အာရှဖွံ့ဖြိုးရေးဘဏ်(ADB) က မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကူညီထောက်ပံ့မည်:
အာရှဖွံ့ဖြိုးရေးဘဏ်(ADB) က မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ကူညီထောက်ပံ့မည်ဖြစ်
ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌက Park Royal ဟိုတယ်တွင် ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ
တွင် ကြေညာလိုက်သည်။
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံများတည်ဆောက်ရန်နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရန်၊ ခရီးသွားလုပ်ငန်း အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လိင်ခွဲခြားဆက် ဆံ မှုလျှော့ချရေးနှင့် အညာကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်သော စီးပွားရေးကဏ္ဍ အသီးသီး တွင် ဆောင်ရွက်မည့် စီမံကိန်းများနှင့် နည်းပညာအထောက်အပံ့များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ သန်း ၅၀ ကူညီမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ်က ဖေဖော်ဝါရီ ၇ ရက်တွင် အစိုးရ၏လူသားအရင်းအမြစ်များနှင့် ဖွဲ့စည်း ပုံ ဆိုင်ရာ စွမ်းရည်တို့ ပိုမိုတိုးတက်စေရန် သုံးနှစ်တာကာလအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ကူညီရန်လည်း ကတိပြုခဲ့သည်
သတင်း
7Day News Journal
FRIDAY, FEBAUARY 08, 2013
Home »
» အာရှဖွံ့ဖြိုးရေးဘဏ်(ADB) က မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကူညီထောက်ပံ့မည်