အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းခြင်းဆိုင်ရာ သတင်းထုတ်ပြန် သတင်းထုတ်ပြန်ချက် (၅ / ၂၀၁၄)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၅ / ၂၀၁၄)
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်
၁၃၇၆ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းခြင်းဆိုင်ရာ သတင်းထုတ်ပြန်ခြင်း
၁။ ၂၈-၃-၂၀၁၂ ရက်တွင် ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅ ဖြင့် ပြဋ္ဌာန်းခဲ့သောအလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို လက်ရှိ အခြေအနေ အရ ပြင်ဆင်ရန် လိုအပ်သဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန က ပြင်ဆင်သည့်ဥပဒေကြမ်းကို ရေးဆွဲ၍ လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ပြင်ဆင် လိုသည့် ရည်ရွယ်ချက်မှာ မူလဥပဒေတွင် မပါရှိသော နေပြည်တော် အပါအဝင် ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို ဖြည့်စွက်ရန်၊ လက်ရှိဖြစ်ပေါ်နေသော အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှု ပြဿနာ များအရ တားမြစ်ချက်တစ်ခု ထပ်မံဖြည့်စွက်ရန်၊ ချမှတ်ထားသော ပြစ်ဒဏ်များမှာ အလားတူ ပြစ်မှုမျိုးကို ထပ်မံ၍ ကျူးလွန်ခြင်းမရှိရေး ဟန့်တားရာရောက်သည့် ထိရောက်မှု ရှိသော ပြစ်ဒဏ်များဖြစ်စေပြီး စည်းနှောင်အား ပိုမိုကောင်းမွန်စေရန်တို့ကြောင့် ဖြစ်သည်။
၂။ ယင်းဥပဒေကြမ်းအား ၁-၈-၂၀၁၄ ရက်တွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့၌ အတည်ပြုပြီး ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းနိုင်ရေး အတွက် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် ပေးပို့သည်။ နိုင်ငံတော်သမ္မတသည်အလုပ်သမား ရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အပေါ် အချက် ၃ ချက် သဘောထား မှတ်ချက်ပြု၍ ၁၃-၈-၂၀၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ ပြန်လည်ပေးပို့ခဲ့ရာ အပြည့်အစုံကို အောက်တွင်ရှိ စာပိုဒ် ၄ ၏ ဇယားစာတိုင် ၃ တွင် ဖော်ပြထားသည်။
၃။ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက ပေးပို့ခဲ့သော သဘောထား မှတ်ချက် ၃ ချက် အပေါ် ၂၂-၉-၂၀၁၄ ရက်တွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဆွေးနွေးပြီး ၂ ချက်ကို ပြင်ဆင်ရန် သဘောတူခဲ့သည်။ ကျန် ၁ ချက် ဖြစ်သည့် ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ များအတွက် လွှတ်တော်၏ မူလဖော်ပြချက်အတိုင်း ထောင်ဒဏ်မပါသည့် ငွေဒဏ်ကိုပင် အတည်ပြု၍ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် ၂၆-၉-၂၀၁၄ ရက်တွင် ပြန်လည် ပေးပို့လာသည်။
၎။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ မူလအတည်ပြုချက်၊ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့် ပြည်ထောင်စုလွှတ်တော်၏ အပြီးသတ် အတည်ပြုချက် တို့ကို အောက်တွင် ယှဉ်တွဲဖော်ပြသည်-
စဉ်
ပြည်ထောင်စုလွှတ်တော်၏ မူလအတည်ပြုချက်
နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်
ပြည်ထောင်စုလွှတ်တော်၏ အပြီးသတ်အတည်ပြုချက်
၁
၂
၃
၎
(က)
၂။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပုဒ်မ ၁၀ နှင့် ပုဒ်မခွဲ (က) တို့ကို အောက်ပါ အတိုင်း အစားထိုးရမည်-
