အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


လျှပ်စစ်ဓာတ်အား ပေးသုံးချိန်နှင့် ဖြတ်တောက်ချိန်ကို ပွင့်ပွင့်လင်းလင်း အချိန်နာရီ သတ်မှတ် ဆောင် ရွက်ပါမှ မီးဘေးအန္တရာယ် အတွက်လည်း လုံခြုံစိတ်ချမှုရှိမည်

လျှပ်စစ်ဓာတ်အား ပေးသုံးချိန်နှင့် ဖြတ်တောက်ချိန်ကို ပွင့်ပွင့်လင်းလင်း အချိန်နာရီ သတ်မှတ် ဆောင် ရွက်ပါမှ မီးဘေးအန္တရာယ် အတွက်လည်း လုံခြုံစိတ်ချမှုရှိမည်:
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းအနေဖြင့် လျှပ်စစ်ဓာတ်အား ပေးသုံးချိန်နှင့် ဖြတ်တောက်ချိန်ကို ပွင့်ပွင့်လင်းလင်း အချိန်နာရီ သတ်မှတ် ဆောင်ရွက်ပါမှ မီးဘေးအန္တရာယ် အတွက်လည်း လုံခြုံစိတ်ချမှုရှိမည် ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ခဲ့သည့် ဆိုးဆိုးရွားရွား လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ပတ်သက်၍ ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။
မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ယမန်နှစ်အဆုံးပိုင်းမှ ယနေ့အချိန်အထိ လျှပ်စစ်ဓာတ် အား ပြတ်တောက်မှုများ ဆိုးရွားစွာ ကြုံတွေ့နေရပြီး အထူး သဖြင့် လျှပ်စစ် ဓာတ်အား ပေးသုံးချိန်နှင့် လျှပ်စစ် ဓာတ်အား ဖြတ်တောက်ချိန်ပုံမှန်အခြေအနေမရှိခဲ့သည့်အတွက် လျှပ်စစ်မီးသုံးစွဲသူများ အခက်အခဲ များစွာနှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။
ယမန်နှစ်က လျှပ်စစ်ဓာတ်အား ပေးဝေဆောင်ရွက်ရာ၌ ယခုနှစ်မှာလိုပင် အခက်အခဲတချို့ ရှိခဲ့ပါသော်လည်း ပေးသုံး ချိန်နှင့် ဖြတ်တောက်ချိန် အချိန်သတ်မှတ်ဆောင် ရွက်ခဲ့သဖြင့် လျှပ်စစ်မီးကြောင့် မီးလောင်ကျွမ်းမှု မရှိသလောက် နည်းပါးခဲ့ကြောင်း၊ သို့သော်ယခုကာလအတော အတွင်းဖြစ်ပေါ်လျက်ရှိသော နမော်နမဲ့ နိုင်လွန်းသည့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးမှု အခြေအနေဆိုးများကြောင့် ပွင့်လင်းရာသီ ရောက်ရှိချိန်တွင် အခြေအနေ အဖြစ်အပျက်ဆိုးများနှင့် ကြုံတွေ့ရနိုင်ကြောင်း ဒေသခံများက ခန့်မှန်း သုံးသပ်ကြပြန်သည်။
ယမန်နှစ်က လျှပ်စစ်မီးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်
ယမန်နှစ်က လျှပ်စစ်မီးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်
“ဒီလိုပုံ ဒီလိုအချိုးမျိုးနဲ့တော့ မိုးမကျမီအတော အတွင်း ဘယ်လို စိတ်ချလက်ချနေလို့ရပါ့မလဲ။ မပေးနိုင်လို့ ဖြတ်တာကို လက်ခံပါတယ်။ စည်းလေး ကမ်းလေး နဲ့ပွင့်ပွင့် လင်းလင်း ကြေညာပေးပေါ့။ အခုပဲ ကောင်း တော့မလိုလိုနဲ့။ နှစ်တိုင်းလိုပဲ ဘယ်မြို့နယ်ကို ဘယ်အချိန် မီးပေးမယ်၊ ဖြတ်မယ် တိတိကျကျ ကြေညာပေါ့”  ဟု သက်ဆိုင်ရာ အဖွဲ့အစည်းများဘက်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာ သောအားဖြင့် လေးလေးစားစား သတင်းထုတ်ပြန်ချက် မရှိခြင်း များနှင့် ပတ်သက်၍ဒေသခံတစ်ဦးက ဝေဖန် ပြောဆိုသည်။
မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အမှတ်(၂) လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းလျှပ်စစ် အင်ဂျင်နီယာဌာန တာဝန်ရှိသူ တစ်ဦးက ပြောရာတွင် မန္တလေးမြို့တွင်း လျှပ်စစ်မီးများ ပြတ်တောက်လျက် ရှိခြင်းသည် လျှပ်စစ် ထုတ်လုပ်မှုအား ကျဆင်းလာခြင်းကြောင့် ဖြစ်ပြီး အလှည့်ကျစနစ်ကို ကျင့်သုံး ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ ရေအားလျှပ်စစ်ကို အခြေခံသည့် ပြည်တွင်းလျှပ်စစ်မီး ထုတ်လုပ်မှု လုပ်ငန်း အနေဖြင့် ရေ ဝင်ရောက်မှုလျော့ နည်း လာချိန်တွင် ပြည်သူများ လိုအပ်သော လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အခက်အခဲ တချို့ရှိသည် ကိုလည်း နိုင်ငံပိုင် သတင်းစာပါသတင်း ထုတ်ပြန် ကြေညာချက် များ အရ သိရပြန်သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အခြေခံ လိုအပ်ချက်တစ်ခုဖြစ်သည့် လျှပ်စစ်မီး အပြည့်အဝ ရရှိရေးအတွက် တည်ဆဲအစိုးရ အနေနှင့် လုပ်ဆောင်နိုင်ခြင်း မရှိသည်ကို ပြည်သူ လူထုဘက်မှ နားလည်မှုရှိ စွာ ဖြေသိမ့်နိုင်ပြီး ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချစေရေးအတွက်ကိုတော့ တည်ဆဲ အစိုးရဘက်မှ တာဝန်ယူ ဆောင်ရွက် သင့်ကြောင်းနှင့် ယခုကဲ့သို့ မီးဘေး အန္တရာယ်ဖြစ်ပေါ်စေနိုင်သော လျှပ်စစ် ဓာတ်အား နမော်နမဲ့ဖြန့်ဖြူးနေသည့် လုပ်ရပ်များ အတွက် အချိန်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက် သင့်ကြောင်း ဒေသခံများက ဝေဖန်သုံးသပ်ကြသည်။ “နိုင်ငံတော်ရဲ့အခြေအနေကို နားလည်ပါတယ်။ မီးဖြတ်မယ့်အချိန်ကို အတိအကျ ထုတ်ပြန်ပေးပါ။ နောက်ပြီးတော့ မီးပေးရမယ့် အချိန်ကိုလည်း ဘယ်လို အကြောင်းပြချက်နဲ့မှ မလစ်ဟင်းပါစေနဲ့” ဟု မန္တလေး ဒေသခံ တစ်ဦးက ဆိုသည်။
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive