လစ်ဘရယ်ဒီမိုကရေစီ
လစ်ဘရယ် ဒိမိုကရေစီ၏ အရေးပါသော အချက်များမှာ
လွှတ်လပ်ခြင်း
နှိပ်စက် အနိုင်ကျင့်ခြင်းမှ လွတ်ကင်းရမည်။ ဝရမ်း ( အမိန့်) မပါဘဲ ရှာဖွေ ဖမ်းဆီးခြင်း မျိုး မရှိရပါ။ လာဘ်ပေး လာဘ်ယူမှ ကင်းဝေးရမည်။ အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အုပ်စုများမှ အြကမ်းဖက်ခြင်းမျိုး မရှိရ။
တရား ဉပဒေ စိုးမိုးခြင်း
နိုင်ငံသားတိုင်း ဉပဒေအောက်တွင် ကျောသား ရင်သား မခွဲခြားရပေ။ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး ၊ နေထိုင်ရာဒေသကြောင့် ခွဲခြားခြင်း မရှိရ။ မတရား သဖြင့် ဖမ်းဆီးထောင်ချ ပြည်နှင်ဒဏ်ပေးခြင်းမျိုး မရှိရပေ။ မည်သူမျှ ဥပဒေ အထက်တွင် မရှိရ။ အစိုးရတွင် အတိုင်းတာတခု အတွင်းသာ ရှိရမည်ဖြစ်ပြီး ဖွဲစည်းပုံ အခြေခံ ဥပဒေနှင့် အခြားတရားဥပဒေ၏ အတွင်းတွင်သာ လုပ်ဆောင်ရမည်။ တရားရုံးများသည် လွတ်လပ်သော ဖွဲ့စည်းပုံနှင့် လွတ်လပ်စွာ စီရင်ချက် ချနိုင်ရမည်။ တရားစွဲဆို ခံရသူသည် မည်သည့်အတွက်ကြောင့်ဟူသည်ကို သိရှိရမည် ဖြစ်ပြီး တိကျသော စွဲချက်မခိုင်လှုံမခြင်း အြပစ်မရှိဟု မှတ်ယူရမည်။ မျှတ မြန်ဆန်၍ ဘက်မလိုက်သော တရားရုံတွင် တရားရင်ဆိုင်နိုင်ရမည်။ မည်သူမျှ နောက်ပြန်၍ တရားစွဲဆိုခံရခြင်းမျိုးမရှိရ (ဥပမာ - ၂၀၁၅ တွင် ပြဌာန်းသည့် ဥပဒေဖြင့် ၂၀၁၃ မှ အမှုကို စီရင်ချက် မချရ)။ မည်သူမျှ နှိပ်စက်ခြင်း၊ လူသားမဆန် ရက်စက်သော လုပ်ဆောင်ချက်မျိုး မခံစားစေရ။
အဆင့်တူခြင်း တာဝန်ယူခြင်း
အာဏာကို အဖွဲများထဲတွင် ခွဲဝေခြင်း သိုမဟုတ် ဌာနများတွင် ခွဲဝေထားခြင်းဖြင့် လွတ်လပ်စွာ စစ်ဆေး ဆုံးဖြတ်နိုင်ခြင်းမျိုး ရှိရမည်။ အစိုးရ ဌာနများ၏ လုပ်ဆောင်ပိုင်ခွင့်သည် အတိုင်းအတာ တစ်ခုထိသာ ရှိသင့်ပြီး ゞင်းတို့ လုပ်ဆောင်ချက်ကို လွတ်လပ်သော အဖွဲ့အစည်းများက စိစစ်၍ ထောက်ပြ ပြောဆိုပိုင်ခွင့် ရှိရမည်။ လွတ်လပ်သော အဖွဲ့အစည်းများက လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးမှုများကို စစ်ဆေး တင်ပြရမည်။
လူထုမှ လက်နုက်ကိုင် အဖွဲ့အစည်များကို ထိန်းချုပ်နိုင်ခြင်း
စစ်တပ်နှင့် ရဲ့အဖွဲ့အစည်းများသည် လူထုမှ ရွေးကောင်ထားသော အုပ်ချုပ်သူများ၏ (သမ္မတနှင့် ဝန်ကြီးများ) အောက်တွင် အမိန့်နာခံသော အဖွဲ့အစည်း ဖြစ်ရမည်။ စစ်ဉီးစီချုပ်သည် လူထုက ရွေးကောင်တင်မြောက်ထားသူ ဖြစ်ရမည်။ အဆင့်မြင့်ရာထူး ရယူထားသော စစ်ဉီးစီများသည် ပြည်သူက ရွေးကောက်ထားသူများ ဖြစ်ရမည်။ ゞင်းတို့၏ အသုံးစရိတ် ယာထားမှုများသည် လွတ်တော်သို့မဟုတ် သမ္မတမှ နားလည် အတည်ပြု ချမှတ်ထားသည်များ ဖြစ်ရမည်။ စစ်အဖွဲ့အစည်းတွင်း၊ သမ္မတရုံးတွင်း၊ လွတ်တော်တွင်းတွင် လူထုကိုယ်စားပြု အာဏာမျိုးဖြင့် ゞင်းတို့၏ ဆောင်ရွက်ချက်များကို ထိန်းချုပ်စောင့်ရှောက် ကြည့်ရှု နိုင်ရမည်။ စစ်တပ်နှင့် ထောက်လှမ်းရေး အဖွဲ့အစည်များသည် နိုင်ငံတွင်းတွင် လှုပ်ရှား ဆောင်ရွက်ခြင်းမျိုး မရှိရ (အလွန်လိုအပ်သော အခြေခံဥပဒေအရ ခွင့်ပြုသော အခြေအနေမှ လွဲ၍) ။ လက်နက်ကိုင် အဖွဲ့အစည်းများသည် ပါတီစွဲ နိုင်ငံရေးဆန်သော အဖွဲ့အစည်း မဖြစ်ရ။ ပြည်သူ့ရဲများသည် ပညာရှင်ဆန်ပြီး လူထုအာဏာအောက်တွင် စောင့်ကြည့် ကွပ်ကဲပြီး နိုင်ငံရေး ကင်းသော အဖွဲ့ ဖြစ်ရမည်။
ပြိုင်ဆိုင်ခြင်း
အနည်းဆုံး ပါတီကြီး ၂ ခုသည် လွတ်လပ်စွာ လွှတ်တော်တွင်းတွင် ယှဉ်ပြိုင်သင့်ပြီး အုပ်ချုပ်ရေး မဏ္ဌိုင်တွင် အဓ္ဓိပါယ်ရှိစွာ ပါဝင်နိုင်သူများ ဖြစ်ရမည်။ ပါတီသစ်များ ဝင်ရောက်ယှဉ်ပြိုင်မှုတွင်လည်း အတားအဆီးများ မရှိသင့်ပေ။ ရွေးကောက်ပွဲများ ပါတီများကို လွတ်လပ်စွာ စောင့်ကြည့်သော အဖွဲ့အစည်းများလည်း ရှိရမည်။ ပါတီတိုင်းသည် လွတ်လပ်စွာ သတင်းအဖွဲ့အစည်များနှင့် ဆက်ဆံ ဖော်ထုတ်ခွင့် ရှိရမည်။ အစိုးရရံပုံငွေကို အသုံးပြု၍ အဏာရပါတီမှ ယှဉ်ပြိုင်ခြင်းမျိုး မရှိရပေ။ ငွေပေးဝယ်သော ဆန္ဒမဲများ ၊ မတရား ရွေးကောက်ပွဲမျိုး မဖြစ်စေရ။