ဥပဒေကြမ်း၏ ပုဒ်မ ၂ အရ မူရင်း ဥပဒေပုဒ်မ ၁၀ နှင့် စပ်လျဉ်း၍ အစားထိုးပြင်ဆင်ရာတွင် "ပုဒ်မ ၁၀ နှင့် ပုဒ်မခွဲ (က) တို့ကို အောက်ပါ အတိုင်း အစားထိုး ရမည်-" ဟူသော စကားရပ်အား "ပုဒ်မ ၁၀ ၏ ခြေဆင်း စကားရပ်နှင့် ပုဒ်မခွဲ (က) တို့ကို အောက်ပါ အတိုင်း အစားထိုး ရမည်-" ဟု ပြင်ဆင် သင့်ပါသည်။ မူရင်း ဥပဒေ ပုဒ်မ ၁၀ တွင် ပုဒ်မခွဲ (က) မှ ပုဒ်မခွဲ (စ) အထိ ပါရှိရာ ပုဒ်မ ၁၀ တွင် မူလ ပါရှိသော ပုဒ်မခွဲ (ခ) မှ ပုဒ်မခွဲ (စ) အထိပါ ပြဋ္ဌာန်းချက် များကို ဆက်လက်ထားရှိသည့် အဓိပ္ပာယ် သက်ရောက်မည် ဖြစ်ပြီး ဥပဒေ ကြောင်းအရ ရှင်းလင်းစေရန် ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်နှင့် အညီ ပြင်ဆင်သည်။
"၁၀။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့၊ နေပြည်တော် အပါအဝင် ပြည်ထောင်စု နယ်မြေ တစ်ခုခု၏ ကောင်စီ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ နေပြည်တော် အပါအဝင် ပြည်ထောင်စု နယ်မြေတစ်ခုခု သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းရှိ မြို့နယ်များတွင် အငြင်းပွားမှု ညှိနှိုင်း ဖျန်ဖြေရေး အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်း ရမည်-
(က)
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ဥက္ကဋ္ဌ ပြည်နယ် အစိုးရအဖွဲ့၊ နေပြည်တော် အပါအဝင် ပြည်ထောင်စု နယ်မြေ တစ်ခုခု၏ ကောင်စီ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့က တာဝန် ပေးအပ် သူ တစ်ဦး၊"
(ခ)
၆။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပုဒ်မ ၄၆ တွင် ပါရှိသော "ငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်း ချမှတ်ရမည်" ဆိုသည့် စကားရပ်ကို "ငွေဒဏ် အနည်းဆုံး ကျပ်ငါးသိန်း ချမှတ် ရမည်" ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။
ဥပဒေကြမ်း၏ ပုဒ်မ ၆ ၊ ပုဒ်မ ၇ ၊ ပုဒ်မ ၈ နှင့် ပုဒ်မ ၉ တို့တွင် မူလ ဥပဒေ အခန်း (၈)ပါ တားမြစ်ချက် တစ်ရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန် သူများအား ထောင်ဒဏ် မပါ သော ငွေဒဏ် များဖြင့် ပြစ်ဒဏ်ချမှတ်ရန် ဖော်ပြထားပါ သည်။ ခေတ်ကာလနှင့် လျော်ညီစွာ စည်းနှောင် အား ပိုမိုကောင်းမွန်ပြီး ဟန့်တားရာ ရောက်သည့် ထိရောက်မှု ရှိသော ပြစ်ဒဏ်များ ဖြစ်စေရေး အတွက် ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ထည့်သွင်းရန် ပြန်လည် သုံးသပ်သင့်ပါသည်။ တားမြစ်ချက်များအားဖောက်ဖျက် ကျူးလွန်သူများ အတွက် ထိုသို့ ငွေဒဏ် တစ်မျိုးတည်းသာ ပြဋ္ဌာန်းပါက ဟန့်တားရာရောက်သည့် ပြစ်ဒဏ်မျိုး မဟုတ်နိုင်သဖြင့် အလုပ်ရှင်နှင့် အလုပ် သမားအကြား တာဝန်ရှိသော ဝန်ကြီး ဌာနမှ ဖြေရှင်းရာတွင် မျှတမှု၊ ထိရောက်မှုတို့ ရှိသော ဥပဒေ ပြဋ္ဌာန်းချက်များဖြင့် ထိန်းသိမ်းရန် လိုအပ်သော ကြောင့် ဖြစ်ပါသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ထားသည့်အတိုင်းဆက်လက်ထားရှိသည်။
၇။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပုဒ်မ ၄၇ တွင် ပါရှိသော "ငွေဒဏ်ကျပ် သုံး သောင်းအထိ ချမှတ်နိုင်သည်" ဆိုသည့် စကားရပ်ကို "ငွေဒဏ် ကျပ် ငါးသိန်းအထိ ချမှတ်နိုင် သည်" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရ မည်။
၈။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပုဒ်မ ၄၈ တွင် ပါရှိသော "ငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်း ချမှတ်ရမည်" ဆိုသည့် စကားရပ်ကို "ငွေဒဏ် အနည်းဆုံး ကျပ် ငါးသိန်း ချမှတ် ရမည်"ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၉။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပုဒ်မ ၄၈ ၏ နောက်တွင် ပုဒ်မ ၄၈-က အဖြစ် အောက်ပါအတိုင်းဖြည့်စွက်ရမည်-
"၄၈-က။
ပုဒ်မ ၃၇ ပါ လိုက်နာရန် တာဝန် ရှိသူ မည်သူမဆို ပုဒ်မ ၄၃-က ပါ တားမြစ် ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရ လျှင် ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ် တစ် ဆယ်သိန်း ချမှတ်ရမည်။ လျော်ကြေး ပေးထိုက် သည့် အကြောင်း ပေါ်ပေါက်ပါက တရား ရုံးက ချမှတ်သည့် ငွေဒဏ်မှ သင့်လျော် သော ငွေကိုလျော်ကြေး အဖြစ် နစ်နာသူအား ထုတ်ပေးရမည်။"
(ဂ)
၁၀။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပုဒ်မ ၅၄ ၏ နောက်တွင် ပုဒ်မ ၅၄-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
ဥပဒေကြမ်း၏ ပုဒ်မ ၁၀ အရ ပုဒ်မ ၅၄-က အဖြစ် ဖြည့်စွက် မည့် "ပုဒ်မ ၄၂ ပါပြဋ္ဌာန်း ချက်ကို ဖောက်ဖျက်သဖြင့် အရေးယူ ရမည့် ကိစ္စမှအပ ဤဥပဒေအရ အရေး ယူရန် ကိစ္စများသည် ခုံ သမာဓိ ကောင်စီ၏ ကြိုတင် ခွင့်ပြုချက် ရယူရမည်။" ဟူသော ဖော်ပြချက် အား "ပုဒ်မ ၄၂ ပါ တားမြစ်ချက် မှအပ ဤဥပဒေ ပါ အခြား တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်သဖြင့် တရားစွဲ ဆိုရာတွင် ခုံ သမာဓိ ကောင်စီ၏ ကြိုတင်ခွင့်ပြုချက် ရယူ ရမည်။" ဟု ပြင်ဆင် ဖော်ပြ သင့်ပါသည်။ ဥပဒေကြောင်း အရ နှင့် အသုံးအနှုန်းအရ ရှင်းလင်း စေရန် ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်နှင့် အညီ ပြင်ဆင်သည်။
"၅၄-က။
ပုဒ်မ ၄၂ ပါ ပြဋ္ဌာန်းချက် ကို ဖောက်ဖျက် သဖြင့် အရေးယူရမည့် ကိစ္စမှ အပ ဤဥပဒေအရ အရေးယူရန် ကိစ္စများ သည် ခုံသမာဓိ ကောင်စီ ၏ ကြိုတင် ခွင့်ပြုချက် ရယူ ရမည်။"
၅။ ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းနိုင်ရေး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် ပြန်လည် ပေးပို့လာသော ဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက် ၃ ချက်အနက် ပုဒ်မ ၆၊ ပုဒ်မ ၇၊ ပုဒ်မ ၈ နှင့် ပုဒ်မ ၉ တို့နှင့်စပ်လျဉ်းသည့် သဘောထား မှတ်ချက်ကို လက်မခံဘဲ ပြည်ထောင်စု လွှတ်တော်က မူလအတည်ပြုသည့်အတိုင်း ဆက်လက် အတည်ပြုထားသည်။ ဥပဒေအား ကိုင်တွယ်ကျင့်သုံးရမည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အကြံပြုတင်ပြမှုအရ တားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်သူများအပေါ် ငွေဒဏ်တစ်မျိုးတည်းသာ ပြစ်ဒဏ်ပြဋ္ဌာန်းပါက ဟန့်တားမှု မရှိနိုင်သဖြင့်လည်းကောင်း၊ မျှတမှုနှင့် ထိရောက်မှု မရှိနိုင်သည်ကို လည်းကောင်း သုံးသပ်ရရှိ၍ သင့်တင့်သော ထောင်ဒဏ် ထည့်သွင်းပြဋ္ဌာန်းနိုင်ရေး ပြင်ဆင်သင့်ကြောင်း သဘောထားမှတ်ချက်အဖြစ် ပေးပို့ခဲ့ခြင်းဖြစ်သည်။
၆။ ပြည်ထောင်စုလွှတ်တော်က ထပ်မံဆွေးနွေးအတည်ပြုထားပြီး ဖြစ်သောကြောင့် ယင်းဥပဒေအား ပြဋ္ဌာန်းပြီးနောက် ကျင့်သုံးရာတွင် အခက်အခဲရှိလာလျှင် အကောင်းဆုံး ဖြစ်စေရေး လွှတ်တော် အနေဖြင့် ပြန်လည်သုံးသပ်ဆောင်ရွက်သင့်ကြောင်း သဘောထား ဖော်ပြလျက် နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုးပြီး ၃၀-၉-၂၀၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယကထံ ပြန်လည် ပေးပို့ခဲ့သည်။ ယင်းသဘောထား ဖော်ပြ ပေးပို့သည့်စာ အပြည့်အစုံအား အောက်တွင်ဖော်ပြသည်-
“ရည် ညွှန်း ချက်။
(၁)
နိုင်ငံတော်သမ္မတ ထံသို့ ပြည်ထောင်စုလွှတ်တော် နာယက က ၁-၈-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ၁/ပထ(စည်းဝေး) ၉/၂၀၁၄- ၁၁၀ ဖြင့် ပေးပို့စာ
(၂)
နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ ၁၃-၈-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၁၀၇(၄)/၈/ သမ္မတရုံး ဖြင့် ပေးပို့စာ
(၃)
နိုင်ငံတော်သမ္မတ ထံသို့ ပြည်ထောင်စုလွှတ်တော် နာယက က ၂၆-၉-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၁/ပထ(စည်းဝေး) ၉/၂၀၁၄-၁၂၁ ဖြင့် ပေးပို့စာ
၁။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အား နိုင်ငံတော်သမ္မတက အတည်ပြု လက်မှတ်ရေးထိုးနိုင်ရန် ရည်ညွှန်း (၁) ပါစာဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၅၊ ပုဒ်မခွဲ (က) အရ ပေးပို့ခဲ့ပါသည်။ သို့ရာတွင် ပေးပို့လာသော ဥပဒေကြမ်းအပေါ် ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာပ ညာရှင်များနှင့် ညှိနှိုင်းဆွေးနွေး၍ အကောင်းဆုံး ဥပဒေဖြစ်လာနိုင်ရေးအတွက် အချက် ၃ ချက်ကို သုံးသပ် ပြင်ဆင်နိုင်ရန် သဘောထား မှတ်ချက် အဖြစ် ရည်ညွှန်း (၂) ပါစာဖြင့် ပေးပို့ခဲ့ပါသည်။
၂။ ပေးပို့ခဲ့သည့် သဘောထားမှတ်ချက်များအနက် ဥပဒေကြမ်း၏ ပုဒ်မ ၆၊ ပုဒ်မ ၇၊ ပုဒ်မ ၈ နှင့် ပုဒ်မ ၉ တို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ ပြည်ထောင်စုလွှတ်တော်က မူလအတည်ပြုသည့်အတိုင်း ဆက်လက် အတည်ပြု၍ လက်မှတ် ရေးထိုးရန် ပေးပို့လာသည်ကို တွေ့ရှိရပါသည်။ ကိုင်တွယ်ကျင့်သုံးရမည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ တင်ပြမှု အရ တားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်သူများအပေါ် ငွေဒဏ်တစ်မျိုးတည်းသာ ပြစ်ဒဏ်ပြဋ္ဌာန်းပါက ဟန့်တားမှု မရှိနိုင်သဖြင့် လည်းကောင်း၊ မျှတမှုနှင့် ထိရောက်မှု မရှိနိုင်သည်ကို လည်းကောင်း သုံးသပ်ရရှိ၍ သင့်တင့်သော ထောင်ဒဏ် ထည့်သွင်းပြဋ္ဌာန်းနိုင်ရေး ပြင်ဆင်သင့်သည်ကို သဘောထား မှတ်ချက်ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။
၃။ ဤဥပဒေအား ပြဋ္ဌာန်းပြီး ကျင့်သုံးရာတွင် အခက်အခဲရှိလာလျှင် အကောင်းဆုံး ဖြစ်စေရေး လွှတ်တော်အနေဖြင့် ပြန်လည်သုံးသပ်ရန် ရှိလာပါကလည်း ဆောင်ရွက် သင့် ကြောင်း ဖော်ပြပါသည်။
၎။ ပြည်ထောင်စုလွှတ်တော်က ထပ်မံဆွေးနွေး အတည်ပြုထားပြီး ဖြစ်ပါ သဖြင့် ဥပဒေကြမ်းအား နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုး ပါသည်။
၅။ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြီးသော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက် အရ ပေးပို့ပါသည်။”
၇။ ပြည်ထောင်စုလွှတ်တော်သည် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ၃၀-၉-၂၀၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၀ အဖြစ်ပြဋ္ဌာန်းခဲ့ပြီး အပြည့်အစုံကို ၄-၁၀-၂၀၁၄ ရက်နှင့် ၅-၁၀-၂၀၁၄ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပြီးဖြစ်သည်။
၈။ ပြည်ထောင်စုလွှတ်တော်မှ ထပ်မံဆွေးနွေးအတည်ပြုမှုအရ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နိုင်ငံတော် သမ္မတက သဘောထား ဖော်ပြလျက် လက်မှတ်ရေးထိုးခဲ့သည့် အခြေအနေကို အများပြည်သူ သိရှိနိုင်ရန် သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နောက်ဆုံးရသတင်းများသ၀ဏ်လွှာများအမိန့်များအမိန့်ကြော်ငြာစာများကြေညာချက်များမိန့်ခွန်းနှင့် မှတ်တမ်းသတင်းစာရှင်းလင်းချက်သတင်းထုတ်ပြန်ချက်
Myanmar President Office