဘူး၊ ဒါကြောင့် ကော်မရှင်ဖွဲ့တာ အင်မတန်မှ မှန်ကန် ပါတယ် လို့ ပြောခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေမှ ကော်မရှင်မှ ကျွန်တော်ပါနေပေမယ့် ရှာဖွေေ ဖာ် ထုတ်ဖို့ အတွက် ဆန္ဒ မရှိဘူး၊ ဒီထက်ဆိုးတဲ့ တိုက်ခိုက်မှုမျိုးတွေ ရှိခဲ့ဖူးတယ်လေဗျာ။ ဒီဝေဖန်ချက်ကို ပြည် သူထဲက ထွက်လာတဲ့ အသံတစ်သံအဖြစ် အသိအမှတ်ပြုထားလို့ ရတာပဲ။ ကော်မတီဖွဲ့ စုံစမ်း ရလော က်ေ အာင် အရေးပါသည့် ကိစ္စမဟုတ်ဟု ပြောခဲ့ပါသည်။

အဆိုပါ လွှတ်တော် ကော်မရှင်ကို ဥက္ကဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုနာယက ဥိးမြညိမ်းအပါအ၀င် အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းခဲ့ ပါသည်။

Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive